Thursday, February 23, 2012

စိနတိုင်းသွားတောလား-၅

ကျွန်မတို့ အုပ်စု ဟိုတယ်က ထွက်လာကြတော့ မနက် ၈နာရီခွဲလောက်တောင် ရှိနေပြီ။ ကျွန်မတို့ သွားကြမဲ့ Tiananmen Square က လူများမယ်၊ ကားရပ်ဖို့ နေရာ ခက်တယ် ဆိုတာနဲ့ ကားကို ခပ်လှမ်းလှမ်းမှာပဲ ရပ်ခဲ့ပြီး လမ်းဆင်းလျှောက်လာကြပါတယ်။ ကားပေါ်က မဆင်းခင် ကျွန်မတို့ရဲ့ တိုးဂိုက်ပဲကေက ခေါက်ထားတဲ့ အလိတ်လေးကို တယုတယ ထုတ်ဖြန့်ပြီး ပြတော့မှ အလံလေးဖြစ်နေတာ။ ပြီးတော့ အားလုံးကို ပြောသေးတယ်။ အဲ့မှာလူတွေ သိတ်များမှာ၊ နင်တို့အားလုံး ဒီအလံလေးကို ကြည့်ထားကြ၊ လူချင်း မကွဲအောင် ဒီအလံလေးနောက် လိုက်ကြလို့ ဆိုပါတယ်။
သူ့အလံလေးက အ၀ါရောင်လေးပါ။


Tiananmen Square ရောက်ခါနီး လမ်းမှာ လူတန်းရှည်ကြီးတွေ့တော့ ဘာအတွက် တန်းစီနေကြပါလိမ့်ပေါ့လေ။ ၀ါသနာအရ တန်းစီနေတာတွေ့ရင် ၀င်စီချင်သေးတာကိုး။ နောက်မှ အဲဒါ ခေါင်းဆောင်ကြီး Mao Zedong-မောင်ဇီဒုန်ရဲ့ ကြွင်းကျန်ခဲ့သော ရုပ်ကလာပ်ကို ရှု့စားကြဖို့ စီနေတာလို့ သိရတယ်။ ကျွန်မတို့ မြန်မာပါးစပ်ထဲတော့ မော်စီတုန်းပေါ့လေ။ အိုး နဲတဲ့လူအုပ်မှ မဟုတ်တာပဲ။ အထဲရောက်ပြီး ကြည့်ရဖို့ အနဲဆုံး ၂နာရီလောက် တန်းစီရမယ်ဆိုတာနဲ့ ဘိုင့်ဘိုင်မော်စီတုန်းရေ လို့ပဲ အပြင်ကနေ နှုတ်ဆက်ခဲ့တော့တယ်။ တစ်ချို့ကတော့ အဲဒါ ဖယောင်းရုပ်လုပ်ထားတာ၊ အစစ်မဟုတ်ဘူးလို့လည်း ဆိုကြပါရဲ့။

အဲဒါကို လွန်တော့ Hu Yaobang  သေဆုံးမှုကနေ စတင် အရှိန်အဟုန်မြင့်လာခဲ့တဲ့ ၁၉၈၉ ကျောင်းသားတော်လှန်ရေးဖြစ်ပွားရာ၊ ကျောင်းသားတွေ၊ အလုပ်သမားတွေ အုံကြွသူတွေကို ရက်ရက်စက်စက် ဖြိုခွဲသတ်ဖြတ်ခဲ့ရာ ကွင်းပြင်ကြီးကို ဖြတ်ခဲ့ကြရတယ်။ အဲဒီနေရာက Tiananmen Square ရှေ့နားတင်ပါပဲ။  အဲဒီအကြောင်းတော့ အသေးစိတ် ပြောမနေချင်တော့ပါဘူး။
အဲဒီနားတစ်ဝိုက်မှာ ခဏနေပြီး အုပ်စုလိုက် ဓါတ်ပုံရိုက်ခဲ့ကြပါတယ်။  အဲဒီပုံက သူတို့ ရိုက်ပေးတာမို့ ကျွန်မမှာ ဆော့ဖ်ကော်ပီမရှိလို့ မတင်တော့ပါဘူးလေ။ ပြီးတာနဲ့ Tiananmen Square ထဲကို ၀င်ခဲ့ကြတယ်။ 



ကျွန်မတို့က ဟုတ်လှပြီ မှတ်နေတာ။ နောက်မှ ဘယ်ဟုတ်လို့လဲ။ ကွင်းထဲရောက်မှ များလိုက်တဲ့ အလံ အ၀ါရောင်တွေ၊ သူတစ်ယောက်ထဲ အလံအ၀ါရောင်မှ မဟုတ်ပေတာပဲ။ ဘယ်အလံနောက် လိုက်လို့ လိုက်ရမှန်းမသိတော့ဘဲ ဘုရားတမိတော့တယ်။ ပဲကေတို့ လုပ်ပုံက အဲလို။




Tiananmen Squareကို ၁၆၅၁ က ဒီဇိုင်းဆွဲတည်ဆောက်ခဲ့တာဖြစ်ပြီး Tiananmen Gate ကို အစွဲပြုခေါ်ဝေါ်စေခဲ့တာ ဖြစ်ပါသတဲ့။ Tiananmen Gate ( Ming Dynasty-၁၄၁၅ မှာ တည်ဆောက်) ဆိုတာက " ကောင်းကင်ဘုံသို့ မုဒ်ဦးအ၀င် " လို့ အဓိပ္ပါယ်ရပါတယ်။ Ming-မင်မျိုးဆက်ကုန်ခါနီး၊  ချင်ဘုရင်-Qing Emperors မတက်မီလေးတင်မှာ သူတို့ချင်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ကြရာက မုဒ်ဦးကြီး အတော်ပျက်စီးသွားခဲ့ရပြီး ၁၉၅၈ ခုနှစ်မှာ ပြန်လည်ပြုပြင် တိုးချဲ့ခဲ့တာ မူလထက် ၄ဆကျော် ပိုကြီးမားတယ်လို့ သိရပါတယ်။ Ming Tombs ကိုတော့ ကျွန်မတို့ မရောက်ခဲ့ပါဘူး။ Ming Tombsဆိုတာ ၃ဆက်မြောက် Ming Dynasty က ဖုန်းရွှေနည်းနဲ့ အသေအချာ တွက်ချက်ရွေးချယ်ထားခဲ့တဲ့ သူတို့မင်းမျိုးဆက်တွေရဲ့ ခေါင်းချရာ ဂူဗိမ္မာန်တွေရှိတဲ့ နေရာပေါ့။ Ming Dynastyဟာ ၁၃၆၈ကနေ ၁၆၄၄ထိ (နှစ်ပေါင်း ၂၇၆နှစ်) ရှည်ကြာခဲ့ပြီး မင်းမျိုးဆက်တွေအလွန် တရုတ်ပြည်ရဲ့ နောက်ဆုံးမင်းဆက်ဖြစ်တဲ့ Qing Dynasty ကတော့ (၁၆၄၄-၁၉၁၂) ၂၆၈နှစ်သာ သက်တမ်း ရှည်ခဲ့ပါတယ်။

အထဲမှာ ကြည့်စရာ၊ မှတ်စရာတွေ များမှများပါပဲ။ အသေအချာ စစ်စစ်ပေါက်ပေါက်သာ ကြည့်မယ်ဆို တစ်မနက်မပြောနဲ့၊ တစ်ရက်နဲ့တောင် မလောက်နိုင်ပါဘူး။ စကားစပ်မိလို့ ပြောရရင် Tiananmen Gate ကို ပြန်လည်ပြုပြင် တိုးချဲ့ခဲ့တုန်းက အနီးအနားပတ်ဝန်းကျင်က အိမ်တွေလည်း လွတ်ရာကျွတ်ရာ ဖယ်ရှားခဲ့ရတာ။ အဲ မြေကွက်လေးဘာလေး အစားပြန်ပေးသလားတောင် မမေးခဲ့မိပါဘူး။
 Tiananmen Gateကြီးကို အထဲမှာ လူပေါင်း ၅သိန်းကျော်ဆန့်နိုင်အောင်၊ ကမ္ဘာပေါ်မှာ အဓိကရဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကွန်မြူနစ်ခေါင်းဆောင်ကြီး မော်စီတုန်းရဲ့ အစီအမံနဲ့ တည်ဆောက်ပြုပြင် ခဲ့တာပါ။

ပုံတွေ အရင် ကြည့်ကြပါဦးလေ...။ "The Forbidden City" လို့ခေါ်တဲ့ မင်း နဲ့ ချင်း မျိုးဆက်တွေ နန်းစံရာ နန်းတော်ကြီးတွေရောပေါ့။ အဲဒီအကြောင်း နောက်နေ့ ဆက်ပါဦးမယ်။







12 comments:

  1. comment ပထမဆုံးကွ။ အစ်မချစ် facts တွေထည့်ထားတော့ ဗဟုသုတရတယ်။

    ReplyDelete
  2. ဟေး တို့ ကော်မန့် ၂ ကွး)))
    ညီမ မြတ်ကြည် ကျေးကျေးစ်....
    ကံကောင်းလို့ ဘဲဥ မဖြစ်တယ်....း)))

    ReplyDelete
  3. အားကျထှာာာာ မြန်မာပြည်တွင်းမှာတောင် တချို့နေရာတွေမရောက်နိုင်ဖူးရယ် ဟင့်
    တချို့နေရာတွေကျတော့လည်း နောက်တကြိမ်ထပ်မသွားနိုင်ဖူးရယ် ဟင့်
    အားကျထှာာာ

    ReplyDelete
  4. ညီမ ချစ်ကြည်အေး ရေ

    စိတ်ဝင်စားတယ် နန်းတော်ကြီးတွေကိုလည်း စောင့်ကြည့်နေမယ်

    ယဉ်ကျေးမှု့ အဆင့်မြင့်မားတဲ့ လူမျိုးတွေ ဆိုတော့ လေ့လာစရာတွေ အများကြီးပေါ့

    ချစ်တဲ့
    အမရွှေစင်

    ReplyDelete
  5. မဂျီး...ကောင်းကင်ဘုံသို့ မုဒ်ဦးအဝင်လေး လှထှာ..။ Theme အသစ်ကလေးလည်း လန်းချက်း))

    ReplyDelete
  6. တန်းပလိပ်လေး အလန်းလေးပါလား
    ကျယ်ကျယ်လေးနဲ့ပိုကောင်းသွားတယ်
    စိနတိုင်း တောလားကလည်း ကောင်းမှကောင်း
    ပုံတွေက လှမှလှ
    သွားချင်သေးတယ်။အစ်မရေ..။

    ReplyDelete
  7. အစ်မချစ်ရေ...
    ဒီတန်းပလိတ်လေး အရမ်းလှတယ်။ နွေးထွေးမှု ရလိုက်သလိုလို ခံစားရတယ်။ မြင်ကွင်းလဲ ပိုကျယ်သွားသလိုပဲ။ ပထမရွေးထားတာနဲ့ အများကြီးကွာတယ်။ ကြိုက်၏။

    ခရီးသွားချင်နေတုန်း အဲ့ဂလို ပို့စ်တွေ ဖတ်ရရင် အသည်းအင်မတိ အင်မတန် ယားရရပါ၏။ သို့သော် ဘလော့ဂါများ ခရီးသွားရင် ပို့စ်တွေ ဖတ်ရမှန်းသိလို့ ခရီးသွားချင်းအမှုကို အားပေးပါကြောင်။ ငွေမကုန်ပဲ ဖတ်ရ နည်းလား... :D

    ဖိအားပေးခြင်းမဟုတ်ရပါ။ ဆက်ရန်မျှော်နေပါကြောင်း။ :)

    ReplyDelete
  8. တန်းပလိတ်အသစ်လေးကွ!

    ဒါမှတို့အမချစ်ကွ (ဟမ်)

    ReplyDelete
  9. တို့လဲ ပေကျင်းသွားတုံးက အဲ့ဒီ တားမြစ်မြို့တော် ထဲက ဘုရင်နဲ့ မိဖုရား အာဝါ ဝိဝါ ဟကြတယ်ဆိုတဲ့ ကုတင်ကိုသေချာကို ကြည့်ခဲ့တယ် ဟိ

    ReplyDelete
  10. Web site ပြင်ထားတာမိုက်တယ် ..ပဲကေ ရဲ့ အလံ အ၀ါ ကိုဖတ်မိပြီး ရီသွားပါတယ် ဟီ

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...