Friday, September 23, 2011

မိခင် ဧရာဝတီ....

ဧရာဝတီဟာ ကမ္ဘာမှာ တစ်စင်းတည်းရှိတယ်....
ဘယ်လောက်ပဲ အကျိုးများနေပါစေ၊ အကျိုးအမြတ်ဆိုတဲ့ ရုပ်ဝတ္ထုတန်ဘိုးထက် သမိုင်းတန်ဘိုးကို ကြည့်ရမှာ....


ဧရာဝတီဟာ မြန်မာတို့ရဲ့ ပြယုဂ်....
ဧရာဝတီဟာ မြန်မာတို့ရဲ့ နှလုံးသည်းပွတ်...
ဧရာဝတီဟာ မြန်မာတို့ရဲ့ အသက်သွေးကြော...
ဧရာဝတီဟာ မျိုးဆက်သစ် မြန်မာတို့အတွက် ဘိုးဘွားအမွေအနှစ်...
ဧရာဝတီဟာ မြန်မာဆိုတာရှိသရွေ့ တည်ရှိနေရမဲ့ သက်ရှိသမိုင်းတစ်စောင်...
ကျေးဇူးပြု၍ ဧရာဝတီ ဆက်လက်ရှင်သန်ခွင့်ပေးလိုက်ပါ....


27 comments:

  1. ဧရာဝတီဟာ အမြဲရှင်သန်နေမှာပါ
    ဧရာဝတီကို သုံးတတ်ရင် သုံးလို့ရပါတယ်
    ဒါပေမဲ့ တရုတ်သုံးသလိုတော့ မသုံးနဲ့

    သဘာဝ ကိုဖျက်ရင် သဘာဝ ကပြန်ခတ်တတ်တယ်။

    ReplyDelete
  2. ဧရာဝတီကို ဆက်လက် ရှင်သန်ခွင့်ပေးပါ။ အမြဲတမ်း ကမ္ဘာတည်သရွေ့  စီးဆင်းခွင့်ပေးပါ။ ဧရာဝတီ မှီခိုသူများကို စာနာပါ။

    ခင်မင်လျှက်

    ReplyDelete
  3. ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါသည်..။

    ReplyDelete
  4. ဧရာဝတီကို လွတ်လပ်ခွင့်ပြုပါ

    ReplyDelete
  5. မှန်၏..
    ဧရာဝတီကို ဆက်လက်ရှင်သန်ခွင့်ပေးလိုက်ပါ။

    ReplyDelete
  6. ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါသည်..။

    ReplyDelete
  7. ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါသည်..။

    ReplyDelete
  8. ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါသည်..။

    ReplyDelete
  9. ‌ကျေးဇူးရှင်ကို‌ကျေးစွပ်သူများလက်‌အောက်ကလွတ်ေ မြာက်ပြီး..အမိဧရာဝတီထာဝရရှင်သန်စီးဆင်းနိုင်ပါ‌စေ..။

    ReplyDelete
  10. ဧရာဝတီကို ဆက်လက်ရှင်သန်စေချင်တယ်။
    ရိုးရိုးလေးပဲ ပြောမယ်..။
    ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါတယ်..။

    ReplyDelete
  11. ဟုတ်တယ် အစ်မချစ်ရေ...
    ဧရာဝတီက မြန်မာ့သမိုင်းမှာ အထင်ကရနေရာက ရှိခဲ့တာ... သမိုင်းနဲ့ ဧရာဝတီက ဆက်စပ်နေတာ။ ဧရာဝတီဆိုတာ မရှိတော့ရင် သမိုင်းတွေက ဒဏ္ဍာရီ ဖြစ်သွားလိမ့်မယ်...

    ReplyDelete
  12. ညီမ ချစ်ကြည်အေး ရေ

    ဧရာဝတီ ဆက်လက်ရှင်သန်အောင် ကျိုးပန်းကြမယ်

    ကျေးဇူး
    ရွှေစင်ဦး

    ReplyDelete
  13. ကိုယ့်တိုင်းပြည်ရဲ့ အဖိုးတန် အမွေအနှစ်တွေကို ရောင်းစားနေတဲ့ လူတွေကိုလည်းကန့်ကွက်တယ်
    ဆည်ကြီးပြီးဖို့ ပါဝင်ဆောင်ရွက်နေသူများကိုလည်း ကန့်ကွက်ပါတယ်
    ပွဲစားလုပ်ပြီး တရုတ်လက်ထဲထိုးအပ်ချင်တဲ့ စီးပွားရေးသမားတွေကိုလည်း ကန့်ကွက်ပါတယ်။
    ဒီစီမံကိန်းကို လုပ်သင့်တယ်လို့ အကြံပြုသူ၊ ဆုံးဖြတ်ချက်ချသူ၊ ငွေအင်အားစိုက်ထုတ်သူ အားလုံးအားလုံးကိုလည်း အပြင်းအထန်ကန့်ကွက်ပါတယ်။ ရှုံ့ချပါတယ်။
    သမိုင်းမှာ တရားခံဖြစ်မဲ့သူတွေပါ။

    ReplyDelete
  14. အားလုံးချစ်ခင်မြတ်နိုးတွယ်တာတဲ့ မြစ်ဧရာ ထာဝရအေးချမ်းစွာ စီးဆင်းနိုင်ပါစေလို့ ဆုတောင်းမိတယ် မချစ်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  15. This comment has been removed by the author.

    ReplyDelete
  16. မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ်၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေ ...

    ReplyDelete
  17. ဧရာဝတီ ငြိမ်းချမ်းစွာစီးဆင်းနိုင်ပါစေ။ ကမ္ဘာတည်သရွေ့ ဧရာဝတီ တည်တံ့ပါစေ။

    ReplyDelete
  18. ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ကန့်ကွက်ပါသည်

    ReplyDelete
  19. ဧရာဝတီမှာ လေးနက်တဲ့ သမိုင်းတွေရှိတယ်။ ဧရာဝတီကို မှီခိုနေသူတွေရဲ့ အိမ်လည်းဖြစ်တယ်။ ဘဝလည်းဖြစ်တယ်။ ဧရာဝတီကို လွတ်လပ်ခွင့်ပေးပါလို့....

    ReplyDelete
  20. ဧရာဝတီ အဓွန့် ရှည်တည်တံ့ပါစေ..
    အားလုံးသော ကန့်ကွက်မှုတွေ ထိရောက်ပါစေ..

    ReplyDelete
  21. ဒါတို့မြစ်... ဒါတို့မြစ်... တို့အားလုံးရဲ့ ဧရာဝတီမြစ်....
    ဒို့နှလုံးသား အသက်ထပ်တူညီ ချစ်လို့ ကာကွယ်ကြမည်။
    ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်။

    ReplyDelete
  22. ဧရာဝတီကိုလွတ်လပ်စွာ
    ရှင်သန်ခွင့်ပေးပါ...

    ဒီစီမံကိန်းကြီးကို လုံးဝကန့်ကွက်ပါတယ်

    ReplyDelete
  23. ဧရာဝတီဆိုတဲ့ သက်ရှိသမိုင်းတစ်စောင် အရှိန်အဟုန်၊ အလုံးအရင်းနဲ့ ဆက်လက် စီးဆင်းခွင့် ရပါစေ...။

    ReplyDelete
  24. အမချစ်ရေ
    သက်ရှိသမိုင်းတစ်စောင် မပျောက်ပျက်အောင် ကြိုးပမ်းပါ့မယ်။
    မြစ်ဆုံဆည် ဗျူဟာစီမံကိန်းအား အပြင်းအထန် ကန့်ကွက်ပါတယ်။

    ReplyDelete
  25. ဧရာဝတီရယ် စီးဆင်းပါ ငြိမ်းချမ်းခြင်းတို့ပေါင်းစုံဖွဲ့စည်းရာ .........

    နှလုံးသားထဲကနေ ကိုပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါသည်..
    မဒိုးကန်

    ReplyDelete
  26. အစ်မချစ်ခရီသွားတော့မယ်ဆိုတော့ ဂျင်းက ဧရာဝတီအတွက် ပိုစ့်လေးမရေးခဲ့တော့ဘူးလားဟင်လို့ အရမ်းမေးချင်ခဲ့ပေမယ့် ခရီးသွားခါနီးမို့လို့ ငါ့အစ်မကို မမေးခဲ့ပေမယ့် ငါ့အစ်မက မေးစရာမလိုဘူး....အလိုလိုကို သိနေပြီးသား...း)))


    အစ်မချစ်ရေ....ဧရာဝတီရှင်သန်ခွင့်ရအောင် အတူတကွ ကြိုးပမ်းကြရအောင်နော်...

    ချစ်တဲ့
    ဂျင်း

    ReplyDelete
  27. Poet, writers, novelists are good command in artistic and naturalistic views.
    I love following story too.
    အံ့သြဖွယ်ကောင်းသည်မှာ ဧရာဝတီကို ချစ်သည်ဟု ဆိုကြသော၊ ကျေးဇူးတင်သည်ဟု ဆိုကြသော၊ ဧရာဝတီကို အမှီပြုရပါသည်ဟု ဆိုကြသော ခရီးသည်အပေါင်းတို့သည် ဗန်းမော်မြို့ကို လှမ်းမြင်လိုက်သည်နှင့် လမ်းခရီးတစ်လျှောက် စုဆောင်းလာသော အမှိုက်သရိုက်များကို အားပါးတရ ပစ်ချလိုက်ကြလေတော့သည်။
    (ဧရာဝတီ အထက်ပိုင်းဆီသို့ ဆန်တက်သောအခါ, http://www.myatshu.com/2011/09/20)

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...