Sunday, March 25, 2012

မောဟများနှင့် နေထိုင်ခြင်း

မောဟ-၁

ကျွန်မငယ်ငယ်က စက္ကူလှေဖြူဖြူလေးတွေ အဖေခေါက်ပေးတဲ့အခါ အိမ်ရှေ့က ရေစည်ပိုင်းပြတ် ထဲမှာ မျှောကြည့်ခဲ့ ဖူးတယ်။ လှေကလေးဟာ ရေစည်ပိုင်းပြတ်ရဲ့ အ၀န်းအ၀ိုင်းတလျှောက် တလည်လည်နဲ့ သွားနေပြီဆိုရင် ကျွန်မက စည်ပိုင်းထဲကရေတွေကို လက်ကလေးနဲ့ ခတ် ခတ်ပြီး လှေကလေး ကို ရှေ့ ရွေ့စေခဲ့တာ။ ခဏနေရင်တော့ ရေအစိုဓါတ်ကြောင့် လှေကလေးဟာ စွတ်စိုပျော့အိပြီး မကြာခင်မှာပဲ ပုံပျက်ပန်းပျက် နစ်မြုတ်သွားတော့တယ်။
ကျွန်မတို့ရော ဒီလိုပဲ တလည်လည်နဲ့ နစ်မြုတ်ပြီးဆုံးသွားရမှာပဲလား။ သံသရာဆိုတာကြီးကဖြင့် ဘယ်လောက် ရှည်လျားသလဲဆို ဆွဲဆန့်သလောက်ကို ရှည်မှာလို့ပဲ ကျွန်မကတော့ ပြောလိုက်ချင်တယ်။

နေ့လည်စာ အတူထွက်စားနေကျ ကျွန်မတို့ရုံးက တရုတ်လေးတစ်ယောက်က ပြောပြဖူးတယ်။ သူကြည့်ဖူး တဲ့ ဟောင်ကောင်တီဗီစီးရီးထဲက မက်ဆေ့ခ်ျလေး တစ်ခု။ လူတွေဟာ ငယ်ရွယ်စဉ်မှာ ဗိုလ်အုန်းသီးကားလေးစီး၊ နည်းနည်းလေး ကြီးပြင်းလာတော့ ကျောင်းကြိုပို့ကားလေး စီး၊ အဲဒီကနေ အရွယ်လေးရလာတော့ ဘတ်စ်စီး၊ တစ်ခါ အလုပ်အကိုင် အခြေတကျလေးရှိလာတော့ ကိုယ်ပိုင်ကားလေး ဖြစ်စေ၊ အငှားကားလေးဖြစ်စေ စီးကြရပြန်တယ်တဲ့။ ဘ၀ရပ်တည်မှုတွေ ကွဲပြားလို့ ဘယ်လိုပဲ စီးတဲ့ယာဉ်တွေ ခြားနားပါစေ၊ နောက်ဆုံးခရီး နောက်ဆုံးအချိန်ကျရင်တော့  နိဗ္ဗာန်ယာဉ် စီးကြရတာချင်းတူတူပါပဲ တဲ့။ သူပြောပြတာက ကျွန်မတို့ သိနေဖူးခဲ့တဲ့ နောက်ဆုံးတော့လည်း လူတွေဟာ မီးခိုးနဲ့ ပြာ ဆိုတာလေးနဲ့ သွားတူမနေဘူးလား။  ဒါပေမဲ့ တစ်ချို့ဘ၀တွေကျတော့ မွေးကတည်းက လမ်းလျှောက်သွားကြရတာများ ဆုံး မဆုံးနိုင်ပေါင်ပါရှင်။ ခက်ခဲလိုက်တာများ…။


ဒါဟာ အစဉ်အတိုင်းသွားလို့သာပါ။ တစ်ကယ်တော့ ဘ၀ကြီးထဲမှာ နေထိုင်ရတာဟာ အဲဒီလောက်မှ မရိုးစင်းတာဘဲ။ ဒီလို အစီအစဉ်လိုက် သွားကြရမယ်လို့မှ အာမမခံနိုင်တဲ့ ဘ၀ကြီးထဲမှာ စိတ်ချလက်ချနေမိတဲ့အဖြစ်က အတော်လေး လှောင်ရယ်ချင်စရာ၊ တစ်ဘက်ကလည်း ပူပန်ချင်စရာ၊ စိုးထိတ်ချင်စရာတောင် ကောင်းနေခဲ့သေးတော့။


ကျွန်မက ဒေါက်မြင့်ဖိနပ်တွေ စီးရတာကို ကြိုက်တယ်။ လေးလက်မလောက်ထူတဲ့ ပလက်ဖောင်းဟိုက်ဟီးလ်တွေ ကို နှစ်နှစ်သက်သက် စီးခဲ့ဖူးတယ်။ အဲဒီဖိနပ်တွေမှာ အောက်ခြေခွာက တစ်ပြေးတည်းမို့ ခြေတစ်ချက်လောက် စောင်းသွား၊ လည်သွားလို့ အထိန်းမတော်ရင် အတော်လေး အကျနာတတ်တာ။ အဲဒီဖိနပ်မျိုးနဲ့ ၂ခါတိတိ ခြေထောက် ခေါက်သွားဖူးတယ်။ အခိုက်အတန့်လေးတစ်ခုလောက်တော့ စိတ်နာနာနဲ့ အဲဒီဖိနပ်တွေကို လှည့်မကြည့်ဖြစ်တော့ဘူး။ ဒါပေမဲ့လည်း ခြေထောက်အနာပျောက်လို့ ပြန်ထောက်နိုင်တဲ့အခါ တခုတ်တရ ပြန်စီးဖြစ်တော့တာပါပဲ။ ကျွန်မက ခဏကလေးနဲ့ အပင်ပေါ်ပြန်မော့ကြည့်တတ်တဲ့ ထန်းသမားလို အမူးပြေမြန်တယ် ဆိုရမယ်။ အချစ်နဲ့ ပတ်သက်လာရင်လည်း အမှတ်မရှိတဲ့ ကျွန်မက အဲဒီ အတိုင်း…။


ဖြစ်တတ်တယ်လို့ သတိထားနေလျှက်က အခန့်မသင့်တာတွေ များလွန်းတော့လည်း အတေးအမှတ်မရှိတတ် တော့တာ ကျွန်မအပြစ်လို့သာ ဆိုရမှာ။ အမှတ်သတိထားနေလျှက်က ပရိယာယ်များလွန်းတဲ့ အချိုးအကွေ့တွေမှာ ကျွန်မ ခဏခဏ လဲကျသွားခဲ့ဖူးတာ။ အခါတိုင်းမှာ မာယာတွေဟာ အသစ် အသစ်တွေချည်း ဖြစ်နေတော့လည်း ပြင်ဆင်ထားရင်းနဲ့ပဲ အလဲလဲ အပြိုပြိုရယ်။ ကျွန်မ ညံ့တယ်ပဲ ထားလိုက်ပါတော့။


လည်မှာ ဆွဲထားတတ်ကြတဲ့၊ ဖွင့်လို့ ပိတ်လို့ရတဲ့၊ ဘယ်ညာတစ်ဘက်တစ်ချက်စီမှာ ဓါတ်ပုံသေးသေးလေးတွေ ထည့်ထားလို့ရတဲ့ လော့ကက်သီးမျိုးလေး တွေ့ဖူးကြတယ် မဟုတ်လား။ ဘဲဥပုံ ဒါမှမဟုတ် အ၀ိုင်းလေးတွေလေ။ အဲဒီထဲမှာ တချို့က အဖေအမေပုံ၊ တချို့က ချစ်သူ၊ ဇနီး ခင်ပွန်းရဲ့ပုံ၊ တချို့လည်း ကိုးကွယ်ရာ ဘာသာလိုက်လို့ မြတ်ဗုဒ္ဓရဲ့ပုံပေါ့။ အဲဒီလို အမှတ်တရလေးတွေ၊ ကိုးကွယ် ရာလေးတွေ ထည့်ထားတတ်ကြတယ်။ ဖွင့်ကြည့်မှသာ အထဲမှာ ဘာထည့်ထားတယ်ဆိုတာ သိနိုင်တာမျိုးပေါ့။ အဲဒီလို ဖွင့်ကြည့်ရင် သိနိုင်တာတွေထက် မြင်နေလျှက်သားနဲ့ ဘာမှန်းမသိနိုင်တဲ့ အရာတွေက လောကကြီးထဲ ပိုလို့သာ များများလာတော့တာ။ ဒီတော့ အရိုးသားဆုံး ဖွင့်ချပြတတ်တဲ့သူတွေ ရှုံးတာ မဆန်းဘူးမဟုတ်လား။

မောဟ-၂

နေ့စဉ်တွေ့မြင်နေကျတွေမှာ ယူဖို့ လာကြသူတွေရယ်၊ ပေးဖို့ လာကြသူတွေရယ်၊ ယူလည်းမယူ ပေးလည်း မပေးဘဲ မျှောလိုက်နေတဲ့သူတွေရယ်၊ ယူသင့်သလောက်လည်း ယူ ပေးသင့်သလောက် လည်း ပေးသွားကြတဲ့ သူတွေရယ်… ကျွန်မကရော ဘယ်ထဲမှာပါ ပါလိမ့်မလဲ။ အသက်ရှူတာချင်း တူကြတယ်ရင်တောင် သူတို့တွေရဲ့ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းတွေကတော့ဖြင့် ကွဲပြားနေကြလိမ့်မယ်။ ခါးတဲ့အမျိုးကို စိုက်မှဖြင့် အချိုသီးစားရဖို့ဆိုတာ ဝေးလွန်းလှပါရဲ့။


တစ်နေ့တစ်နေ့ လုပ်ရိုးလုပ်စဉ်တွေက ရုန်းမထွက်နိုင်၊ ရုန်းမထွက်ချင်ဖြစ်နေရတာတွေ။ ဘယ်လောက်များ များနေခဲ့ပြီလဲ။ သညာနဲ့ မှတ်သားခဲ့တဲ့ အသိရယ်၊ ပညာနဲ့ ရှာမှီးထားခဲ့တဲ့ အသိတွေရယ်…။ နေ့စဉ် ကျင်လည်နေရတဲ့ ၀န်းကျင်မှာ ဒါတွေကိုပဲ အရေးတကြီးလုပ်လို့။ ဒါနဲ့ပဲ ဘ၀က ပြီးသွားတော့မှာတဲ့လား။ ဘ၀က ဒီထက်ပို လေးနက် သင့်တာပေါ့။ ဒါပေမဲ့ သိရင်တော့ ဒီလောက် မခက်ခဲဘူး။ သိခြင်းဆိုတာက မောဟရဲ့ ဆန့်ကျင်ဘက် အမောဟတဲ့။ ပညာလို့လည်း ဆိုကြတယ်။ ဒါပေမဲ့ ရှင်တို့ ကျွန်မတို့ ပြောပြောနေကြတဲ့ ပညာမဟုတ်ဘူး။ သံသရာ၏ အရှည်အလျားအား ချုံ့စေသော၊ သံသရာ ၀ဲသြဂမှ လွတ်မြောက်ခြင်း အကြောင်းတရားကို သိသော။ အဲဒါ ပညာပဲ။


အသစ်အဆန်းတွေ၊ ပို ပို ဆန်းပြားတာတွေကလည်း သူ့ထက်ငါ အလုအယက်။ လိုက်ရင်း လိုက်ရင်းနဲ့ ဘယ်တော့မှ မဆုံးနိုင်ကြောင်း သိလိုက်တဲ့အချိန်မှာတော့ ရောင့်ရဲခြင်းတရားနဲ့ အတော်ဝေးဝေး မှာ ရောက်နေခဲ့ပြီ ဖြစ်လိမ့်မယ်။ ယုံကြည်တာ တစ်ခုကတော့ အသိဟာ နောက်ကျတယ်ရယ်လို့ မရှိစကောင်းဘူး။ ရပ်တန့်ပစ်လိုက်ဖို့၊ ပြင်ဆင်ပစ် လိုက်ဖို့၊ ဂငယ်ကွေ့  ပြန်ကွေ့ချတတ်ဖို့၊ လိုအပ်ရင် အစက ပြန်စတတ်ဖို့ပဲလိုတာ။ သွေးရဲဖို့တော့ လိုမယ်။


စက္ကန့်တွေနဲ့ မိနစ်ကို ဖွဲ့စည်း၊ မိနစ်တွေနဲ့ နာရီကို ဖွဲ့စည်း၊ နာရီတွေနဲ့ နေ့ရက်တွေကို ဖွဲ့စည်းထားပြီး အဲဒီနေ့ရက် အချိန်တွေနဲ့ပဲ ဘ၀တစ်ခု၊ သက်တမ်းတစ်ခုကို ပိုင်းဖြတ်ကြတာ မဟုတ်လား။ တန်ဘိုးရှိတဲ့ ဘ၀ဆိုတာ အချိန်တိုင်း တန်ဘိုးရှိအောင် နေတတ်ဦးမှ။ ဒါပေမဲ့ တန်ဘိုးဆိုတာရဲ့ အတိုင်းအဆကိုရော ဘယ်သူက ပိုင်းဖြတ်အတည်ပြု ပေးမှာလဲ။ တစ်ခုပဲ ချို (ဂျို) ချက်နဲ့ ကင်းတဲ့ နွားသိုးတော့ ရှိလိမ့်မယ်မထင်ဘူး။   လဲနေရာကနေ ပြန်ထဖို့ လုံလောက်တဲ့ အားတစ်ခုတော့ စိုက်ရလိမ့်မယ်။ အဲသလိုပဲ အမှားတွေပြင်ဆင်ဖို့အတွက် ထိုက်သင့်တဲ့ကြေးတော့ ပြန်ပေးဆပ်မှ ရမယ်။ ဒါ တရားသဖြင့်ပဲလေ။

မောဟ-၃

မိန်းမဆိုတာမျိုးက ဘယ်အရွယ်မဆို လှချင်တဲ့ အမျိုးမဟုတ်လား။  ကျွန်မ သတိထားကြည့်မိတယ်။ မှန်ထဲက မိန်းမဟာ မျက်လုံးထောင့်လေးတွေ ကုတ်ကျလို့၊ မျက်ဝန်းလေးတွေ မှိန်ဖျော့လို့၊ ပါးလေးတွေတောင် ခပ်ချောင်ချောင်လေး တွဲကျနေခဲ့ပြီ။ အရင်လို မစိုနိုင်တော့တဲ့ နှုတ်ခမ်းတွေကိုလည်း မခြောက်သွေ့အောင် အဆီတစ်မျိုးမျိုး သုတ်လူးပေးနေရပြီ။ မျက်နှာပေါ်မှာ ဇရာရဲ့ အရိပ်အယောင် အမဲစက်လေးတွေ ခပ်ကျဲကျဲနဲ့ရယ်။ ဆံပင်တွေဆိုလည်း ဆေးဆိုးနေရပြီ။ မျက်လုံးတွေဆိုလည်း ခပ်ဝေးဝေးဆိုရင် မျက်မှန်ကူမှ သဲကွဲတော့တယ်။ သွားတွေလည်း ပေါက်ကုန်လို့ ဖာနေရပြီ။ မကောင်းတာတော့ တော်တော်များများ မကောင်းတော့ဘူး။ ဒါတောင်မှ အစ်မက အရမ်းနုတာပဲဆိုရင် ငါ ဆိုတာကြီးက ၀င် ၀င်ကြေနပ်နေသေးတာ။


ခန္ဓာဟာ သူ့သဘောသူဆောင်နေပြီ။ အပျက်ဘက်ကို သွားနေပြီ။ မွေးစကနေ တစ်ဖြည်းဖြည်း တက်လာလိုက်တာ တောင်အထွတ်ကိုကျော်လို့ အဆင်းတောင် ရောက်ခဲ့ပြီ။ တက်ရတာ ကြာသလောက် အဆင်းကျတော့ အမြန်သား ရယ်။ ဒီကြားထဲ ကိလေသာဘီး တပ်ပေးလိုက်လို့ကတော့ အကျမြန်မှာ သေချာနေတော့ကာ မကင်းနိုင်တောင်မှ နည်းနိုင်သမျှ နည်းအောင်တော့ ကြိုးစားနေထိုင်နေရတာပဲ။


ဒီလိုပါပဲလေ။ ကျွန်မ စီးဖူးခဲ့တဲ့ ဖိနပ်အထူကြီးတွေလို လူကို နာကျင်စေလျှက်က လှပစေပြန်တာကြောင့် တစ်ဖန်လဲလဲ ငြိတွယ်နေမိကြမှတော့ အကြိမ်ကြိမ် ပြန်ရပ်နိုင်ဖို့သာ အားထုတ်ရတော့မှာ။


ဘ၀တစ်ခုဖြင့် စခဲ့ကြပြီးပြီ။ သူသူငါငါ ဘယ်လိုဖြစ်ဖြစ် လှလှပပတော့ အဆုံးသတ်ချင်ကြမှာပဲ။ သေချာတာကတော့ ကရွတ်ခွနဲ့တူတဲ့ သံသရာကြီးထဲမှာ ဆုံမှတ်တစ်ခုမှာတော့ အဆုံးဟာ အစဖြစ်နေပြန်သတဲ့….။


ဒီကနေ့ဟာ ကျွန်မအတွက် စ မှတ်တစ်ခု...
မောဟများနဲ့ ရစ်ပတ်နေထိုင်ဖို့အတွက် နိဒါန်း....  
ဒါမှမဟုတ်………


17 comments:

  1. ဟက်ပီးဘတ်ဒေးပါ

    အများကြီး လျောက်လျောက်မတွေးနဲ့

    ဘဝမှာ အီးအီကွဲတူ အမ်စီ စကွဲ မဖြစ်စေနဲ့

    အသက်ကြီးလာရင် ဝိတ်လျော့

    ReplyDelete
  2. တီချမ်းကလည်းအေ... ၀ိတ်လျှော့ဖို့ပဲ ပြောနေ၊ စိတ်နာတယ်။ ခုတစ်လော စားပွဲသောက်ပွဲတွေချည်းပဲ...။ သမာဓိစမ်းနေကြတယ် ထင်ပါ့း))))

    ReplyDelete
  3. အတွေး အရေး ကောင်းလိုက်တာ။
    ဖတ်ရင်း ညီမဆို အဲလို မတွေးတတ်မရေးတတ် အားတောင်ငယ်သွားတယ်။
    ကြိုက်တယ် အစ်မချစ်ကြည်ရေ Encore Encore !

    ReplyDelete
  4. ဘတ်ဒေးမစားရဘူး။ ကျွေးပါ။

    ReplyDelete
  5. Happy birthday sister, may all your wishes come true :)

    ReplyDelete
  6. happy birthday မချစ်ကြည်။
    မွေးနေ့ရှင်က အတွေးလက်ဆောင်တွေ ပြန်ပေးနေတော့ ဘာမှမစားရလည်းပဲ ကျေနပ်ပါတယ်ဗျို့။ နောက်နှစ်.... နောက်နှစ် မွေးနေ့တွေတိုင်း လက်ဆောင်ယူဖို့ အရောက်လာရဦးတော့မည်။း)
    ခင်မင်သော သတိုး

    ReplyDelete
  7. ချစ်ခင်ရတဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ ရေးဖော်များရဲ့ Face Book ပေါ်က မွေးနေ့ ဆုတောင်းလေးတွေ အမှတ်တရ ဘလော့ဂ်မှာ သိမ်းထားချင်လို့ပါ။ အသက်ကလေးရလာတော့ ဒီလို ခင်မင်မှု အရေးတယူမှုလေးတွေကို ပိုပြီး တန်ဘိုးထားလာတတ်တယ်။ အားလုံးကို ချစ်ခင်စွာ ကျေးဇူးတင်ရပါတယ်။

    Kz Khine:Happy birthday to you Ma chit.

    Thara ParR: ပျော်ရွှင်မင်္ဂလာ ရှိသော မွေ.နေ.ဖြစ်ပါစေမချစ်။

    သတိုးHAPPY BIRTHDAY!

    Hnin Ei Khaing: Happy Birthday

    Aung Myo Kyaw:Wishing you a Happy Birthday Ama Chit

    Glen Kha Kha:Birthday an inevitable event for all persons on this world but celebrating this day with you is really an awesome event. Wish you a great birthday!... Wish You a Cute Birthday....

    ImaginaryClouds Mmblogger:Happy birthday ,,:)

    Kay Htwe: မမချစ်ပေါက်.. ပျော်ရွှင်ဘွယ် မွေးနေ့ ပါ နော်

    Lynn Depa: မချစ်ရဲ့ (၁၈)နှစ်ပြည့်မွေးနေ့မှသည် အသက်(၁၈၀)ရှည်ပါစေ... :D

    K Ki Ki:ပျော်ရွှင်ဘွယ်ရာ မွေးနေ့ မင်္ဂလာ မှ နောင်နှစ်ပေါင်းများစွာ၊ လိုအင်ဆန္ဒ တလုံးတဝ ပြည့်စုံ ပြီး ကျန်းမာချမ်းသာ လန်းပါစေသောဝ် ..... ဟက်ပီးဘတ်ဒေး ပါ မချစ် ရေ....

    မူလလက်ဟောင်း ကလူသစ်:Happy Birthday !!!!.............

    Than Zaw Myo: Happy Birthday to you !

    May Zin Aye:ပျော်ရွှင်ငြိမ်းချမ်းသော မွှေးနေ့ပေါင်းများစွာ ချစ်သောသူများနဲ့ ဖြတ်သန်းနိုင်ပါစေ မမချစ်း)) Happy Birthday!!!

    May Lay :မမချစ် ပျော်ရွှင်ဖွယ်မွေးနေ့လေးပေါင်းများစွာ အသက်ထက်ဆုံးဖြတ်သန်းနိုင်ပါစေ.. ငါးကင်လဲများများကျွေးနိုင်ပါစေ.. :P

    Myo Aung:Happy birthday အစ်မချစ်

    Ree Noe Mann:ပျော်ရွှင်ဖွယ် မွေးနေ့လေး ဖြစ်ပါစေ အမ

    Aye Mya Amy:Happy Birthday par sis

    Myit Kyoe Inn:ပျော်ရွှင်ဖွယ်ရာ သာယာချမ်းမြေ့တဲ့ မွေးနေ့လေးဖြစ်ပါစေ

    Kyi Kyi Khin:မွေးနေ့လေးမှာ ပျော်ရွှင်ပါစေ မယ်ချစ်ရေ...

    MrMaung KoThet:Happy Birthday!!!

    Khin Thandar Aung:Happy Birthday !! :)

    Si Thu Hein:Happy Birthday A Ma Chit!!!

    May Nyane:မင်္ဂလာမွေးနေ့ပေါင်းများစွာ.. ခုလိုပဲ အမြဲ ပျော်ရွှင်ကျန်းမာစွာ...ချစ်သောသူများနဲ့အတူ ဆင်နွှဲနိုင်ပါစေ...

    Tunzaw Thiha: Happy Birthday

    Black Roze:မကြီးချစ်ရေ
    Happy Birthday ...ပါနော်..

    Aung Khaing:Happy Birthday Sis CKA...

    Ni Ni Win:Happy Birthday to you!

    Ko Martin:Happy Birthday ma chit ....

    Rupa Aung:Happy Birthday Ma Chit Kyi! wishing you all the best !

    Vistaz Aung:Happy Birthday Ma chit .. mwah!

    Hea Rt Mus Eum:Happy Birthday!

    KoBoyz YaLoot PaLoot:Happy Birthday အစ်မချစ်!!!!!!!!

    Rosalind Tay:** HAPPY BIRTHDAY.. *:・゚`☆、。・:*:・゚★.・゚o☆。°。**

    Naw Phaw:Happy birthday sister, may all your wishes come true :)

    Sein Lyan Tun:ညီ မလေး ချစ် ကြည် အေး မွေးနေ့ မှာ ရေလို အေးပြီး ပန်းလို အစဉ်မွှေးပျံ့ပါစေကွယ်။ ချစ်တဲ့သူနဲ့ လဲ မခွဲ မခွာ အရိပ်ပမာ အမြဲလို တပူးပူး တကပ်ကပ် သက်ထက်ဆုံးနေနိုင်ကြပါစေကွယ်.. ကို ကြီး စိန် မေတ္တာ နဲ့ အစဉ် လန်းဆန်းပါစေ ညီမလေး

    အဘ ဘိုးဏီ:Happy Birthday,,,

    Nwe Ni:Happy Birthday, sister !

    Lwan Nay:Happy Birthday မချစ်း))) မွေးနေ့လေးမှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ဘာသာအကျိုးသာသနာအကျိုးကို သယ်ပိုးနိုင်တဲ့ စာရေ့းသူတစ်ယောက်ဖြစ်နိုင်ပါစေး)

    Hsu Myat:Happy Birthday my deat Tt, WISH U ALL THE BEST!!

    Su Su Aye: မဂျီးချစ်က စည်သူလွင်နဲ့ မီးဝင်မီးထွက်ကိုး ဟက်ပီးဘတ်ဒေး မမ

    Maung Myo:အစ်မချစ်.... မင်္ဂလာမွေးနေ့လေးဖြစ်ပါစေ ။

    Chan Myae Kyi:ပျော်ရွှင်ဖွယ် မွေးနေ့ မင်္ဂလာဖြစ်ပါစေ :)

    Amber Chilli: ☆:♪´¨`★:♪..:*´¨`*:.☆ H@ρPу Bιятн∂αу ☆:*´¨`*:..:*´¨`*:.☆


    Lin Lin Zaw:"Happy Birthday, Sis!!!!!!"


    Aye Aye Sann:"Happy Birthday Sis!!! "


    Nan Thandar Soe:
    "ပျော်ရွှင်မင်္ဂလာရှိသော မွေးနေ့ဖြစ်ပါစေ... မချစ်း)"

    ပီ တိ:Happy Birthday to our lovely Ama Chit :-) hope you will have a great birthday ...

    Tin Min Htet:
    Happy birthday ပါ မချစ်ကြည်
    တကယ်တော့ ကျွန်တော့်သားထက်တောင် တရက် ငယ်သေးတာကိုး။ :)

    Thet Zaw Tun:
    ♪ღ♪*•.¸¸¸.•*¨¨*•.¸¸¸.•*•♪ღ♪¸.•*¨¨*•.¸¸¸.•*•♪ღ♪•*
    ♪ღ♪░H░A░P░P░Y░ B░I░R░T░H░D░A░Y░░♪ღ♪
    *•♪ღ♪*•.¸¸¸.•*¨¨*•.¸¸¸.•*•♪¸.•*¨¨*•.¸¸¸.•*•♪ღ♪•«

    Victor Feng: တို့ တစ်.. ဟက်ပီးဘတ်ဒေးပါ အမချစ်

    Htet Myet Kyaw: Happy birthday sis. You Birthday is same with my lovely girl. :)

    Avo Ca Do:"Happy Birhtday!!!"

    Myint Mo:"ama chit..happy birthday...."

    Wa Nay: Häppy Birthdäy!!!

    Kaung HtetZaw:ပျော်ရွှင်စရာမွေနေ့ဖြစ်ပါစေ အမချစ်ကြည်..။

    ReplyDelete
  8. "ကျွန်မက ခဏကလေးနဲ့ အပင်ပေါ်ပြန်မော့ကြည့်တတ်တဲ့ ထန်းသမားလို အမူးပြေမြန်တယ် ဆိုရမယ်။ အချစ်နဲ့ ပတ်သက်လာရင်လည်း အမှတ်မရှိတဲ့ ကျွန်မက အဲဒီ အတိုင်း…။ "

    "ဖွင့်ကြည့်ရင် သိနိုင်တာတွေထက် မြင်နေလျှက်သားနဲ့ ဘာမှန်းမသိနိုင်တဲ့ အရာတွေက လောကကြီးထဲ ပိုလို့သာ များများလာတော့တာ။ ဒီတော့ အရိုးသားဆုံး ဖွင့်ချပြတတ်တဲ့သူတွေ ရှုံးတာ မဆန်းဘူးမဟုတ်လား။"

    ဒီ၂ကြောင်းက ရင်ကိုတည့်တည့်ထိလို့ အရမ်းအရမ်းကြိုက်၏။

    ဒီတစ်နေ့တည်းသာ ဟက်ပီးဒေးမဟုတ်ဘဲ နေ့ရက်တိုင်းဟာ အစ်မချစ်အတွက် ဟက်ပီးဒေးတွေဖြစ်နေပါစေလို့....း)))

    ဂျင်း

    ReplyDelete
  9. ဒဿနလေးတွေတန်ဘိုးရှိတယ် ဆင်ခြင်သင့်တဲ့ တရားစကား တစ်ချို့ကူးယူသွားပြီနော် (ခွင့်ပြုတယ်ဟုတ်?) "ခါးတဲ့အမျိုးကို စိုက်မှဖြင့်အချိုသီးစားရဖို့ဆိုတာဝေးလွန်းလှပါရဲ့" စာသားလေးကထိတယ်။
ံမွေးနေ့မင်္ဂလာရက်မြတ်ကအစပြုလို့ စစ်မှန်တဲ့တရားထူးတရားမြတ်တွေနဲ့
    ပျော်မွေ့နိုင်ပါစေ မချစ်ရေ
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  10. မွေးနေ့မှသည် နေ့ရက်တိုင်း အစ်ကိုကြီးနဲ့ ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် အများတကာ အားကျရအောင် ချစ်နိုင်ပါစေ..း)

    ReplyDelete
  11. Happy Birethday ပါ မချစ်ကြည်
    ထိအောင် တရားသဘောရေးတတ်ပါပေတယ်

    ReplyDelete
  12. ချစ်ကြည်
    နှလုံးသား ငြိမ်းချမ်းပါစေ
    မွေးနေ့ဆုမွန် ချွေပါသည်။

    ReplyDelete
  13. Thu Zar Lin :Happy Birthday :)

    စန္ဒကူး Sandakuu:Happy birthday ma!!!

    Nyein Soe Oo:"မွေးနေ့မှသည် နောင်နှစ်ပေါင်းရာကျော် ...
    သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
    ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ပါစေ ...
    ( 25 ; 3 ; 2012 )"

    Wai Eco:"ပျော်ရွှင်ဖွယ်မွေးနေ့များစွာ ဖြတ်သန်းနိုင်ပါစေ မမချစ်...

    Thadar Hline:
    ပျော်ရွှင်ဖွယ်မွေးနေ့များကို ချစ်ရသူနဲ့အတူ နှစ်စဉ်နှစ်တိုင်း ပိုင်ဆိုင်ခွင့် ရပါစေ အမချစ်..။
    စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ဆန္ဒအားလုံး ပြည့်ဝအောင်မြင်ပါစေ။ သာသနာအကျိုး၊ လူမှုအကျိုးများကို ချမ်းမြေ့ပျော်ရွှင်စွာ လုပ်ခွင့်ရပါစေ..။

    Turn On Ideas:

    "♪ღ♪*•.¸¸¸.•*¨¨*•.¸¸¸.•*•♪ღ♪¸.•*¨¨*•.¸¸¸.•*•♪ღ♪•*
    ♪ღ♪░H░A░P░P░Y░ B░I░R░T░H░D░A░Y░░♪ღ♪
    *•♪ღ♪*•.¸¸¸.•*¨¨*•.¸¸¸.•*•♪¸.•*¨¨*•.¸¸¸.•*•♪ღ♪•«
    ♪ღ♪*•.¸¸¸.•*¨¨*•.¸¸¸.•*•♪ღ♪¸.•*¨¨*•.¸¸¸.•*•♪ღ♪•*
    ♪ღ♪░A░M░A░░░ ░░░░C░H░I░T░░♪ღ♪
    *•♪ღ♪*•.¸¸¸.•*¨¨*•.¸¸¸.•*•♪¸.•*¨¨*•.¸¸¸.•*•♪ღ♪•«"

    မီး မီး တာ လူး:Happy Birthday ချစ်ချစ်... အခုလိုပဲ အမြဲပြုံးပျော်ရယ်မောနိုင်ပါစေး)

    Mae Coe:
    ♪ღ♪*•.¸¸¸.•*¨¨*•.¸¸¸.•*•♪ღ♪¸.•*¨¨*•.¸¸¸.•*•♪ღ♪•*
    ♪ღ♪░H░A░P░P░Y░ B░I░R░T░H░D░A░Y░░♪ღ♪
    *•♪ღ♪*•.¸¸¸.•*¨¨*•.¸¸¸.•*•♪¸.•*¨¨*•.¸¸¸.•*•♪ღ♪•«

    Min Yein:"Happy birthday Ma Chit "

    Thein Htike:happy birthday ပါ အမရေ

    ရဲရင့်နီ:"Happy Birthday My dear Sis.. All the best for U."

    Aunty Tint:"ံမွေးနေ့မင်္ဂလာရက်မြတ်ကအစပြုလို့ စစ်မှန်တဲ့တရားထူး တရားမြတ်တွေနဲ့ ပျော်မွေ့နိုင်ပါစေ မချစ်ရေ (ဒီဆုကို မချစ်ရဲ့ ချစ်ချစ်ကြီးတော့ ကြိုက်ပါ့မလား မသိဘူး :P)"

    Lai Lai Win:"Happy Birthday Ma Ma!

    Henry Zephyr:ဟောကြည့် ... အသက်ခြောက်ဆယ်။ လှစ်ခနဲပဲရောက်လာ။ Happy Birthday...

    အစိမ်းရောင် လွင်ပြင်:"ပျော်ရွှင်သော မွေးနေ့ပါ အစ်မချစ်
    နေ့ရက်တိုင်းကို အစ်မရဲ့ အစ်ကိုကြီးနဲ့ ကိုယ်စိတ်ကျန်းမာ ချမ်းသာစွာ
    ပျော်ပျော်ရွှ့င်ရွှင် ဖြတ်သန်းနိုင်ပါစေနော်။ ။ "

    Moe Kyal: Happy Birthday par Ah Ma.

    Thandar Lwin:အမချစ် အတွက် ဆုတောင်း ... Happy Birthday အမချစ် ..အမြဲကျန်းမာပျော်ရွှင်ပါစေ ။
    ( ဦးပန်းသီး နှင့် အတူ အမြဲ ကျန်းမာပျော်ရွှင်စွာဖြင့် စာတွေ အများကြီးဆက်ရေးနိုင်ပါစေ။)

    Thet Wai:"Happy Birthday Chit...
    Stay young forever...!! ♥ ♥ ♥ "

    Nyi Ye Thit:"Happy Birthday ပါ အစ်မချစ်..."

    Theingar Kyaw:"Happy Birthday! Wishing you all the best."

    Mi San:"Happy Birthday My Dear Sis :)
    မွေးနေ့မှသည် နှစ်ပေါင်းများစွာ ပျော်ရွှင်ချမ်းမြေ့ပါစေ..."

    A Yaung Yint:"Happy Birthday !"

    Aung Khin Myint:"သက်တော် ထောင်သောင်း ရှည်ပါစေ .. အမ ...း)"

    Hein Htike Zan:"Happy birthday to you, Ma Chit"

    Moet Ei:"ံHappy Birthday aMa Chit ..."

    Moon Lay:"ဟက်ပီးဘက်သ်ဒေးပါ အမချစ်ကြည်..."

    Mee Mee Sandar:Happy Birthday, Mama. Wish you all the best! :))

    SaLuu Lay:"ဘယ်နှနှစ်ပြည့်လဲ လို့မမေးတာ့ပါဘု
    မေးရင်လဲ အသက် ၂၀ ကျော်ကတည်းက မမှတ်ထားမိပါဘု လို့ဖြေမှာသိတယ် ကဲ ...မွေးနေ့မှာ ပျော်ရွှင်ပါစေနော် "

    Tin Moe Wai:"Happy Birthday!"

    Henry Chen:မွေးနေ့မင်္ဂလာ ဖြစ်စေသောဝ်...

    Craton Hein: Happy Birthday TT Kyi~! Mwahhhh (BD kiss):))))Wish you health and happiness~!

    Aye Sanda Linn:မွေးနေ့မှာ ပျော်ရွှင်ပါစေ.. အစ်မချစ်....။ နောင်နှစ်ပေါင်း ရာကျော်တိုင်တဲ့မွေးနေ့တွေကို ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာ၊ ပျော်ပျော်ရွှင်ရွှင် နဲ့ ဖြတ်ကျော်နိုင်ပါစေ....။
    နေမကောင်းဖြစ်နေလို့ ကွန်ပြူတာ မဖွင့်ဖြစ်တာနဲ့ မသိဘူး ဖြစ်သွားတယ်....။

    Aye Kyaw Zan:မ Chit Kyi Aye .. ပျော်ရွှင်ဖွယ်ရာ မွေးနေ့ ဖြစ်ပါစေ..း))

    Ko Thar Ngel:HBD ပါ ..ညီမလေး ~

    Zwe Lwin:happy birthday

    Than Lae:မင်္ဂလာရှိသော မွေးနေ့ လေးပါနော် ...

    Mg Thant:Happy Happy Birthday, တီတီချစ်... :)

    ကလိုရီ ကလိုရီ:"ဟက်ပီဘတ်ဒေးးးးးးးးးး မချစ်...အာဘွားစ်..."

    မဒမ်ကိုး :"ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ အမချစ်း))"

    Mag Mag DreamLover:"Happy Happy Happy Birthday :D "

    Maung Ba Kyaing:"မွေးနေ့လာပါတီ တားကိုမုန့်ကျွေးပါး)း)
    မင်္ဂလာပါအစ်မရေ မွေးနေ့မှသည် သက်ရာကျော်ရှည်ပြီး
    လိုအင်ဆန္ဒအားလုံးပြည့်စုံပါစေဗျားး)"

    Thet Zaw Tun: "အမချစ်...........

    ♪ღ♪*•.¸¸¸.•*¨¨*•.¸¸¸.•*•♪ღ♪¸.•*¨¨*•.¸¸¸.•*•♪ღ♪•*
    ♪ღ♪░H░A░P░P░Y░ B░I░R░T░H░D░A░Y░░♪ღ♪
    *•♪ღ♪*•.¸¸¸.•*¨¨*•.¸¸¸.•*•♪¸.•*¨¨*•.¸¸¸.•*•♪ღ♪•«

    ReplyDelete
  14. နေမကောင်းလို့ခုမှဘတ်ဒေးဝှစ်လာလုပ်နိုင်တယ် မမချစ် ရေ
    ပျော်ရွှ့င်ခြင်းတွေကိုခန္ဒာတည်မြဲသရွေ့ပိုင်ဆိုင်ရရှိနိုင်ပါစေ

    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete
  15. Rupa Aung ♪ღ♪*•.¸¸¸.•*¨¨*•.¸¸¸.•*•♪ღ♪¸.•*¨¨*•.¸¸¸.•*•♪ღ♪•*
    ♪ღ♪░H░A░P░P░Y░ B░I░R░T░H░D░A░Y░░♪ღ♪
    *•♪ღ♪*•.¸¸¸.•*¨¨*•.¸¸¸.•*•♪¸.•*¨¨*•.¸¸¸.•*•♪ღ♪•«

    Thura Yu Sein
    "HAPPY BIRTHDAY AMA (:"

    Aung Myint Zaw
    "HAPPY BIRTH DAY.. MA MA CHIT CHIT.... SINA.....................1000000000"

    Htar Htar Myint
    "Happy Birthday !"

    Aye Lei Tun Tunး "မွေးနေ့မှာ ပျော်ရွှင်ပါစေ အမး)"

    Manor Haryး Happy Birthday Ma Chit .

    Elsie အယ်ဇီ
    လေဒီချစ် ဘယ်တုန်းက မျက်နာမဲနဲ့ ပေါင်ချိန် ဖြစ်သွားတာတုန်း ဟက်ပီ ဘတ်ဒေးပါရှင့် မတ်လတော့ ဘလော်ဂါများ မွေးသောလ လို့ ပြောရတော့မှာပဲ ပျော်ရွှင်ပါစေ ကျန်းမာပါစေ စိတ်ချမ်းသာပါစေ လိုတ ရပါစေ

    Thet NandarးHappy Birthday sister

    May Burmaး Happy Birthday

    Daung Dauagး Happy Birthday...Ma Ma Chit ♥

    Cherry Tanး Happy BD Ma Chit!!!

    Rosalind Tay
    "** HAPPY BIRTHDAY.. *:・゚`☆、。・:*:・゚★.・゚o☆。°。** "

    Phyu May Zinး happy birthday မချစ်....♥

    Pu Tayး Happy belated birthday Ma ma Chit

    Zaw Thet Aungးဟက်ပီး ဘီလိတ်တက် ဘတ်ဒေး အစ်မချစ်။ :)

    Shwe Gyanး Happy belated birthday, Ma CKA!

    Jassica Moe
    "** HAPPY BIRTHDAY.. *:・゚`☆、。・:*:・゚★.・゚o☆。°。** :))"

    မွေးနေ့ဆုတောင်းများအတွက် အားလုံးကို ကျေးဇူးတင် ချစ်ခင်ရပါတယ်း))

    ReplyDelete
  16.ံHappy Birthday Belated မမချစ်..ကျန်းမာပျော်ရွှင်စွာနဲ့  စာတွေ အများကြီး ရေးနိုင်ပါစေ

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...