Tuesday, March 4, 2014

ဒဏ်ရာ...











တယုတယ လျှာနဲ့လျက်နေဖို့အထိ
မိုက်မဲဆွံ့အ တသသ မမွေးမြူလို....။

နာကျင်မှုတွေက ကိုယ် စိတ် နှလုံးသုံးပါးမှာ
တာဝန်ကျေကျေ  ထုတ်ချင်းပေါက်ခဲ့ပြီးမှ...
သတိရသည်ဖြစ်စေ၊  သတိမရသည်ဖြစ်စေ
တိုက်ဆိုင်သည်ဖြစ်စေ၊  မတိုက်ဆိုင်သည်ဖြစ်စေ
လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ....

သေရာပါတော့မယ့် စိတ်အနာ
ခန္ဓာတည်သရွေ့ အတွင်းလှိုက်လောင်မြိုက်နေတော့မယ့် စိတ်အနာ
အနက်ဆုံးမှာ ထင်တိုင်းမျက်ရှနေဦးမယ့် စိတ်အနာ...

"ဒဏ်ရာ"ဟု တွင်စေ....။


6 comments:

  1. နှလုံးသား နုနုကို ခပ်ရှရှလေးထိစေတဲ့
    'ဒဏ်ရာ' ရဲ့ အတွင်းနက်နက် ဖွင့်ဆိုချက်လေး မှတ်သွားပြီ...

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete
  2. အစမှဆုံးထိအောင်ရငိကိုထိတယ်--(နာကျင်မှုတွေက ကိုယ် စိတ် နှလုံးသုံးပါးမှာ
    တာဝန်ကျေကျေ ထုတ်ချင်းပေါက်ခဲ့ပြီးမှ)ဒီစကားလေးကိုပိုကြိုက်လို့

    ReplyDelete
  3. ဖတ်ရသူရင်မှာ ထုတ်ချင်းခတ် ဖြတ်ဝင်သွားတဲ့… “ဒဏ်ရာ”
    ကြိုက်တယ် အစ်မချစ်ရေ…။

    ReplyDelete
  4. ကဗျာလေးကို နှစ်သက်မိတယ် အစ်မရေ။

    ReplyDelete
  5. ဒီဒဏ်ရာသည် ကဗျာအဖြစ်သာ ဖြစ်စေတော့ နှလုံးသွင်းဖတ်သွားတယ် အစ်မရေး)

    ReplyDelete
  6. အစ်မချစ်ရဲ့ ဒဏ်ရာက ကိုယ့်ဆီတောင် ကူးစက်လာသလိုလို..
    ရေးတတ်လိုက်တာ..

    ချစ်သော -
    မြသွေးနီ

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...