Sunday, February 26, 2012

စိနတိုင်းသွားတောလား-၆



တွေ့လား။ အဲဒီတံတိုင်းအနီရောင်ကြီးရဲ့ အနောက်ဖက်က အိမ်စုလေးတွေ၊ အဖိုဆိုရင် ယင်ဖိုတောင်မှ အဲဒီတံတိုင်းနောက်ထိ ကျော်ဖြတ်ခွင့်မရှိဘူး တဲ့။ သိပြီလား ဒါဆို အဲဒီအိမ်စုလေးတွေမှာ ဘယ်သူတွေ နေတယ် ဆိုတာ။ ပြောပြမယ်၊ အဲဒီအိမ်စုလေးတွေမှာ ဘုရင့် ကိုယ်လုပ်တော် မောင်းမတွေ နေကြသတဲ့ရှင်။ ကြည့်ပါဦး ဘုရင်တွေများ ဘယ်လောက် စားမာန် ခုတ်လိုက်သလဲဆိုတာ။
 
အဲဒီဘက်ကို ဘယ်အထီးမှ မကျူးကျော်ရ အမိန့်ထုတ်ထားသတဲ့။ အထဲက မိန်းကလေးတွေသာ အလှည့်ကျရင် ဘုရင့်ဆီ အသုံးတော်ခံဝင်ကြရသတဲ့။



ဒါက ဘုရင့်နန်းတော်၊ မူးကြီးမတ်ရာတွေနဲ့ ညီလာခံတွေဘာတွေ ကျင်းပတဲ့နေရာထင်ပါရဲ့။ ကျွန်မကတော့ ဒီဓါတ်ပုံတွေ ရိုက်မိမှပဲ ကိုယ့်မျက်လုံး စောင်းနေတာ ရိပ်မိတော့တယ်။ ရိပ်မိဆို ပုံတွေ ပြန်ကြည့်မှ အကုန်စောင်းနေတော့တာ။ ဘယ်လိုဖြစ်တယ် မသိပါဘူး။ လူအုပ်ကြီးက များ၊ လူတွေ ကင်မရာတွေကလည်း များ ဒီလိုပဲ တိုးဝှေ့ရိုက်လာခဲ့ရတာ။




နန်းတော်ကိုတက်တဲ့ လမ်းသွယ် သုံးသွယ် ရှိတဲ့အနက် ဘေး ဘယ်-ညာ နှစ်ဘက်က မူးကြီးမတ်ရာသေနာ ဘာညာတွေ အတွက်တဲ့။ (အဲဒါကိုတော့ လူတွေ သွားလာခွင့်ပြုထားတယ်လေ) ပိတ်ထားတဲ့ အလယ်ကလမ်း (လှေကားနှစ်ဖက်အလယ်မှာ ကျောက်ထွင်း နဂါးကြီးနဲ့ ကနူတ်ပန်းတွေနဲ့) တွေ့တယ် မဟုတ်လား။ အဲဒါကမှ ဘုရင်၊ မိဘုရားတွေ၊ နန်းဆက်သွေးတွေပဲ သွားခွင့်ရှိတဲ့လမ်း ဖြစ်ပါသတဲ့။ ဘယ်လောက်များ ခွဲခြား ခွဲခြားနိုင်လိုက်ကြတုန်း ဆိုတာ၊ အဲဒါသာကြည့်။




ဒါကတော့ ရေစီးရေလာကောင်းအောင် ရေဆင်းပေါက်လေးတွေ။ အဲဒါမျိုး ပုဂံသွားတုန်းက တွေ့ခဲ့လို့တောင် တူနေပါ့လားလို့ တွေးမိသေးတယ်။ ပစ္စယံတွေကနေ ရေဆင်းပေါက် လုပ်ထားတာ အတူတူပဲမို့ မှတ်မိနေတာ။


နန်းတော် တံခါးတွေ...






ဒါက နန်းတော်တွေရဲ့ မျက်နှာကြက် ဒီဇိုင်း။ ကြမ်းခင်းတွေကျတော့ ရိုးရိုးပဲ မြေကြီးတုံးလုံးအတိုင်း။ မျက်နှာကြက်တွေ ဒီဇိုင်းတွေက အရမ်းလန်းနေတော့လေ ကြမ်းပြင်ပေါ်မနေဘဲ မျက်နှာကြက် တက်ကပ်နေချင်စိတ်တောင် ပေါက်တယ်။ တကယ်ပဲ။





နန်းတော်ခေါင်မိုး။ အဲဒီအပေါ်က အကောင်ပလောင်လေးတွေက သူ့ အယူအဆနဲ့သူရှိတယ်တဲ့။ ထည့်ချင်တဲ့ အကောင်ကို ဒီအကောင်ကဖြင့်လှလို့ ထည့်လိုက်စမ်းကွာ လုပ်ထားတာ မဟုတ်ဘူးတဲ့။ အရောင်အသွေးကအစ၊ အရေအတွက်က အစ သူ့အဓိပ္ပါယ်နဲ့ သူ ရှိတယ်။




ဘာအဓိပ္ပါယ်လဲဆိုတာ ကျွန်မတော့ မသိဘူး။ တိုးဂိုက်ပဲကေနဲ့က စကားပြောရတာ သိတ်အဆင်မပြေလှဘူး။ အင်္ဂလိပ်စပိကင်းဂိုက် ပေးပါလို့တောင်းထားတဲ့ဟာ၊ သူတို့ ရီကွက်စ်လုပ်ပေးထားပါတယ် ပြောပေမဲ့ မရဘူး။ တစ်ဖွဲ့လုံးမှာ ကျွန်မတို့နဲ့ စပိန်တစ်ကောင်ပဲ တရုတ်လို မတတ်တာ။ ကျန်တာတွေက တရုတ်ဆိုတော့ အဆင်ပြေနေတာလေ။ ဒါနဲ့ပဲ ကျွန်မလည်း အများအဆင်ပြေနေရင် ပြီးတာပဲလေ ဆိုပြီး နေလိုက်တော့တယ်။ နောက်မှ သိရတာက သူတို့က ဟိုတယ်+စားသောက်စရာ+လှည့်လည်ပို့ဆောင်ခ အပါအ၀င် အားလုံးမှ စင်္ကာပူ ၆၈ ဒေါ်လာပဲ ပေးရတဲ့ deal.com ကနေ package offer နဲ့ ၀ယ်လာကြတဲ့ အုပ်စုဆိုတာ သိရတော့တယ်။ ထားပါတော့လေ။ လက်ဘိုင်ဂွန်း ဘီဘိုင်ဂွန်း ပေါ့း)

ဒီနေရာကတော့ ဘုရင်အမျက်တော်ရှတဲ့သူတွေကို ကွပ်မျက်လေ့ရှိတဲ့နေရာလို့ ပြောတယ်။ ဘယ်လို အမျက်တော်ရှတာလဲ ဆိုတော့ ဥပမာ-ဘုရင့် ပွဲတော်တည်နေတဲ့အထဲ ခဲလေးသေးသေး၊ သဲလေးသေးသေးများ ကျလိဆိုပြီး ၀ါးမိလို့ကတော့ အဲဒီစားတော်ကဲ သေဖို့သာ ပြင်ပေတော့ လို့ ဆိုတယ်။ ဘုရင်ဆိုတဲ့ကောင်မျိုးကလည်း မျက်စေ့ထဲ ခပ်စိမ်းစိမ်းတွေ့ရာလူ သူ့ထီးနန်းလုမဲ့သူပဲ ထင်နေတဲ့ လူစားမျိုးတွေ ဆိုတော့လည်း ခက်တယ်။ အထူးသဖြင့် အစားအသောက်ထဲ တစ်ခုခုထည့်ကျွေးလိုက်မှာ အင်မတန် ကြောက်ရှာတဲ့ အမျိုးပေကိုး။





နန်းတော်ထဲ မ၀င်ခင် ရှေ့မှာ (ကျွန်မတို့ ဘုရားရှေ့ ခြင်္သေ့ထားသလိုပေါ့လေ) ပီကျူးလို့ခေါ်တဲ့ အကောင် ၂ကောင်ကို ဘယ်-ညာနှစ်ဘက်မှာ ထားတတ်ကြတယ်။ တစ်ချို့ ဈေးဆိုင်တွေ၊ အိမ်ဧည့်ခန်းတွေမှာလည်း လာဘ်ကောင်းအောင်ဆိုပြီး ဖုန်းရွှေ အစီအရင်နဲ့ ထားတတ်ကြပါသေးတယ်။ နန်းတော်ရှေ့က နှစ်ကောင်က အထီး အမ ရှိသတဲ့။ ကဲ ပြော ခု ပုံထဲက အကောင်က အထီးလား၊ အမလား။ နောက်ပို့စ်မှာ နှစ်ကောင်စလုံး ရဲ့ ပုံတွေ တင်ပေးမယ်။ ခုတော့ ဒီတစ်ကောင်ထဲပဲ ဒါပေမဲ့ ပီကျူး....။



နန်းတော်ရဲ့ အနောက်မုဒ်က အထွက်။ သူတို့ နန်းတော်တွေမှာလည်း ကျွန်မတို့ ဆီကလို အရှေ့တံခါး၊ အနောက်တံခါး၊ တောင်တံခါး၊ မြောက်တံခါးတွေရယ်လို့ ရှိပါတယ်။ ဘယ်တံခါးပေါက်က ထွက်ရင် ဘာအဓိပ္ပါယ်၊ မင်္ဂလာယူတာလား၊ အမင်္ဂလာလား ဆိုတာမျိုးတွေပေါ့။ ကျွန်မတို့လည်း အပြန်မှာ သူများတွေ ထွက်လို့သာ လိုက်ထွက်လာတာ။ ဘယ်တံခါးကထွက်လာမှန်း မသိပါဘူး။ နန်းတော်တွေ၊ အဆောင်တွေ ဆိုတာကလည်း ပုံစံတူတွေချည်းပဲမို့ ကျွန်မတို့ အတွက်တော့ ဘာလာလာ အတူတူပဲ၊ အတူတူပဲ ဖြစ်နေပါတယ်။ အဲ ပေါက်ဖော်ကြီးတွေ ပုဂံဘုရားလာဖူးရင်လည်း ၀အီတွက်လော့ ဘာလာလာ အီစူစူပဲ၊ အီစူစူပဲ ဖြစ်နေမယ် ထင်ပါရဲ့....။

 


ဆက်ပါဦးမယ်း)


13 comments:

  1. မောင်ဘချစ်ကနံပါတ်တစ်ပါခင်ဗျာ့
း)

    ReplyDelete
  2. အားကျထှာာာ
    တနေ့နေ့ တနေ့နေ့ ရောက်ပါ့မလားး(
း)
း)

    ကျွန်တော်သာဘုရင်ဆိုရင်လည်း သတ်မှတ်နေရာကိုအထီးတွေဖြတ်သန်းခွင့်မရှိ
    မှားဖြတ်လို့ကတော့ ဖြတ်မယ် လည်ပင်းကိုဓားနဲ့း)း)

    ReplyDelete
  3. အော...
    ဒါကြောင့်မို့..ရန်သူမျိုးငါးပါးထဲမှာ
    မင်းလည်းပါတာကိုးးးး။
    ခုမှဘဲစီပေါပေါက်တော့လယ်။း)

    ReplyDelete
  4. အပေါ်နဲ့ အောက် စာလုံးတွေ ထပ်နေတယ် အမ ...

    ReplyDelete
  5. သွားလည်ချင်စိတ်ပေါက်သွားတယ်း))

    ReplyDelete
  6. သွားလည်ချင်တယ် မမချစ်

    ReplyDelete
  7. If I remember correctly, it is female ပီ​ကျူး. It can tell by looking at the foot.

    ReplyDelete
  8. ၆၈ကျပ်နဲ့ရတာဆို တော်တော်တန်တယ်ပြောရမယ်နော် အစ်မ။ အစ်မတို့နာသွားတာပေါ့။ အထီးအမ ခွဲနည်း သင်ပေးပါဦး။ ပူစီကတ် ကို။ ဟီးဟီး

    ReplyDelete
  9. This comment has been removed by the author.

    ReplyDelete
  10. စာရေးထားတဲ့ စတိုင်ကတော့ ငါ့ အစ်မချစ် စတိုင်လို့ မပြောရဘူး
    ဖတ်ရတာ သွက်ပြီး ပျော်စရာကောင်းလှတယ်..
    ပုံလေးတွေက စိတ်ဝင်စားဖို့ကောင်းတယ် အစ်မ
    သွားလည်ကြည့်ချင်တယ်။
    ဟို အထီးတွေ မသွားရတဲ့နေရာကိုလည်း စိတ်ဝင်စားသေးတယ်း)
    ဘယ်လောက် စားမာန် ခုတ်လိုက်သလဲဆိုတာ ဆိုတဲ့စကားလုံးလေး သဘောကျလို့ အသံထွက်အောင် ရီလိုက်မိသေး အစ်မရေ..

    ReplyDelete
  11. ဘုရင်ဆိုတဲ့ကောင်မျိုးကလည်း...းDးD
    ခုဝတ်ထားတဲ့ အင်္ကျီအသစ် အရမ်းလန်းနေတယ် မဂျီးး)))

    ReplyDelete
  12. သူတို့ရဲ့ ယဉ်ကျေးမှု အနုလက်ရာတွေကလဲ လက်ရာမြောက်သားကလားနော်..။ သို့သော်ငြား မြသွေးတို့ရဲ့ ခြူးပန်းခြူးနွယ် ယွန်းထည် ကနုတ်တွေနဲ့၊ မြန်မာမှုလက်ရာများက ပိုလို့ပင် မျက်စိပသာဒ ဖြစ်သလားလို့....။
    ( စကားမစပ်.. အစ်မချစ် မျက်နှာကျက် တက်ကပ်ခဲ့ရင် အဲ့ဒီနေရာမှာ တိုးရစ်များဖြင့် အတော်စည်ကားသွားနိုင်သည်ဟု ထင်မိပါကြောင်း.. :))

    ReplyDelete
  13. အဟီးးး နောက်နှစ်ထိတော့ မကူးနဲ့နော်မကြီး...

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...