Monday, August 6, 2012

Natas Travel Fair Aug-2012

"Natas Travel Fair လုပ်ရင် ပြောပါဦးနော် အစ်မ" လို့ မှာထားတဲ့ ညီမလေးတွေအတွက် ဒီပိုစ့်ကိုရေးပါတယ်။ မမှာထားတဲ့သူတွေလည်း လမ်းကြုံရင် ဖတ်သွားပါ။   ခရီးသွားရတာကို နှစ်သက်တဲ့သူတွေလည်း ဖတ်သွားပါ။ ကျွန်မကိုယ်တိုင် အတွက်လည်း ပိုစ့်တစ်ပုဒ်ရတာမို့ ဒီပိုစ့်လေးကို ရေးဖြစ်ပါတယ်း)

 
Natas ခရီးသွား ဈေးရောင်းပွဲက တစ်နှစ်မှာ ဖေဖော်ဝါရီနဲ့ သြဂတ်စ် နှစ်ကြိမ် ပြုလုပ်လေ့ရှိပါတယ်။ Natas ဆိုတာက National Association of Travel Agents Singapore ရဲ့ အတိုကောက်ပါ။ ကလေးတွေ ကျောင်းပိတ်ရက်ဖြစ်တဲ့ ဇွန်လနဲ့ ဒီဇင်ဘာလတွေမှာ မိသားစုအပန်းဖြေခရီး ထွက်လိုသူများအတွက် အဆင်ပြေစေဖို့ ရည်ရွယ်ရင်း ဖြစ်ပါတယ်။ ခရီးတစ်ခုသွားဖို့က အနည်းဆုံး ၃-၄လလောက် (မိသားစုနဲ့ဆိုရင်) ကြိုတင်ပြင်ဆင်ရတာမို့ စီစဉ်ချိန်က ကွက်တိလောက်ပါပဲ။ ကျွန်မတို့လို မိသားစုမဟုတ်တဲ့ ဇနီးမောင်နှံတောင်မှ ခွင့်ရက်ညှိရခက်တာမို့ ကလေးတွေ ကျောင်းပိတ်ရက်နဲ့ မိဘတွေအလုပ်ခွင့်ရက်ပါ ညှိရမယ်ဆိုတော့ အတော်လေးကြိုတင်စီစဉ်မှ ဖြစ်မှာပါ။

နေရာကတော့ နှစ်စဉ်လုပ်နေကျ Expo Hall မှာပါပဲ။ နေ့ရက်နဲ့ အချိန်တွေလည်း သေချာမှတ်ပါ။

Natas Travel Fair 2012
24-26 August
Singapore Expo, Hall 3B, Hall 4 and Hall 5
10am – 9.30pm
ဝင်ခက ၄ဒေါ်လာပေးရမယ်၊ ၁၂နှစ်အောက်အတွက်တော့ ၀င်ကြေးပေးစရာမလိုပါဘူး။ (ကိုယ့်ကိုယ်ကို ၁၂နှစ်အောက်လို့ သက်သေပြနိုင်ရင်တော့ ဖရီးပေါ့လေ)

ပြီးခဲ့တဲ့ ၂လပိုင်းတုန်းက ရေးခဲ့တဲ့ Natas Travel Fair မှာ မသွားခင် ကြိုတင်ပြင်ဆင်စရာလေးတွေ ရေးထားပါတယ်။ ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။

 http://www.goingplaces.sg/natas-fair/
 http://www.natastravelfair.travel/front.php

စာကြွင်း-စာမရေးဖြစ်တဲ့ အကြောင်းရင်းး)

ပြောရရင် ခုတစ်လော အာရုံကျနေတာက ဓါတ်ပုံရိုက်ဖို့ပဲ ဖြစ်နေတယ်။ ဘာတွေ့တွေ့ ရိုက်မယ်ဆိုတာကြီးပဲ။ ပြီးရင် အိမ်ရောက်တာနဲ့ ဘယ်နေရာက ဘယ်လိုဖြတ်လိုက်ရင် ပိုလှလာမလဲ၊ ဘာရောင်လေး ပြောင်းလိုက်ရင် ပိုကြွသွားမလဲ၊ ဘယ်နေရာလေး ဖျောက်ထားရင် ကောင်းမလဲ... ဒါပဲ ခေါင်းထဲရှိနေတယ်။ အရင်က ပုံတွေရိုက်ပြီးရင် ပြင်တာကို သိတ်သဘောမကျလှပေမဲ့ ခုတော့ ပြင်ထားတာလေးတွေ ကြိုက်နေမိပြန်တယ်။ တခါတလေ သဘာဝမကျတဲ့ အရောင်ခပ်ဆန်းဆန်းတွေတောင် ပိုလှတယ် ထင်နေမိသေးတာ။ လူ့စိတ်များ ပြောပါတယ်...၊ ပြောင်းလဲတတ်ပုံများနော်....။

ဘာပဲဖြစ်ဖြစ် ကမ္ဘာကြီး ကျန်းမာရေး ကောင်းပါစေ....



4 comments:

  1. ဒါကြောင့်လည်း လူ့စိတ်ဆိုတာ မျောက်စိတ်လိုပဲတဲ့ မချစ်ရေ။ အင်မတန်မှအပြောင်းအလဲမြန်တယ်လေ ခုတစ်မျိုးတော်ကြာတစ်မျိုးး)
    ဓာတ်ကျလို့ ရိုက်ဖြစ်တဲ့ ပုံလေးတွေ နှမြောစရာမဖြစ်အောင် ပို့စ် တင်လိုက်နော်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ကမ္ဘာကြီးကျန်းမာရေးကောင်းပါစေ...း)

    ReplyDelete
  3. NATAS နဲ့ MATTA နဲ့က အောက်ဘောင်းတွေ များပြီး မထင်မှတ်လောက်အအောင် လျှော့ဈေးနဲ့ ရောင်းတဲ့ ပရိုမိုတွေ များတာ တော့ ဒေသတွင်းမှာ နာမည်ကြီးပဲ။

    ReplyDelete
  4. တခါမှ မရောက်ဖူးခဲ့ဘူး အဲဒီပွဲကို..ကမ္ဘာကြီးရော၊ မမချစ်ရော ကျန်းမာရေး ကောင်းပါစေ

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...