Monday, July 30, 2012

အိုးကဗျာ


တစ်ယောက်နှုတ်ခမ်းကို
တစ်ယောက်က ထိတိုင်းသာ
နမ်းကြတာပါလို့ ဆိုကြရင်
ရှင်နဲ့ ကျွန်မ အကြိမ်ကြိမ် နမ်းဖူးခဲ့ကြ….။

ဘ၀ကြီးကိုက…
လိုရာပုံသွင်း  ခပ်ပြင်းပြင်းမီးဖုတ်
အခြောက်ခံ စဥ့်ရေသုတ်ပြီးမှ…
တခါတလေ လက်သင့်ရာအရောင်ခြယ်ပြီးမှ
ဈေးကွက်ဝင်အောင် မွမ်းမံခံကြရ…..။

အိုးချင်းထားလို့သာ အိုးချင်းထိခဲ့ရတဲ့နောက်
ကံကြမ္မာကို ယိုးမယ်ဖွဲ့ဖို့များ မကြိုးစားစမ်းပါနဲ့ရှင်
ကံတူအကျိုးပေးတွေ ဖြစ်လာပြီးမှပဲခပ်ရဲရဲပေါ့... 
ဘယ်တော့လဲဆိုရင်
ငွေရှင်ကြေးရှင်တွေ မျက်စေ့ကျလို့ သိမ်းပိုက်ခံကြရတဲ့အခါ
ကျွန်မလည်း ကျွန်မလမ်းထွင်၊  ရှင်လည်း ရှင့်လမ်းလျှောက်
တစ်ယောက်တစ်နေရာ၊ တော်ရာမှာ ပျော်အောင်နေကြရတဲ့အခါ…

တစ်ခုတော့ အမှတ်ရပါ…
ကျွန်မတို့က ပင့်သက်ရှုခဲ့ကြတာမဟုတ်ဘူး
ဒါ  သေချာတယ်…
ရှင်နဲ့ကျွန်မ အကြိမ်ကြိမ် နမ်းဖူးခဲ့ကြ….။

***ဆိုက်ဒ်ဘားက Sound cloud မှာ ကဗျာရွတ်ထားတာလေး ရှိပါတယ်။ အတူ တွဲဖက်နားထောင် ချင်ရင်ပေါ့....း)


12 comments:

  1. ကဗျာလေး ဖတ်ပြီးမှ အသံဖိုင်လေး ရှိတယ်ဆိုတာ သိလို့
    အသံဖိုင်လေးကို ဖွင့်ပြီး နားထောင်ရင်း ကဗျာလေးကို ပြန်ဖတ်ဖြစ်လိုက်တယ်။

    ReplyDelete
  2. မိုက်တယ်...ကဗျာလေးက...။

    ReplyDelete
  3. စိတ်ကူးကောင်းလိုက်တဲ့ကဗျာလေး။
    အိုးချင်းထားအိုးချင်းငြိချင်လို့ မရအောင် အိုးမလေးက မာနကြီးလိုက်တာနော်..။
    တိုက်တိုက်ဆိုင်ဆိုင် မြသွေးလည်း ဒီနေ့မှာ အိုးကဗျာလေးတစ်ပုဒ်လောက် ရေးချင်စိတ် နှိုးဆွနေတယ်.. :)

    ReplyDelete
  4. ကဗျာဆရာမ အသံက ပီပြင်ပြတ်သားနေတာပဲ။
    အသံလွှင့်ဌာနက အသံလွှင့်သူအသံမျိုး ...။
    ပြီးတော့ ကဗျာလေးကို နားထောင်ရတာ ... ပုံပြင်တပုဒ်ကို နားထောင်နေရသလို ... ။

    ReplyDelete
  5. အိုးကဗျာကောင်းလေးတစ်ပုဒ်ကို အသံဖိုင်လေးနဲ့တွဲဖက် နားထောင်သွားတယ်။
    လမ်းကြုံတုန်း ပြန်ဆိုဖြစ်တဲ့သီချင်လေးတွေတစ်ပါတည်း အားပေးသွားတယ် နားထောင်လို့ကောင်းတယ်မချစ်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. ကဗျာရော အသံကိုပါကြိုက်၏၊

    ReplyDelete
  7. အသံလေးပါတာကြိုက်... ။

    ReplyDelete
  8. အိုးကဗျာအား..
    ရင်ထဲထိသွားသည်
    အိုးထီးလေးတစ်ခုခုတော့ပြန်ပြောတန်ရာ၏း))

    ReplyDelete
  9. မကြီးချစ်ရေ
    ဖတ်ရတာထက် နားထောင်ရတာက
    ပိုပြီးအသက်ဝင်နေသလိုဘဲ..

    ReplyDelete
  10. ကောင်းလိုက်တဲ့ ကဗျာလေးရှင်...အားကျစွာနဲ့ အားပေးသွားပါတယ်ရှင်

    ReplyDelete
  11. အိုးကလေးတွေကတော့ နမ်းခွင့်ရကုန်ကြပေါ့ ... :)

    ReplyDelete
  12. ကဗျာလေးက မိုက်တယ်..

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...