Friday, September 21, 2012

စစ်မီးတွေ ငြိမ်းစေ....လက်များနဲ့...

သေနပ်တွေကို ဘေးချ
ကျွန်တော်တို့ စကားပြောကြရအောင်
နိုင်ငံရေး  စီးပွားရေး လူမျိုးရေး  ဘာသာရေး
အတ္တ  မာန  ခံယူချက်  ရပ်တည်ချက်

ပျော်ဝင်နေခဲ့တဲ့ခင်ဗျားတို့သွေးသားတွေ ခဏလေး အရောင်ချွတ်ထားခဲ့လိုက်ပါ
ကျွန်တော်တို့ ဒိုင်ယာလော့ဂ်တွေ လိုအပ်တယ်


လက်ညှိုး တစ်ချက်အကွေးမှာ
 
ခင်ဗျားပြောင်းဝက ထွက်လာတာ ပန်းတစ်ပွင့် မဟုတ်ဘူး 
ခင်ဗျားလက်ညှိုး တစ်ချက်အကွေးမှာ
မိနဲ့ ဘနဲ့ကနေ မိမဲ့ ဘမဲ့ ဖြစ်သွား
အိမ်နဲ့ ယာနဲ့ကနေ အိမ်မဲ့ယာမဲ့ ဖြစ်သွား
ခင်ဗျားကျည်တစ်တောင့်ဟာ...
အသက်တစ်ချောင်းတင် မဟုတ်
ဒိုမီနိုအဖက် ခင်ဗျား ကြားဖူးမယ်ဆိုရင်
တစ်ခုထိ အကုန်ပြိုလဲ
ချိတ်ဆက်မှီတွဲထားတဲ့ ဘ၀တွေ  ဘ၀တွေ
အသက်တစ်ချောင်းနောက်မှာ ဘ၀များစွာ အနာဂတ်များစွာ
ခြေအပြတ် လက်အပဲ့တွေ ၀တ်ဆင်ထားတဲ့  စစ်
အသက်ခန္ဓာတွေ အစိမ်းလိုက် ၀ါးမြိုထားတဲ့  စစ်
စစ်ဟာ...
ဘ၀ ဘ၀များစွာတွေကို ကန်းစေခဲ့
 

မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးဆိုပြီး လက်တုန့်ပြန်နေကြရင်
ကမ္ဘာကြီးတစ်ခုလုံး အကန်းတွေ ဖြစ်ရော့မယ်တဲ့ ဂန္ဒီက ပြောတယ်
အကန်းတွေ အကန်းတွေ ခင်ဗျားတို့ဘက်မှာ ကျွန်တော်တို့ မြို့ကလေးမှာ
ကျွန်တော် အနာဂတ်ကို မြင်ချင်တယ်ဗျာ
ယမ်းငွေ့တွေ တဝေေ၀ သွေးတွေ တပွက်ပွက်
အသက်ငင်နေတဲ့ နေ့တွေ ညတွေဟာ ဖက်နဲ့ထုတ်လို့တောင် မလောက်နိုင်တော့


♩ ♬ ကျည်ဆန်တွေဆိုတာ ပြတိုက်မှာ  ကမ္ဘာမှာ မလိုတော့ဘူး
စိတ်ကူးယဉ်အိပ်မက် ငြိမ်းချမ်း  ရင်မှာ ပျော်ပြီလေ...ကြည်နူး♭♩ ♬

မဟုတ်ဘူး  စိတ်ကူးယဉ် မဟုတ်ဘူး 
လက်တွေ့ ဖြစ်နိုင်တယ် လုပ်ကြည့်လိုက်စမ်းပါ

ဒါဟာ ဖြစ်နိုင်တဲ့အရာ 
လူသတ်လက်နက်တွေ မီးပုံမရှို့ခင်
ခင်ဗျားတို့ရင်ထဲက စစ်သွေးကြွစိတ်ဓါတ် အစွန်းအထင်းတွေကိုသာ
အရင်
မီးပုံရှို့လိုက်ကြစမ်းပါ 
ဒါတွေဟာ စစ်ပွဲတွေရဲ့ တရားခံစစ်စစ်
 

ကျေးဇူးပဲဗျာ...
တစ်နေ့...
ကျွန်တော်တို့လက်ချင်းတွေ မြဲခိုင်မဲ့ တစ်နေ့
 
ကျွန်တော်တို့မျက်ရည်တွေ ခမ်းခြောက်မဲ့ တစ်နေ့
စစ်မြေပြင်က တိုင်းပြည်ရဲ့သားကောင်းတွေ အမေ့ရင်ငွေ့ ခိုလှုံနိုင်မဲ့ တစ်နေ့
 

ခဏလေး နားထောင်ဗျာ...
ကျွန်တော်တို့ စကားပြောကြရအောင်....




 

14 comments:

  1. မမ...ပုံမှန်...နောင့် ကဗျာ မဖတ်တတ်ဘူး....

    ဒါလေးကြ ခံစားလို့ရတယ်...

    တကယ်..စစ်ပွဲတွေကို မုန်းတယ်။ စစ်တွေရပ်စေချင်ပါပြီ။

    ReplyDelete
  2. ဘာကြောင့် ဖြစ်တဲ့စစ်ပဲ ဖြစ်ဖြစ် ချက်ချင်းရပ်

    ReplyDelete
  3. စစ်ကြောင့် မြေဇာပင်ဖြစ်နေရသူတွေ...:(
    စစ်ကို မုန်းတယ်....
    စစ်ကို ဖန်တီးနေသူတွေကို ပိုမုန်းတယ်...
    အမြန်ဆုံး ငြိမ်းချမ်းစေချင်လှပါပြီ...

    ReplyDelete
  4. မကြီးချစ်ရေ အရမ်းသဘောကျတယ်..စစ်ပွဲဆိုတာ မရှိစေချင်ဘူး

    ReplyDelete
  5. ယမ်းနံ့တွေ ဘာယမ်းနံ့မှ မခံစားချင်ပါဘူးးးးးးးးးးအမချစ်ရေ...
    ရမ်းကားတဲ့လူတွေကြောင့် အရမ်းရမ်းခံစားနေရတဲ့ ပြည်သူတွေအတွက်..
    ယမ်းနံ့တွေ......ယမ်းနံ့တွေ သွေးရနံ့တွေ သွေးရနံ့တွေ...
    မိမဲ့တွေ ....ဖမဲ့တွေ....မိဖမဲ့တွေ ....စစ်..စစ်...နာကျင်စေတဲ့.
    စစ်ပွဲတွေ မလိုချင်..

    ခင်မင်တဲ့
    seesein

    ReplyDelete
  6. ငယ်ငယ်တုန်းက ရှမ်းပြည်မှာ သေနတ်သံ ဗုံးသံတွေကို နေ့စဉ်ကြားနေခဲ့ရတာ..။ ကမ္ဘာမှာ စစ်ဆိုတဲ့နေနရာမှာ ငြိမ်းချမ်းရေးကိုအမြဲအစားထိုးချင်တယ်..။

    ReplyDelete
  7. ဖေ့ဘွတ်ကလိုက်လာတာ))
    စစ်ဆိုတာ ဇာတ်ကားထဲမှာတောင်ကြည့်မကောင်းဘူး

    ReplyDelete
  8. “လူသတ်လက်နက်တွေ မီးပုံမရှို့ခင်
    ခင်ဗျားတို့ရင်ထဲက စစ်သွေးကြွစိတ်ဓါတ် အစွန်းအထင်းတွေကိုသာ
    အရင် မီးပုံရှို့လိုက်ကြစမ်းပါ..”

    ဟုတ်တယ်၊ ပိုအရေးကြီးတာက လက်နက်ထက် ထစ်ခနဲရှိ အဲဒီလက်နက်ဆွဲပြီး သတ်ချင်၊ ဖြတ်ချင်တဲ့ စိတ်ထားတွေပဲ၊ အဲဒီစိတ်မျိုးတွေ မရှိတော့တဲ့နေ့မှာ သေနတ်ပြောင်းတွေဟာ ပန်းအိုးတွေ ဖြစ်လာလိမ့်မယ်...၊ နာနာကျင်ကျင်နဲ့ ကြိုက်မိတဲ့ ကဗျာလေးပါ အမချစ်ကြည်အေး...။

    ReplyDelete
  9. မှန်လိုက်တာ မချစ်ရေ လက်ညှိုးတစ်ချက်အကွေးဟာ မိနဲ့ ဖနဲ့ ကနေ မိမဲ့ ဖမဲ့ ဘဝကို တမဟုတ်ချင်းရောက်သွားစမြဲပေါ့နော်။ စစ်ဟာ ဘဝပေါင်းများစွာကို ကန်းစေခဲ့တာ ဧကန်။
    ကမ္ဘာပေါ်ရှိ လူသားအားလုံး စိတ်ဓာတ်အစဉ်ကြည်လင်အေးမြကြပါစေ။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  10. ပြောင်းဝက ထွက်လာတာ ပန်းတစ်ပွင့် မဟုတ်ဘူး ၊ ကျည်ဆံတွေပါ။

    ReplyDelete
  11. i like par tal
    doe lone ka ta kal
    ko ah nu pyin nyar shin
    p tha par tal byar

    ReplyDelete
  12. i like par tal
    doe lone ka ta kal
    ko ah nu pyin nyar shin
    p tha par tal byar

    ReplyDelete
  13. စစ်ပွဲတွေ ရပ်ပါတော့..ကဗျာလေးက မိုက်တယ် မမချစ်..

    ReplyDelete
  14. သေနပ်တွေကို ဘေးချပြီး
    ကျွန်တော်တို့ စကားပြောနိုင်တဲ့နေ့ တစ်ကယ်ကို ရောက်လာဖို့ ဆုတောင်းနေမိတယ်..။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...