ဧ ရာ ဝ တီ....
ကြည်ကြည်လင်လင် ပီပီသသ
လှပတဲ့ မြစ်တစ်စင်း
သွေးချင်းတို့အပိုင်
ငါတို့နိုင်ငံရဲ့ ရတနာ
မြစ်နှစ်ဖြာရဲ့ ရင်နှစ်....။
ဧရာဝတီ... ဧရာဝတီငဲ့...
လူသားတွေအပေါ် သင်တာဝန်ကျေခဲ့သမျှ
သင့်အလှည့်ကျကာမှ
မကြားဝံ့ မနာသာ
နားနဲ့မနာ ဖဝါးနဲ့လည်းမနာ
ရင်ဘတ်တစ်ခုလုံးနဲ့ နာ...
ဧရာဝတီ မျက်ရည်ကျရှာတယ်.....။
အငြင်းပွားမနေကြနဲ့
အချင်းများမနေကြနဲ့တော့
တစ်သားတည်း တစ်ညီတူ
ဧရာဝတီကို ကူကယ်ကြဖို့
ငါတို့ရဲ့ မေတ္တာဆေးမြီးတိုနဲ့
စွမ်းသလောက် ဖေးမ
ခမ်းနားလှပတဲ့ ရာဇဝင်များရဲ့ ပိုင်ရှင်ကို...။
ဧရာဝတီ... ဧရာဝတီရယ်...
အားမပျော့ပါနဲ့
အားမလျှော့လိုက်ပါနဲ့...
သင့်ရဲ့ သေဆုံးခြင်းဟာ ငါတို့ရဲ့ သေဆုံးခြင်းသာဖြစ်တယ်
ငါတို့အားလုံး...
ငါတို့တစ်တွေအားလုံး
ချစ်မြတ်နိုးခြင်း စာနာခြင်းများစွာနဲ့
သင့်အတွက် သင့်ဘက်မှာ
ထာဝရ ကမ္ဘာတည်သရွေ့ဆိုတာ...
ဧရာဝတီ ကြားသိစေ...
ဧရာဝတီ ကြား သိ စေ...။
Photo Source:unknown၊ အလင်းစက်များ ဘလော့ဂ်မှ ယူသုံးပါသည်။ ပိုင်ရှင်ပေါ်ပါက credit ထည့်ပေးမည် ဖြစ်ပါကြောင်း
"ခမ်းနားလှပတဲ့ ရာဇ၀င်များရဲ့ ပိုင်ရှင်..
ReplyDeleteဧရာဝတီ...
သင့်ရဲ့ သေဆုံးခြင်းဟာ..
ငါတို့ရဲ့ သေဆုံးခြင်းသာဖြစ်တယ်။''
ဧရာဝတီဘက် က ရပ်တည်ကြပါစို့။
ဧရာဝတီ ကို ဖျက်စီးမည့် အရာအားလုံးမှ ကာကွယ်ကြပါစို့။
ကဗျာတွေကို ဖတ်လေ့ သိပ်မရှိသလို ကြိုက်လည်း သိပ် မကြိုက်တတ်ပါဘူး။ ဒါပေမယ့် ဒီကဗျာလေးကိုတော့ ခံစားပြီး နှစ်သက်သွားပါတယ်။
ReplyDeleteတကယ်ကို ထိထိမိမိ ရင်ထဲက စကားတွေနဲ့ ရေးခဲ့တာပဲ။
အစ်မ ကဗျာလေးအရမ်းကောင်းတယ်။
ReplyDeleteခံစားချက်တွေထပ်တူပဲ။
This is so lovely and every word really touched my heart, Ma Ma CKA.
ReplyDeleteMon Petit Avatar
အရမ်းကောင်းတယ် အမ...ဖဘမှာရှယ်ပါရစေ...။
ReplyDeleteဧရာဝတီ ကဗျာလေး ဆွေးဆွေးမြေ့မြေ့ လာခံစားသွားပါတယ် ဂျာ ။
ReplyDeleteသြော်..ခမ်းနားလှတဲ့ဧရာဝတီ..
ReplyDeleteမြန်မာပြည်ရဲ့ဆန်အိုးကြီး...
လက်ပိုက်ကြည့်နေရုံမျှတစ်ပါး..
ဘာမှမတတ်နိုင်ခဲ့ပါ။း(
အရမ်းကိုဝမ်းနည်းမိပါတယ်အစ်မ
လှိုက်လှိုက်လှဲလှဲကြီးကိုခံစားရပါတယ်။
ဖတ်တဲ့သူတောင်ဒီလောက်ဖြစ်နေတာ
ကိုယ်တိုင်ခံစားပြီးရေးတဲ့သူဆိုရင်တော့
ဆိုဖွယ်ရာမရှိတော့ပါဘူးရှင်...
ဧရာဝတီကြီးကျန်းမာဖွံဖြိုး၊အဒွန့်ရှည့်ပါစေရန်
အမြဲမပြတ်ဆုတောင်းပေးလျှက်..
ညီမ/မိစံ
ညီမ ချစ်ကြည်အေး ရေ
ReplyDeleteညီမ ရဲ့ ကဗျာလေး ကိုဖတ်ပြီး မျက်ရေတောင် လည် သွားတယ်
ဧရာဝတီ ကို ဘယ်သူ ကယ်တင်ပါ့
မချစ်ရေ....
ReplyDeleteဧရာဝတီကဗျာလေးအရမ်းကောင်းပါတယ်။
ဧရာဝတီဘက် က ရပ်တည်ကြပါစို့။
မေတ္တာဆေးမြီးတို နဲ့....
ReplyDeleteငိုချင်လိုက်တာ မကြီးရာ။
ကဗျာလေးကိုသိပ်ကြိုက်ပါတယ်
အခမ်းနားဆုံးသော သက်ရှိကဗျာဟာ ကာရန်တွေ ရိုက်ချိုးခံနေရပြီ၊ နရီတွေ ပျက်နေပြီ၊ ပါဒတွေ အစီအစဉ် မကျတော့ဘူး၊ ဒီကဗျာ ဌာန်နဲ့မာန်နဲ့ ဆက်လက် စီးဆင်းနိုင်ဖို့ ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်၊ ဖြစ်စဉ်တွေက ရင်နင့်ဖွယ် အတိပါပဲ မချစ်ကြည်ရေ...။
ReplyDeleteဟူးးးဘာပြောရမှန်းတောင်မသိတော့လောက်အောင်
ReplyDeleteကိုရင်နာမိတယ် မမချစ်ရေ..း(
မကြားဝံ့ မနာသာ
ReplyDeleteနားနဲ့မနာ ဖ၀ါးနဲ့လည်း မနာ
ရင်ဘတ်တခုလုံးးးးးးနာကျင်ပြီ
ကဗျာလေးကို ဖတ်သွားပါတယ်
အမချစ်ရေ ကဗျာဖတ်ပြီးးးးးး
ဘယ်သူ့ကို ဘာလုပ်ချင်မှန်းမသိ
ဧရာဝတီ ရယ် အားမပျော့နဲ့
အားမလျှော့လိုက်ပါနဲ့
ဟုတ် အမချစ် ကျွန်တော်တို့တတွေလည်း
အားတင်းပြီးးးးးးးး
ခင်မင်စွာဖြင့်
seesein
ဧရာဝတီ ဧရာဝတီ .. ကုန်ပါပြီ ကုန်ပါပြီ ...
ReplyDeleteကဗျာဖတ်ရင်း ကြက်သီးတွေထမိတယ်... ရင်နာဖို့ကောင်းလိုက်တာ
ReplyDeleteမရေ... သတင်းတွေ ကြားပြီးကတည်းက ရင်ထဲမှာ ဆူပွက်နေခဲ့တာပေါ့။
ReplyDeleteအွန်လိုင်းမှာရော၊ လမ်းပြကြယ်မှာပါ ဆိုင်းထိုးထားတယ်။ ကိုယ်နိုင်သလောက် ကူညီကယ်မဖို့ ညိုလေးနဲ့နှစ်ယောက်သား စိတ်ပိုင်းဖြတ်ထားတယ်။
ဒီလာမယ့် တနင်္ဂနွေ ၃နာရီ Fort Canning Park မှာ ဧရာဝတီကယ်တင်ရေး ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲရှိတယ် အစ်မ။
ရင်တွင်းခံစားချက် ကဗျာလေးကို တူညီတဲ့ခံစားချက်နဲ့ ဖတ်သွားပါတယ်ကွယ်။ တို့များဧရာဝတီ ထာဝရ ငြိမ်းချမ်းစွာ စီးဆင်းနိုင်ပါစေလို့ တောင်းဆုချွေခဲ့တယ်။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဒဏ်ရာဒဏ်ချက်တွေနဲ့ ချိနှဲ့နေပေမဲ့လည်း ဧရာဝတီကတော့ သူ့ကိုချစ်တဲ့ သူက ချစ်တဲ့ လူသားမျိုးနွယ်တွေကို နောက်ဆုံး ရေတစ်ပေါက်ထဲ ကျန်တဲ့အထိ ပေးဆပ်နေမှာပါ။ ကျန်းမာပါစေ ဧရာဝတီ။
ReplyDeleteခင်မင်လျက်
စာသားတွေ ရင်ထဲမှာ ပဲ့တင်သံ ထပ်ပြီး ကျန်ခဲ့သလိုပဲ အစ်မချစ်... “ငါတို့ သိပ်မချမ်းသာပါဘူး... ငါတို့  ပိုင်ဆိုင်တဲ့ တန်ဖိုးကြီး ပစ္စည်း ဆိုလို့  သူနဲ့  အခြား လက်ချိုးရေလို့  ရတာလေးတွေပါ (ကျန်တာတွေ တကယ်ကို ကိုယ်မှ မပိုင်တာပဲလေ နော) ဒါလေးတော့ ချမ်းသာပေးကြပါလို့  ” ရင်နင့်နင့်နဲ့  ပဲ .............
ReplyDeleteဧရာဝတီ ကြားသိပါစေသား......
မကြီးချစ်ရေ
ReplyDeleteဧရာဝတီ ကဗျာလေးကတော့
ခံစားရတယ်အမရယ်..
တစ်သွေးတစ်သားတည်းအတူ မေတ္တာဆေးမြီးတိုနဲ့ တတ်
ReplyDeleteနိုင်သလောက်ကူမကြတာပေါ့အစ်မချစ်ရာ....:(
ဧရာဝတီကို မှီခိုပြီး နေထိုင်ကြီးပြင်းလာကြရာက
ReplyDeleteကိုယ့်ကျေးဇူးရှင်ကို ကျေးပြန်စွပ်ပြီး ရောင်းစားဖို့ကြံစည်တာ ရက်စက်လွန်းပါတယ်.
ဧရာဝတီတည်တံ့ဖို့ဆိုတာ ပြည်သူပြည်သားတိုင်း တာဝန်ရှိတယ်လို့ ခံယူမိတယ်
မသိချင်ယောင်ဆောင်နေသူတွေကလွဲရင်ပေါ့။
ကဗျာလေးဖတ်ပြီး တော်တော်ခံစားမိတယ် အစ်မရေ
ဒီကဗျာရေးချိန်မှာ ကျွန်မ မျက်ရည်ဝဲရင်း ရေးခဲ့တာပါ။
ReplyDeleteဧရာဝတီအတွက် ကျွန်မတို့အားလုံး နှလုံးသားတွေ ထပ်တူပဲလို့ ယုံကြည်ပါတယ်...
ရေးဖော် မိတ်ဆွေ စာဖတ်သူ အားလုံးကို ကျေးဇူးတင်ပါတယ်...
ဧ ရာ ဝ တီ....
ReplyDeleteကြည်ကြည်လင်လင် ပီပီသသ
လှပတဲ့ မြစ်တစ်စင်း
သွေးချင်းတို့အပိုင်
ငါတို့နိုင်ငံရဲ့ ရတနာ
မြစ်နှစ်ဖြာရဲ့ ရင်နှစ်....။
မချစ်ကြည်ကရေးတတ်လိုက်တာ။
ဧရာဝတီရှင်သန်ပါစေ။ တတ်နိုင်တာရှိရင်ဧရာဝတီရှင်သန်ခွင့်အတွက်ကြိုးပမ်းချင်ပါရဲ့ မချစ်ကြည်ရယ်
မချစ်ရဲ့..ခံစားချက်အပြည့်နဲ့ရေးထားတဲ့ကဗျာကို..ခံစားချက်အပြည့်နဲ့ဖတ်ပြီးမျက်ရည်ဝဲမိတယ်..လုပ်ရက်လိုက်ကြတာလို့လဲတွေးမိတယ်..ပွင့်ပွင့်လင်းလင်းေ ပြာရရင်တော့
ReplyDeleteပြည်သူလူထုကိုအညှိုးတကြီးနဲ့တမင်တကာလုပ်တယ်လို့
ထင်တာဘဲ...။
ချစ်ကြည်ရေ...
ReplyDeleteဧရာဝတီ ကြားသိမှာပါ
ယုံကြည်တယ်။
ငိုချင်တာပဲသိတော့တယ်။ :'(
ReplyDeleteဧရာဝတီဟာ...
ReplyDeleteတို့အားလုံးရဲ့ ရင်ထဲ
အမြဲ..
စီးဆင်းနေတာ...။
သူဟာ...
အတုမရှိတဲ့..
ရာဇ၀င်များရဲ့ သတို့သမီးစစ်စစ်...။