ဘဝမှာ အရာရာကို သူ့အတိုင်းပဲ သွားစေတယ်။ စီးဆင်းစေလိုက်တယ်။ ဘာကိုမှထိန်းချုပ်ဖို့ မကြိုးစားဘူး။ စမှတ်ရှိသလို အဆုံးလည်းရှိတယ်၊ စတဲ့အချိန်ရှိသလို အဆုံးသတ်ဖို့အချိန်ရှိတယ်ဆိုတာလည်း သိနေတော့...။
အစနဲ့အဆုံး ကြားကာလမှာ လဲကျမသွားဖို့ စိတ်ရောကိုယ်ပါ ကြံ့ခိုင်ဖို့ပဲ။ ဘာကိုမှ ဖြစ်ချင်လိုက်တာရယ်လို့ မရှိသလို မဖြစ်ချင်ပါဘူးလို့လည်း ငြင်းဆန်မနေတော့ဘူး။ ကိုယ်တတ်နိုင်သလောက် ဘာကိုမဆို အကောင်းဆုံးမဟုတ်တောင် ကောင်းအောင်ကြိုးစားခဲ့တယ်၊ ကြိုးစားနေဆဲ။
ဘောင်ခတ်ထားတဲ့ဘဝတခု၊ စင်းလုံးချောဘဝတခု၊ အထိမခံရအောင် ကာကွယ်လွန်းနေတဲ့ဘဝမျိုး မဟုတ်ဘဲ အနာအဆာလေးနဲ့၊ ချိုချက်နဲ့ ဒဏ်ရာလေးနဲ့ ရှိဖူးတဲ့ဘဝမျိုးကို ပိုသဘောကျတယ်။ ဒါမှလည်း ဘဝတခုဟာ အရောင်စုံလင်မယ်ထင်မိတယ်။
ပျော်ရွှင်မှုဆိုတာကို လေးလေးနက်နက်သိဖို့ မျက်ရည်ဆိုတာ ကျဖူးမှဖြစ်မယ် ဟုတ်လား....
၂၉၀၈၂၀၁၉
No comments:
Post a Comment
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်