Monday, November 28, 2011

အသဲကွဲ စီကေအေ

ဂျက်စတားအကြောင်းတော့ လေသံတောင် မဟချင်ဘူး၊ စိတ်နာလွန်းလို့။ စီကေအေတို့ ဘယ်နေမလဲ၊ ဟိုတိုင် ဒီတိုင်ပေါ့။ ခက်တာက အဲသလို ဘတ်ဂျက်အဲလိုင်းတွေက ဒါမျိုး ရိုး..လွန်းလို့ အရေထူနေပြီဆိုတဲ့ အထာနဲ့။ တစ်ခုပဲ Trip Advisor မှာ ကိုသောမတ်စ် (AATO) တင်ပေးတဲ့ စီကေအေတို့ ကွန်ပလိန်းစာ နဲ့ Travel Myanmar မှာတင်ပေးတဲ့ ဒီပိုစ့် ကို သူတို့ Travel Industry ကလူတွေ အကုန်ဖတ်ကြပြီးသကာလ ဂျက်စတားကို Internally အမဲရောင် စာရင်းသွင်းလိုက်သတဲ့။ ဆိုတော့ကာ Myanmar Travel Industryမှာတော့ ဂျက်စတားက ရေပန်းမစားနိုင် ရှာတော့တဲ့ အနေအထားတော့ ဖြစ်သွားတယ်။ တော်တော်လေး ပွက်သွားတယ် ဆိုရမယ်။ ဒီတော့ ကြားကြားချင်း စီကေအေတို့ " အောင်ပြီ အောင်ပြီ အောင်ပြီ" ၃ကြိမ်တိတိ လက်သီးလက်မောင်း တန်းပြီး အော်ပစ်လိုက်တယ်။ ဘာရမလဲ...။ (အမျှ အမျှ အမျှယူတော်မူကြပါကုန်)

ရင်နာနာနဲ့ ပြန်ပြောရမယ်ဆိုရင် သြဂတ်စ်လထဲက ရွာပြန်ဖို့ လက်မှတ်ဖြတ်၊ သူငယ်ချင်းတွေ၊ တွေ့ဖို့ရှိတဲ့ လူတွေနဲ့ တွေ့ရအောင် အစီအစဉ်ဆွဲထားခဲ့တာ။ ဘယ်သွားမယ်၊ ဘာစားမယ် စာရင်းတို့ထား၊ စီကေအေက မေ့တတ်တယ်လေ။ ရောက်တုန်းရောက်ခိုက် စာရေးဖို့အတွက် ကုန်ကြမ်းလေးဘာလေး ရှာရအောင်...တွေးထား...၊ ဘယ်သွားရှာရရင် ကောင်းမလဲ။ အင်း...ဟိုဘလော့ဂ်ဂါလေးလို ကော်ဖီနဲ့ ဆိုင်ကယ်တွဲရောင်းတဲ့ဆိုင် သွားမလား။ ဟိုအစ်မကြီးလို ပျင်းပျင်းရှိ ဓါတ်ဆီဆိုင်သွား တန်းစီ ထုတ်ရင် ကောင်းမလား၊ စီကေအေမှာ ကားနဲ့တူတာ ဘိုအုန်းသီးတောင် မရှိပေမဲ့ပေါ့လေ။ ရွာရဲ့ လေအလျင် လိုမြန်သော၊ ဖြတ်ကနဲ ဖြတ်ကနဲ မပြောမဆို ပြုတ် ပြုတ် ကျတတ်သော အိုင်နက်ရဲ့ စပိဒ်ကို ခံစားဖို့ အင်တာနက်ဆိုင် တစ်ဆိုင်ဆိုင်ကိုပဲ သွားရကောင်းမလား။ ဒါမှမဟုတ် မင်းလမ်း မုန့်တီဆိုင်၊ ဖီးလ် မြန်မာထမင်းဆိုင်တွေက အစားအသောက်တွေ လှည့်ပတ်စားပြီး ဓါတ်ပုံရိုက်၊ ဘလော့ဂ်ပေါ် တင်ပစ်လိုက်၊ အဲလိုနည်းနဲ့  ဘလော့ဂ်ဖတ်လာ များသတ္တ၀ါတွေ ပို့သတဲ့မေတ္တာကို ခံယူရကောင်းမလား။ တွေး...တယ်။ တွေးတိုင်းလည်း မျက်နှာကြီးက ပြုံး ပြုံးကြီး...။

အတိတ်ကို လှန်သော်ပေါ့လေ...။ အိမ်ကလူနဲ့ နယ်မြေဝေခြမ်းရေးလည်း လုပ်ရသေးတယ်။ မန်းလေးမှာ ဘယ်နှညအိပ်၊ တို့များ ရန်ကုန်မှာ ဘယ်နှညအိပ်မယ်ပေါ့၊ အဲသလိုလည်း ညီညွတ် မျှတအောင်လည်း စီစဉ်ထား ရသေး။ မန်းလေးတက်ဖို့ လေယာဉ်လက်မှတ် ဖြတ်၊  ငွေပေါနေလို့တော့ မဟုတ်၊ အချိန်ကို ငွေ နဲ့ ပေးဝယ်ရတဲ့ သဘော။ မေမြို့မှာ ၂ညအိပ်ဖို့လည်း စီစဉ်ရသေးတယ်။ စလုံးက သူငယ်ချင်း မိသားစု နဲ့ မေမြို့မှာဆုံကြဖို့ ချိန်းထားကြတာလေ။ အိမ်ကလူကလည်း တက်ကြွလို့၊ သူ့ အထက်တန်းကျောင်း ဆရာကန်တော့ပွဲ၊ ဘူမိဆရာကန်တော့ပွဲ ၂ခုက တိုက်တိုက်ဆိုင်ဆိုင် စနေ တနင်္ဂနွေဆက်တိုက်မို့ အဆင်တပြေ။ ခါတိုင်းလို တလစီမှာလုပ်ကြရင် ပွဲ၂ခုစလုံးတက်ဖြစ်ဖို့က ခဲယဉ်းပေတာကိုး။ ခုတော့ ကြုံပြီ ကြိုက်ပြီ ကြုံကြိုက်လေပြီပေါ့။

ဒါပေမဲ့ ကံများဆိုးချင်တော့ မင်္ဂလာဆောင်မဲ့အပါတ်မှ ၀ါထပ်နေတာလို...။ ဒီနှစ်ကျမှ ဂျက်စတားဝယ်မိတဲ့ အဖြစ်။ မက်ထားသမျှ အိပ်မက်တွေ အကုန် မြောင်းထဲစိုက်။ MAIလည်း မ၀ယ်ချင်ပါဘူး။ ကိုဂျက်စတား ဆင်တဲ့ အကွက်ထဲ မ၀င်ရေးချ မ၀င်ချင်...။ တခြားအဲလိုင်းတွေ ရှာ...။ အကုန် ဈေးတက်။ မျက်လုံးမက မျက်ဆန်ပါ ပြူးရော။ တတ်နိုင်ပါဘူး။ ဒီတနှစ်လုံး ခရီးထွက်တာများလို့ ၀ိတ်လျှော့ပါမယ် ဆိုနေမှ။ ဟူး... စိတ်တွေကို လျှော့ချ၊ ၀င်လေ ထွက်လေ ရှူ...ရှိုက်၊ အင်း...အနည်းငယ် သက်သာသွားသလိုလို...။

တနင်္ဂနွေတစ်ရက် အရမ်းအားနေတာနဲ့ လေကြောင်းလိုင်းတွေ လျှောက်ဝင်ကြည့်... မတော်တဆကြီးများ ဈေးတွေချနေမှဖြင့်...၊ မျက်လုံးတွေတောင် ပြူးလာသလိုလို ထင်ရ။ ဟာ.... မေ့နေ လိုက်တာ... အဲအေးရှား ရှိသေးတာပဲ။ ကွန်နက်တင်းဖလိုက်နဲ့ မလေးရှားက တစ်ဆင့်သွားလည်း ရတာပဲဟာ...။ အင်း...၀င်ကြည့်မှ.. ၀င်ကြည့်ဦးမှ... ။ ရောဂါ ပြန်သည်းလာပြန်...။

အွန်လိုင်းကနေ ကြည့်ရင်း သေချာချင်တော့ ဖုန်းထဆက်။ လေယာဉ်တော့ ၂စီးပြောင်းရမယ်။ SIN-KUL-SIN နဲ့ KUL-YGN-KUL လက်မှတ် ၂စောင် ဖြတ်ရမယ်။ အချိန်ပိုကုန်မယ်၊ လူ ပို ပင်ပမ်းမယ်။ သွားမလား။ ဘယ်လိုလဲပေါ့။ စီကေအေ သိပ်သွားချင်နေမှန်းသိတော့ အိမ်ကလူက စလုံးS$၁၀၀၀ မကျော်ရင် သွားကြတာပေါ့တဲ့။ အင်း... အားလုံးဘယ်လောက်ကျလဲ ဆိုတော့ S$၁၀၀၂.၄၉ တဲ့။  နိုးပရော်ဘလန် S$၂.၄၉ မိန်းမပဲ ပေးလိုက်ပါ့မယ်လေ၊ သွားကြတာပေါ့လို့ သဘောတူလိုက်ကြတယ်။ အခု ခရက်ဒစ် ကဒ်နဲ့ ပေးရမှာလားဆိုတော့ " နိုးနိုး တာမင်နယ်-1က AirAisa Sales counterမှာ ၄၈နာရီအတွင်း ငွေအကြေ သွားရောက်ပေးချေပါ"တဲ့။ ကိစ္စမရှိပါဘူးလေ၊ ဒီညနေ ဧည့်သည်ကြိုရမှာ၊ လေဆိပ်သွားဖို့ ရှိတာပဲဟာ။ ဒါနဲ့.... မြောင်းထဲကျနေတဲ့ အိပ်မက်ကြီး ကောက်ပြီး ဆက်မက်ကြပြန်တယ်။

တနင်္ဂနွေ ည ၈နာရီဝန်းကျင် တာမင်နယ်-1 AirAisa Sales counter ရှေ့။

"ဘွတ်ကင်နံပါတ်ပြော..."

"*#*@@@***&"

"အိုကေ...အဲဒါက SIN-KUL-SIN နော်"

"ရက်စ် ရက်စ်"နောက် ဘွတ်ကင် တစ်ခု ရှိသေးတယ် KUL-YGN-KULလေ... (စီကေအေမှ တက်ကြွစွာ ပြော သည်)

"သြော် ၀ိတ်ထ် ၀ိတ်ထ် ၀မ်းဘိုင်ဝမ်း အိုကေ...၊ ဒါအတွက် အရင် ပေးရမယ်၊ စကာင်္ပူဒေါ်လာ 270.0ပါ"

"အိုကေ..." (အိမ်ကလူမှ ခရက်ဒစ်ကဒ် ထုတ်ပေး)

"ဟုတ်ပြီ။ နောက် ဘွတ်ကင်နံပတ် တစ်ခု ပြောပါ"

"@$^&%^&$&amp"

"ကျေးဇူး၊ အိုကေ ဒီ ဘွတ်ကင်က KUL-YGN-KUL နော်..."

"ဟုတ်ပါတယ်...ဟုတ်ပါတယ်..." (စီကေအေမှ မျက်လုံးများ အရောင် တလက်လက်နှင့် ပြောသည်)

"အင်း...အဲဒါက စင်္ကာပူ ဒေါ်လာ ၈၃၄.၄၉ ကျပါတယ်"

"ဘာ...အိုင် ဘက်ခ်ယူဝါ ပါဒမ်..."

"စင်္ကာပူ ဒေါ်လာ ၈၃၄.၄၉ ပါ"

"ဟင်...ငါတို့ နေ့လည်က သဘောတူထားတဲ့ ဈေးက ၇၃၂.၄၉ပါ...ဒီမှာကြည့်" (လက်ရေးနှင့် အသေအချာ ချရေးထားသော စာရွက်ကို စီကေအေမှ ပြရင်းပြော)

"အဲဒါတော့ ငါတို့လည်း မသိဘူး၊ ဈေးကတော့ အခု စစ်စတမ်မှာ ပြနေတဲ့ ဈေးပဲ"

"ဒီလို ဘယ်ရမလဲ၊ နေ့လည်ကမှ သဘောတူထားတဲ့ဟာ၊ ငါတို့ ဘွတ်ကင်ကို ၄၈နာရီ ဟိုးလ်လုပ်ထားမယ် လို့ ပြောခဲ့တာ"

"ဘယ်သူလဲ နင်မှတ်မိလား"

"အဲဒီ အမျိုးသမီးနာမည်က Ms Anne တဲ့ call center က"

"ဒါဆို သူ့ဆီ ဖုန်းဆက်ပြီး ပြန်မေးကြည့်လိုက်ပါ"

ကြိုးစားဆက်သည်။ အဂန်း အန် အဂန်း...၊ ဖုန်းက တစ်ချိန်လုံး ဘီးဇီး....နှင့် မအား...။

"ဧည့်သည်ကြိုဖို့ လေယာဉ်ဆိုက်ချိန်က နီးပြီ၊ သွားကြစို့၊ တော်ပြီကွာ ဒီလောက် ပြသာနာ များလှတာ သွားမနေပါနဲ့တော့" (အိမ်ကလူကြီးမှ စိတ် အလွန်အမင်း ပျက်သံနှင့် ပြော)

"အိုကေ၊ ပလိစ် ကန်ဆယ် အာဝါ ဘွတ်ကင်" (စီကေအေမှ ရင်ထုမနာ ပြော၏)
ဘတ်ဂျက်အဲလိုင်းများနှင့် အကျိုး လုံးလုံးမပေးသော ကိုယ့်ကုသိုလ်ကံကိုပဲ ပုံချ။

ဧည့်သည်ကြို၊ အတင်း ကြိုးစား ပြုံးပြ၊ အပြုံးမမည်...၊ မချိသွားဖြဲ...။
ည...အိပ်မပျော်...။ မနက် ဧည့်သည် မနက်စာကျွေးဖို့ စောစောထ။ ဘ၀ကြီးက ကြမ်း...။

မနက်စာစားပြီး ခဏအကြာ...။ အီးမေးလ် စစ်။ ဟာ..."၀ီအာပလိစ်တူ ကွန်ဖမ်း ယူဝါဘွတ်ကင်...အဲအေးရှား" ဆိုပါလား...ကြည့်လိုက်တော့ SIN-KUL-SIN ဘွတ်ကင်တစ်ခုထဲအတွက် လေယာဉ်လက်မှတ် ပို့လိုက်ခြင်း...။
ပြန်စဉ်းစားတော့မှ၊ ဟုတ်ပေသားပဲ။ ၀မ်းဘိုင် ၀မ်း ဆိုပြီး ပထမဘွတ်ကင်အတွက် ခရက်ဒစ်ကဒ်ထဲက ယူလိုက်ပြီးသားကိုး...။

ကန်ဆယ် အာဝါ ဘွတ်ကင်လို့ ပြောပေမဲ့ အဲဒီအချိန်မှာ ခရက်ဒစ်ကဒ်ဖြတ်ပြီးသား။ လောလော လောလောနဲ့ void မှ ပြန်မလုပ်ခဲ့တာ။  မြွေပဲ...။

အဲအေးရှားကို ချက်ချင်း ဖုန်းဆက်၊ အကျိုး အကြောင်း ရှင်းပြ။ ဟိုဘက်က အမျိုးကောင်းသား အလွန် သဘောကောင်း။ ဒါ သူတို့ဘက်က အမှားပါ။ သဘောတူထားတဲ့ ဈေးအတိုင်းပဲ ပြန်ယူပါတဲ့....။
မျှော်လင့်ချက်တွေ တစ်ပတ် လည်လာပြန်ပေါ့...။ အိမ်ကလူကို ဖုန်းဆက်။ ဘယ်လိုလဲ ယူလိုက်မလား၊ ယူလိုက်ရမလားမေး..။

"တော်ပါပြီကွာ...ဒီလောက် စိတ်အနှောက်အယှက် ဖြစ်ရတဲ့ ခရီး မသွားတာပဲ ကောင်းပါတယ်။ ပြောလိုက် ရီဖန်းပဲ ပြန်ထုတ်ပေးလို့..."

"ဂွပ်...."

ဖုန်းချတာ မဟုတ်...စီကေအေ အသဲ ကျကွဲသွားခြင်း...
စဉ်းစားကြည့်ပါ ပရိတ်သတ်ကြီးရယ်...၂ခါ ကွဲတဲ့ အသဲ မနာဘဲ နေပါ့မလားနော်....

မေတ္တာပို့  : ၇ရက် သားသမီးများ အသဲကွဲခြင်းမှ ကင်းဝေးကြပါစေ။ ဘတ်ဂျက်အဲများ ကျန်းမာကြပါစေ...


Friday, November 18, 2011

အန်တီ ဂျက်စတား

ခေတ်မီသွားတယ်ပဲ ဆိုချင်ဆို ထီကနဲဖြစ်ပြီဟေ့ဆို ချစ်ကြည်အေးတို့လည်း မပါမဖြစ် ပါလိုက်ရမှ။ ပြောရရင် ခုတစ်လော စိတ်မအား လူမအားရတဲ့ကြားထဲ ပျားတုတ်ခံရတဲ့အဖြစ်ရယ်။ တော်တော်လေး ရင်ခံ သွားတယ်။ သိပြီးသူတွေလည်း ရှိကောင်းရှိမှာပါ။ ဒါပေမဲ့ မသိသေးတဲ့သူတွေက ပိုများတဲ့အတွက်၊ ပြီးတော့ ဒါဟာ အိမ်ကိုလွမ်းနေကြတဲ့၊ အိမ်ပြန်ဖို့ ပြင်နေကြတဲ့ မြန်မာများအားလုံး သိကိုသိထားရမယ်လို့ ယုံကြည်တဲ့အတွက် ဒီပိုစ့်ကို ရေးလိုက်ရပါတယ်။

ပြီးခဲ့ ဗုဒ္ဓဟူးနေ့ (၁၆-၁၁-၁၁)က ဂျက်စတားက တာဝန်ခံတစ်ယောက် အိမ်ကလူဆီ ဖုန်းဆက်လာပါတယ်။ ကိစ္စက နောက်လ ဒီဇင်ဘာအတွက် ၀ယ်ထားတဲ့လေယာဉ်လက်မှတ်ကို အပြန် ရက်ချိန်းပေးနိုင်မလား လို့ မေးလာတာပါ။ အိမ်ကလူက မဖြစ်နိုင်လောက်တဲ့အကြောင်း၊ ခွင့်တွေကအစ အကုန်စီစဉ်ပြီးဖြစ်နေတဲ့ အကြောင်း ပြောပြပါတယ်။ ဂျက်စတားကလူက သူတို့ရက်ရွေ့တဲ့အတိုင်း လက်ခံရင် တစ်ယောက်ကို ၁၀၀တန် ဘောက်ချာ၂စောင်နဲ့ ၂ယောက်စာ (စလုံး) ၄၀၀တန် ဘောက်ချာလည်း offerပေးဦးမယ်လို့ ဆိုပါတယ်။ အဲဒီမှာ အားနာတတ် တဲ့အိမ်ကလူက ယတိပြတ်မငြင်းလိုက်ဘဲ မိန်းမနဲ့ တိုင်ပင်လိုက်ဦးမယ်ကွာ လို့ ပြောခဲ့သတဲ့ရှင်။ ဟိုလူက လည်း ငါ့ရဲ့ offerကို မင်းဆီ e-mailပို့ပေးမယ် ဆိုခဲ့ပါတယ်။

အဲဒီနေ့က အိမ်ရောက်လို့ ညစာစားကြပြီး e-mail စစ်ကြည့်မှ မျက်လုံးပြူးကြရတယ်။ လား လား သကောင့်သားက ကျွန်မတို့ သဘောတူညီချက်မရသေးဘဲ လေယာဉ်လက်မှတ်ကို ရက်ပြောင်းပြီး ပို့ လိုက်တော့တာလေ။  အသွားရက်ကိုတော့ မပြောင်းပါဘူး။ ပြန်လာမဲ့ရက်ကို ပြောင်းထားတာပါ။ ကျွန်မတို့ မူလအစီအစဉ်အရ ဒီဇင်ဘာ ၃၀ရက်နေ့ စလုံး ပြန်လာဖို့ ရက်ချိတ်ထားတာကို ၁လပိုင်း ၁၃ရက် အထိ နှစ်ပတ်ခွာပြီး နောက်ဆုတ်ထားတာကိုး။ ဒါ ဘယ်လိုမှ လက်မခံနိုင်စရာပါ။ ဒါနဲ့ ဂျက်စတားကို ချက်ချင်း ဖုန်းဆက်ပါတယ်။

ကျွန်မတို့ အရင်က ၀ယ်ထားတဲ့ရက်အတိုင်း ပြန်ပြောင်းပေးဖို့  ပြောပေမဲ့ မရခဲ့ပါဘူး။ နောက်ဆုံးတော့ ရွေး ချယ်ဖို့ ၂လမ်းပဲ ရှိတဲ့ အကြောင်း၊ သူတို့ပြောင်းပေးတဲ့ရက်အတိုင်းသွားပြီး Jetstarကပေးတဲ့ Travel Voucher၂၀၀ တန်ယူမလား၊ ဒါမှမဟုတ် လက်မှတ်ဖိုးပြန်အမ်းတာ ယူမလား အဲဒီနှစ်ခုထဲက တစ်ခု ကြိုက်ရာရွေးဖို့ ပြောင်ပြောင်ပဲ ပြောလာ ပါတော့တယ်။ နှစ်ခုလုံး မရွေးနိုင်ဘူး၊ ငါတို့သဘောမတူဘဲနဲ့ ပြောင်းထားတာ ဖြစ်တဲ့အတွက် လုံးဝ လက်မခံနိုင်ဘူး။ ငါတို့ ၀ယ်ထားတဲ့ ရက်အတိုင်းပြန်ပြောင်းပေးပါလို့ အကြိမ်ကြိမ် ပြောတယ်။ မရခဲ့ပါဘူး။

ဒီလို ဘာ့ကြောင့်ဖြစ်ရတာလဲလို့ ကျွန်မက မေးတဲ့အခါ လက်မှတ် oversold ဖြစ်သွားလို့ပါတဲ့လေ။ ဘယ်လောက် ရယ်စရာကောင်းတဲ့ အကြောင်းပြချက်လဲ။ seat availability နဲ့ ရောင်းတာ မဟုတ်လား။ computerized system နဲ့ ရောင်းကြတာမဟုတ်လား။ ပြီးတော့ ဒီဇင်ဘာပြန်ဖို့ကို သြဂတ်စ်လထဲက ၀ယ် ထားခဲ့တာမို့ ဒါဟာ ဘယ်လိုမှ သည်းခံနိုင်စရာအကြောင်းမရှိပါဘူး။ 

ပြောရင်းနဲ့ ကျွန်မလည်း တော်တော်လေး စိတ်တိုလာပြီး ၃-၄ ကြိမ်လောက် ဖုန်းဆက်ပြီး မေးပါတယ်။ အားလုံး တစ်သံတည်းထွက်ကြပါတယ်။ ဒါနဲ့ နောက်ဆုံးပြောဖြစ်တဲ့ အမျိုးသားက အွန်လိုင်း feed back ဖောင်ဖြည့်ပြီးတင်ပါလို့ အကြံပေးပါတယ်။ ကျွန်မကလည်း ချက်ချင်းပဲ ဖြည့်တင်လိုက်ပါတယ်။

နောက်တော့ သတိရတာနဲ့ အဲဒီနေ့ ပတ်ဝန်းကျင် ပြန်လာဖို့ စီစဉ်ထားကြတဲ့ မိတ်ဆွေတွေဆီ ဆက်သွယ် ကြည့်တော့ သူတို့လည်း တူတူပဲ၊ သဘောတူညီမှုမရဘဲ return ticketကို Jetstarက နောက်နှစ် ပတ်ရွှေ့တာ ခံရတယ်လို့ ပြောကြပါတယ်။ ပိုဆိုးတာက သူတို့က ၁၉ရက်နေ့ ပြန်ကြမှာပါ။ စဉ်းစားသာကြည့်ပါတော့၊ ၁၉ရက်နေ့ပြန်မဲ့ဟာကို last minuteမှ (၁၆ရက်နေ့မှ) သူတို့ return ticket နောက်နှစ်ပတ်ရွှေ့ခံရတာ သိရတဲ့ ဘ၀။ တော်တော်လေးကို ဆိုးပါတယ်။ Customerကို ဂရုမစိုက်ဘဲ လုပ်ချင်ရာ လုပ်တဲ့ ဂျက်စတား။ အင်မတန် သိက္ခာမဲ့တဲ့ လုပ်ရပ်ပါ။

ဘယ်လိုမှ စဉ်းစားချိန်မရတော့တဲ့ မိတ်ဆွေ မိသားစုကတော့ အပြန်တစ်ခြမ်းအတွက် Jetstarကနေ Refund ထုတ်ပြီး MAIဆီက အပြန်တစ်ကြောင်းအတွက် တစ်ယောက်ကို $၃၇၀ပေးပြီး ၃ယောက်စာ S$တစ်ထောင်ကျော် ပေးဝယ်သွားကြ ရပါတယ်။ Jetstarက တစ်ကြောင်းအတွက် ၃ယောက်စာ ပြန်အမ်းငွေက $၄၀၀ ကျော်ထဲပါ...ဟူးးး

ဘယ်လိုပဲ လက်မှတ်ဖိုးပြန်ပေးတယ်ပဲ ပြောပြော၊ ခုချိန်မှာ လေယာဉ်လက်မှတ်ဈေးတွေက အရမ်းမြင့်နေ ပါပြီ။ သြဂတ်စ်လ ကျွန်မတို့ဝယ်တုန်းက နှစ်ယောက်ပေါင်းမှ စလုံး ၆၀၀ ကျော်ရယ်။ ခုဆို ၁၀၀၀ကျော်လောက်ရှိတဲ့အပြင် ကိုယ်လိုချင်တဲ့ရက်လည်း ရချင်မှ ရတော့မှာပါ။ ၁၇ရက်နေ့က Jetstarကို ကျွန်မ ဖုန်းဆက်ကြည့်တော့ ကျွန်မတို့ကို လက်မှတ်ရောင်းတုန်းက Big aircraft ခု small aircraftကို ဒေါင်း ဂရိတ်လုပ်တာမို့ ခုလိုဖြစ်ရတာပါလို့ ဖြေရှင်းချက် ထုတ်ပြန်ပါတယ်။ အကြောင်းပြချက်တွေက ခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့ ဂျက်စတားပါ။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့ထုတ်ရောင်းထားတဲ့ လက်မှတ်တန်ဖိုးကို သူတို့ တာဝန်ယူရမှာပေါ့။ Confirmed ticket တစ်စောင်ရဲ့ တန်ဘိုးကို သူတို့ ထည့်တွက်ရမှာပေါ့။ ခုတော့ နဲနဲမှ သိက္ခာမရှိတဲ့ လုပ်ရပ်ကို ရွေးချယ်ကြတယ်။ လေကြောင်းလိုင်းတစ်ခုအနေနဲ့ နာမည်ပျက်တာလောက် ဘာကများ ဆိုးဦးမလဲရှင်။ သေချာတယ်လေ၊ Jetstarက လက်မှတ်ဘိုးအပြည့်ပြန်ထုတ်ပေးတယ်ပဲထား။ ခုလက်ရှိပေါက်ဈေးနဲ့ဆို အိတ်ထဲက တစ်စောင်ကို $၂၀၀ နီးပါးစိုက်ဝယ်ရတော့မှာပါ။

နောက်ထပ်သေချာ တာတစ်ခုက အားလုံးလိုလိုဟာ Jetstarကနေ MAIကို ပြေးပြီး လက်ရှိပေါက်ဈေး နဲ့ ပေးဝယ်ကြတော့မှာပါ။ Jetstar နဲ့ MAI ဟာ အကျိုးတူ ပူးပေါင်းဆောင်ရွက်သည် ဆိုတဲ့ ခေါင်းစဉ်အောက်မှာသာ ရှိနေရင် Jetstarရဲ့ အခုလုပ်ရပ်ဟာ ဘာကို ရည်ရွယ်တယ် ဆိုတာ ပြောနေစရာတောင် မလိုတော့ဘူးပေါ့ရှင်။

ကျွန်မတို့ မြန်မာလူမျိုးတွေက အားနာတတ်တယ်။ နေပါစေတော့ကွာဆိုပြီး အေးအေးနေတတ်ကြတယ်။ တစ်ချို့ကျတော့လည်း ဘာလုပ်ရမှန်း မသိကြဘူး။ ဘာမှလုပ်လို့ ရမှာ မဟုတ်ပါဘူး လို့လည်း တွေးတတ်ကြတယ်။ နဲနဲလေးလောက်တော့ လုပ်ကြည့်ကြစေချင်ပါတယ်။ ဒါဟာ လူပါးဝလွန်းတာပါ။ စော်ကားလွန်းတာပါ။ Customerကို တန်ဘိုးမထားတဲ့ လုပ်ရပ်ပါ။ လုံးလုံးမတရားတဲ့ လုပ်ရပ်ပါ။ အေးရာအေးကြောင်း ငြိမ်မနေကြပါနဲ့။ လုပ်လို့ရတာလေးတွေ လုပ်ကြည့်ကြရအောင်ပါ။ အားလုံး လူညီကြဖို့ပဲ လိုပါတယ်။

၁) http://www.case.org.sg/ မှာ သွားတိုင်ပါ။ Document အပြည့်အစုံနဲ့ Monday-Saturday 9-4pmပါ။
၂) ဂျက်စတားရဲ့ FB စာမျက်နှာhttp://www.facebook.com/pages/Jetstar-Asia/31975232581 မှာ wall post သွားရေးပါ။
၃) အားလုံးစုပြီး Mediaထိပေါက်အောင် သွားလို့ ရပါတယ်။ သူတို့ လက်မှတ်ဘိုး ပြန်အမ်းတာကို လွယ်လွယ် လက်မခံကြပါနဲ့ဦး
၎)ကျွန်မရဲ့ ကော်မန့်မှာ ဂျက်စတားလက်မှတ်ဝယ်တုန်းက Booking Ref. နံပါတ်လေးတွေ ရေးပေးသွားကြ ပါ။

လုံးဝ အလျှော့မပေးပါနဲ့။ မသိသေးတဲ့သူတွေကိုလည်း တစ်ဆင့်စကားပါးလိုက်ကြပါ။  Westerner တွေကို သူတို့ မလုပ်ရဲပါဘူး။ စင်ကာပူရီယန်တွေကို သူတို့ မလုပ်ရဲပါဘူး။ မြန်မာတွေမို့ ရမလားလို့ အကဲစမ်း ကြည့်တာပါ။ ဒါဟာ လူမျိုးရေးပါ ပါပါတယ်။  ဒီကိစ္စဟာ ပေါ့သေးသေးမဟုတ်ပါဘူး။ ကျွန်မကတော့ ဂျက်စတားကို သပိတ်မှောက်ပါတယ်။ နောင်ကို ဘယ်တော့မှ ဂျက်စတား မစီးတော့ပါ။

***ဂျက်စတား ဖဘက ကူးလာတာပါ။



  • Amy Soe I really upset to travel with Jetstar and I'm regret to choose Jetstar. I had made a booking and made a payment since August for my flight. Today last minute call me and cancel my ticket due to too loaded on 30 Dec and ask me to change to 21 dec or 13 Jan. I already made a appoinment and prepare my trip. Last minute call me and offer me either to change a date or get a refund. At this time I can't buy any other airline all are fully book. If inform me early I still can choose other airline. And my best friend wedding on 25 Dec so how am i goiing to atten. If my wedding on that day how they going to settle on it. And when I call customer service officer different people answer me different reason. Not easy to apply my leave again do you concern for that Jetstar.



  • Florence Aung Attention: CEO (Jetstar)
    Dear Sir/Madam,
    I am very disappointed with the way the jetstar works. I have bought return tickets for two from singapore to yangon on sept 08 2011 ( dept on 24 dec 2011 and arrival on 7 Jan 2011).
    Today, I was informed there is no flight from Yangon to Singapore on the 7 Jan 2011 by Jetstar staff and offered me 11 jan 2011 (wed) instead. That is totally unacceptable for me since I have to plan many things eg:leave applications( It is not so easy at all for us to extend leaves) and many other things needed for this leave for approval.Though i was told there was no flight returning from Yangon to Singapore ( during 26 Dec 2011--10 Jan 2012) ( you can check the recording for telephone conversation made( 9:30am to 10:45am 17-Nov-2011) that i call your 3 staffs, one of them say no flight, another one hang up the phone during conversation( his name Max or something like that) and last one--not bad in my opinion). I know there is a flight on the 7th January 2012 from Yangon to Singapore in the morning arrival 10:25am Yangon. My schedule flight from yangon to singapore is 11:25am on January 7 2012.
    There is no logic if there is no flight at 11:25am on January 7 2012. I feel I am being cheated by some unfair policy( may be to make more money).I am offered to options- one ( to get fully refund) and another one to either get refund for return only or accept the return date on 11 Jan (wednesday) 2012 and get 200S$ dollar voucher for each affected person- for my case 2persons). Both options are unacceptable for me knowing that there is a flight from Yangon to Singapore on Jan 7 2012 which I have booked and confirmed tickets since September 8). Come to think or it for yourselves, If you were in my position, will you be pleased with what the jetsar is doing to me and affected customers? My holidays is already spoilt by this unethical way of making money.
    I sincerely request that please put me and my wife on Jan 7 2012 flight from Yangon to singapore in order for me to believe that the jetstar is deserved to be my first choice airline.
    You have already committed on this offer by accepting ticket fare from customer,you should be responsible for it.
    Await your soonest positive reply and responsible action on this case.
    Regards,
    Nyan Lin Htat
    Yesterday at 1:22pm · · 7

  • Win Min Lin jet star post box accept only good comments .. lol ...
    Yesterday at 1:57pm · · 1

  • Florence Aung Yes, excectly. I cannot post my comments on Jetstar's Wall page
    Yesterday at 2:11pm ·

  • Amy Soe The ticket which I bought since August. Now they told me oversold and my flight cancel. That mean they r not work properly since August now they know oversold? Now ask to refund or change a date, So easy for them to say that. If they tell me in Sep I still can choose other airline. Now I already arrange and tell me all stupid reason.
    18 hours ago · · 1

  • Khin Saw Htwe me too, I bought ticket since August , they gave same reason and ask to refund or change date which too far from my return ticket date , they are cheating on us , we got it in offer fare rate , i think they sold back higher rate to the other and simply say that oversold and flight cancel .I have never seen other air line in this kind of stupid reason ,we have to let other people to aware of this case... BE AWARE DO NOT BOOK ON LINE ,,, WILL BE CHEATED BY JETSTAR
    17 hours ago · · 1

  • Naing Aye Latt We are facing the same treatment from Jetstar and that's so unacceptable as customers who are holding confirmed tickets issued by Jetsrar. They must do something like arranging additional flight or compensate air fare according to current price from other airline as now the tickets price is sky-high. We have already been arranged accommodation and domestic flight at destination as well. Who will take responsibility for all that charges incurred? Definitely Jetstar jeopardizes my holiday plan and we should make awareness of such Jet stars's' attitude to people.
    3 hours ago ·

  • Naing Aye Latt Even if Jetstar compensates air fare according to current price from other airline, too late , not secure to get a seat already as our initial planning date. Hence, only one option to let us get on board Jetstar !!
    3 hours ago ·

  • Zaw Zaw Cho Everybody, Jetstar just cheat to her customers. Not only you, there are so many people who have booked on these high peak season. Jetstar sold with a promotion price, but now the price is flying high for these days. So, Jetstar just omit your seat only. Pls, carefully check from any possible sources of information as much as you can, there is no any flight will be cancelled on these scheduled dates. Just omit your seats only. Make sense. How dare to cheat like that in Singapore. Now, I am arranging to disclose those cheat cases to Ministry of Transport (Singapore), CAAS (Singapore), some news agency in Singapore, Yahoo News, Straits Time, etc. Also, I am arranging to send those information to all Journals in Myanmar. I will inform all updates time by time again.
    2 hours ago · · 6

  • Michael Maung Mra U What I can confirm now is JETSTAR cancelled some tickets only. 100% sure that not all the passengers for the same flight are affected. We should gather more information and share one another.
    2 hours ago · · 2

  • Zaw Zaw Cho Pls, everybody, log and claim to Civil Aviation Authority of Singapore, CAAS at qsm@caas.gov.sg, ph: 6542 1122, and Consumer's Association of Singapore, CASE at sayit@case.org.sg. Also, pls, inform to any journals in Myanmar.
    2 hours ago · · 3

  • Michael Maung Mra U There is some responce from JETSTAR Australia side about our complaint, Just sharing and will update outcome to all later
    2 hours ago · · 2

  • Wendy Min I have already checked with Jetstar staff. She said they changed small cargo and they shift return date from Yangon (from 4/1/12 to 11/4/12) only for 15 female passengers and flight is not cancel. But my brother also received call and emails same as me. They just give reason anyhow. I found most people bought tickets around August which is normal price rate.

    Jet Star : Are you try to create disappointed all passengers who bought with normal price? If people accept refund; are you planning to sell with high price to new passenger as this is hot period?

    I print this Facebook page as I know they delete all complains very soon. Don’t keep quiet. We cannot accept such cheating case in Singapore.

    You can complain to below. More complain can made legal faster action.

    Ministry of Transport (Singapore)- http://app.mot.gov.sg/Contact_Us.aspx,
    Consumer Association of Singapore http://www.case.org.sg/,
    Yahoo http://feedback.help.yahoo.com/feedback.php?.src=FP-SG&.from=_footer&.done=http%3A%2F%2Fsg.yahoo.com

    Singapore Authorize PIC : Kindly please don’t keep quiet. Singapore is a lawful country. Please arrange to settle this chatting case which is fully related to your National Identity. We want to be proud citizen of Singapore.
    about an hour ago ·

  • Jill Powers ‎24 hours latter STILL NO EMAILS!!!!!!!!
    about an hour ago ·

  • Stella Kwa where's my voucher? already 15days later.. and yet my fren whom is later then me.. already got the voucher.. why no dates is given to me for the dateline? why always the same old reply to my answer whenver i call.. i need to book my vacation soon.. and yet voucher is not here... WHY!!!!!!!!!!!!!!!!!!!!!!! so piss n disappointed with the service given.. kinda regret to choose jetstar... damn piss off........
    about an hour ago ·

  • Zaw Zaw Cho According from all information for the time being, most of the Myanmar people who bought the tickets on about Aug 2011 are affected. Beside this, there is not any contact person and office in Singapore, except at Terminal 1. I will update accordingly.
    57 minutes ago ·
  • Henry Cheng Shame on you Jetstar on dishonest action on your customers. I suggest you to solve those complains legally and rightfully or you will be notorious in this region. I am a strong customer of Jetstar but next time I need to think twice to choose you.10 minutes ago · · 1
  • Aung Hein Minn I bought the tickets from Jetstar as well. Hopefully, my tickets will not be cancelled by Jetstar.
    6 hours ago · 1

  • Chan Min Where is "customer right"?
    6 hours ago

  • Stella Kwa where's my voucher... oh my god.. i lodge complain to the web.. but like no use.. arghh.. i wan my vacation.. damn
    5 hours ago

  • Wendy Min share this information to all of your friends to prevent for future...
    5 hours ago

  • Phoe Lone I never fly JS or either MAI before, but coming CNY I bought TK to YGN.wish everything smooth. :(
    5 hours ago · 1

  • Wendy Min I have already written and share this information on the wall of Air Asia, Silkair, Lufthesa, Myanmar Air Way International, etc.,
    4 hours ago · 2

  • Zaw Zaw Cho Pl, do not take any refund. Jetstar is just cheating us. Pl, unite. I will do a legal action to jetstar on soon after contact to Singapore Police Force. I will update my plan accordingly.
    27 minutes ago · 1

နောက်ဆက်တွဲ သတင်း

CAASကို တိုင်ထားပါတယ်။ ကိုဇော်ဇော်ချိုဆီက ဖောမက်ယူပြီး ပို့လိုက်ပါတယ်။

Dear Sir / Madam,

Good day.
We would like to complain about below serious cheat case matter from Jetstar Airline in Singapore.

We have bought online air tickets from Jetstar for Singapore – Yangon – Singapore, booking ref: E7KEKZ, since 25 Aug, 2011. According to the itinerary, our return flight, YGN – SIN, will be at 11:25am-3:50pm on 30 Dec'2011. (Please refer attach file JS Tickets-Purchased)

However, we had a call from Jetstar and said that our return flight schedule date will be changed to 13 Jan'2012 instead of 30 Dec 2011 according to their new itinerary. (Attachment file. 2-JS Ticket-Changed)

Refer to tele-conversation with Jetstar Officers, we have surprisingly acknowledged that our original flight program, YGN – SIN, 30 Dec, 2011 is not cancelled, but just only our seats are not available anymore on that flight and said it has being oversold. They just simply say either to take the refund or go according to their new itinerary assigned date then get a S$200 vouchers from Jetstar as compensation. Sadly we cant take both options offered by Jetstar.

As everybody known that our return date is on high peak season and now surely cannot secure the ticket on that date. Even if we can get it, the fare will be surely sky high at least 2 times than our Jetstar ticket. So,we have no reason to take the refund from Jetstar in anyway. Definitely, Jetstar also knows these consequences and therefore purposely omitted our seats and given it to other customers who may pay a current higher fare for this time being. We feel that is solely cheated case for us as everybody can sense it very obviously. It is totally unfair.

Therefore, We seriously complain about Jetstar’s unprofessional attitudes and dispute manners which are really happened in one of the lawfully countries, Singpore. If it is not happened to us and it just heard about from other, we really won't believe as it is in Singapore.

Beside this, according to our tight working schedules, leave matter, travel plans, etc, there is totally impossible to extend our return date to another 2 weeks. We must have to arrive back to Singapore and report to work on 30 Dec 2011 if there are no other unforeseen and unavoidable reasons.

 As customers who are holding confirmed tickets issued by Jetstar since 25Aug 2011, we feel nasty cheating by Jetstar badly. Hence, if Jetstar cannot locate our seat inflight on 30 Dec 2011, somehow they have to arrange YGN – SIN air-tickets in any possible way with their own expenses.

Rgds,

ဘယ်သူမဆို ကျွန်မဆီက ကော်ပီကူးပြီး ကိုယ့်အချက်အလက်တွေ ထည့်ပို့ချင်ရင်လည်း ရပါတယ်ရှင်။ ပို့ရမယ့် လိပ်စာက qsm@caas.gov.sg ပါ။ 

ဒါကတော့ CAASက ပြန်စာပါ။

We are sorry to learn about your unpleasant experience regarding the cancellation of your return flight. 

We have forwarded your email to Jetstar Asia to look into your feedback.  They will be responding to you soon.  Should you require further assistance, you may contact Jetstar Asia's call centre for assistance at 800 6161 977

Thank you.


Cheng Suat Guek (Ms)
for CAAS QUALITY SERVICE MANAGER
Executive (Secretariat)
Corporate Services Division

Civil Aviation Authority of Singapore Singapore Changi Airport, PO Box 1, Singapore 918141
Tel (65) 1800 542 3366 Fax (65) 6542 1231 Email qsm@caas.gov.sg
www.caas.gov.sg


ဂျက်စတားကလည်း ကျွန်မဆီ စာပြန်လာပါတယ်။ ဒီကိစ္စကို သူတို့ ဖြေရှင်းပေးပါမယ်။ နောက်ထပ် Business days ၁၅ရက်စောင့်ပေးပါတဲ့။ 

Thank you for letting us know about your Jetstar experience.  

We do apologise for the delay in acknowledging your feedback.  This email is confirmation that we are in receipt of your feedback.

Please allow at least 15 business days for a response from one of our Customer Care analysts.  If your feedback or query relates to imminent travel (within 72 hours), please contact our Customer Relationships team on 131 538 and our Telephone Reservations team will request one of our analysts to call you.  

Thanks again for contacting us.  To help us identify and respond to this specific issue, please clearly quote your Case ID (CAS-530891-9VFHTS ) in any correspondence. 

Kind regards,


The Jetstar Customer Care Team

ကျွန်မ လက်မခံနိုင်ပါဘူး။ Business days ၁၅ရက်ဆိုတာ ၃ပတ်တိတိပါ။ ဒါကြောင့် နိုဝင်ဘာ လကုန်ထိပဲ စောင့်နိုင်မယ်။ ဖြေရှင်းပေးပါ လို့ ထပ်ပြီးတောင်းဆိုထားပါတယ်။ Media တွေ အထိပေါက်ဖို့ ကိုလည်း ဆက်လုပ်ပါဦးမယ်။ အွန်လိုင်းမီဒီယာတွေကနေ တစ်ဆင့် ဖြစ်ချင် ဖြစ်ပါမယ်။ တစ်ခုခု အကြောင်း ထူးရင် ထပ်ပြောပါဦးမယ်ရှင်။

ကျွန်မတို့ လက်မခံနိုင်ဘူး ပြောတဲ့ကြားကပဲ Jetstar က Travel Voucher ၂၀၀ တန် e-mail ကတစ်ဆင့် ပို့လာပါတယ်။ Travel Voucherက ၂၁ နိုဝင်ဘာနေ့စွဲဖြစ်ပြီး ၃လ သက်တမ်းပါ။ တစ်နှစ်အတွင်း ခရီးသွားရမှာပါ။ ကျွန်မ လက်မခံနိုင်တဲ့အကြောင်း online feedbackကတစ်ဆင့် စာပြန်ရေးထားပါတယ်။
 

Monday, November 14, 2011

ဝန်ခံချက်


ကြွေစေလိုလို့ ဝင်းမှည့်စေချင်ခဲ့တာရယ်
အရိုးရင့် အရေထူပြီးသား
ကကြီးကနေပြန်သွားဖို့ ဘယ်လိုမှ နောက်ဆုတ်မရ
ခံနိုင်ရည်တွေက ပုံပန်းတကျ ပျက်ယွင်း
မိုးအလင်းမှာတောင် အရောင်တွေ မမြင်နိုင်တော့တဲ့နောက်…

ကံဆိုးလွန်းတော့ အိပ်မက်ထဲမှာတောင် ပစ်လိုက်တဲ့မြားက စက်ဝိုင်းအပြင်ကို ပြိုကျ
မြို  မြိုချနေရတဲ့ အတုံ့အလှည့် နေ့ ညတွေ
ထုသားပေသားကျ မိုလ်*တစ်ခုလို ဘ၀အမောတွေ
ကိုယ့်အပိုင် ၀ဋ်နာကံနာတွေကို
ကမ္ဘာမြေကြီးရဲ့အပေါ် ချွေ ချွေချနေမိ
သေချာတာက...
ကိုယ်ဟာ  ကျွဲကူးလို့ ရေမပါတဲ့ဘဝ
ကျည်းပေါင်းတက်နေတဲ့ မောဟထူထူထဲထဲတွေ
ခဲခဲလှုပ်လှုပ် သီးပွင့်နေတဲ့ သစ် တစ်ပင်....


မိုလ်*-Mould (ပုံစံခွက်)


Friday, November 4, 2011

ကြၽန္မ ဘေလာ့ဂ္ဂါ

ကျွန်မ စာရေးမကောင်းပါရှင်။

သို့သော် စွဲသောစိတ်အခြေ၊ မပြေသောနှလုံးနှင့် မမုန်းနိုင်လောက်အောင်ကို ဘလော့ဂ်ရေးခြင်း အမှု ပြုပါ သည်။ အပြစ် တင်ချင်လျင် တင်ကြပါစေတော့။ စာဖတ်သူများအား တစ်စုံ တစ်ရာ ပေးနိုင်လောက်အောင် လည်း ကျွန်မမှာ များများစားစား သိုမှီး၍ မထားရှိပါ။ စာဖတ်လျှင် တစ်ခုခုတော့ ရ ရမည် ဟူသောစိတ်နှင့် ကျွန်မ စာ မဖတ်တတ်ပါ။ ဖတ်သောစာတွေထဲမှ တစ်ခုခုကို ရကောင်းစေ ဆိုသောစိတ်နှင့် ဖတ်လျှင် ဖတ်ရတာ အရသာမဲ့လှသည်ဟု ကျွန်မက ယူဆသည်။ ကျွန်မ၏ အယူအဆသက်သက် ဖြစ်ပါသည်။

လူများ၏အသက်ကို မွေးဖွားစဉ်မှစ၍ တစ်ရက် တစ်လ တစ်နှစ်ဟူ၍ ရေတွက်သကဲ့သို့ ဘလော့ဂ် တစ်ခု၏အသက်ကိုလည်း စတင်ရေးသားစဉ်မှ စ၍ ရေတွက်လေ့ရှိကြပါသည်။ ထိုသို့ဆိုလျင် ကျွန်မ၏ ဘလော့ဂ်သည် ယနေ့ ၂၄လ တိတိပြည့်လေပြီ။ လူတို့၏ ရှင်သန်မှုအတွက် အနေ အထိုင် အစား အအိပ်နှင့် အသက်ဆက်ရသလို ကျွန်မသည်လည်း ကျွန်မမွေးဖွားခဲ့သော ကျွန်မ၏ဘလော့ဂ်လေး သေဆုံးမသွားစေရန် (အခြားဘလော့ဂ်ဂါများနည်းတူ) အချိန် ရှားပါးသည့်ကြားမှပင် အတတ်နိုင်ဆုံး စဉ်ဆက်မပြတ်ရေး သားခြင်းဖြင့် အသက်သွင်း ရှင်သန်စေခဲ့ပါသည်။ အနဲဆုံးတော့ ကျွန်မလည်း ကြိုးစားခဲ့ပါသည်ပေါ့ရှင်။

ကျွန်မ စာ မကြေပါ။ စာဖတ်လည်း မနာခဲ့ပါ။ ယခုမှပင် စာအုပ်များကို တွန်း၍သော်လည်းကောင်း၊ နင်း၍ သော်လည်းကောင်း ဖတ်ဖြစ်ပါသည်။ စာတစ်ပုဒ်ကို ရေးသူ ဘယ်သူ ဘယ်ဝါဆိုခြင်းထက် ဖတ်ချင်သောစိတ်ကြောင့်သာ ဖတ်ဖြစ်ပါသည်။ ဖတ်ဖြစ်၍ စိတ်ဝင်တစား ဆွဲဆောင်နိုင်သောစာဖြစ်လျှင် အဆုံးထိအောင် ဖတ်ပါသည်။ ဤသည်ပင် စာရေးသူ၏ စာရေးသားခြင်း အတတ်ပညာကို ပြသနေခြင်း မဟုတ်ပါလား။ ဆိုရလျင် ကျွန်မ စာအစုံ ဖတ်ဖြစ်ပါသည်။ စာရေးသူ ဘယ်သူ ဘယ်ဝါ၊ ဘယ်နှခုနှစ်က၊ ဇာတ်လိုက် မောင်မြ မယ်လှ စသည်တို့ကို အမှတ်နည်းလျက် ဇာတ်လမ်းအသွား၊ စာ၏အနှစ်ကိုသာ မှတ်မိ၍နေတတ်သည်မှာ ကျွန်မ၏ အားနည်းချက်ဟု ဆိုရပါမည်။ ပြောကြသော စကားဝိုင်းများတွင် ဘယ်ဆရာ့စာအုပ်၊ ဘယ်နှခုနှစ်က၊ ဘယ်ဇာတ်လိုက်က ဆိုခြင်းများ၌ ကျွန်မဦးနှောက်က မှတ်ဉာဏ် ပါးလျတတ်သောကြောင့်ပင်။

ဖတ်မိသည့်အထဲကမှ ရယ်စရာ ပြုံးစရာလေးများနှင့် နှလုံးသားကို ထိစေသော ရသစာများကို ပို သဘောတွေ့ကြောင်း ကြာလေ သိမြင်လေ ဖြစ်ရတော့သည်။ ကျွန်မကိုယ်တိုင် စာရေးဖြစ်သောအခါတွင်မူ ကိန်းအောင်းနေခဲ့သော ထိုဗီဇစိတ်ကလေးက ပြန်လည် နိုးထလာခဲ့လေသည်။ 

မှန်ပါသည်။ ဘာကိုပဲရေးရေး၊ ဘာအကြောင်းပဲတည်တည် ဟာသအမြင်လေးပေါ် အခြေခံ၍ ရေးသား တတ်ခဲ့သည်။ ကျွန်မ စာအစုံ ရေးပါသည်။ ရေးချင်စိတ် ရှိသည့်အတိုင်း ရေးချွတ်တတ်ပါသည်။ အခုပဲ ခရီးသွားဆောင်းပါးရေးနေရာက ကဗျာတစ်ပုဒ်ကောက်ရေး၍ တင်ချင်တင်သည်။ အခုပဲ အတည်ပေါက် ဝတ္ထုတိုလေးတစ်ပုဒ်ရေးနေရာမှ ရယ်စရာကိုယ်တွေ့လေး တစ်ခု၊ သတင်းတစ်ပုဒ် ဖြတ်တင်ချင် တင်သည်။ စိတ်ထဲ ခံစားရသလို ပုံဖော်နေတော့သည်။ ဤတွင် ဖတ်ခဲ့ဖူးသော ဆရာတာ၏ "ကျွန်တော်သည် မျောက်က ဆင်းသက်၏" ဟူသော စာအုပ်ထဲမှ စာလေးတစ်ပိုဒ်ကို သွားသတိရမိသည်။

"မျောက်တွေ တစ်ပင်မှ တစ်ပင်၊ အကိုင်းတစ်ကိုင်းမှ နောက်တစ်ကိုင်း ခုန်ကူးသလို ကျွန်တော်သည်လည်း အလုပ်တစ်ခုမှ တစ်ခုသို့ ခုန်ကူးခဲ့ သည်။ မျောက်သည် အငြိမ်မနေနိုင်သကဲ့သို့ ကျွန်တော်သည်လည်း အငြိမ်မနေနိုင်ပါ။ ယခုထိ ကျွန်တော်ဟာ မျောက်ပါပဲ။ အားလပ်နေလျှင် တစ်ခုခုကို လှမ်းကိုင်ချင်သည်" တဲ့... ဆရာက " မျောက်ဖြစ်ပါသည်ဟု ဝန်ခံထားသူကိုမှ အငြိမ် မနေရကောင်းလားဟု အပြစ်ပြော လျှင် ပြောသူအလွန်သာ ဖြစ်ပါလိမ့်မည် " ဟု ဆိုခဲ့သည်။

စဉ်းစားမိသည်မှာ ကျွန်မလည်း ခုကတည်းက ဝန်ခံလိုက်လျှင် ကောင်းမည်ထင်ပါသည်။

ကျွန်မ ရေးချင်တာ ရေးပါသည်။ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို၊ သတင်း အပြင် ကိုယ်တွေ့ဖြစ်ရပ်ကလေးများပါ စုံတကာစေ့ရေးပါသည်။ မောင်ငယ် တစ်ယောက်က ကျွန်မကို ဝေဖန်ဖူးပါသည်။ "အစ်မ စာရေးတာ လိုင်းကြောင်နေပြီ" ဟု ဆိုသည်။ ကျွန်မက ရယ်မောရင်းသာ "လိုင်းတစ်ခုရယ်လို့ အသေထား မရေးချင်ကြောင်း" ဒိုင်းကာရင်း ပြောရသည်။ အနီးစပ်ဆုံးပြောရလျှင် ကျွန်မရေးသော စာများသည် လဘက်အသား၊ ကြက်သွန်ကြော်၊ နှမ်း၊ ပဲခြမ်းကြော်၊ ပုဇွန်ခြောက် စသည်များ အစုံပလုံပါသော လဘက်သုတ်တစ်ပွဲလို အမယ်စုံ ပါ ပါသည်။ လဘက်ဆိုလျှင်တောင် တခါတလေ အဘိုးကြီး အဖွားကြီးသုတ်၊ တခါတလေ ဇယန်းချဉ်စပ်၊ တခါတလေ ဓညင်းသီးလေး ထည့်နှပ်ထားသော ကြက်ခြေနီသုတ်လို ဟုပင် ဆိုချင်ပါသည်။

ထိုထိုသော အသုတ်အစုံစုံကို လာသမျှ စာဖတ်သူအား ချကျွေးမိပါသည်။ ဇယန်းချဉ်စပ်ကြိုက်သူသည် အဘိုးကြီး အဖွားကြီးသုတ်နှင့်တိုးကာ မငြိနိုင်သလို၊ အဘိုးကြီး အဖွားကြီးသုတ်လေးမှ စားချင်သူသည် ကြက်ခြေနီသုတ်နှင့် မတင်းတိမ်သကဲ့သို့ပင်။ စာဖတ်သူအကြိုက်နှင့် အစပ်အဟပ် မတည့်သော် ကျွန်မ၏ လိုအပ်မှုသာ။ သို့တိုင်အောင် ယခုလို ၂နှစ်ပြည့်သည်ထိ ကျွန်မချကျွေးသော လဘက်သုတ်စာများကို မငြီးမငြူ ဖတ်ပေးခဲ့သော စာဖတ်သူ၊ ဘလော့ဂ်ရေးဖော်နှင့် မိတ်ဆွေ သူငယ်ချင်းများကို ချစ်ခင်စွာ ကျေးဇူးတင်ရပါသည်။

ထပ်၍ ပြောပါမည်ရှင်။ ကျွန်မ စာရေး မကောင်းပါ။ သို့သော် တတ်နိုင်သလောက် အားထုတ်၍ ဤ ဘလော့ဂ်လေးကို အသက် ရှင်သန်စေပါမည်။ ကျွန်မ စာတွေ ဆက်ရေးပါဦးမည်။


Tuesday, November 1, 2011

၆လပြည့် ရသအလင်း

အလုပ်တွေများနေလို့ စာမရေးဖြစ်တာပါ လို့...မပြောတော့ဘူး....:)

၂၉ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ရသအလင်း ဖောင်ဒေးရှင်းရဲ့ ၆လပြည့်ပွဲလေးမှာ ဆရာသည်မော်နိုင်ရဲ့ အနုပညာပြကွက်တွေနဲ့အတူ ခင်းကျင်းပြသခွင့်ရခဲ့တဲ့အတွက် ပီတိဖြစ်ရတယ်။  ကျေးဇူးလည်း တင်ပါတယ် ဆရာ....

ပွဲလေးတစ်ခု  ချောမွေ့ အောင်မြင်စွာပြီးဆုံးခဲ့လို့ အားထုတ်ဖန်တီးခဲ့ကြသူ မောင်နှမတွေနဲ့ ထပ်တူ ကြည်နူးပီတိဖြစ်ရပါတယ်။ ကျွန်မ စာမရေးနိုင်သေးခင်မှာ ပွဲကိုတက်ရောက်ခဲ့တဲ့ ဘလော့ဂ်ဂါ မောင်ငယ် ဖိုးစိန်ရဲ့ ဖေ့စ်ဘုတ်က မှတ်စုကလေးကိုပဲ ပြန်လည် ဝေမျှပါရစေရှင်။ 

မောင်လေးရေ... ရသအလင်း (၆)လပြည့်မှာ မောင်လေးကဗျာ တစ်ပုစ်လောက်ရွတ်ပါလား.. မမတို့ ရသအလင်း(၆)လပြည့်ကို ကဗျာရွတ်ပွဲနဲ့ အတူ သည်မော်နိုင်ရဲ့  အနုပညာ ပြကွက်တွေပေါင်းပြီး ပွဲလေးတခု လုပ်မလို့ ဆိုပြီး ကိုယ့်အမ ဒါဒါက ပြောတော့ လွယ်လင့်တကူပဲ ခေါင်းညိတ်ခဲ့တယ်။ ကဗျာက ရွတ်ချင်တာ ထက် မမတို့ပွဲမှာ ဘာလုပ်မလဲ ဆိုတာ စိတ်ဝင်စားတာရယ်.. အားကြိုးမာန်တက် နေ့မအား ညမနား ကြိုးစား လုပ်နေရှာတဲ့ ကိုယ့်အမကို သနားတာရယ် ကူညီဖို့ ခေါင်းညိတ်လိုက်တယ်။

အဲဒီအချိန်က စပြီး ကိုယ့်အမ ကဗျာတွေပို့တော့တာပဲ...။ ကိုယ်လဲ အိမ်မှာ ဇွဲကောင်းကောင်းနဲ့ သံကုန်ဟစ်တာပဲ။ အတက်လဲ မသိ အကျလဲ မသိ၊ ရွတ်ရပြီးရောပဲ။ မရွတ်ရလဲ အကြောင်းမဟုတ် ကူညီရရင် ပြီးရော ပြောထားပေမယ့် ကိုယ့်အမကတော့ ကဗျာတွေ ပို့ပေးရှာပါတယ်။ ပို့ပေးတဲ့ ကဗျာကလဲ မန်းတလေးသိန်းဇော်ရဲ့  ခင်.. ဆိုတဲ့ အချစ်ကဗျာ..။ ကိုယ့်လို နေရင်းထိုင်ရင်း ရန်လိုနေတဲ့ စုတ်ချွန်းချွန်းမျက်နှာနဲ့ စူထော်ထော် နှုတ်ခမ်းပိုင်ရှင်ကိုများ အချစ်ကဗျာ နုနုလေး ရွတ်ခိုင်းတဲ့ မမ ကိုတော်တော်လေးစားသွားတယ်။ မသကာ သူကဗျာလေး ရွတ်ရ ရွတ်ရဆိုပေမယ့် သူ့ကို ရောင်းအားမြှင့်တင်တယ်လို့ သူများမြင်မှာစိုးလို့ ကိုယ်ရွတ်ချင်တဲ့ ကဗျာလေး မရွတ်ရဘူး။ ဒီလိုပါပဲ...။ နောက်တော့လဲ ဒီလိုပါပဲပေါ့..။ ရွေးရင်းနဲ့ ကိုယ့် စိတ်ဓာတ်နဲ့ ကိုက်ညီတဲ့ ကဗျာဆရာ လှသန်းရဲ့  ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ ဆိုတဲ့ ကဗျာကို ပို့ပေးတော့ ကောင်းကောင်း မကောင်းကောင်း ဒီကဗျာပဲ ရွတ်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒါနဲ့ သောကြာနေ့ ညမှာ မချစ်တို့ ဇနီးမောင်နှံ အိမ်မှာ ရီဟာဆယ် လုပ်ပါတယ်။ မချစ်ရဲ့ ရောက်တာနဲ့ ပြူပြူငှာငှာပဲ အကြိုက်လေးတွေ ချပေးတော့ ကိုယ့်ခမျာ လောက စည်းစိမ်တွေ တက်ရင် သူများရွတ်တာတွေကို ဆရာလုပ်နေတယ်။ မချစ်ချက်တဲ့ မုန့်ဟင်းခါးကလဲ အရမ်း စားကောင်းပါတယ်။ ရစ်တက်နေတာတောင် နှစ်ပန်းကန် ကုန်သွားပါတယ်။  မကြာခင်မှာပဲ အဖော်ပြုမယ့်သူတွေ ရောက်လာတော့ ထပ်ပြီး ရစ်တက်သွားလိုက်တာ အိမ်ပြန်တော့ ကိုယ့်အမ ဖုန်းတွေပါတဲ့ အိတ်ကို အိမ်အထိ မှားဆွဲသွားတဲ့ အထိပါပဲ..။ မူးနေတာကို ကျေးဇူးတင်လိုက်ပါ။ မူးပြီးမှားဆွဲလို့ အိမ်ပြန်ရောက်တာ။ နောက်မဟုတ်ရင်လမ်းမှာပျောက်ပါပြီး။

စနေနေ့ ညနေမှာ ရသအလင်းရဲ့  ပွဲလေးကို စတင်ပါတယ်။ အခန်းကို အချိန်နဲ့ ငှားရတဲ့အတွက် ဧည့်သည်မရောက်ခင် ဘောလုံးတွေ ဆင်ရ.. အခန်းရေမွှေးဖျန်းရ... ဧည့်ကြိုစားပွဲ ခင်ရ.. စက်ပစ္စည်းတွေဆင်ရနဲ့ အားလုံး တက်ညီလက်ညီ ပျော်စရာ ကောင်းပါတယ်။ အခမ်းအနားမှုးကို မချစ်က အင်္ဂလိပ်လို တလှည့် မြန်မာလို တလှည့် ပြောပါတယ်။ စင်ပေါ်မှာ မျက်နှာချိုချိုလေးနဲ့ အခမ်းအနား အစအဆုံး သရုပ်ဆောင်သွားပါတယ်။ လေးစားပါတယ်။

ပထမဆုံး အခန်းအနားဖွင့်ပြီးတော့ ကိုသည်မော်နိုင်ကို မိတ်ဆက်ပါတယ်။ ကိုသည်မော်နိုင်ရဲ့ Short film (၃) ခုကို ပြသပါတယ်။ အရင်က ကိုသည်မော်နိုင်ကို မသိပါဘူး။ အခု Short Film ကို ကြည့်ပြီးတော့ ကိုသည်မော်နိုင်ရဲ့  အနုပညာကို လေးစားအသိအမှတ်ပြုပါတယ်။ ပထမဆုံး ပြသတဲ့ ထဲကမှာ The Clinic ဆိုတာလေးကို သဘောကျပါတယ်။ ကိုယ်ကြီးပြင်းလာတဲ့ ရပ်ကွက်ထဲမှာ ယနေ့ အချိန်ထိ ဒီလိုလူမျိုးတွေ ကိုတွေ့ခဲ့ရသလို ခုချိန်ထိ ရှိနေသေးတယ် ဆိုတာပါပဲ။

အခန်းအနား အစီအစဉ်အရ ကို သည်မော်နိုင်ရဲ့  Short Film ပြီးရင် ကဗျာရွတ်ပွဲ စဖို့ပါ။ ကဗျာရွတ်ပွဲ အစကို ရသအလင်း ဥက္ကဌ ရနံ့သစ် စားသောက်ဆိုင် ပိုင်ရှင် ကိုဘိုဘိုဝင်းနဲ့ ဖွင့်ဖို့ပါ။ ဒါပေမယ့် ကိုဘိုဘိုဝင်းပျောက်နေတဲ့ အတွက် ဖွင့်ပွဲ ကို ကိုယ်နဲ့ စလိုက်ရပါတယ်။

မချစ်က ဖိုးစိန် လို့ခေါ်လို့ စင်ပေါ်တက် ဂစ်တာနဲ့ တီးလုံးလိုက်ပေးမယ့် ကိုမိုးမောင်တို့ ကြိုးညှိ နေချိန်မှာ ငယ်ငယ်တုန်းက ပထမဆုံး ကဗျာလွတ် ပြိုင်ပွဲဝင်တာကို သတိရမိပါတယ်။ အဲဒီအချိန်တုန်းက အမေက တိုက်ပုံရယ် တောင်ရှည်ပုဆိုးရယ်..မောက်ကျက်သရေ ခေါင်းပေါင်းရယ် ၀တ်စေပြီး အလံကိုင်ပြီး နိုင်ငံ အကျိုးပြုကဗျာ(မှတ်မိတော့ဘူး)ကိုရွတ်စေပါတယ်။ အမေဆင်ပေးတာက အဖေပုဆိုးကို ဖြတ်ပြီး တောင်ရှည် ပုဆိုးလုပ်ထားတာဆိုတော့ ပုဆိုးက တတောင်လောက်ရှေ့ထွက်နေတာကို ဘယ်လိုမှ သဘောမကျပါဘူး။ ဒီကြားထဲ ကျပ်သွားတဲ့ တိုက်ပုံ နဲ့ ချောင်နေတဲ့ ခေါင်းပေါင်းကလဲ ပါသေးတယ်။ ဒီလိုနဲ့ ကိုယ့်အလှည့်ရောက် လို့ စင်ပေါ်တက်တော့ အောက်က ဒိုင်လူကြီး အပါအ၀င် ပွဲကြည့်ပရိတ်သတ်တွေက သဘောကျပြီးရယ်တော့ ကိုယ့်ခမျာ ဒေါသတွေ ထွက်ပြီး နင်တို့ငါ့ကိုဘာရယ်တာလဲ.. ငါစိတ်တိုလာပြီးနော်ဆိုပြီး.. ၀တ်ထားတဲ့ ခေါင်းပေါင်းတွေ ... စီးထားတဲ့ ဖိနပ်တွေနဲ့ ရှေ့ မှာမြင်သမျှ ဒိုင်လူကြီး တွေကို လှမ်းရိုက်တော့တာပါပဲ..။ အမေ စင်ပေါ်တက်ဆွဲ ပြီး ဆင်းတောလဲ ပေတေပြီး မဆင်းပဲ ပြီးအောင် ရွတ်မယ်ဆိုလို့ အောက်ကလူတွေ ရယ်ချင်ရက်နဲ့ မရယ်ရဲ ပဲ ကျနော်ကဗျာရွတ် ပြီးတဲ့ အထိကို စောင့်ပြီး ရယ်ကြရတဲ့ အဖြစ်ကိုရောက်ရတာပါပဲ...။ ဒီလိုသတိရရင်းနဲ့ ကိုယ့်ဖိနပ်ဟာ ကိုယ်ခံတပ်ပါပဲ ဆိုတဲ့ ကဗျာဆရာ လှသန်းရဲ့  ကဗျာကို ရွတ်ခဲ့ပါတယ်။

ကိုယ်ပြီးသွားတော့ ကိုဘိုဘိုဝင်းရွတ်ပါတယ်။ ငုယင်ဗန်ထရွိုင်းဆိုတဲ့ ကဗျာလေးပါ။ ရီဟာဆယ်ထက် ပိုပြီး အသက်ပါပါ မာန်ပါပါနဲ့ ရွတ်တာ အနောက်က လူတွေ မျက်ရည်လည်တဲ့ အထိ ဖြစ်သွားပါတယ်။ တခုပဲ စိုးရိမ်ရပါတယ်။ ကိုဘိုဘိုဝင်းက ပွဲစင်အရှေ့ ကို မျက်နှာ မူရွတ်ရင်း မာန်ပါလာတော့ တဖြည်းဖြည်းနဲ့ လှည့်သွားလိုက်တာ နံရံထဲဝင်တော့မယ့် အတိုင်းပါပဲ။ ကဗျာရှည်ရင် နံရံထဲမှာစိုးရိမ်ရလို့ ရသအလင်းအဖွဲ့သားတွေက ဥက္ကဌ အတွက် ပြေးဆွဲဖို့ အသင့် အနေအထား ဖြစ်နေပါတယ်။ ကဗျာရွတ်သွားတာ အရမ်းကို ကောင်းပါတယ်။

ပြီးတော့ ကျနော့် သူငယ်ချင်း အရင်းခေါက်ခေါက်ဖြစ်တဲ့ ကိုလင်းလင်းဇော် အလှည့်ပါ။ လူစီ ရဲ့  လက်ဆောင် ဆိုတဲ့ ကဗျာကိုရွတ်ပါတယ်။ သူငယ်ချင်းရွတ်သွားတာ အရမ်းကောင်းပါတယ်။ မျက်စိမှိတ်ပြီး ပြောပါတယ်။ ကိုယ့်ငချဉ်ကိုယ်မှ မချဉ်ရင် သူများလဲ စားမှာ မဟုတ်ပါဘူး။ ပြီးတာနဲ့ ဘယ်သူမှ လက်ခုတ်မတီးခင် ကိုယ် တီးပါတယ်။ မြန်မြန်ပြီးသွားလို့......လို့ တော့ မထင်လိုက်ပါနဲ့။

ပြီးတော့ မချစ်က သူမရဲ့ ကိုယ်တိုင် ခံစား ရေးဖွဲ့ထားတဲ့ ချစ်ခြင်းနဲ့ မျောလွင့် အတူ ဆိုတဲ့ ကဗျာကို အသံလေးအေးအေးနွဲ့ နွဲ့လေးနဲ့ ရွတ်တာ နားထောင်လို့ကောင်းပါတယ်။ (ခုအခါလဲ ပေါက်တူးလုပ်ပြန်ပြီး)။ ဘေးမှာ ထိုင်နေတဲ့ မချစ်ရဲ့ ကိုကို ကို လှမ်းကြည့်လိုက်တော့လဲ ချစ် ရွတ်နေတာကို ကြည်နူးစွာ ပြုံးပြီး နားထောင်နေတာကို တွေ့ရတယ်။ အဲဒီအချိန် ဘာသတိရလဲ ဆိုတော့ ရီဟာဆယ်ညက မချစ်ကိုကို ကိုယ်တိုင်စပ်ပြီးရွတ်ပြတဲ့ ကဗျာပါပဲ....။ ချစ်သူက ဘာ..တုံး.. ဆိုလဲ မသိပါဘူး။ သိချင်ရင် မချစ်ကိုမေးကြပါ။

 ပြီးတော့ အမြင့်လို့ ခေါ်တဲ့ ကိုမိုးမြင့်တိမ် အလှည့်ပါပဲ။ ဖာစီယာ ဆိုတဲ့ ကဗျာကို ရွတ်သွားပါတယ်။ ကဗျာရွတ်သွားတဲ့ထဲမှာ အမြင့် အကောင်းဆုံးပဲ။ အသံလဲကောင်း ကဗျာကလဲ ကောင်း ရုပ်ကလဲ ချော ဆိုတော့ သူ့ကိုငေးရင်း ကဗျာမှာ မျောသွားတယ်။ တခုပဲ စိတ်ကွက်စရာ... ကဗျာမှာ ခံစား.. အမြင့်ကို ကြည့်နေရင်း မျက်ခုံးနားပေါ်က ပေါက်နေတဲ့ ၀က်ခြံဖုကြီးကို ညှစ်ထုတ်ပြစ်ချင်တဲ့ စိတ်.. သနပ်ခါးလေးတို့ပြီး ဖုံးပေးချင်တဲ့ စိတ် ကလေးက တဖွားဖွား ပေါ်ပေါ်လာတယ်။ သြော်... လူကနေပေမယ့် စိတ်က မနေပုံများ.... ။ ကံကောင်းသွားတယ် မှတ်ပါ ကိုမိုးမြင့်တိမ်...။

ကဗျာရွတ်ပွဲ ပထမပိုင်းပြီးတော့ ကိုဇော်ဇော်ထွန်းရဲ့  အနုပညာ ခံစားမှု ပြောင်းလဲ လာပုံတွေကို ရှင်းပြပါတယ်။ အီးလို ပြောသွားပါတယ်။ နှာခေါင်းမပိတ်ပါနဲ့။ အင်္ဂလိပ်လို ပြောတာပါ။ ကဗျာတွေကို အင်္ဂလိပ်လို ဘာသာပြန်ပြီး မကြာခင် စာအုပ်ထုတ်တော့မှာပါ။ ဂုဏ်ယူစရာပါ။ စကာင်္ပူက မလောက်လေး မလောက်စား လဲလား ပြောတတ်တဲ့ စကာင်္ပူ အထီး အမတွေကို ခေါ်ပြချင်ပါတယ်။ (ဒါလဲ လိပ်မျိုးပါပဲ)။
 
ပြီးတော့ ကိုသည်မော်နိုင်ရဲ့  ဇာတ်လမ်းတို တပုဒ်ပြအပြီးမှာ ရသအလင်း အကြောင်းနဲ့ လှူ တန်းခဲ့တဲ့ စာရေးဆရာ ၊ ဆရာမ အနုပညာရှင်တွေကို ဆလိုက်ရှိုးနဲ့ ပြပါတယ်။ ဓာတ်ပုံတွေကို ကြည့်ပြီး အနုပညာသည်တွေ ခံစားနေရတဲ့ ဝေဒနာတွေကို သနားမိသလို ၊ ဒီလို အနုပညာသမားတွေကို တတ်နိုင်သမျှထောက်ပံ့မှု ပြုနေတဲ့ ရသအလင်းက အကိုတွေ အမတွေကို တအားလေးစားပါတယ်။ အဲဒီမှာ ပြတဲ့ ဆလိုက်ရှိုးက ပိုပြီး တတပ် တအား ပါဝင်ချင်စိတ် တွေ ဖြစ်စေပါတယ်။ ဂုဏ်ယူပါတယ်။

၁၅ မိနစ်ကြာ ပထမပိုင်းပြီးတော့ ဒုတိယပိုင်း အစီအစဉ်ကို စပါတယ်။ ဒီဇိုင်းနာ ကိုမိုးကြယ်က ရသအလင်း (၆) လပြည့်အတွက် ပန်းချီကားတချပ်လက်ဆောင်ပေးပါတယ်။ အရမ်းသဘောကျပါတယ်။ ကိုယ်မလုပ်နိုင်တဲ့ အရာ တခြားလူလုပ်တတ်ရင် သဘောကျတာ အကျင့်ပါနေလို့ သဘောကျပါတယ်။ ကိုမိုးကြယ် ဒီဇိုင်းတွေက လက်ရာ ကောင်းပါတယ်။ ကောင်မလေးတွေအတွက်ဆို စိတ်စေတနာ ရှေ့ထားပြီး ဒီဇိုင်းဆွဲပေးကြောင်းလဲ သိရပါတယ်။ (ကြော်ငြာပါ)။

ပြီးတော့ ကိုဘုန်းမြတ်ကျော်ရဲ့  ကိုယ်တိုင်ရေးကဗျာ အမေ ဆိုတဲ့ ကဗျာလေးနဲ့ စပါတယ်။ ကဗျာလေးက ကောင်းတော့ ကိုယ့်အမေကိုယ် အရမ်းသတိရမိပါတယ်။ ကိုယ့်အမေကို သတိရလို့ ဈာန်ဝင်နေတုန်း.. ဟိုသွားဒီသွားနဲ့ ကိုဟိန်းထိုက်ဈာန် တယောက် အလုပ်ရှုပ်နေပါတယ်။ မေးကြည့်တော့မှ အတွင်းခံဘောင်းဘီ ပျောက်လို့တဲ့။

ပြီးတော့ မကြာခင် စွံတော့မယ်လို့ သတင်း သဲ့သဲ့ ထွက်နေတဲ့ (သားမပြောဘူးနော်... သူများဆီက ကြားတာ) ကိုလင်းဒီပက ညီအကို မောင်နှမများ ကဗျာကို ရွတ်ပါတယ်။ လက်ရှိ ဖြစ်ပျက်နေတဲ့  နိုင်ငံခြားရောက်နေ သူတွေ အတွက်ကဗျာပါပဲ။ ကိုဒီပဆီက စားရပါစေ။

နောက်တယောက်က အသားဖြူဖြူ ချောချော သန့်သန့် အိမ်မက်ရှင်က ကိုယ်တိုင်ရေး ကဗျာတစ်ပုဒ်ဖြစ်တဲ့ ငါနေတဲ့ မြို့ ဆိုတဲ့ ကဗျာကို ရွတ်ပြန်တယ်။ အိမ်က ညီတွေ တကြောင်းစ နှစ်ကြောင်းစ မှတ်မိနေတဲ့ထိ ကဗျာက ကောင်းပါတယ်။ (ဒါလဲ ပေါက်တူးပါပဲ)။ အဲဒီနောက် ကိုကျော်ဇောခိုင်ရဲ့  ကဗျာအတွေးကိုပေးသော တခြားကဗျာများ ဆိုတဲ့ ဆောင်းပါး ကဗျာ တစ်ပုစ်ကိုရွတ်ပါတယ်။ ရွတ်ရင်းနဲ့ ဈာန်ဝင်လာတာ နားထောင် လို့ ကောင်းပါတယ်။ အဲဒီအချိန် ကိုဟိန်းထိုက်ဈာန်က ဘေးနားထိုင်နေတဲ့ အမဆီ လာပြီး အတင်းစာရွက် လာလှန်ပါတယ်။ ဘေးက အမက အကြောက်အကန် ငြင်းရှာပါတယ်။ ကိုဟိန်းတယောက် ပျာနေပါတယ်။ အတွင်းခံဘောင်းဘီ ဘယ်သူ့ဆီ မှားပါသွားလဲ မသိဘူး တဲ့။

အဲဒီအချိန် လီလီ ဘီယာ တက်ငှဲ့ ပါတယ်။ ကိုယ်အမ မဒါက လီလီဆိုတဲ့ ကဗျာကို ရွတ်တာ ကိုယ်တိုင်လီလီနဲ့ ထိုင်ပြီး ဘီယာသောက်ချင်တဲ့ စိတ်ဖြစ်တဲ့ အထိပါပဲ။ လီလီ ဘီယာငှဲ့ သွားပါတယ်။ အရမ်းကောင်းတဲ့ ကဗျာလေးပါလီလီ.. အဲလေ.. အမအိန္ဒြာ...

ကိုဟိန်းထိုက်ဈာန်အလှည့်ရောက်ပါပြီး။ အတွင်းခံဘောင်းဘီ နောက်ဆုံး ရှာမရတဲ့ အဆုံး ပရိတ်သတ်ရှေ့ မှာ အတွင်းခံ ဘောင်းဘီ ပျောက်သွားတဲ့ အကြောင်းတရားဝင် ကြေငြာတော့ ပရိတ်သတ်တွေက တ၀ါးဝါးပွဲ ကျပေါ့..။ အတွင်းခံဘောင်းဘီ ဆိုတာက ကဗျာပါ။ အင်္ဂလိပ်ကဗျာဆရာတယောက်ရေးထားတာကို ကိုဇော်ဇော်ထွန်းက မြန်မာလို ဘာသာပြန်ထားတာ.. ။ အရမ်းကို လေးနက်တယ်။ ဘာသာပြန်တော်တယ်။ အတွင်းခံစာရွက်ပျောက်လို့ ပရောဂျက်တာနဲ့ ထိုးပြီး ကိုဟိန်းတယောက်ကဗျာ ဖတ်တော့မှ ပရောဂျက်တာမှာ ပေါ်တဲ့ ကဗျာကို ဖတ်.. အတွေးတွေနယ်ချဲ့  ရင် တဟားဟား တ၀ါးဝါးနဲ့ ပွဲ စည်ခဲ့ပါတယ်။ အတွင်းခံဘောင်းဘီ မှားပါသွားတဲ့သူကို ကျေးဇူးတင်ပါတယ်။ အတွင်းခံဘောင်းဘီကို တမင်များ ဖျောက်ပြီး နည်းသစ်ကဗျာ ဖတ်နည်းကို ထွင်ခဲ့တဲ့ ကိုဟိန်းထိုက်ဈာန်ကိုလဲ ကျေးဇူးတင်ပါတယ်။ ပွဲ ကြည့်ပရိတ်သတ်များ အရမ်းသဘောကျခဲ့တဲ့ နောက်ဆုံးပိတ် အိတ်နဲ့ လွယ်ခဲ့တဲ့ ကဗျာလေးပါ။

နောက်ဆုံးမှာ ကိုသည်မော်နိုင်ရဲ့  ရင်နစ်စရာ ဖြစ်ရပ်မှန် နာဂစ်စ်Documentary ကို တစ်နာရီခွဲ ကြာအောင် ကြည့်ပါတယ်။ ကြည့်သူတိုင်း သနားစိတ်တွေ နဲ့ စုပ်တသပ်သပ်... မျက်ရည်စ လည်လည်နဲ့ ကြည့်ခဲ့ရပါတယ်။ အရမ်းကောင်းတဲ့ ဒေါ့ကူမန်ထရီလေးပါ။ ပြီးသွားတော့ ပွဲသိမ်းစကားပြောမယ့် မချစ်တောင် ရင်ထဲမှာ စို့ပြီး ဘာမှ မပြောနိုင်ဖြစ်ခဲ့လို့ စိတ်မကောင်း ဖြစ်နေပါသေးတယ်။ နောက်တခါက မချစ် အတွက် (၅)မိနစ်စာ ပိုပေးပါ။ မချစ် မတင်လိုက်ရတဲ့ ကျေးဇူးတင်စကား နောက်တပွဲမှာ ပေါင်းပြောပါမယ်။

ဘာဖြစ်ဖြစ်ရသအလင်းရဲ့  ခြောက်လပြည့် မွေးနေ့ ညလေးက ရသပေါင်းစုံကိုပေးပါတယ်။ ဗဟုသုတလဲ ရပါတယ်။ ပျော်စရာ ကြည်နူးစရာလဲ ကောင်းပါတယ်။ ကိုယ့်အမတွေ အကိုတွေရဲ့  ပွဲ ဖြစ်သွားတဲ့ ပီတိ အပြုံးတွေကို မြင်တော့ ကြည်နူးရပါတယ်။

တကယ်ကို မွန်မြတ်သန့်စင်တဲ့ စေတနာတွေပါ။ သူများနိုင်ငံမှာ ကိုယ့်မိသားစု အတွက် ရုန်းကန်နေရပေမယ့် ရတဲ့ အချိန်လေးမှာ ရှိတဲ့ ချွေးနည်းစာလေးနဲ့ ဒီအဖွဲ့ကို ဖွဲ့စည်းပြီး တကယ်လိုအပ်တဲ့ အနုပညာရှင်တွေကို ပင်ပင်ပန်းပန်း အားကြိုးမာန်တက် ကူညီလုပ်ဆောင်နေတာ တွေ့ရတော့ အားကျတယ်။ လေးစားမိတယ်။ အနုပညာ ၀ါသနာပါသူတွေအနေနဲ့ ကိုယ်မှာ ရှိတဲ့ ပိုက်ဆံလေး နည်းနည်းနဲ့ ကိုယ် ချစ်မြတ်နိုးတဲ့ အနုပညာရှင်တွေရဲ့  ကျန်းမာရေး အညံ့ချိန်တွေမှာ ကူညီခွင့်ရတာ ကျေနပ်ကြည်နူးစရာကောင်းလှပါတယ်။ ကိုယ့် တတ်နိုင်တဲ့ ပိုက်ဆံလေးနဲ့ ပေးလိုက်ရတဲ့ အချိန်၊ တဖက်သားက တအားလိုအပ်နေတဲ့ အချိန်မှာ ကူညီခွင့်ရတာ အရမ်းကို ပီတိဖြစ် ကုသိုလ်ရတဲ့ အလုပ်တခုပါ။

"အနုပညာရှင်ကို သူ့ အနုပညာက စောင့်ရှောက်တယ်"တဲ့။ ရသအလင်းရဲ့ ဆောင်ပုဒ်လေးပါ။

ကိုယ်စောင့်ရှောက်နိုင်တဲ့ ငွေကြေးနဲ့ တကယ်တန်ဖိုးမဖြတ်နိုင်တဲ့ အနုပညာရှင်တွေရဲ့  အသက်ကို ဆက်ပေးရင်း.. အနုပညာကို အသက်ပြန်သွင်းရင်း.. အနုပညာ ကုသိုလ်ယူကြပါလို့ တိုက်တွန်းပါတယ်။

ရသအလင်းကို တကယ့် စိတ်ရင်း စေတနာနဲ့ ဖွဲ့စည်းထားတဲ့ ညီအကို မောင်နှမများကိုလဲ အထူး ချစ်ခင်လေးစား အားကျပါတယ်။ ရသအလင်း ဖောင်ဒေးရှင်း အဓွန့် ရှည်တည်တံ့ပါစေ။ အနုပညာကို လက်ဆင့်ကမ်းရင်း အနုပညာရှင်တွေကို အသက်ဆက် မှော်သွင်းနိုင်ပါစေ။





"ရသအလင်းဖောင်ဒေးရှင်း ထာဝစဉ် အဓွန့်ရှည်ပါစေ"

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်



အရင်က ရသအလင်းအတွက် ကျွန်မ ရေးခဲ့ဖူးတဲ့ ပြိုင်တူတွန်းလျင်...ဆိုတဲ့ ပိုစ့်လေးပါ....


ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...