Monday, January 27, 2020

ဘဝမြတၥဳ - ၇ (ဘဝမွတ္စုု - ၇)

ဘဝမှာ အောင်မြင်ခြင်းနဲ့ နေပျော်ခြင်း တခုကိုရွေးပါဆိုရင် နေပျော်ခြင်းကိုပဲ ရွေးမယ်။ ပျော်အောင်နေခြင်း မဟုတ်ဘူး၊ နေလို့ကိုပျော်နေတာမျိုး...။
ပြီးတော့ ငွေကြေးနဲ့ ပျော်ရွှင်မှုဆိုလည်း ပျော်ရွှင်မှုပဲ ရွေးမယ်။ လစာကောင်းတဲ့အလုပ်ကို ထွက်ပြီး ပျော်တဲ့အလုပ်၊ ပျော်မယ်ထင်တဲ့အလုပ်ကို ရွေးချယ်ခဲ့တယ်။ စာသင်တာ ဝါသနာမပါပေမယ့် ကလေးတွေအနားနေရတာ ပျော်တယ်။ SNဘာသာရပ်ကို စိတ်ဝင်စားလို့လည်း လုပ်ရတာ ပင်ပန်းတယ်မထင်ဘူး။ 
ကျွန်မ နားလည်ပါတယ်။ လူတိုင်းကတော့ ငွေကြေးနဲ့ယှဉ်လာရင် နောက်တခုကို ရွေးဖို့ ခက်ခဲကောင်းခက်ခဲကြလိမ့်မယ်။ ကျွန်မအတွက်တော့ လိုချင်တာတွေ လျှော့ပစ်နိူင်တယ်။ ကျွန်မအသုံးစားရိတ်ကလည်း တလတလ နည်းလှပါတယ်။ အဝတ်အစား မိတ်ကပ် အသုံးအဆောင်တွေအတွက် ကျွန်မ သိပ်မသုံးဖြစ်ဘူး။ ဈေးသိပ်များရင် ဘယ်လောက်ကြိုက်ကြိုက် ကျွန်မ မဝယ်ဘူး။ Brandနောက် မလိုက်ဘူး။ ဈေးလျှော့ထားရင်တော့ တခါတလေ ဝယ်ဖြစ်ပါတယ်။ ကိုယ်နဲ့လိုက်ဖက်ပြီး ကိုယ်သုံးနိူင်တဲ့ပမာဏဖြစ်မှပဲ ဝယ်လေ့ရှိတယ်။ ဘဝကို တည့်တည့်ကြည့်တယ် ရှင်းရှင်းလေးပဲမြင်တယ်။ မနက်ဖြန်လား ခဏနေရင်လား ကျွန်မ မသိနိူင်ဘူး။ ဖျတ်ကနဲ ကွဲအက်လွယ်တဲ့ဘဝမှာ ဘာကိုမှ ဆုတ်ကိုင်မထားချင်သလို လွယ်လွယ်ကူကူ ဖြေလျှော့တတ်သူလည်း ဖြစ်ချင်တယ်။ 
သက်တမ်းအရ၊ ရုပ်ရည်အရ ကြာရှည်အိုမင်းလာပေမယ့်လည်း ဘယ်ဟာအနှစ် ဘယ်ဟာအသား ခွဲခြားတတ်တဲ့ရင့်ကျက်မှုကဖြင့် ပိုတိုးလာတာ ဝမ်းသာစရာပဲဟုတ်လား...။ အဲဒီရင့်ကျက်လာမှုတွေနဲ့ လောကဓံကို မျက်နှာချင်းဆိုင်ရမှာပါပဲ...
အထူးသဖြင့် ကိုယ့်အတွက်မဟုတ်တဲ့ တွဲလက်တွေရဲ့ချည်နှောင်မှုတွေကို ငြိမ်းချမ်းစွာပဲ ဖြုတ်ချထားခဲ့ချင်တယ်။ မလွယ်ကူခဲ့ဘူးပေါ့၊ နာနာကျင်ကျင်တွေထဲ လူးခါနေခဲ့ရတဲ့အချိန်တွေ...။ ကျွန်မက မျက်ရည်တွေကို သိပ်ကြောက်ပါတယ်။ စိတ်ဒဏ်ရာရမှာ သိပ်ကြောက်ပါတယ်။ လေပြည်လေးတခုရဲ့ပေါ့ပါးမှုနဲ့ ဘဝကို နေသွားချင်တယ်။ ဘယ်သူ့အပေါ်မှ ခပ်ပြင်းပြင်းမတိုက်ခတ်လိုတဲ့ လေပြည်လို၊ ထွက်ခွာချိန်တန်ရင်လည်း ဘယ်သူမှမသိလိုက်ရဘဲ လေပြည်ကလေးလို အေးဆေးငြင်သာ ထွက်ခွာသွားလိုက်ချင်တာ။ 
တကယ်လို့များ အမုန်းတွေ အညှိုးအတေးတွေ ဒဏ်ရာတွေ...၊ မရည်ရွယ်ပါဘဲ တချို့တွေအပေါ် ထားခဲ့မိရင်လည်း ခုကတည်းက ဖြေလျှော့ခဲ့ပါတယ်။ ပျံသန်းသွားတဲ့အခါ လေးလံနေတဲ့တောင်ပံတစုံနဲ့ဆို လွတ်လပ်ပေါ့ပါးခြင်းတွေနဲ့ ဝေးနေနိူင်မယ်လေ....။

ကြည် ~

---------------------------------------------------------------------------

ဘဝမွာ ေအာင္ျမင္ျခင္းနဲ႕ ေနေပ်ာ္ျခင္း တခုကိုေ႐ြးပါဆိုရင္ ေနေပ်ာ္ျခင္းကိုပဲ ေ႐ြးမယ္။ ေပ်ာ္ေအာင္ေနျခင္း မဟုတ္ဘူး၊ ေနလို႔ကိုေပ်ာ္ေနတာမ်ိဳး...။
ၿပီးေတာ့ ေငြေၾကးနဲ႕ ေပ်ာ္႐ႊင္မႈဆိုလည္း ေပ်ာ္႐ႊင္မႈပဲ ေ႐ြးမယ္။ လစာေကာင္းတဲ့အလုပ္ကို ထြက္ၿပီး ေပ်ာ္တဲ့အလုပ္၊ ေပ်ာ္မယ္ထင္တဲ့အလုပ္ကို ေ႐ြးခ်ယ္ခဲ့တယ္။ စာသင္တာ ဝါသနာမပါေပမယ့္ ကေလးေတြအနားေနရတာ ေပ်ာ္တယ္။ SNဘာသာရပ္ကို စိတ္ဝင္စားလို႔လည္း လုပ္ရတာ ပင္ပန္းတယ္မထင္ဘူး။ 
ကြၽန္မ နားလည္ပါတယ္။ လူတိုင္းကေတာ့ ေငြေၾကးနဲ႕ယွဥ္လာရင္ ေနာက္တခုကို ေ႐ြးဖို႔ ခက္ခဲေကာင္းခက္ခဲၾကလိမ့္မယ္။ ကြၽန္မအတြက္ေတာ့ လိုခ်င္တာေတြ ေလွ်ာ့ပစ္နိူင္တယ္။ ကြၽန္မအသုံးစားရိတ္ကလည္း တလတလ နည္းလွပါတယ္။ အဝတ္အစား မိတ္ကပ္ အသုံးအေဆာင္ေတြအတြက္ ကြၽန္မ သိပ္မသုံးျဖစ္ဘူး။ ေဈးသိပ္မ်ားရင္ ဘယ္ေလာက္ႀကိဳက္ႀကိဳက္ ကြၽန္မ မဝယ္ဘူး။ Brandေနာက္ မလိုက္ဘူး။ ေဈးေလွ်ာ့ထားရင္ေတာ့ တခါတေလ ဝယ္ျဖစ္ပါတယ္။ ကိုယ္နဲ႕လိုက္ဖက္ၿပီး ကိုယ္သုံးနိူင္တဲ့ပမာဏျဖစ္မွပဲ ဝယ္ေလ့ရွိတယ္။ ဘဝကို တည့္တည့္ၾကည့္တယ္ ရွင္းရွင္းေလးပဲျမင္တယ္။ မနက္ျဖန္လား ခဏေနရင္လား ကြၽန္မ မသိနိူင္ဘူး။ ဖ်တ္ကနဲ ကြဲအက္လြယ္တဲ့ဘဝမွာ ဘာကိုမွ ဆုတ္ကိုင္မထားခ်င္သလို လြယ္လြယ္ကူကူ ေျဖေလွ်ာ့တတ္သူလည္း ျဖစ္ခ်င္တယ္။ 
သက္တမ္းအရ၊ ႐ုပ္ရည္အရ ၾကာရွည္အိုမင္းလာေပမယ့္လည္း ဘယ္ဟာအႏွစ္ ဘယ္ဟာအသား ခြဲျခားတတ္တဲ့ရင့္က်က္မႈကျဖင့္ ပိုတိုးလာတာ ဝမ္းသာစရာပဲဟုတ္လား...။ အဲဒီရင့္က်က္လာမႈေတြနဲ႕ ေလာကဓံကို မ်က္ႏွာခ်င္းဆိုင္ရမွာပါပဲ...
အထူးသျဖင့္ ကိုယ့္အတြက္မဟုတ္တဲ့ တြဲလက္ေတြရဲ႕ခ်ည္ေႏွာင္မႈေတြကို ၿငိမ္းခ်မ္းစြာပဲ ျဖဳတ္ခ်ထားခဲ့ခ်င္တယ္။ မလြယ္ကူခဲ့ဘူးေပါ့၊ နာနာက်င္က်င္ေတြထဲ လူးခါေနခဲ့ရတဲ့အခ်ိန္ေတြ...။ ကြၽန္မက မ်က္ရည္ေတြကို သိပ္ေၾကာက္ပါတယ္။ စိတ္ဒဏ္ရာရမွာ သိပ္ေၾကာက္ပါတယ္။ ေလျပည္ေလးတခုရဲ႕ေပါ့ပါးမႈနဲ႕ ဘဝကို ေနသြားခ်င္တယ္။ ဘယ္သူ႕အေပၚမွ ခပ္ျပင္းျပင္းမတိုက္ခတ္လိုတဲ့ ေလျပည္လို၊ ထြက္ခြာခ်ိန္တန္ရင္လည္း ဘယ္သူမွမသိလိုက္ရဘဲ ေလျပည္ကေလးလို ေအးေဆးျငင္သာ ထြက္ခြာသြားလိုက္ခ်င္တာ။ 
တကယ္လို႔မ်ား အမုန္းေတြ အညွိုးအေတးေတြ ဒဏ္ရာေတြ...၊ မရည္႐ြယ္ပါဘဲ တခ်ိဳ႕ေတြအေပၚ ထားခဲ့မိရင္လည္း ခုကတည္းက ေျဖေလွ်ာ့ခဲ့ပါတယ္။ ပ်ံသန္းသြားတဲ့အခါ ေလးလံေနတဲ့ေတာင္ပံတစုံနဲ႕ဆို လြတ္လပ္ေပါ့ပါးျခင္းေတြနဲ႕ ေဝးေနနိူင္မယ္ေလ....။

ၾကည္ ~

No comments:

Post a Comment

ေကာ္မန္႔မ်ားအတြက္ ေက်းဇူးတင္ပါတယ္။ ထင္ျမင္ခံစားရသလိုသာ ေရးခဲ့ပါရွင္

ကိုုယ္ ခ်စ္တဲ့ကဗ်ာ

ႏွင္းေတြ တကယ္ရွိခဲ့ဖူးတယ္

ႏွင္းေတြဘယ္တုန္းကမွ မက်တဲ့ၿမိဳ႕မွာ ကြၽန္မေနတယ္ ျဖစ္ႏိူင္တာမျဖစ္ႏိူင္တာ ကြၽန္မ မပိုင္တဲ့အရာ ေမွ်ာ္လင့္တတ္ရံုပါ... အဲဒီမနက္ လက္ဘက္ရည္ဝိုင္...