"အတ္တစိတ်ဟာ လူတစ်ကိုယ်လုံး ဖုံးလွှမ်းကာ"
ခုခေတ်လူငယ်တော်တော်များများ
ပရဟိတအလုပ်တွေ လုပ်လာကြတာ ကောင်းတဲ့ကိစ္စပါပဲ။ အဲဒါနဲ့ ဆန့်ကျင်ဘက်
အတ္တဟိတကို တွေးမိတော့ ကျွန်မ အလိုလိုပြုံးမိရတယ်။ ကျွန်မအိမ်ကလူ ပြောတာ
သတိရမိသွားလို့ပါ။ စဉ်းစားကြည့်လေ လူတွေဟာ Group Photo ကြည့်ရင်တောင်
ကိုယ့်မျက်နှာကို အရင်ကြည့်လေ့ရှိကြတာ မဟုတ်လား တဲ့။ သေချာတာပေါ့ လို့
ကျွန်မက ပြန်ပြောလိုက်တယ်။ အတ္တနဲ့ ပရ ညီမျှနေရင်တောင် မဆိုးဘူးလို့
ပြောရမှာ။ ကိုယ့်ဖို့ ကိုယ့်ဖို့ဆိုတာပဲ ကြည့်နေရင်တော့ စိတ်ပျက်စရာရယ်။
(အတ္တကြီးသူများ ဘောလုံးကန်ခိုင်းလိုက်ချင်တယ်၊ ကွင်းစ-ကွင်းဆုံး ဘောလုံးကို သယ်စမ်းကွာ တစ်ယောက်ထဲ) ♩ ♬ ♭ အတ္တစိတ်ဟာ
လူတစ်ကိုယ်လုံး ဖုံးလွှမ်းကာ ကိုယ့်အရိပ်ကို ရန်သူထင်တယ် ဦးနှောက်ထဲမှာ
လိုချင်တာပဲ သိ ♩ ♬ ♬ ဆိုတဲ့ မေဆွိသီချင်းလေး သတိရမိ။
ထွေရာ-၂
"ကမ္ဘာကြီး ပျက်တော့မှာလား"
ခုတစ်လော ဆူညံဆူညံတွေ
ကမ္ဘာအနှံ့ကြားနေရပြန်ပြီ။ ဂျပန်နဲ့ တရုတ် ကျွန်းကိစ္စ၊ အင်နိုးဆန့်
အော့ဖ်မွတ်စလင် ဗီဒီယိုကိစ္စ၊ ဆီးရီးယားပြည်တွင်းစစ်ကိစ္စ၊ တရုတ်နဲ့
အာဆီယံနိုင်ငံတစ်ချို့ ကျွန်းလုနေတဲ့ ကိစ္စ...။ ရွာက ပြည်တော်ပြန်တွေ ကိစ္စ၊
ပြန်လည်ထူထောင် နေရာချထားရေး ကိစ္စတွေ.....။
ပြီးတော့ သေလိုက်ကြရင် အစုလိုက် အပြုံလိုက် ဟိုမှာ ဒီမှာ၊ ကမ္ဘာကြီးက
ဒီလိုနဲ့ပဲ သူ့နည်းသူ့ဟန်နဲ့ တစ်စတစ်စ ပျက်ယွင်းနေပြီလားတောင် တွေးမိပါရဲ့။
(ဆရာတော်တွေ ဟောတရားအရတော့ ကမ္ဘာပျက်ချိန် မဟုတ်လောက်သေးပါဘူး)
တစ်လက်စထဲမှာပဲ လူ့အသက်တစ်ချောင်းရဲ့ အစိုးမရလိုက်ပုံ၊ ဒီနေ့လား၊
မနက်ဖြန်လား၊ ခဏကြာရင်လား၊ လက်တစ်ဖျစ်တီးမှာလား...လားပေါင်းများစွာထဲ
ပုံအပ်ထားရတဲ့အသက်တွေ။ ဒီတစ်ခါ ကမ္ဘာစစ်များဖြစ်လို့ကတော့ အုန်းကနဲပဲ
ကုန်မှာ။ သိတ်မြန်တယ်။ နူ့တွေ ပိုင်ဆိုင်နေကြတော့ အရင်ကလို မကြာဘူး။
သိချင်မှတောင် သိလိုက်မယ်။ လက်ရှိအချိန်မှာ အသက်ရှင်ခွင့်ရှိနေချိန်လေး
ကိုယ်ရော၊ ကိုယ့်ပတ်ဝန်းကျင်ပါ ကိုယ်စိတ်နှစ်ပါးလုံး ချမ်းသာအောင်
ဘယ်လိုနေမယ်၊ ဘယ်လိုအသုံးချမယ်ဆိုတာ စဉ်းစားသင့်တယ်။ တရားရှူ့မှတ်ဖို့လည်း
သတိတရ အချိန်ပေးစေချင်သေးတယ်။
ထွေရာ-၃
"ရိုးရှင်းတဲ့ အဖြူရောင်"
တစ်လောက မင်္ဂလာဆောင်ဖိတ်စာလေးတစ်စောင် ရတယ်။ ခင်မင်ရတဲ့
ချစ်စဖွယ် ညီမငယ်လေးတစ်ယောက်ရဲ့ချစ်သူနဲ့ စုလျားရစ်ပတ်တော့မဲ့
သတင်းပေးစာလေး ဆိုပါတော့။ ဖွင့်ကြည့်လိုက်တော့ စိတ်ထဲ အတော်လေး
အလိုကျသွားတယ်။ မိဘနှစ်ပါးနဲ့ မောင်ဘယ်သူ မဘယ်သူတို့ရဲ့ မင်္ဂလာ ဒါပဲ။
ဘာဘွဲ့ ညာဘွဲ့တွေ မပါဘူး၊ ဘယ်ကုမ္ပဏီ လိမိတက် (စင်္ကာပူ) တွေ ဘာတွေ မပါဘူး။
နောက်မှာ ဘာအမြီးမှ ထည့်မထားဘူး။ ရိုးရှင်းတဲ့ ဖိတ်စာလေး...။ ပကတိ
အဖြူရောင်။ အဲလိုကလေး မြင်ရတာ စိတ်ထဲ အေးချမ်းသွားမိတယ်၊ ဘာရယ်လို့တော့
အတိအကျ မပြောတတ်ဘူး။ (အသက်ကြီးလာလို့ ရိုးရှင်းတာတွေ ပိုသဘောကျလာတာလည်း
ဖြစ်နိုင်ကောင်းပါရဲ့)
ထွေရာ-၎
"ခန္ဓာရဲ့ အနတ္တ"
လေး-သုည ဆေးရုံဝ
တဲ့။ ကျွန်မဖြင့် ဆေးရုံဝ မပြောနဲ့ ဆေးရုံမှာတောင် ကျွန်မအတွက်
သီးသန့်မီးပွိုင့်တပ်ထားရတော့မယ်။ ၀င်ချည် ထွက်ချည်တွေ များလွန်းလို့။
တကယ်ပဲ။ အရင်က လူကြီးတွေ ညည်းကြတာကို နားမလည်နိုင်ဘူး။ ဟိုနားက နာ၊ ဒီနားက
နာနဲ့။ အကောင်းအတိုင်း လုံးဝရှိနေတဲ့ နေ့တွေက အတော် ရှားလာတယ်။ အမေတို့များ
၆ယောက်မွေးလာတာ အံ့ကိုသြယူရတယ်။ ကျွန်မဖြင့် ကလေးမရှိတာတောင်
ကိုယ့်ကိုယ်ကို အနိုင်နိုင်။ ဖော့ပြောရမယ်ဆိုရင် အမေတို့ခေတ်က မိန်းမတွေက
အပြင်ထွက် အလုပ်မလုပ်ရဘူးလေ။ နောက် အသိုင်းအ၀ိုင်းဆွေမျိုးတွေကြား တစ်ယောက်
တစ်လက် ၀ိုင်းထိန်းကြရင်း ကလေးတွေ အရွယ်ရောက်လာကြရတာ။ ကျွန်မတို့ ခုခေတ်က
မိန်းမတွေ အပြင်ထွက် အလုပ် လုပ်ကြရပြီ။ နိုင်ငံရပ်ခြားမှာမို့
(ကလေးထိန်းမဲ့သူ မရှိရင်၊ မငှားနိုင်ရင်) ကလေးတာဝန်က ကိုယ်တွေအပေါ်ပဲ
ပုံကျလာတော့ သားသည်မိခင်များ ပင်ပန်းကြရရှာတယ်။
ပြောချင်တာက
ကျန်းမာရေး...တော့ပစ်က ပြောရင်းနဲ့ ချော်တော့မယ်။ ထားပါတော့။
ဆရာတော်ကြီးတွေ
ပြောလေ့ရှိကြတဲ့ ခန္ဓာဝန်ကြီးကို ချချင်ပြီတို့၊ ခန္ဓာကြီးက
လေးလံလိုက်တာတို့ ဆိုတာကို အရင်က နားမလည်ဘူး။ ခုတော့ သိပြီ။ လေးလံလိုက်တဲ့
ခန္ဓာကြီး၊ တစ်နေ့ထက် တစ်နေ့ အပျက်ဘက်ကို ဦးတည်သွားနေတယ်ဆိုတာကိုလည်း
သိနေတယ်။ ဟိုကဖြစ်လိုက် ဒီကနာလိုက် ဒီလိုနဲ့ပဲ။ ငယ်ငယ်တုန်းကလို
ပေါ့ပါးလန်းဆန်းနေတဲ့ အရွယ် မဟုတ်တော့တာ အသေအချာ။ ဖြတ်သန်းရမှာပဲပေါ့
ဒီလိုပဲ။ အရွယ် သုံးပါးလုံးကို သိက္ခာရှိရှိ သတ္တိရှိရှိ
ဖြတ်သန်းနိုင်တယ်ဆိုရင်ပဲ နည်းသလား။ ဒီခန္ဓာကြီးဟာ ကိုယ်က ဘယ်လောက်ပဲ
သူ့အလိုလိုက်လိုက်၊ သူကတော့ သူ့သဘောနဲ့သူ ဖောက်ပြန်နေတယ်ဆိုတာ သိထားပြီးသား။ ဒါကို နှလုံးသွင်းမှန်ဖို့ပဲလိုတာ မဟုတ်လား။
ဆက်ပြောချင်စရာလေးတွေ..
ReplyDeleteအကုန်ပြောမသွားဘူး၊ ဆက်ပြောရအောင် တမင်ထားခဲ့တား)
ReplyDeleteလေးသုည ဆေးရုံဝတော့ မသိသေးဘူး.. သုံး သုညမှာ ရုံးခုံကမထတမ်း အလုပ်တွေလုပ်နေရတာတော့ ငြီးနေပြီ။ ;)
ReplyDeleteသုံး သုညမှာ ရုံးခုံကမထ (ဟာ...မိုက်တယ် :)
ReplyDeleteသုံးသုည....လေးသုည...ငါးသုည..သုညတွေနဲ့ဘဲဆက်လက်ရှင်သန်ပြီး သုညကမ္ဘာသွားနိုင်ဖို့....အမချစ်...ဆေးရုံအ၀တင်ဆိုတော့ တော်သေး တယ်မှတ်တာ....
ReplyDeleteအမချစ် ..လက်နာနေတာ ကို ပို့စ် အသစ်ရေးတင်သေးတာ ...
ReplyDeleteဆက်ပြောမှာလေးတွေ စောင့်ဖတ်မယ်နော်...။
အပေါ်က အန်နူန်းက စိုင်းစိုင်း(လားရှိုး)များလားးး
ReplyDeleteမယ်သန်-အဲဒါ ၄ရက်လောက် ခွဲရေးထားရတာ ညီမး))
ထွေရာတစ်ပါးဆက်ဖတ်ဘို့ စောင့်နေမယ်နော် မချစ် :P
ReplyDeleteအမှန်တရားလေးတွေ ဖွင့်ချသွားတော့ ဖတ်လို့ကောင်းတယ်း)
အရာရာမှာ တရားသဘောလေးတွေနဲ့ယှဉ်ပြီး သိနေတာက ကုသိုလ်ပေါ့ မချစ်ရေ။ အမြဲတန်းအသိနဲ့ယှဉ်နေရင် အကုသိုလ်ဝင်ဖို့ တံခါးပေါက်မရှိဘူးတဲ့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ပွဲတစ်ပွဲမှာ အမချစ်ကို ကျွန်တော်မြင်ဖူးတာကတော့ အလွန်ချောမော လှပသောအမကြီး (အလန်းကြီးရှိသေးတယ်) ၊
ReplyDeleteကြားဖူးတာကတော့ လူတစ်ယောက်ဟာ လက်မှာ ဆူးစူးလို. နောက်ဆူးတစ်ချောင်းနဲ. ဖယ်ရှားဖို.ကြိုးစားစဉ် နောက်ဆူးလဲ လက်မှာ ကျိုးကျန်ခဲ့လို. ဆူးနှစ်ချောင်း ၀င်သလို နေမကောင်းတာက ဝေဒနာတစ်ခု ၊ အဲဒီ့ဝေဒနာကို တွေးပြီး စိတ်ပျက်၊ စိတ်ပူ၊ ဒေါသဖြစ်တာက နောက်ဝေဒနာတစ်ခု၊
ဝေဒနာကို တတ်နိုင်သလောက် သီးခံဖို.က အဓိကမဟုတ်ပါလား ၊
အမချစ်ကြည်အေး ကျန်းမာပျော်ရွှင်ပါစေ
ဟုတ် ကျေးကျေးစ် တီတင့်း))
ReplyDeleteဖိုးတုတ်ရယ် အပြင်မှာ မြင်ဖူးနေတဲ့သူတွေ ကြိတ်ရယ်နေပါဦးမယ်။ ဖိုးတုတ်ဓါတ်ပုံကလေးသာ အစ်မဆီပို့လိုက်စမ်းပါ။ နောက်တစ်ခါပွဲတွေမှာ ကြုံရင် မုန့်ဝယ်ကျွေးရအောင်း)
စင်ကြားဖော ဖိတ်စာတွေမာ ဘာဘွဲ့ ဘာရာထူး ဘာကုမ္မဏီမှ မထည့်ကြဘူး အမ အဲဒါ ထုံးစံ။ ကိုယ့်ဘာသာ ထဲ့ချင်ရင် သတ်၂ ပြောရတယ်။ သူများတို့လဲ ဘာမှ ပါဝူး
ReplyDeleteအလွန်ချောမော လှပသောအမကြီး (အလန်းကြီးရှိသေးတယ်)
ReplyDelete- အပြည့်အဝ ထောက်ခံပါ၏ ထမင်းချိုင့်နဲ့ကို ထောက်ခံပါ၏
သူရို့ဖိတ်စာက မြန်မာပြည်တွင် ရိုက်နှိပ်သည်တဲ့ ခွေဖြူရဲ့.....
ReplyDeleteနောက်ထပ်ထွေရာလေးပါးကို မျှော်နေပါတယ် မမချစ်..
ReplyDelete