Thursday, September 26, 2019

ဘဝမှတ်စု ၃

ကိုယ့်မျက်စိရှေ့ တသသထားပြီး ကြည့် မြင်နေခဲ့တုန်းက ကိုယ့်အရာရာဟာ သူပဲ ထင်ခဲ့တယ်။ ကမ္ဘာကြီးတခုလုံးဟာလည်း သူပဲဖြစ်နေပြီး သူကလွဲလို့ အရာရာတိုင်းဟာ ဝေဝါးနေခဲ့ရသမျှ.....။
ကိုယ့်ခြေဖဝါးအနီး ပစ်ချကြည့်လိုက်တော့မှ သူဟာ ကျောက်စရစ်ခဲလေးတလုံးမျှ ဖြစ်နေတာကို အမှန်အတိုင်း သိလိုက်ရတော့တာမျိုး...။
အနေအထားတခု၊ အကွာအဝေးတခုမှာ ထားပြီး မှန်အောင်မကြည့်မြင်တတ်ခဲ့တော့ ဘဝခရီးတနေရာမှာ တိုးတိုက်ခဲ့မိတဲ့ ကျောက်စရစ်ခဲလေးတလုံးဟာ ကိုယ့်အတွက် ကမ္ဘာကြီးလောက် ကြီးမားစိုးမိုးနေတတ်တယ်....
Celia Luce ရဲ့ quoteကို သင့်လျော်သလို ပြန်ဆိုရေးသားထားတာပါ။ ဘဝမှာကြုံလာသမျှ အခက်အခဲတွေဟာ ဒီသဘောအတိုင်းပါပဲ....၊ ကိုယ် မလွှတ်ချသရွေ့၊ ကိုယ့်မျက်စိရှေ့က ဖယ်မကြည့်သရွေ့ အကြီးကြီးပဲလို့ ထင်နေရတာမျိုးပါ။
အမှန်အတိုင်း အရှိအတိုင်း မြင်နိုင်ဖို့ သင့်လျော်တဲ့အကွာအဝေးကနေ ကြည့်တတ်ကြဖို့၊ ကိုယ်တိုင်မဟုတ်ဘဲ ခပ်လှမ်းလှမ်းဘေးအမြင်ကနေ ကြည့်တတ်သုံးသပ်တတ်ဖို့ပါပဲ။

"A small trouble is like a pebble. Hold it too close to your eye and it fills the whole world and puts everything out of focus. Hold it at a proper distance and it can be examined and properly classified. Throw it at your feet and it can be seen in its true setting, just one more tiny bump on the pathway to life."
Celia Luce ~



ချစ်ကြည်အေး

No comments:

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...