Thursday, August 23, 2012

အလွမ်းကဗျာရိုးရိုးလေး တစ်ပုဒ်

စိမ်းစိမ်းစက်စက်  မြနုရွက်တို့
တိမ်းလျှက်ဘယ်ညာ  ပုလဲရွာစွေ
ပုဝါငွေသား  ခြုံလွှာပါးဖြင့်
ပိုင်းခြားမထင်  မောင့်ရုပ်သွင် မှန်း
ချစ်မက်တမ်းသော  အလွမ်းမောခက်
ပစ်ချရက်ဘူး နှောင်ငင်ဦးမည်
ကြည်လင်စိမ်းဖန့် ရေသားပြန့်တွင်
အရိပ်ထင်သော် မောင်ပင်ဖြစ်လိမ့်
လူးလှိမ့်ကွဲအက်  လွမ်းရေးခက်ရှာ
အနားမှာနေ ကြည်ဖြူစေစိမ့်
နှစ်သိမ့်ရော်ရမ်း စိတ်ဝယ်မှန်းဆ
တသသရှင့်.....။ 


(ကာရန်နဲ့ ကဗျာလေးတွေကို သတိရလို့...)

9 comments:

  1. နှောင်ငင်ဦးမည် ဆိုတဲ့ စာသားလေး ကြိုက်တယ် အမချစ်..ရိုးရိုးလေး ဆိုပေမဲ့ ရင်ထဲထိတယ်...း)

    ReplyDelete
  2. စွယ်စုံပါလား မချစ်ရေ။ ရိုးရိုးကဗျာလေးဆိုပေမယ့် ကာယံညီတော့ စာပီသနေတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. မိုးရာသီနဲ့လိုက်ဖက်တဲ့ ကဗျာနုနုလှလှကလေး....း)

    ReplyDelete
  4. ကာရန်နဲ့ ကဗျာလေးတွေကို သတိတရ ရှိတဲ့အတွက် ၀မ်းသာမိသလို ကျေးဇူးလဲ တင်မိတယ် အမချစ်ကြည်ရေ ... ။
    ဒီကဗျာလေး ဖတ်ရတာ နူးညံ့သိမ့်မွေ့လို့ ချစ်စရာလေး။

    ReplyDelete
  5. အဲဒါမျိုးကဗျာလေး...မိုးနတ်လဲရေးတတ်ချင်လိုက်တာ...ခံစားရတာ နူးညံ့လိုက်တာရှင်..အားကျခြင်းများစွာနဲ့ အားပေးသွားပါတယ်နော်

    ReplyDelete
  6. ကဗျာလေးက တိုပေမယ့် ကောင်းလိုက်တာ..

    ReplyDelete
  7. "နှစ်သိမ့်ရော်ရမ်း စိတ်ဝယ်မှန်းဆ
    တသသရှင့်....." တဲ့လား...၊

    အမချစ်ကြည်အေးက ကာရန်နဲ့ဆိုလည်း ဖြစ်တာပါပဲလား၊း) သွပ်မိုးပေါ် တဖြောက်ဖြောက် ကျနေတဲ့ မိုးစက်တွေနဲ့ နေ့လယ်ခင်းတစ်ခုမှာ စိမ့်ဝင်ခံစားဖို့ အသင့်ဆုံး ကဗျာလေးပါပဲဗျာ...။း)

    ReplyDelete
  8. ကဗျာလေးက လှလိုက်တာ...။
    ချစ်တယ် အမရေ..ကဗျာလေးကို..

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...