Sunday, July 19, 2020

ေပ်ာ္႐ႊင္မႈဆိုတာ ~

ကၽြန္မ ေရးခဲ့ဖူးတယ္။ သေဘာက်လြန္းလိုု႔ ခဏခဏ ဆိုုင္ေရွ႕ျဖတ္ေလွ်ာက္ ေခ်ာင္းၾကည့္ခဲ့ရတဲ့ အက်ၤ ီေလး၊ ေစ်းလည္းခ်ေရာ တခါထဲ ဝယ္ခ်လာလိုုက္တာေပါ့။ ၿပီးေတာ့ သြားစရာလမ္းရွာၿပီး ဝတ္ပစ္လိုုက္တယ္။ ေပ်ာ္တာေပါ့…။ လက္ေလွ်ာ္ေတြဘာေတြေတာင္ ဖြဖြေလွ်ာ္မိေသးတယ္။ ေနာက္တၾကိမ္၊ ေနာက္တၾကိမ္ ဒီလိုုနဲ႔ အၾကိမ္ေတြမ်ားလာေတာ့ ဝတ္ၿပီးရင္ အဝတ္ေလွ်ာ္စက္ထဲ ပစ္ထည့္လိုုက္ေတာ့တာပဲ။ ဒီအဝတ္ေလးပိုုင္ဆိုုင္ရရင္ ေပ်ာ္မွာပဲထင္ခဲ့တယ္။ တကယ္တမ္း ေပ်ာ္ရႊင္မွႈက ခဏတာေလးပဲ။ ဘယ္အရာမဆိုုပါေလ…ခဏတာပါပဲ။

ကၽြန္မအတြက္ေတာ့ ေပ်ာ္ရႊင္မွႈဆိုုတာ ဘဝဟာ ေနေပ်ာ္သားပဲလိုု႔ ထင္မိတဲ့ခဏတာ။


အဲလိုုခဏတာအခ်ိန္ကေလးေတြ ၾကိမ္ေရမ်ားမ်ားဆက္ေနဖိုု႔ေတာ့ လိုုတယ္။


ၿပီးခဲ့တဲ့ အတိတ္ မဟုုတ္ဘူး၊ မျဖစ္ေသးတဲ့ အနာဂတ္ မဟုုတ္ဘူး။ လက္ရွိအေပၚမွာ စိတ္ကိုု တည္ႏိူင္တဲ့အခ်ိန္ဟာ ကၽြန္မအတြက္ ၿပီးျပည့္စံုုတဲ့အေျခအေနတခုုပဲ။ ကၽြန္မအတြက္ေတာ့ ေနေပ်ာ္တယ္ဆိုုတာ အဲတာပဲလိုု႔ အဓိပါယ္ဖြင့္ခ်င္တယ္။ 


တကယ္ေတာ့ ေပ်ာ္ရႊင္မွႈက လိုုက္ရွာေလ ေဝးေလ….. 


လိုုက္မရွာေတာ့တဲ့အခ်ိန္၊ ကိုုယ့္ကိုုယ္ကိုု ျပန္သတိျပဳမိလိုုက္တဲ့အခ်ိန္၊ ကိုုယ့္စိတ္ကိုု ကိုုယ္ျပန္သိလိုုက္တဲ့အခ်ိန္၊ ကိုုယ့္အသိကိုု လက္ရွိေပၚမွာ ျပန္တင္လိုက္ႏိူင္တဲ့အခ်ိန္၊ အသိ သတိကိုု လက္ရွိေပၚ အဖန္ဖန္ ဆြဲတင္ထားႏိူင္တဲ့အခ်ိန္…. 

အဲအခ်ိန္ေတြဟာ ကၽြန္မအတြက္ စိတ္ေအးခ်မ္းၾကည္လင္ေနခ်ိန္ပဲ။ 


ရွင္းေအာင္ေျပာရရင္ ခ်မ္းသာဖိုု႔အတြက္ မခ်မ္းသာတဲ့စိတ္ကိုု ဖယ္ထုုတ္လိုုက္ႏိူင္တဲ့ အခ်ိန္ပါပဲ။ 


မခ်မ္းသာတဲ့စိတ္တိုု႔ရဲ႕သဘာဝက အတိတ္မွာ ေနေလ့ရွိတယ္။ အနာဂတ္ကိုု လွမ္းေမွ်ာ္တယ္။ 

ဒီႏွစ္ခုုက ကင္းလြတ္ေအာင္ ေနႏိူင္သမွ်ေနတယ္။ စိတ္ကိုု ျပန္ျပန္တင္ရတယ္။ ဒါေပမယ့္ မလြယ္ဘူးဆိုုတာ ကၽြန္မ သိတယ္။ အဲလိုုလုုပ္ႏိူင္ဖိုု႔ ပထမဦးဆံုုးက အမွန္ကိုု ျမင္ဖိုု႔ လိုုတယ္။ ကိုုယ္ ဘာကိုုလိုုခ်င္တယ္ဆိုုတာ ေသေသခ်ာခ်ာသိဖိုု႔လိုုတယ္။ ေနာက္တခုုက စိတ္ဓါတ္ခိုုင္မာရမယ္။ စိတ္ကိုု ဦးေဆာင္ေမာင္းႏွင္ႏိူင္ဖိုု႔လိုုတယ္။ သြားခ်င္ရာသြားေနတဲ့စိတ္ကိုု ကိုုယ္လိုုရာ ျပန္ျပန္တည့္မတ္၊ ပဲ့ကိုုင္ေပးေနဖိုု႔ပါပဲ…။

နာမက်န္းတဲ့ေန႔ရက္ေတြကိုု နာနာက်င္က်င္ျဖတ္သန္းဖူးခဲ့တဲ့ ကၽြန္မအတြက္ကေတာ့ က်န္းမာခ်င္တဲ့စိတ္က ဦးေဆာင္ပါတယ္။


ကၽြန္မ အၾကံေပးခ်င္တာကေတာ့ 

ကိုုယ့္ကိုု မေပ်ာ္ရႊင္ေစတဲ့အေၾကာင္းအရာေတြက ဘာေတြလဲ…၊

ကိုုယ့္ကိုု ေပ်ာ္ရႊင္ေစတာေတြက ဘာေတြလဲ…။

တိတိက်က် ခ်ေရးထားလိုုက္ပါ။

ၿပီးရင္ ကိုုယ့္အိပ္ရာေဘးမွာ ကပ္ထားၿပီး မနက္မိုုးလင္းတာနဲ႔ ဒီေန႔ေတာ့ ေပ်ာ္ရႊင္ေစမယ့္အရာေတြပဲ လုုပ္ကိုုင္ဖိုု႔ ေတြးထားလိုုက္ပါ။ တေန႔တာမွာ မေပ်ာ္ရႊင္ေစတဲ့ အေတြးအၾကံ ဖ်တ္ကနဲဝင္လာတာနဲ႔ ေပ်ာ္ရႊင္ေစမယ့္တခုုခုုကိုု ခ်က္ခ်င္းထၿပီး လုုပ္ေဆာင္လိုုက္တာမ်ိဳး။ ကၽြန္မအတြက္ေတာ့ မေပ်ာ္ရႊင္စရာ စိတ္ကေလးတခ်က္ ဝင္လာတာနဲ႔ သီခ်င္းနားေထာင္လိုုက္တယ္။ ကိုုယ္လက္ေလ့က်င့္ခန္း ထလုုပ္လိုုက္တယ္။ ကိုုယ္စိတ္ပါဝင္စားတာ တခုုခုု စိတ္ႏွစ္ၿပီး လုုပ္လိုုက္တယ္။ စိတ္ကိုု ခ်ယ္နယ္ေျပာင္းဖြင့္လိုုက္သလိုုမ်ိဳးပါပဲ။ 

အေလ့အက်င့္ပါပဲ၊ လုုပ္ပါမ်ားလာတဲ့အခါ မေပ်ာ္ရႊင္စရာစိတ္ရယ္လိုု႔ ဝင္လာစရာ ေနရာမရွိေတာ့တဲ့အေနအထားကိုု ေရာက္လာပါလိမ့္မယ္။

ခုရက္ေတြမွာေတာ့ ေပ်ာ္ရႊင္မႈဆိုတာထက္ ေအးခ်မ္းမႈထဲ စိမ္ေနရတဲ့ေန႔ရက္မ်ားပါပဲ...။ 

ဘယ္လိုပဲ ေခါင္းစဥ္တပ္တပ္ မျမဲတဲ့အႏွစ္သာရကေတာ့ အတူတူပါပဲေလ....



ေပ်ာ္႐ႊင္မႈဆိုတာ ~
ခကအ



=======================================

ကျွန်မ ရေးခဲ့ဖူးတယ်...

သဘောကျလွန်းလို့ ခဏခဏ ဆိုင်ရှေ့ဖြတ်လျှောက်၊ သွားပြီးချောင်းကြည့်ခဲ့ရတဲ့ အကျႌလေး၊ ဒါလေးပိုင်ဆိုင်ရရင်တော့ သိပ်ပျော်မှာပဲ ထင်ခဲ့တယ်။ ဈေးလည်းချရော တခါထဲ ဝယ်ချလာလိုက်တာပေါ့။ ပြီးတော့ သွားစရာလမ်းရှာပြီး ဝတ်ပစ်လိုက်တယ်။ ပျော်တာပေါ့။ လက်လျှော်တွေဘာတွေတောင် ဖွဖွလျှော်မိသေးတယ်။ နောက်တကြိမ်၊ နောက်တကြိမ် ဒီလိုနဲ့ အကြိမ်တွေများလာတော့ ဝတ်ပြီးရင် အဝတ်လျှော်စက်ထဲ ပစ်ထည့်လိုက်တော့တာပဲ။ ဒီအဝတ်လေးပိုင်ဆိုင်ရရင် ပျော်မှာပဲထင်ခဲ့တယ်။ တကယ်တမ်း ပျော်ရွှင်မှှုက ခဏတာလေးပဲ။ ဘယ်အရာမဆိုပါလေခဏတာပါပဲ။

ကျွန်မအတွက်တော့ ပျော်ရွှင်မှှုဆိုတာ ဘဝဟာ နေပျော်သားပဲလို့ ထင်မိတဲ့ခဏတာ....

အဲလိုခဏတာအချိန်ကလေးတွေ ကြိမ်ရေများများဆက်နေဖို့တော့ လိုတယ်။

ပြီးခဲ့တဲ့ အတိတ် မဟုတ်ဘူး၊ မဖြစ်သေးတဲ့ အနာဂတ် မဟုတ်ဘူး။ လက်ရှိအပေါ်မှာ စိတ်ကို တည်နိူင်တဲ့အချိန်ဟာ ကျွန်မအတွက် ပြီးပြည့်စုံတဲ့အခြေအနေတခုပဲ။ 

ကျွန်မအတွက်တော့ နေပျော်တယ်ဆိုတာ အဲတာပဲလို့ အဓိပါယ်ဖွင့်ချင်တယ်။ 

တကယ်တော့ ပျော်ရွှင်မှှုက လိုက်ရှာလေ ဝေးလေ.. 

လိုက်မရှာတော့တဲ့အချိန်၊ ကိုယ့်ကိုယ်ကို ပြန်သတိပြုမိလိုက်တဲ့အချိန်၊ ကိုယ့်စိတ်ကို ကိုယ်ပြန်သိလိုက်တဲ့အချိန်၊ ကိုယ့်အသိကို လက်ရှိပေါ်မှာ ပြန်တင်လိုက်နိူင်တဲ့အချိန်၊ အသိနဲ့ သတိကို လက်ရှိပေါ် အဖန်ဖန် ဆွဲတင်ထားနိူင်တဲ့အချိန်. 
အဲအချိန်တွေဟာ ကျွန်မအတွက် စိတ်အေးချမ်းကြည်လင်နေချိန်ပဲ။ 


ရှင်းအောင်ပြောရရင် ချမ်းသာဖို့အတွက် မချမ်းသာတဲ့စိတ်ကို ဖယ်ထုတ်လိုက်နိူင်တဲ့ အချိန်ပါပဲ။ 

မချမ်းသာတဲ့စိတ်တို့ရဲ့သဘာဝက အတိတ်မှာ နေလေ့ရှိတယ်။ အနာဂတ်ကို လှမ်းမျှော်တယ်။ 
ဒီနှစ်ခုက ကင်းလွတ်အောင် နေနိူင်သမျှနေတယ်။ စိတ်ကို ပြန်ပြန်တင်ရတယ်။ ဒါပေမယ့် မလွယ်ဘူးဆိုတာ ကျွန်မ သိတယ်။ အဲလိုလုပ်နိူင်ဖို့ ပထမဦးဆုံးက အမှန်ကို မြင်ဖို့ လိုတယ်။ ကိုယ် ဘာကိုလိုချင်တယ်ဆိုတာ သေသေချာချာသိဖို့လိုတယ်။ နောက်တခုက စိတ်ဓါတ်ခိုင်မာရမယ်။ စိတ်ကို ဦးဆောင်မောင်းနှင်နိူင်ဖို့ လိုတယ်။ သွားချင်ရာသွားနေတဲ့စိတ်ကို ကိုယ်လိုရာ ပြန်ပြန်တည့်မတ်၊ ပဲ့ကိုင်ပေးနေဖို့ လိုတယ်။

နာမကျန်းတဲ့နေ့ရက်တွေကို နာနာကျင်ကျင်ဖြတ်သန်းဖူးခဲ့တဲ့ ကျွန်မအတွက်ကတော့ ကျန်းမာချင်တဲ့စိတ်က ဦးဆောင်ပါတယ်။ 

ကျွန်မ အကြံပေးချင်တာကတော့ 
ကိုယ့်ကို မပျော်ရွှင်စေတဲ့အကြောင်းအရာတွေက ဘာတွေလဲ၊
ကိုယ့်ကို ပျော်ရွှင်စေတာတွေက ဘာတွေလဲ။
တိတိက်က် ချရေးထားလိုက်ပါ။
ပြီးရင် ကိုယ့်အိပ်ရာဘေးမှာ ကပ်ထားပြီး မနက်မိုးလင်းတာနဲ့ ဒီနေ့တော့ ပျော်ရွှင်စေမယ့်အရာတွေပဲ လုပ်ကိုင်ဖို့ တွေးထားလိုက်ပါ။ တနေ့တာမှာ မပျော်ရွှင်စေတဲ့ အတွေးအကြံ ဖျတ်ကနဲဝင်လာတာနဲ့ ပျော်ရွှင်စေမယ့်တခုခုကို ချက်ချင်းထပြီး လုပ်ဆောင်လိုက်တာမျိုး။ ကျွန်မအတွက်တော့ မပျော်ရွှင်စရာ စိတ်ကလေးတချက် ဝင်လာတာနဲ့ သီချင်းနားထောင်လိုက်တယ်။ ကိုယ်လက်လေ့ကျင့်ခန်း ထလုပ်လိုက်တယ်။ ကိုယ်စိတ်ပါဝင်စားတာ တခုခု စိတ်နှစ်ပြီး လုပ်လိုက်တယ်။ စိတ်ကို ချယ်နယ်ပြောင်းဖွင့်လိုက်သလိုမျိုးပါပဲ။ အလေ့အကျင့်ပါပဲ၊ လုပ်ပါများလာတဲ့အခါ မပျော်ရွှင်စရာစိတ်ရယ်လို့ ဝင်လာစရာနေရာ မရှိတော့တဲ့အနေအထားကို ရောက်လာပါလိမ့်မယ်....

ခုရက်တွေမှာတော့ ပျော်ရွှင်မှုဆိုတာထက် အေးချမ်းမှုထဲ စိမ်နေရတဲ့နေ့ရက်တွေပါပဲ...။ ဘယ္လိုပဲ ခေါင်းစဉ်တပ်တပ် မမြဲတဲ့အနှစ်သာရကတော့ အတူတူပါပဲလေ....



ပျော်ရွှင်မှုဆိုတာ ~
ခကအ

No comments:

Post a Comment

ေကာ္မန္႔မ်ားအတြက္ ေက်းဇူးတင္ပါတယ္။ ထင္ျမင္ခံစားရသလိုသာ ေရးခဲ့ပါရွင္

ကိုုယ္ ခ်စ္တဲ့ကဗ်ာ

ႏွင္းေတြ တကယ္ရွိခဲ့ဖူးတယ္

ႏွင္းေတြဘယ္တုန္းကမွ မက်တဲ့ၿမိဳ႕မွာ ကြၽန္မေနတယ္ ျဖစ္ႏိူင္တာမျဖစ္ႏိူင္တာ ကြၽန္မ မပိုင္တဲ့အရာ ေမွ်ာ္လင့္တတ္ရံုပါ... အဲဒီမနက္ လက္ဘက္ရည္ဝိုင္...