Monday, October 10, 2011

မိခင်ဧရာဝတီအတွက် စာပေဟောပြောပွဲ

ကျွန်မတို့ အားလုံး မြတ်နိုးကြတဲ့ "ဧရာဝတီ"၊ ဘိုးဘွားပိုင်စစ်စစ် မြစ်တစ်စင်း၊ သမိုင်းအဆက်ဆက် လူသားတွေရဲ့အကျိုး သယ်ပိုးခဲ့တဲ့ "ဧရာဝတီ"၊ မြစ်ကြီးနားမြို့ရဲ့ မြောက်ဘက် ၂၈မိုင်အကွာ မေခ (အင်မိုင်ခ)နဲ့ မလိခတို့ ပေါင်းဆုံရာ မြစ်ဆုံအလှ၊ အဲဒီအလှ တစ်ခုတည်းနဲ့တင် နိုင်ငံကျက်သရေ တစ်ပါးဖြစ် တဲ့ "ဧရာဝတီ"၊ ကီလိုမီတာ ၁၅၅၀ အလျားရှည်တဲ့ မြန်မာ တစ်မျိုးသားလုံးပိုင် "ဧရာဝတီ"၊ အခမ်းနား ဆုံးသော သက်ရှိသမိုင်းတစ်စောင် မိခင် "ဧရာဝတီ"...

အားလုံး သိပြီးကြတဲ့အတိုင်း ဧရာဝတီမြစ်ကြီးရဲ့ မွေးဖွားရာအစဖြစ်တဲ့ မြစ်ဆုံမှာ ဆောက်လုပ်မဲ့ ရေကာတာ တည်ဆောက်မှု စီမံကိန်းကြီးဟာ ကျွန်မတို့ နိုင်ငံသားအားလုံးအတွက် သွေးပျက်စရာ အိပ်မက်ဆိုးကြီးတစ်ခုပဲ မဟုတ်ပါလားရှင်။ ဘယ်လိုကြောင့်ပဲဖြစ်စေ ဧရာဝတီကို လုံးဝ အဆုံးအရှုံး မခံနိုင်တာဟာ မြန်မာနိုင်ငံသား အားလုံးရဲ့ ဆန္ဒပါ။ ပြီးတော့ ဆရာသစ္စာနီ ပြောခဲ့သလို ခုချိန်မှာ "ဧရာဝတီအရေးဟာ အားလုံးရဲ့အရေး" ပါပဲ။

အဲသလို အားလုံးရဲ့အရေး ဖြစ်တာနဲ့အညီ ပြည်တွင်းပြည်ပက ဧရာဝတီကို ချစ်မက်မြတ်နိုးသူ နိုင်ငံသားတိုင်း ရဲ့ နှလုံးသားထဲက အသံတွေဟာ ချင်းချင်းနီလို့၊ အယူအဆ အတွေးအခေါ်တွေ မတူကွဲပြားကြလို့ တစ်လမ်း စီလျှောက်နေကြ သူတွေတောင် ပြန်လည် လက်ချင်းတွဲ မြဲကြလို့...။ အမိဧရာဝတီဟာ "ငြိမ်းချမ်းရေးရဲ့ တမန်တော်" ဖြစ်လို့သွားပြန်တယ်။ ကြည်နူးစရာ....။

အားလုံးရဲ့ ညီညွတ်မှုကြောင့် ရခဲ့တဲ့ ရလာဒ်တစ်ခုဖြစ်တဲ့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ရဲ့
"မြစ်ဆုံရေကာတာစီမံကိန်း တည်ဆောက်မှုကို မိမိတို့ အစိုးရလက်ထက်မှာ ရပ်ဆိုင်းထားမယ်" ဆိုတဲ့ သတင်း ထုတ်ပြန်မှု။ ဧရာဝတီချစ်သူအားလုံးရဲ့ မျက်နှာမှာ အပြုံးတွေ ဝေစည်စေခဲ့တဲ့ အဖြစ်ရယ်။ သမ္မတကြီးရဲ့ နှုတ်စကား ကတိကဝတ်ကို ကျွန်မတို့အားလုံး တန်ဘိုးထားပါတယ်။ ရှေ့ဆက်ပြီးတော့လည်း လုံးဝ ရပ်ဆိုင်းသွားဖို့ မျှော်လင့်ရပါတယ်။ ဒီနေရာမှာ မျှော်လင့်နေရုံနဲ့ မပြီးသေးဘဲ လုပ်စရာရှိတာတွေ လက်တွေ့ လုပ်ဆောင်ဖို့ လိုအပ်နေပါသေးတယ်။

ကျွန်မအပါအဝင် အများစုဟာ အရင်က ဧရာဝတီ သက်ဆိုးရှည်ရေး၊ ဧရာဝတီ ကျန်းမာသန်စွမ်းစေရေး အတွက် ဘာမှ လုပ်မပေးနိုင်ခဲ့ကြဘူး။ လုပ်ရကောင်းမှန်းလည်း နားမလည်ခဲ့ကြဘူးလေ။ ခုချိန်မှာတော့ သိသင့်သလောက် သိခဲ့ကြရပြီ။ အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နားလည်သူတွေ၊ ရေစီးရေလာကောင်းမွန်ဖို့ မြစ်ကြောင်း ထိန်းသိမ်းရေး တတ်သိ နားလည် သူတွေ၊ မြစ်ကြောင်းထဲမှာ ရှင်သန်ပေါက်ပွားနေတဲ့ ဇီဝမျိုးကွဲတွေ အကြောင်း နားလည်သူတွေ အို..... အများကြီး ပါပဲလေ။ မြစ်ကြီးတစ်စင်းဟာ လူသားတွေအပေါ်အကျိုးပြုသလို လူသားတွေဟာလည်း မြစ်ကြီး ရဲ့ ကျေးဇူးကို နားလည်ချစ်ခင်စွာ မြစ်ကို ပြန်လည်စောင့်ရှောက်ခြင်းဟာ မင်္ဂလာတစ်ပါးပဲ မဟုတ်ပါလား ရှင်။  ကျွန်မတို့မှာ ဧရာဝတီအတွက် ရှေ့ဆက်လုပ်ကြဖို့ လုပ်ငန်းစဉ်တွေ အများကြီး ရှိနေပါသေးတယ်။

ဆိုရရင် မြစ်ကို ချစ်မက်စွာ စောင့်ရှောက်လိုသူတိုင်းဟာ အဲဒီမြစ်ကြီးနဲ့ ပတ်သက်သမျှကိုတော့ သိထားသင့် တာပေါ့ရှင်။ အဲဒီကွက်လပ်ကလေးကို ဖြည့်စွမ်းဖို့၊ ဧရာဝတီချစ်သူအားလုံးကို မြစ်တွေနဲ့၊ ဧရာဝတီနဲ့ ပတ်သက်သမျှ သုတ ရသ အဖုံဖုံကို ပြောကြား ဟောပြောပေးဖို့ စာပေဟောပြောပွဲလေး တစ်ပွဲ မကြာခင် နားထောင်ကြရပါတော့မယ်။ စင်္ကာပူနိုင်ငံက ဧရာဝတီကို ချစ်မြတ်နိုးသူများ လက်ချင်းယှက်လို့ ဖွဲ့စည်းထားတဲ့ “ဧရာဝတီကို ထာဝရရှင်သန်စေလိုသူများ (စင်္ကာပူ)”  အဖွဲ့ရဲ့ ဦးဆောင်စီစဉ်မှုနဲ့ အကောင်အထည်ပေါ်လာတော့မဲ့ ပွဲလေးတစ်ပွဲပါ။



ဆရာအော်ပီကျယ်က “ကူ၍တွန်းပေးပါ”၊ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)က “ကျွန်တော်နှင့် ကျွန်တော်၏ မြစ်”၊ ဆရာမြင့်မောင်ကျော်က “ဧရာဝတီရဲ့ ဝိညာဉ်” နဲ့ ဆရာဦးထွန်းလွင်က “အိမ်နီးချင်းမှ မြစ်ကောများ” ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ဟောပြောကြမှာဖြစ်ပါတယ်။

ဧရာဝတီအတွက် စာပေဟောပြောပွဲကျင်းပမဲ့ အသေးစိတ် အစီအစဉ်ကတော့....
နေ့ရက် : ၂၆-၁၀-၁၁ ဗုဒ္ဓဟူးနေ့ (ဒေပါဗါလီ ရုံးပိတ်ရက်)
အချိန်   : နေ့လည် ၂နာရီမှ ညနေ ၈နာရီခွဲ အထိ
နေရာ   : FooChow Building,  21 Tyrwhitt Road (Lavender MRT အနီး)
ညနေစာ : ဒန်ပေါက်ထမင်း

လက်မှတ်တွေကို S$၁၀၊ S$၁၅၊ S$၂၀ နှုန်းတွေနဲ့ ဝယ်ယူနိုင်ပြီး ရောင်းချပေးမဲ့ နေရာတွေက ပန်နီစူလာမှာ ရှိတဲ့....
ရနံ့သစ် မြန်မာစားသောက်ဆိုင်
LEO International  (#03-60) နဲ့
လမ်းပြကြယ် စာကြည့်တိုက် (#04-09) တို့ပါပဲ။
လက်မှတ်တွေကိုတော့ ၉ရက်နေ့ (တနင်္ဂနွေ)မှာ စတင်ရောင်းချမှာဖြစ်ပြီး၊ လက်မှတ်ရောင်းဌာနတွေမှာ လက်မှတ်ကူရောင်းပေးဖို့ အချိန်ရော လူပါ လုပ်အားပေးနိုင်မဲ့ လူငယ်တွေကိုလည်း ကြိုဆိုပါတယ်ရှင်။ 

အသေးစိတ်သိချင်ရင်တော့
မအိ-91682037
ကိုရဲမျိုး-93853167
ကိုအောင်ခိုင်ဇော်-85523466
ကိုကျော်ဇင်-90042156 တို့ဆီ ဆက်သွယ် မေးမြန်းနိုင်ကြပါတယ်။

ဒါ့အပြင် ပွဲကရတဲ့ငွေအားလုံးကိုလည်း “ဧရာဝတီမြစ်ကြောင်း ပြန်လည်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ကဏ္ဍများ”အတွက် လှူဦးမှာဆိုတော့ အင်မတန် ရည်ရွယ်ချက်ကောင်းတဲ့ ပွဲကလေး လည်း ဖြစ်သေးရဲ့။ ကျွန်မဖြင့် သွားကိုသွားရမဲ့ပွဲလို့ စိတ်ထဲ တေးထားမိပါတယ်။ မိတ်ဆွေများ အားလုံးလည်း ပြက္ခဒိန်မှာ မင်နီကလေးနဲ့ မမေ့မလျော့ ရေးခြစ်ထားလိုက် ကြပါဦးလေ။

အားလုံးချစ်တဲ့ ဧရာဝတီအတွက် နှလုံးသားချင်း ဝတ်မှုန်ကူးမဲ့ ပွဲ၊ ရင်ဘတ်တွေချင်း တံတား ထိုးချိတ်ဆက်မဲ့ ပွဲလေးတစ်ပွဲ ဖြစ်တာမို့ အဲဒီနေ့လေးမှာ မပျက်မကွက် ဆုံတွေ့ကြပါစို့လားရှင်....


16 comments:

  1. အစ်မချစ်ရေ....
    ကောင်းလိုက်တာနော်..
    ဒီမှာတော့ ဧရာဝတီမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်ပြီဆိုတော့ တချို့ စာပေဟောပြောပွဲတွေ ခေတ္တရပ်ဆိုင်းကြတယ်ကြားရတယ်။ သေချာပေါက်သွားပြီး အတွေ့အကြုံလေးတွေ မျှဝေပါဦးနော်...။

    ReplyDelete
  2. သေချာတာပေါ့ မြသွေးရယ်၊ သွားဦးမှာ...။ အတွေ့အကြုံတွေလည်း ပြန်လည် ဝေမျှဦးမှာပါ စိတ်ချ ညီမရေ...:)

    ReplyDelete
  3. မမ
    အဲဒီပွဲကိုလာချင်တယ်....
    ဒူဘိုင်းမှာလဲ အောက်တိုဘာ ၂၈ မှာ ညီမတို့ စီစဉ်နေတဲ့ ပွဲတစ်ပွဲရှိနေလို့ စိတ်တောင်မကောင်းဘူး ချစ်မမရေ....
    မမဆီစာပို့ချင်လို့...
    မမရဲ့ အီးမေးလ်လေးရှိရင် သိချင်ပါတယ်...
    ညီမရဲ့ မေးလ်က mysterysnow@gmail.com ပါ။

    ညီမ နှင်းနဲ့မာယာ

    ReplyDelete
  4. မိုက်တယ်ကွ...ခွေထွက်ရင် ၀ယ်နားထောင်ရမယ်...။

    ReplyDelete
  5. မမချစ်လာမှာလား ဒိုးကန် အားရင်လစ်လာခဲ့မယ်း)

    ReplyDelete
  6. လာချင်လိုက်တာ :(

    ReplyDelete
  7. ဟောပြောပွဲလေး တက်နိုင်အောင် ကြိုးစားလိုက်အုံးမယ်။ မချစ်တို့ မဒိုးကမ်တို့ တီတင့်ကို မုန့်ကျွေးမယ်ဆိုရင်ပေါ့း))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. ညီမနှင်းရေ...အမ မေးလ်ပို့ထားပါတယ်နော်...
    ညီမမိုးငွေ့ အင်း...ခွေထွက်ရင် ဝယ်ထားပေးမယ်...
    ဒိုးကန် လာပါမယ်လို့ ဆိုနေတဲ့ဟာ...
    ညီမရိုစ့် လာချင်ရင် လာသာလာခဲ့...
    တီတင့်...ဟာ ရတာပေါ့ ကြိုက်တာသာစား...လူသာလာခဲ့...:)

    ReplyDelete
  9. ဒီလိုပွဲမျိုးက ကြုံတောင့်ကြုံခဲ ဆိုတော့ လက်မှတ်ပြေးဝယ်ထားလိုက်မယ် အစ်မချစ်...
    ဟောပြောပွဲနေ့ ကျမှ တွေ့ ကြတာပေါ့...

    ReplyDelete
  10. ဒီနေ့တော့ မြစ်ဆုံစီမံကိန်းဆက်လုပ်မယ်ဆိုတဲ့ သတင်းထွက်လာပြန်ပြီ
    တကယ်သာဆိုရင်တော့ စိတ်မကောင်းစရာဘဲနော်
    ပေါက်ဖော်ကြီးတို့ သေဆိုသေ
    ရှင်ဆိုရှင် နေလာခဲ့တော့လည်း မလွန်ဆန်ရဲတော့ဘူးထင်ပါရဲ့ အစ်မရယ်

    ReplyDelete
  11. မကြီးချစ်
    ဟောပြောပွဲသွားပြီးရင် ပိုစ့်တင်ပေးပါဦးနော်

    ReplyDelete
  12. အွန်လိုင်းပေါ် ရောက်လာမှဘဲ နားထောင်ဖြစ်တော့မယ်ထင်တယ်။ လတ်လတ်ဆတ်ဆတ် လာရောက်ပြီး နားထောင်ချင်နေတာ။

    ခင်မင်လျှက်

    ReplyDelete
  13. တွေ့မယ်နော် မမးD

    ReplyDelete
  14. သိပ်ကောင်းတဲ့ အစီအစဉ်ပါ။ မြန်မာလူမျိုးတိုင်း သွားသင့်တဲ့ ပွဲမျိုးပါ။ ဧရာဝတီဆိုတာ မြန်မာတနိင်ငံလုံးရဲ့ နှလုံးသွေးနဲ့ စီးဆင်းနေတာပဲ မဟုတ်လား။

    ReplyDelete
  15. အစီအစဉ်ကို ထောက်ခံတယ်ဗျာ၊ ကျနော့် ဖေ့စ်ဘွတ်မှာ မနေ့က တင်ထားတယ်၊ ဒီပွဲမှာ ၀င်ကြေး ဖရီး ... ဒန်ပေါက် ကြိုက်သလောက် အခမဲ့ ကျွေးတယ်လို့ ....း)

    ReplyDelete
  16. ကျေနပ်တယ်
    အားလုံးစိတ်ဝင်တစားရှိကြပြီး ညီညွတ်ကြလို့


    မောင်ဘကြိုင်

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...