Wednesday, March 28, 2012

စိနတိုင်းသွားတောလား-၁၂

ဒီနေ့တော့ ကျွန်မမိတ်ဆွေများကို Wangfujing-၀မ်ဖူဂျင်းလမ်းထဲ ခေါ်သွားချင်ပါတယ်။ East Changan လမ်းကနေစလို့ China Art Museumမှာ ဆုံးတဲ့ အဲဒီလမ်းဟာ မီတာ ၁၅၀၀ ရှည်လျားပါသတဲ့။ မြို့ပြရဲ့ ခမ်းနားမှုတွေ၊ ရိုးရာ ယဉ်ကျေးမှုတွေ၊ ခေတ်မီဆန်းပြား မှုတွေ ပေါင်းစုယှက်နွယ်ထားတဲ့ အဲဒီလမ်းမပေါ်မှာ အစားအသောက်တွေချည်းပဲရောင်းတဲ့ ညနေခင်းဆိုင်လေးတွေက တမျှော်တခေါ်ကြီး စီတန်းလို့။ 

တစ်ခုပဲ ကျွန်မတို့ တိုးဂိုက်ကြီးပဲကေက အထူးမှာကြားပါတယ်။ လုံးဝ လုံးဝ ၀ယ်မစားကြပါနဲ့ တဲ့....((ဟင်း))
ပါးစပ်ဝနားရောက်ကာနီးမှ လျှာနဲ့ စလစ်ဖြစ်ပြီး အောက်ပြုတ်ကျသွားသလို ခံစားလိုက်ရပါတယ်။ 


လမ်းတစ်ဘက်မှာ ဆိုင်လေးတွေ တွေ့လား....ရောက်ပါတော့မယ်...။


အစာပြေဆာလေးတွေ အစုံရောင်းပါတယ်...





ကီးမားပလာတာလိုလိုဟာက...ကုလားဆီက ယူထားတာဖြစ်မယ်။ (အိမ်သဒိရ အမျိုးသားတွေဆီက ပြောပါ တယ်)။ ဘေးက ပါးစပ်ဟပြဲလေးတွေနဲ့ ပေါက်စီကတော့ ပေါက်ဖော်ကြီးများ မူပိုင် မပုတင်ရှိပြီးသား။


တုတ်ထိုးအကြော်တွေ ရောင်းတဲ့ဆိုင်။ ဆိုင်ရှင်က တော်လှန်ရေးနေ့မို့ ထင်ပါရဲ့၊ သက်သာအနေအထားနဲ့ (ဟမ်)


ဒါက ငယ်ငယ်တုန်းက တွက်ခဲ့၊ ခုတော့ ချက်နေရတဲ့ သင်္ချာ.....အဲ....


ဒါကိုတော့ အင်မတန် စိတ်ဝင်စားတာမို့ တစ်ခုချင်းစီ ကလို့စ်အပ်ပ် ခဲ့တယ်။ ဆက်လက်ရှု့စားကြပါ...


တစ်ချိန်တုန်းကတော့ ဂိုဏ်းဝင်တွေပေါ့...။ စကော်ပီယံဆိုလား....


ဘာမှန်းမသိ....။


ဒါလည်းပဲ ဘာပြောရမှန်း မသိ....

အကောင်တော့ အကောင်ပဲ ဒါပေမဲ့.....၊ သွေးကြီးပုံများ နာမည်မေးတာတောင် ပြန်မပြောဘူးး))


တစ်ကောင်လောက် ဖြုတ်မြည်းသွားပါလား ဟင်....




စနိတ် စနိတ် ဆီးသလိတ်....။ ခုတော့ မုန့်ကြိုးလိမ်ယောင်ဆောင်ထားတယ် သူက....။


အဲ...အဲဒီအကောင်ပေါ့၊ လှုပ်စိ လှုပ်စိဖြစ်နေတုန်းပဲ မသေသေးဘူး။ ငယ်ငယ်တုန်းက ကြားဖူးတဲ့ ဖြူကောင် ဆိုတာ အဲဒါမျိုးလား မသိဘူး။ တစ်ခါမှ မမြင်ဖူးဘူးလေ။ တော်ကြာ သူ့ကိုယ်ပေါ်က ဆူးတွေကို ခါထုတ်လိုက်မှာ စိုးလို့ အနား သိတ်မကပ်ရဲဘူး။ သူ့ကို ဘယ်လိုများစားကြပါလိမ့်နော်....အသည်းယားသူများ စားရင် အယားပြေမလားပဲ....းD


အဲဒီတော့မှ ကျွန်မတို့တိုးဂိုက် ကိုပဲကေရဲ့ လုံးဝ ၀ယ်မစားပါနဲ့လို့ အပြင်းအထန် အမှာတော်ရှိပုံကို နားလည်သွားတယ်။ ဘာကောင်တွေကို ဘာဆီတွေနဲ့ ဘာနည်းတွေသုံးပြီး ဘယ်လိုလုပ်ထားတယ်မှ မသိ။

သြော်...ပေါက်ဖော်ကြီးတွေများ အကောင်သေးလို့ကတော့ ဘန်းထဲထည့်ပြီး စားပွဲပေါ်သာတင်လို့ ရပါစေ၊ အကုန်တင်ရောင်းကြတာပဲ။ စားတဲ့သူတွေကလည်း ၀ါးလို့သာရပါစေ၊ အကုန် စားကြတာပဲလို့ သဘောပေါက်သွားတယ်။

နဲနဲလေးမှောင်လာတော့ ကျွန်မတို့ နောက်ထပ်သွားခဲ့ကြတဲ့ နေရာက The Place လို့ခေါ်တဲ့ LCD Light တွေ နဲ့ မျက်နှာကျက်ပေါ်မှာ အလှဆင်ထားရာနေရာပါပဲ။ သူက ဘေဂျင်းရဲ့ CBD ဧရိယာမှာ တည်ရှိပါ တယ်။ ဘေးတစ်ဖက်တစ်ချက်မှာတော့ Shopping Mall ကြီးတွေ ရှိပါတယ်။ The Place Shopping Mall မှာ နာမည်ကြီး တံဆိပ်၊ အသုံးအဆောင်တွေ အကုန်ရတယ်လို့ ဆိုပါတယ်။ ကျွန်မတို့တော့ အချိန်မရတာမို့  ရှော့ပင်းမောထဲ ၀င်မကြည့်ခဲ့ဘဲ အပြင်ကနေပဲ ငေးခဲ့ကြရတာ။ (အိမ်ကလူကြီး အကြိုက်ပေါ့ ကွယ်)


လူတွေအားလုံးရဲ့ အာရုံကို ဖမ်းစားထားတာက မျက်နှာကြက်ပေါ်က LCD Light တွေပါပဲ။ သံစုံတီးဝိုင်း ကြီးထဲက သံစဉ်တွေ၊ ငြိမ့်ညောင်းလှပတဲ့ တေးသွားတွေနဲ့ စည်းချက်ညီညီ ပြောင်းလဲနေတဲ့ ပုံရိပ်တွေဟာ အင်မတန် ခမ်းနားလှပါတယ်။ ဒါ့ကြောင့်လည်း လျှပ်စစ်မီးတွေ လိုပြီးရင်းလိုရင်း ဖြစ်နေတာနေမှာ။



ခေါင်းလေးတွေ အပေါ်ကို မော့လို့...စက္ကုအာရုံရဲ့ ဖမ်းစားခြင်းမှာ တမေ့တမော....။




ဒါက Wangfujing Street ရဲ့ ညဈေးတန်းတစ်လျှောက် မြင်ရတဲ့ ညအလှပါ။ ဘေဂျင်းရဲ့ အောချတ်လမ်း လို့တောင် တင်စားချင်ပါသေးတယ်။



ရှော့ပင်းမောကြီးတွေကလည်း တခမ်းတနားပါပဲ။ ငှားရမ်းခ သက်သာတာလည်း တစ်ကြောင်း၊ ကုန်ကြမ်း ဈေးပေါတာ တစ်ကြောင်း၊ အလုပ်သမားခ သက်သာတာလည်း တစ်ကြောင်းကြောင့် လုပ်ငန်း ရှင်တွေ ရင်းနှီးမြုတ်နှံဖို့ အခွင့်အရေးပိုရစေပါတယ်။


အဲဒီ အဆောက်အဦးကြီး တစ်ခုလုံးကို ယူနီကလိုက ယူထားတာသာ ကြည့်ပါတော့။


ဆက်ပါဦးမယ်။


11 comments:

Nyi Linn Thit said...

အကောင်ပလောင် တွေကတော့ တကယ့်ကို စုံပါပေ့ မချစ်ကြည်အေးရေ..၊ ဆူးတွေနဲ့ အကောင်က Urchin လို့ခေါ်တဲ့ အကောင် များလားလို့..၊ ပင်လယ် ကျောက်တန်းတွေ အကြားမှာ နေတဲ့ အကောင်တွေလေ..၊

ကြယ်တွေကို LCD နဲ့ အစားထိုး ပစ်တဲ့ တရုတ်ရဲ့ အိုင်ဒီယာကတော့ လန်းတယ်၊ မီးတွေ ထိန်ညီးပြီး ခမ်းနားနေလိုက် ကြတာ.၊ ဓါတ်ပုံတွေ ကြည့်ပြီး ကိုယ်တိုင် လိုက်လည်ရသလိုပဲဗျ..၊ ဆက်ရန်ကိုလည်း စောင့်နေတယ်နော်...။

tin min htet said...

အမ ကိုညီလင်းသစ် ပြောတာဟုတ်တယ်။ မြန်မာလို သံပခြုပ် ခေါ်ပါတယ်။ ပင်လယ်ခရု တမျိုးပါပဲ။ ဖြူကောင်က ခြေလေးချောင်း နဲ့လေ :)

May Thu Khine said...

အကောင်တွေများ အသည်းယားစရာပဲ... အယားပြေအောင်တော့ စူးတွေနဲ့ ကောင်တွေကို မချစ်ပြောသလို မစားပါရစေနဲ့ ... :P

ချော(အစိမ်းရောင်လွင်ပြင်) said...

သူတို့မုန့်တွေက စားရတာ အရသာမတွေ့ဘူး ပေါ့ရွှတ်ရွှတ်နဲ့
အကောင်ဗလောင်တွေက စုံလိုက်တာ
ကြည့်ရတာတောင် အသည်းယားတယ်
စားဖို့တော့ ဝေလာဝေး
မီးတွေအလှဆင်တဲ့နေရာမှာတော့ သူတို့က အတော်လေး တော်တယ်နော်.
အခမ်းအနားတွေမှာလည်း တော်တော်လည်း ပြင်ဆင်တတ်ကြတယ်။

မိုးငွေ့...... said...

မကြီးးး အီးးး အသဲယားးတယ်......

Vista said...

ဆူးနဲ့ အကောင်က ဒီတိုင်းမြိုချရတာများလား .. အမငီး

An Asian Tour Operator said...

အကင်အကွမ်တွေ ကြိုက်တယ်ဆိုတဲ့ သူတွေကို ကျွေးရမယ်။

ချစ်ကြည်အေး said...

ကိုညီလင်းသစ် ဟုတ်တယ် Urchin ဆိုတဲ့ အကောင်ပဲ ရှာကြည့်လိုက်တာ တွေ့ပြီး)))

ကိုတမထ ဖြူကောင်ခြေထောက်မှ မတွေ့ဘူးဘဲ ခုလိုပဲ ဆူးတွေနဲ့ လုံးလုံး လုံးလုံးနဲ့ မြင်ဖူးခဲ့တာကိုး...ဟဟဟားးး

မေသူ အသည်းယားစရာကြီး ဟုတ်တယ်။ အပြင်မှာ ပိုဆိုးသေး...

ချော...ပေါ့ရွှတ်ရွှတ်နဲ့၊ အစ်မလည်း သူတို့ဟင်းတွေ စားရတာမြိုမကျလှဘူးရယ် ရှောကနဲ ရှောကနဲတောင် မြည်တယ် (ဟမ်)

မိုး အသည်းယားရင် ပြေအောင် သံပခြုတ်လေးကောက်စားလိုက်း)

ဗစ်စ ဆူးတွေ ဖယ်ပြီး စားရတာတဲ့...

ကိုသောမတ်စ် အကင်ကတော့ ဟုတ်ပါပြီ၊ အကွမ်က ဘာတုန်းးးး

(အိပ်မရသောညမှာ အထက်ပါ ကော်မန့်များအား ဘလော့ဂ်ဂါကိုယ်တိုင် ထိုင်ရေးနေခဲ့သည်-၃၁ မတ်လ ၃း၅၆ အေအမ်မ်)

san htun said...

အီး..အကောင်တွေက စုံပ..ဆက်ရန်စောင့်နေပါသည် မမချစ်..

Yan said...

မြွေနဲ့ ကင်းမြီးကောက်ကို မြင်ရတာ ကျောချမ်းလိုက်တာ. မျိုကျမယ်မထင်ဘူး.
ဒါပေမယ့် လုပ်ထားပုံလေးကတော့ ကောင်းမယ့်ပုံပဲဗျ.း)

ဒီပို့စ်လေးဖတ်ရတာ ဗိုက်တောင်ဆာသွားတယ်.

ခင်မင်စွာဖြင့်

Y.

မြတ်ကြည် said...

ခုမှရောက်တယ် အစ်မချစ်ရေ။ လုံးလည်လိုက်နေလို့။ တရုတ်တွေက အစ်မချစ်ပြောသလို ဝါးလို့ရတဲ့ဟာ အကုန်စားမယ့် သဘောမှာရှိတယ်။ :)

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်