Sunday, March 9, 2014

မောင့်စံပါယ်


















မောင် မွှေးကြူမှ လန်းစွင့်...
ကျွန်မက စံပါယ်တစ်ပွင့်ပါ
မောင့်ရင်ခွင်မှာ တင့်တယ်ခဲ့ဖူးတာပေါ့

သိလား  မောင်…
ကျွန်မက လူယောင်ဖန်ဆင်းထားတဲ့  စံပါယ်တစ်ပွင့်
ရနံ့လည်းသင်း  အဆင်းလည်းဖြူ
တူတူတန်တန် ပန်းအရာမသွင်းချင်လည်း နေ
မောင့်နှုတ်ဖျားက စံပါယ်လို့ အမည်မတပ်ချင်လည်း ရှိစေ

ညလေပြည်တွေကို အခွင့်ကောင်းယူပြီး
မောင့်ဆီ မွှေးပျံ့ခဲ့ပါတယ်….


Photo credit - သက်ဝေ 

4 comments:

  1. နုနုညံ့ညံ့နဲ့ အရမ်းလှတဲ့စာသားလေးတွေ

    ReplyDelete
  2. လှတယ် အမ၊ စပယ်မလေးက သိပ်လှတယ်။

    ReplyDelete
  3. ၀ါး......စပယ်ရနံ့လေးတောင် နှာဝမှာ သင်းပျံ့သွားရတယ်...

    ချစ်သော -
    မြသွေးနီ

    ReplyDelete
  4. စပယ်ပန်းလေးလှသလို စကားလုံးလေးတွေလည်းလှတယ်
    သူတို့ဘယ်လောက်လှလှ ဖန်တီးသူကိုတော့ မှီမယ်မထင်...

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...