Saturday, September 14, 2019

ဘဝမှတ်စု ၂


အမှန်ကိုဝန်ခံရရင် ဇရာဆိုတဲ့အိုမင်းခြင်းကို ကိုယ်လည်း ကြောက်တယ်။ ကြောက်နေလို့လည်း ပြေးမလွတ်မှတော့ ရင်ဆိုင်ရုံပဲဆိုကာ ရဲရင့်ဟန်ပြရတယ်။ အရင်တုန်းက သိပ်လှသိပ်ချောကြတဲ့မင်းသမီးကြီးတွေ အသက်ကြီးသွားကြတဲ့အခါ သူတို့ပုံရိပ်တွေကိုကြည့်ပြီး တချို့ လှတုန်း၊ တချို့ကျက်သရေရှိလာကြ၊ တချို့ ရုပ်ကျသွားလိုက်တာ ဆိုပြီး ပြောကြ ဆိုကြဖူးမယ်။ "ကိုယ် သူတို့အသက်အရွယ်ရောက်လာတဲ့အခါ" ဆိုတဲ့မေးခွန်းကို ကိုယ့်ကိုယ်ကိုလည်း ပြန်မေးဖူးတယ်။ ကိုယ် နည်းနည်းကြောက်တုန်းပဲ။ အပေါ်ယံအရည်ပြားပေါ်က ကိစ္စတွေဟာ အရေးပါသလား၊ ဘယ်လောက်ထိ အရေးပါသလဲ၊ ဖြေကြည့်ကြစေချင်တယ်။ စိတ်ထားလှဖို့အဓိကဆိုတာလည်း ကိုယ်လက်ခံပါတယ်။ တချိန်တည်းမှာပဲ အပေါ်ယံရုပ်ကလေးကိုပါ ကြည့်မိတာလည်း ဝန်ခံပါတယ်။ ဒါပေမယ့်လေ သိလား...ရုပ်မလှသူတချို့မှာ ဘာကမှန်းမသိအောင် နှစ်လိုဖွယ်ကောင်းနေတာလေးတွေ ရှိတတ်တယ်။ အဲတာ သူတို့အတွင်းစိတ်ရဲ့အရောင်လို့ ကိုယ်ကတော့ ထင်မိတယ်။ ကိုယ် အဲတာကိုကြိုက်တယ်။ အတွင်းစိတ်ကလေးတွေ လှပရင် ရုပ်ဆိုးသူရယ်လို့မရှိဘဲ နှစ်လိုဖွယ်ရာလေးတွေချည်း ဖြစ်မယ်ထင်တယ်နော်။ အပေါ်ယံအရည်ပြားပေါ်ကအလှကို နှစ်သက်မိတာ ဝန်ခံပါတယ် သို့သော် စိတ်အလှရဲ့ရောင်ပြန်ဟပ်တဲ့ နှစ်လိုဖွယ်ကောင်းမှုကဖြင့် တာရှည်တည်တံ့နေမယ့်အရာလို့ ယုံကြည်မိရဲ့။ ကိုယ်တိုင်လည်း အသက်တွေကြီးလာတဲ့အခါ အေးအေးမြမြ ကြည်ကြည်လင်လင်လေး ကျက်သရေရှိချင်မိတယ်။ ကိုယ့်ဆီက အေးငြိမ်းမှုကို တပါးသူတွေဆီ ကူးစက်ဆင့်ပွားနိုင်သူလည်း ဖြစ်ချင်မိတယ်။ ခုကတည်းက စိတ်ပိုင်းဆိုင်ရာမှာ ချမ်းသာသမျှ ချမ်းသာအောင်၊ အေးငြိမ်းနိုင်သမျှ အေးငြိမ်းအောင် ကြိုးစားနေထိုင်နေဖြစ်တယ်။
သူတပါးဆီ အအေးဓာတ်ကူးပေးချင်သူဟာ ကိုယ်တိုင်အေးချမ်းနေမှ ဖြစ်မယ် ဟုတ်လား....



အန်တီချစ်
၀၈၀၉၂၀၁၉

No comments:

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...