စကတည်းက
ဇာတ်ညွှန်းအမှားကြီးနဲ့ လူကြမ်းဖြစ်လာသူ
တစ်ကားလုံးအပြီးမှာ လူမုန်းခံရတာ အမြတ်ပေါ့
လူကြမ်းကြီးမျက်ရည်ကျတော့ ပရိသတ်တွေပျော်ကြတယ်
ဒဏ်ရာတွေနဲ့ဖူးယောင်နေလည်း ပရိသတ်တွေလက်ခုပ်တီးကြတာပဲ
လူကြမ်းကြီးက ပြုံးတယ်
အောင်မြင်လိုက်တာမှ ပက်ပက်စက်စက်
ကိုယ်ပေါ်က ဒဏ်ရာတွေက ခဏနဲ့ အသားမာတက်တယ်
စိတ်ဒဏ်ရာတွေကတော့
တစ်သက်လုံး ကြပ်ထုပ်ထိုးယူရတယ်
ချစ်ကြည်အေး
ဝ၃ဝ၁၂ဝ၁၈
မချစ်ရဲ့ ကဗျာလေးတွေ မဖတ်ဖြစ်တာ အတော်တောင် ကြာသွားပြီ၊ ဒီတစ်ပုဒ် ဖတ်ပြီးတော့ ဟိုတလောက ဂျာနယ်တွေမှာ ဖတ်လိုက်ရတဲ့ လူကြမ်းသရုပ်ဆောင်တွေရဲ့ သနားစရာဘဝတွေ ကို သတိရမိတယ်...။
ReplyDeleteကိုညီလင်းသစ် မတွေ့တာကြာပြီနော်။ ကော်မန့်က spamထဲရောက်နေတော့ မချစ် ဒီနေ့ ကွန်ပြူတာကိုင်ဖြစ်တော့မှ တွေ့ရတာ။ ဟုတ်တယ်၊ မချစ်လည်း ဖတ်မိတယ်၊ အင်တာဗျူးလည်း ကြည့်မိတယ်။ သူတို့ဘဝနေဝင်ချိန် အသက်အရွယ်ရလာချိန်မှာ သိပ်သနားဖို့ကောင်းတယ်။
ReplyDelete