ပြီးခဲ့တဲ့ပိုစ့်မှာတော့ ခေါင်းကြီးပိုင်းထက် အချပ်ပိုက ပိုစွံ၊ ပိုလူကြိုက်များသွားတယ်။ ဒီတစ်ခေါက် ကျွန်မက ဓါတ်ပုံ ရိုက်မထားလိုက်မိလို့ပါ။ အဆင်ပြေရင် မြီးရှည်လုပ်နည်းလေး တင်ပေးပါဦးမယ်။
သရပါနဲ့ ပျဉ်ပြားမင်းဇာတ်လမ်းက မပြီးသေးဘူး။ ဖြိုးက စီဘောက်မှာ ဒီလို ရေးခဲ့တယ်။
"ဒေါက်တာသန်းထွန်းပြောခဲ့တာတော့ သရပါ တံခါးဟာအရင်က ယူဆခဲ့သလို ပျဉ်ပြားမင်းလက်ထက် မှာဆောက်ခဲ့ တာမဟုတ်ပါဘူးတဲ့ သက်တမ်းစစ်တဲ့ နည်းနဲ့ ထပ်စစ်ကြည့်တဲ့အခါ ပုဂံမင်းဆက်ပျက်ခါနီး အချိန်လောက်မှာ တည်ဆောက်ခဲ့တာလို့ ပြောပါတယ်"...တဲ့။
ကျွန်မ ဒီတစ်ခေါက်ဝယ်လာတဲ့ ပုဂံစာအုပ်ပါးလေး ၂အုပ်ထဲမှာတော့ ပျဉ်ပြားမင်းတည်ခဲ့တာလို့ပဲ အခိုင်အမာ ဆိုထားပါတယ်။ ဒါနဲ့ ပထမဆုံး ပုဂံရောက်တုန်းက ဝယ်ထားတဲ့ ခပ်ထူထူစာအုပ်ကို ကောက်လှန်ရပါတော့ တယ်။ စာအုပ်နာမည်က "သမိုင်းကပြောသောပုဂံ၊ ပုဂံကပြောသော သမိုင်း"၊ ရေးသူက ဒေါက်တာ သက်လွင်ပါ။ စာအုပ်က ထူထူထဲထဲမို့ အေးဆေးမှ ဖတ်တာပေါ့ဆိုပြီး ဝယ်လာပြီးကတည်းက စာအုပ် စင်ပေါ်မှာ ပါမင့်နင့်ရက်ဆီးဒန့် ပေးထားခဲ့တာ ကြာလှပေါ့။ အခုမှ ဖုန်သုတ်ပြီး ပြန်ဖတ်ရပါတယ်။ တကယ်ဆို ပျဉ်ပြားမင်းခေတ်တုန်းက ချစ်ကြည်အေးလည်းမရှိ၊ ဖြိုးလည်းမရှိဘူးကိုး။ ဒါ့ကြောင့် ပုဂံကို အခေါက်ခေါက် အခါခါသွား၊ အပင်ပန်း အဆင်းရဲခံပြီး ပြုစုရေးသားခဲ့တဲ့ သုတေသီတွေကို ကျွန်မက သိတ်ကျေးဇူး တင်မိ တယ်။ သူတို့ကြောင့် သိချင်တာလေးရှိ၊ စာအုပ်လေးထဲ ကောက်ဖတ်ရုံပဲ။ (ဒါတောင်မှ ကာလာမသုတ်အရဆိုရင်တော့ ကိုယ်တွေ့မှ ယုံနိုင်ရမဲ့ သဘောမဟုတ်လား)
အဲဒီမှာ ပုဂံရာဇဝင်ကို မကြေညက်တဲ့ ကျွန်မအတွက် အသစ် အသစ်သော သိစရာလေးတွေ သိလာရတော့ တာ။
ဆရာဒေါက်တာသက်လွင်ရဲ့စာအုပ်ထဲမှာတော့ ဒီလိုရေးသားထားပါတယ်။
"တမ္မဝတီဦးဝင်းမောင်၏ အဆိုအရ ယခုသရပါတံခါးသည် မူရင်းနေရာမဟုတ်၊ ကြောင်းဖြူမင်းလက်ထက် က အသစ် တည်ဆောက်ခဲ့ဟန်တူသည်" လို့ ဖတ်ရတယ်။
ကြောင်းဖြူမင်းဆိုတာက ကွမ်းဆော် ကြောင်းဖြူမင်း (၉၆၄-၉၈၆)၊ သူက ၃၉ဆက်မြောက် ပုဂံမင်းဆက်ပေါ့။ ဆက်နွယ်နေပုံက ဒီလို။ ပျဉ်ပြားမင်း (၈၄၆-၈၇၈) ပြီးတော့ သူ့ရဲ့သား တန်နက်မင်း (၈၇၈-၉၀၆) က ထီးနန်းဆက်ခံတယ်။ ထုံးစံအရဆိုရင်တော့ တန်နက်မင်းရဲ့သား ကွမ်းဆော်ကြောင်းဖြူမင်းက ထီးနန်းဆက်ခံရမှာ ဖြစ်ပေမဲ့ စလေငခွေးက လုပ်ကြံသတ်ဖြတ်ပြီး ထီးနန်းလုခြင်းကို ခံခဲ့ရသတဲ့။
အဲဒီစလေငခွေးမင်းပြီးတော့ သူ့ရဲ့သား သိန်းခိုမင်း(၉၁၅-၉၃၁) ထီးနန်းတက်ခဲ့ပြီး တောထဲအသွား သခွားသီး ခွင့်မတောင်းဘဲ ဆွတ်စားမိလို့ သခွားခင်းရှင်က သံတူရွင်းနဲ့ ရိုက်သတ်လို့ သေရသတဲ့။ ခုခေတ်လိုပါပဲ၊ အခင်းဖြစ်ပွားပြီးမှ သိန်းခိုမင်းရဲ့ မြင်းထိန်း ရောက်သွားပြီး သခွားခင်းရှင်ကို ငါ့အရှင်ကို ဘာကြောင့်သတ်ရသလဲ ဘာညာပေါ့လေ။ တိုတိုပြောရရင် မင်းကိုသတ်နိုင်တဲ့လူက မင်းအဖြစ်ဆက်ခံရတဲ့ ထုံးစံကြောင့် သခွားခင်းရှင်က တောင်သူကြီးမင်း (ညောင်ဦးစောရဟန်းမင်း)အဖြစ်နဲ့ ထီးနန်းကို မရည်ရွယ် ပါဘဲ ဆက်ခံခဲ့တော့တာ။
အဲဒီ့နောက်မှာမှ တန်နက်မင်း လုပ်ကြံခံရလို့ ထွက်ပြေးတိမ်းရှောင်စဉ် တန်နက်မင်းရဲ့ မိဘုရားက မွေးဖွား ခဲ့တဲ့ သားတော်ဟာ ကွမ်းဆော်ကြောင်းဖြူမင်းအဖြစ် ထီးနန်း ဆက်ခံရတာ။ ဘုရင့်သွေးအစစ်လက်ထဲ ထီးနန်းပြန်ရောက်ခဲ့တယ် ဆိုပါတော့။ ပုဂံရာဇဝင်မှာ ထီးနန်းလုပြီး စံစားလို့ နန်းဆက်ပြတ်သွားတဲ့ ကိစ္စတွေက အများသားရယ်။
ကွမ်းဆော်ကြောင်းဖြူမင်းဆိုတာက တစ်ခြားလူဟုတ်ရိုးလား။ ပထမမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့ တဲ့ အနော်ရထာမင်းစောရဲ့ ဖခင်ပါပဲ။ ပိုရှင်းသွားအောင် အောက်က ဘုရင်အစဉ်အဆက်ပြဇယားလေးကို ကြည့်ပါ။
တရုတ်ရန်ကြောင့် မြို့ရိုးကို အရေးပေါ် တည်ဆောက်တယ်လို့တော့ ဘာစာအုပ်မှာလဲ မသိဘူး ဖတ်ဖူးတယ် အမ ...
ReplyDeletehistory ကို စိတ်မဝင်စားပါ
ReplyDeleteHIS story ကိုပဲ စိတ်ဝင်စားပါတယ်
အဝစားတွေမရိုက်ခဲ့ဘူးလား တိုးတိုးလေးတို့ ဘာတို့
စားချင်တယ်
ဟင်းခွက် ၃၀ လောက်နဲ့
အိ.....
တိုးတိုးဝင်း မြန်မာ buffet ဆိုင် မ၇ှိတော့ဘူးလို့  မနှစ် က ပုဂံ ရောက်အစ်မ ကပြောဘူးတယ် ဆိုင်ပိတ်တာလား ရာသီမ၇ှိလို့ ခေတ်တပိတ်တာလားပြောတတ်ဘူး ဆိုင် က ၀တုတ်ကောင်လေး က လိမ်မာပြီး သိပ်ချစ်စရာကောင်းတယ် ဆိုင်ရှင်သားလေးပါ တီချမ်းပြောသလို ပဲ ဟင်း ခွက် ၃၀ လောက်နဲ့ ဗိုက်ကားစား ပြီးရင် တညက်ခဲလေး ကို လဘက်လေး မြုံလိုက်ရရင်တော့ ရွှေပဲ yummy!
ReplyDeleteသရပါ တံခါးကို ပျဉ်ပြားမင်း ဆောက်ခဲ့တာလို့ မှတ်ဖူးတယ်။ နောက် မင်းတွေ က ပြုပြင်တာ၊ တိုးချဲ့တာမျိုးလုပ်တယ်လို့ လဲ ယူဆလို့ရနိုင်တာပဲ။ သရပါ က သင်္သက္ကရိုက် လို မြား မပေါက်သော ဒိုင်း လို့ အဓိပ္ပါယ် ရတယ်လို့ ဆိုတယ်။
ReplyDeleteပုဂံမှာ ထမင်းစားရင် ပုန်းရည်ကြီး ကို ငံပြာရည်ဆီသတ် နဲ့ နယ်ဖတ်စား နေရတာနဲ့ တခြားဟင်းတွေ သိပ်မတို့ ဖြစ်ဖူး။ ပုဂံကသူငယ်ချင်းတွေကလဲ ပုန်းရည်ကြီးကို အစို၊ အရည်၊ အခြောက်၊ အမှုန့်၊ အသုပ်၊ အကြော်၊ အချဉ်အခါး မျိုးစုံ ပေးလေ့ရှိတယ်။ လွမ်းလိုက်တာ။ လူမရောက်လဲ လူကြုံတိုင်း ပို့ပေးတယ်။ ဒီလကုန် ရင် ဘာလီ ကို လာလည်မယ့် စပိန် ဧည့်သည် တွေ နဲ့ တောင် ငသယောက်ပုန်းရည်ကြီး ထည့်ပေးလိုက် တယ်တဲ့။ ပျော်လိုက်တာ။း)
This comment has been removed by the author.
ReplyDeleteသခွားသီးခွင့်မတောင်းဘဲ စားလို့ သံတူရွင်းနဲ့ ရိုက်သတ်ခံရတဲ့ ဘုရင်က အဖြစ်ဆိုးလှချည့်။
ReplyDeleteဆေးလိပ်သောက်တဲ့ ပုံစံလေးတော့ တကယ်မိုက်တယ်
ဒီပုံစံမျိုး ညီမတစ်ခါမှ မမြင်ဖူးဘူးရယ်။
ပုဂံမှာ စားခဲ့တဲ့ ထမင်းဟင်းကတော့ ရှယ်ဘဲ ထနောင်းပင်လေးတွေမြင်တော့ အညာရနံ့လေးတောင် ရသွားမိတယ်
ပုဂံသုံးဆိုတော့ လေးလာဦးမယ်...မပြီးသေးပါ..။ သရပါတံခါးသမိုင်းကိုတော့ အသေးစိတ်သိသွားရတယ်..။ ဟိုအဒေါ်ကြီး ဆေးလိပ်အိုးက နည်းနည်တော့လေးမယ်ထင်တယ်..း)
ReplyDeleteတောင်သူကြီးမင်းကိုတော့ သူ့ ကံကုန်လို့  တံခါးဝမှာ ထားတဲ့အရုတ်က အသက်ဝင်ပြီး တင်းပုတ်နဲ့ နှင့် ထုသတ်လို့  သေတယ်ဆိုတာပဲ။ ဒါကြောင့် ကွမ်းဆော်မင်းဟာ သူများအသက်ကို သတ်ပြီး ရတဲ့ မင်းမဟုပ်ပဲ၊ ဘုရား၊တရား၊သံဃာမှာလည်း သိပ်ပြီး ရုံကြည်ကိုးကွယ်ပါသတဲ့။ သူ့ ရဲ့  မိဘုရားကပါတဲ့သားက သူ့ ကို ဘုန်းကြီးဝတ်ပေးလိုက်ပြီး နန်းလုတာပါ။ ဒါပေမယ့် ဒီမင်းကတော့ မင်းစိုးဖြစ်လို့  နန်းသက်မကြာပါဘူး။
ReplyDeleteမချစ်ကြည်အေးလည်း ပုဂံရာဇဝင်ကို ကီးဘုတ်ထမ်းပြီး ပြောမယ်နဲ့ တူတယ်...၊း) ဖုန်အလူးလူးနဲ့ ထနောင်းရွက် တွေရယ်..၊ သဲမြေရယ်..၊ နံရိုးအပြိုင်းပြိုင်းနဲ့ မြင်းဆွဲတဲ့ လှည်းရယ်က ပုဂံရဲ့ ဒီဖက်ခေတ် ပြယုဂ်ပါပဲ၊ ဘယ်နှခါ ကြည့်ကြည့် ခြောက်ခြောက်သွေ့သွေ့နဲ့ကို လွမ်းစရာ ကောင်းတယ်....။
ReplyDeleteပုဂံပို့စ်ရေးနေရင်းက ဘလော့လည်လိုက်တာ ချစ်သောပုဂံမြေကို ရောက်သွားတော့တာပါပဲ...ပုဂံကတော့ နှလုံးသားထဲမှာ စိမ်းလန်းနေခဲ့ စိမ်းလန်းနေဦးမယ့် ရာဇ၀င်နဲ့အတူ ရိုးသားဖြူစင်ခြင်းတွေ ပွင့်လင်းဖော်ရွေခြင်းတွေနဲ့ ခြယ်မှုန်းထားတဲ့ မြန်မာ့ပန်းချီကားချပ်ပါပဲ...တစ်ခုပဲ ပြောစရာရှိတာက “တုတ်ထမ်း၊ ဓားထမ်း ပုဂံရာဇ၀င်”ဆိုသလိုပဲ ပုဂံသမိုင်းက မူကွဲတွေများလွန်းနေတာပါ...ဘာပဲဖြစ်ဖြစ် ပုဂံက ဟန်ဆောင်မှုမပါ ရိုးရိုးလေးနဲ့ လှနေဆဲပါလေ...
ReplyDeleteသမိုင်းထဲက မသိသေးတဲ့ ဗဟုသုတတွေအတွက် ကျေးဇူးပါ။ တကယ်ကိုရောက်ဖူးချင်ပြီး အခုထိ မရောက်နိုင်သေးတဲ့ ပုဂံမြေရဲ့ အငွေ့ အသက်မြင်ကွင်းလေးတွေ ခံစားသွားပါတယ် အစ်မရေ။ ...
ReplyDeleteကိုအောင်>ပုဂံရာဇဝင်တွေ ဖတ်ရတာ လူလည်း သပွတ်အူပုံတောင်ပေါက်နေပြီဗျ...
ReplyDeleteတီချမ်း>သွား လူဆိုး !
AMK> အစားပဲ ပြောနေကြတယ် လူဆိုးဒွေ :P
ဟော ကိုသောမတ်စ်> သဘောတူပါ၏... ပျော်ရင် ဒီကို တဝက်ခွဲ ပို့လိုက် ((ဟမ်))
ချော> ဟုတ်ပါ့ ဆေးလိပ်သောက်နေပုံက အလန်းစား...
ညီမမိုး> ဆေးအိုးက အုန်းမှုတ်ခွက်ဟ ပေါ့ထှာမှ
စော> အဲဒါ မဖတ်မိသေးဘူး... မျှဝေတဲ့အတွက်...ကျေးဇူးစ်:)
ကိုညီလင်းသစ်> အစစ်ပဲဗျိုးးး တကယ်ပဲ ကီးဘုတ်ထမ်းပြောရတာ:)
ကိုဟန်ကြည်> ဟုတ်ပါ့ဗျာ၊ ဒါနဲ့ ပုဂံမှာ မတွေ့လိုက်တာ နာတယ်၊ အာဖရိကန်ကြီးနဲ့ အလည်လာတယ် ထင်ကြမှာ...:)
ဒီမိုးဆူး> ကျေးဇူးပါ :)
အားလုံးပဲ ကျေးဇူးပါ၊ နောက်ပုဂံ-၄မှာ ပြန်ဆုံကြတာပေါ့ :)))
ပုဂံမင်းဆက်တွေအကြောင်း ပြန်လည်ဝေမျှပေးလို့ ကျေးဇူးပါ မချစ်။ ပုဂံခရီးဆက်ဦးမှာ ဟုတ်?
ReplyDelete