Wednesday, September 28, 2011

စိနတိုင်းသွားတောလား-၁

ဒီရက်ပိုင်းမှာ ကေအယ်လ် ၂ရက်၊ တရုတ်ပြည် ၈ရက် ပေါင်း ၁၀ရက် ခရီးဆက်တိုက်သွားဖြစ်လိုက်တော့ ဘလော့ဂ်နဲ့ ဝေးသွားတယ်။ မသွားခင်တုန်းကလည်း လိုအပ်တာတွေ စီစဉ် ဝယ်ခြမ်းရနဲ့ ဘလော့ဂ်နဲ့ဝေး ဆိုတော့ အတော်ကြာ ပျောက်သွားတယ်။ မဖြစ်မနေ Scheduleနဲ့ တင်ခဲ့တဲ့ ဧရာဝတီပို့စ်အတိုလေး အပြေးအလွှားတင်ခဲ့တာပဲ ရှိတယ်။ ခု ပြန်လာပါပြီ။ ပင်ပန်းနေပေမဲ့ စာရေးချင်နေတာနဲ့ ရေးလိုက် တာ။  ကေအယ်လ်ခရီးကတော့ စားသောက် ဈေးဝယ်လောက်ပါပဲ။ အဲ...APTက လုပ်တဲ့ ဆံပင်မိတ်ကပ် ရှိုးလေးတစ်ခုကို ကြုံတုန်း ဓါတ်ပုံရိုက်ခဲ့တာပဲ ရှိတယ်။ အဲဒါလေးတော့ နောက်မှ ကြားဖြတ်တင်ပါ့မယ်။ 

ခုတော့ တရုတ်ပြည်ပြန် အတွေ့အကြုံတွေ ပူပူနွေးနွေး ရေးချင်သေးတယ်။ အန်တီ-တရုတ်ပြည်အုပ်စုတွေ ခဲနဲ့လာထုမှာလည်း ကြောက်ရသေး။ သို့သော် ကျွန်မရေးချင်တာက ခရီးသွားအတွေ့အကြုံအပြင် သူတို့ရဲ့ ဒူးအော်ဒိုင်း-Do or Die စိတ်ဓါတ်လေးတွေကို သဘောကျမိတာကြောင့်ပါ။ ဘာကိုမှ မငဲ့ဘဲ ငွေရရင် ဘာမဆိုလုပ်တဲ့ စိတ်ဓါတ်ကိုတော့ မကြိုက်ပါဘူး။ ဒါပေမဲ့ တွေ့ခဲ့ရတဲ့ လူတန်းစား ၂ရပ် ကွာဟချက်တွေ ကတော့ မြင်ရုံနဲ့ သိသာစေပါတယ်။

တောနေ တရုတ်လူတန်းစားက အပေါ်ယံ အေးခဲတဲ့ ရုပ်ရည်ရှိတယ်။ တစ်ယောက်မျက်နှာ တစ်ယောက်ရှေ့ ထားရင်း အိမ်ရှေ့နဲ့ နောက်ဖေးလို အော်ဟစ်ပြောတတ်ကြတယ်။ စိတ်ထဲက ရှိသလို ပြုမူတတ်တယ်။ လမ်းပေါ်မှာ ကိုယ့်ပုခုံးစွန်းကို တွန်းထိုးတိုက်သွားလို့များ ဆောရီး တခွန်းကြားရဖို့ မမျှော်လင့်ပါနဲ့။ သူတို့က သတိတောင် ထားမိချင်မှ ထားမိလိမ့်မယ်။ အရိုင်းဆန်သလိုလို ထင်ရတယ်။ ဒါပေမဲ့ အဲဒါ သူတို့ နေတတ်သလို နေတာပဲ ဖြစ်တယ်။  မြန်မာပြည်မှာ ရန်ကုန်မြို့ကြီးကို မရောက်ဖူးတဲ့ တောရွာနေ လူတွေ ရှိနေသလိုပေါ့။ သူတို့ဆီမှာလည်း တရုတ်ပြည်မကြီးရဲ့ မြို့ကြီးတွေဖြစ်တဲ့ ဘေဂျင်းတို့၊ ရှန့်ဟိုင်တို့ကို မရောက်ဖူးကြသေးတဲ့ လူတွေ ရှိတယ်။

မြို့နေ တရုတ်တွေကတော့ ပညာတတ်များတယ်။ ပိုပြီး ယဉ်ကျေးဖွယ်သော စကားကို ဆိုတတ်တယ်။ အဝတ်အစားကိုလည်း အချိုးတကျ ဝတ်ဆင်တတ်တယ်။ တောနေ တရုတ်တွေလို စတိုင်လ်ဘောင်းဘီကို ရင်ဘတ်ပေါ်တက်မဝတ်ဘူး ဆိုပါတော့။ သတိထားမိတာတစ်ခုက တရုတ်မလေးတွေဟာ အဝတ်အစားကို သာ အလန်းစား ဝတ်စားထားတတ်ကြပေမဲ့ မျက်နှာကို မိတ်ကပ်မလူးဘဲ မျက်နှာအပြောင်နဲ့ နေတတ်ကြတာ ပါပဲ။

ခရီးတစ်ခုအတွက် လနဲ့ချီ ပြင်ဆင်တတ်တာမို့ တရုတ်ပြည်ခရီးအတွက်လည်း ခါတိုင်းလိုပဲ ကြိုတင်ပြင်ဆင် ခဲ့ပါတယ်။ ရာသီဥတုနဲ့ သင့်လျော်မဲ့ အဝတ်အထည်၊ လိုအပ်တဲ့ ဆေးဝါး၊ ပေါ့ပါးခိုင်ခန့်တဲ့ (အသစ်မဟုတ်ဘဲ စီးနေကျ) ဖိနပ်၊ ဦးထုပ်၊ နေကာမျက်မှန်၊ အစုံပါပဲ။ သွားမဲ့နေရာတွေကို အင်တာနက်ထဲမှာ ရှာဖတ် ရပါသေးတယ်။ ဒါတောင် ဒီက Travel Agent ပြောသလို ကော်ဖီထုပ်၊ ခေါက်ဆွဲထုတ်၊ ချီလီဆော့စ်တွေအထိ အသေးစိတ် ယူမသွား ခဲ့မိလို့ ဟိုရောက်မှ လွမ်းချင်သလိုလို ဖြစ်ရတယ်။ ကျွန်မတို့နေခဲ့တာက Local 4Star Hotel မို့လည်း ဖြစ်နိုင်ပါတယ်။

လမ်းဘေးစာလည်း တွေ့ကရာ မစားရဲဘူးကိုး။ ဘာဆီတွေ၊ ဘာအသားတွေနဲ့ ချက်ထားမှန်းမှ မသိတာ။ အပ်က စလို့ ဒုံးပျံအထိ အတုလုပ်နိုင်လွန်းကြသူများမို့ အစားအသောက်နဲ့ ပတ်သက်လို့ နဲနဲတော့ စိုးရိမ်မိတာအမှန်ပါပဲ။ တော်ကြာ ဘဲသားအတုတို့၊ ကြက်ဥအတုတို့ ဗိုက်ထဲသွင်းမိရင် မခက်ပါလား။ ဂိုက်ကိုယ်တိုင်ကလည်း အပြင်စာတွေ မစားကြဖို့ သတိပေးထားပါရဲ့။ သူတို့ကျွေးတဲ့ အစားအစာတွေနဲ့ ကိုယ်က အဆင်မပြေတာ လည်း ဖြစ်နိုင်ပါတယ်။

မနက်စာမှာ ကော်ဖီမပါပါဘူး။ ပေါက်စီကျွေးပေမဲ့ ချီလီဆော့စ်မပေးပါဘူး။ အစားအသောက် ကြေး မများဘူးလို့ ကိုယ့်ကိုယ်ကို ထင်ထားခဲ့တာ ၃ရက်လောက်အကြာမှာတော့ သူတို့အစားအသောက်အနံ့ရရင်ပဲ ပျို့တက်လာပါတော့တယ်။ တော်တော် စိတ်လေသွားပါတယ်။ မစားနိုင်ပါဘူး။ ပထမဦးဆုံးအကြိမ် ဟိုတယ်က မနက်စာတွေဟာ အဲဒီလောက် ကျွန်မကို ဒုက္ခပေးခဲ့တာ။ ကျွန်မတို့ အုပ်စုထဲက အမျှော်အမြင်ကြီးသူတစ်ချို့ကတော့ ညကတည်းက ပေါင်မုန့်၊ ငှက်ပျောသီး၊ ကွတ်ကီး အဲဒါတွေ ဝယ်ထားတတ်ပါတယ်။ International 4-Star Hotelဆိုရင်တော့ မနက်စာ မဆိုးလောက်ဘူး လို့ တွေးမိပါတယ်။

စတားဆိုလို့ မနှစ်က အီပို့-Ipoh (Malaysia) ဘက်မှာ မြန်မာဘုန်းကြီးကျောင်းကထိန်တစ်ခု သွားခဲ့တာ သတိရမိပါသေးတယ်။ မြန်မာတွေချည်းပဲ ဘတ်စ်တစီးနဲ့ သွားခဲ့တာပါ။ ကိုဧရာ မသီတာတို့ မိသားစုကြီး လည်းပါသပေါ့။ အဲဒီမှာ ဂိုက်က မလေးရှားတရုတ်လူမျိုးပါ။ အင်မတန်ပျော်ရွှင်တတ်ပြီး သဘောကောင်းပုံရပါတယ်။ ဟာသတွေ ပြောပြီးရင် သူဘာသာပဲ ဟားဟ လို့ ပီပီသသ အရင်ဆုံး ရယ်တတ်သူ။ သူရယ်တာကြည့်ပြီးမှ ကျွန်မတို့က လိုက်ရယ်ကြရတာ။  လမ်းမှာ ဟိုတယ်မရောက်ခင် ကားပေါ်က လူတွေက ခုတည်းမဲ့ဟိုတယ်က စတားဘယ်နှစ်လုံးလဲ မေးကြပါရော။ သူက ဘယ်လိုပြန်ဖြေတယ် မှတ်တုန်း။  "If you open the window and see the sky, many many stars" တဲ့လေ...ကျွန်မတို့မှာ ရယ်ကြရသေးတယ်။ ခုလည်း မန်းနီး မန်းနီးစတား မြင်ချင်ရင် ပြူတင်းပေါက် ဖွင့်ကြည့်ရမဲ့ပုံပါပဲ။

ဝယ်လာတဲ့ မုန့်လေးတွေပဲ အရင်ချကျွေးပါရစေ။ ဒါတွေကတော့ Tianjin-Food Street ဆိုင်ကြီးတွေက ဝယ်ခဲ့တာမို့ စိတ်ချရပါတယ်။


နောက်မှပဲ ရောက်ခဲ့တဲ့ နေရာတွေ၊ ရိုက်ခဲ့တဲ့ပုံတွေနဲ့ အသေအချာ ရေးတင်ပါမယ်။  ခုတော့ အထုတ်ဖြည်ဖို့ စောင့်နေတဲ့ သေတ္တာ၂လုံးက ဧည့်ခန်းထဲ စန့်စန့်ကြီးရယ်...


24 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဗျို့ သေတ္တာကြီး၂လုံးထဲမှာ ညီမအတွကိ လက်ဆောင်ပါလာတယ် မဟုတ်လား
ဒါကြောင့် စောစောစီးစီး လာတန်းစီပါတယ်း)
အကြာကြီးစောင့်ရမှာစိုးလို့ ထမင်းထုပ်လေးပါ ဆွဲခဲ့တယ်..
စိနတိုင်းရောက် အတွေ့အကြုံများကို ဆက်လက်စောင့်မျှော်လျှက်ပါ....
ဂရိတ်ဝေါကြီးကိုလည်း မျှော်နေကြောင်းးးး

မဒမ်ကိုး said...

ဒိုးကန်ဖို့ရောမပါလားမမရေ .ဒါကြောင့်ဒိုးကန်မွေးနေ့ကပျောက်နေတာကိုးးးးး ဆက်တင်ပါ ဆက်တင်ပါ
စောင့်နေမယ်

ညီမ
ဒိုးကန်

အပြုံးပန်း said...

Great wall ကြည့်ချင်လှပြီ။

mstint said...

မုန့်တွေပါတယ်ဆိုတော့ စာစောစီးစီးလာလည်မိလို့ တော်ပါသေးတယ်း)
ဗဟုသုတတွေဆက်ဖတ်ဘို့ မျှော်နေမယ် မချစ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Nyi Linn Thit said...

စိတ်ဝင်စားဖို့ကောင်းတဲ့ ပို့စ်တစ်ခုတော့ စပြီပေါ့လေ..၊း) CPI ရုံးရော.. လည်တဲ့အထဲမှာ ပါသေးလား? ရှေ့ဆက်မယ့် ဂီယာနံပါတ် ၂၊၃၊၄ ပို့စ်တွေကို မျှော်နေမယ်ဗျို့...။းD

ညိမ်းနိုင် said...

ဝိုးးးးးးးးးမိုက်ဒလယ်.....၊သေတ္တာကနှစ်လုံးကြီးများတောင်
လား....၊ကြည့်ရတာ စလုံးက ဘလော့ဂါတွေကို လက်
ဆောင်ပေးတော့မယ်နဲ့တူရဲ့......:)))
(ကိုညီလင်းသစ်မန့်သွားတာကိုသဘောကျတယ်၊ဟုတ်ပါ့
CPI ရုံးကိုဒါ့ပုံလေးတော့ရိုက်ခဲ့သင့်တယ်....:D

မိုးငွေ့...... said...

ဟဲ...ညီမလေးအတွက် မုန့်ပုံတွေအရင်တင်ပေးတယ် ချစ်မကြီး မွမွ....။

ချော(အစိမ်းရောင်လွင်ပြင်) said...

မကျေနပ်လို့ နောက်တစ်ခေါက်ပြန်လာမန့်တာ
“အပ်က စလို့ ဒုံးပျံအထိ အတုလုပ်နိုင်လွန်းကြသူများမို့” တဲ့ အဲဒီစကားလုံးလေး သဘောကျလို့း)
ကျုပ်တို့ရဲ့ ပေါက်ဖော်ကြီးတွေကိုများ ပြောသွားလိုက်တာ ဟွင်းဟွင်း.. လုံးဝကို မခံနိုင်ဘူး
သူတို့ဘဲခံပါစေ

blackroze said...

မကြီးချစ်..
အထုပ်ဖြေပြီးရင်ဆက်တွေ့ကြတာပေါ့
သေတ္တာနှစ်လုံးအဖွင့်ကိုစောင့်မျှော်နေပါသည်..

Nyi Linn Thit said...

ဟုတ်ပြီ၊ ဟုတ်ပြီ ဆိုပြီး အထုပ်ဖြည်တော့ တရုတ်ပြည် ကလာတဲ့ ပရုတ်ဆီတွေ ဖြစ်နေတာကိုး...အဟဲ၊းD

ဝေလင်း ( Вэй Линн) said...

စားမယ်...၀ါးမယ်..

သက်ဝေ said...

ဝယ်လာတဲ့ မုန့်တွေ ချန်ထားအုံးနော်... ဟွန့်... :D :D :D

အင်ကြင်းသန့် said...

ဗျို့ အဒေါ်ကြီး
ပြန်ရောက်နေပီပေါ့.... :)))

sonata-cantata said...

ဂရိတ်ဝေါပေါ်မှာ ရေးခဲ့တဲ့ စာတွေ တန်းစီတင်ပါ
ပုံ
စောင့်မျှော်နေသော ဆွေမျိုးပေါက်ဖော်များ

Shwe Zin Oo's Blog said...

အမချစ်
အိတ်ကြီးထဲက စန့်စန့်ကြီးတွေကို စိတ်ဝင်စားသွားတယ် အပိုင်း ဘယ်လောက်မှာ ဇာတ်သိမ်းမှာလဲဗျို့


ခင်တဲ့
seesein

မြသွေးနီ said...

ခရီးရောက်မဆိုက် ဘလော့ဂင်ပြီပေါ့ အစ်မချစ်ရေ...။
တရုပ်စာ ညည်းငွေ့လာတယ်ဆိုလို့ အံ့သြနေတယ်။ မြသွေးထင်ထားတာက တရုပ်စာက တော်တော်များများ ကြိုက်ကြတယ်လေနော်..။ ၀ယ်လာတဲ့ မုန့်တွေက သွားရည်ယိုချင်စရာ..။ တိုးဂိုက်ပြောတဲ့ many many stars လေးကို သဘောကျသွားတယ်။ ဘာပဲဖြစ်ဖြစ် တရုပ်မှာ ခြေရာချန်ခဲ့ဖြစ်သွားတာ အားကျတယ်။ အပိုင်း(၂) မျှော်နေမယ်အစ်မရေ..။

SHWE ZIN U said...

ဝယ်လည်း ဝယ်နိုင်တဲ့ ဒေါ်ချစ်ကြည်အေး ပါလား

မုံတွေ က စားချင်စရာ

An Asian Tour Operator said...

အမချစ်ရဲ့ "ဘ၀ခြင်းမတူသည့် တရုတ်ပြည်" အတွေ့ အကြုံလေးတွေဆက်ပါဦးဗျို့...........။ စိနပြန်လက်ဆောင် ကိုတော့ စင်္ကာပူကို လာယူမယ်။ :))

Mar Mar Lwin said...

မာမာ့ရဲ့ တစ်နေ့တာ Blog လေးကို စိတ်ပါဝင်စားတဲ့
မိတ်ဆွေ အပေါင်းအသင်းတွေ ဖတ်နိုင်ပါတယ်နော်။
http://marmarlay.blogspot.com/

ညီရဲသစ် said...

ဟုတ်တယ် အစ်မရေ...
ပြည်ကြီး တရုတ်တွေကတော့ စကားပြောရင် အမြှောက်ပစ်တဲ့ အတိုင်းပြောတာ...
နားတွေကို အူတက်လာလို့ တိုးတိုးပြောပါပြောရတယ်...
ဒါလဲ မရပါဘူး အစ်မရယ်။ ဒါက သူတို့ ဝသီကိုး...

TZA said...

ဒီက အပိုင်း၂ကို မျှော်နေသူပါ.. ဟင်း..

Shinlay said...

နောက်ကျသွားလို့ မုန့် တွေ ကျန်မှကျန်သေးရဲ့လား
သူငယ်ချင်းရေ။

ချစ်ကြည်အေး said...

ကော်မန့်ပေးသွားသော ဘလော့ဂ်မိတ်ဆွေများ အားလုံးကို ကျေးဇူးအထူးပါရှင်....:)))

san htun said...

မုန့် တွေ သားရေယိုသွားတယ် မမချစ်ရေ..

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်