Saturday, June 11, 2011

ရင်ကိုထိစေခဲ့သော ခရီးစဉ်လေးတစ်ခု

ပြန်နွှေးဦးမှ....။ စစ်ကိုင်းတောင်တန်းကြီးတွေဆီက ပြန်လာပြီ။ မှတ်မိတယ်နော်...။ ကဲ ခု စစ်ကိုင်းကနေ ရွှေမန်းမြို့ကိုမဆင်းဘဲ ဟိုး အောက်ပြည်အောက်ရွာကို ပြန်ဆင်းကြပါစို့...။ အရင်က X-မြို့တော်ဖြစ်ခဲ့တဲ့ မြို့ရန်ကုန်ကို ပြန်သွားကြမယ်။ ရင်ထဲမှာ ရှိနေခဲ့တဲ့ ဆန္ဒလေးတစ်ခု ဆိုပါတော့၊ အဲဒီဖြစ်ချင်မှုလေးတစ်ခု ဖြစ်မြောက်ခဲ့တာမို့ အဲဒီတစ်ခုနဲ့တင် အတော်လေး စိတ်ကြေနပ်ခဲ့ရတဲ့   ပြည်တော်ပြန်ခရီးစဉ်ပါပဲ။

ထုံးစံအတိုင်း အမေ့လွမ်းလို့ ခေါင်းစဉ်တပ်ပြီး ရန်ကုန်ပြန်ရင် ဘယ်တုန်းကမှ အိမ်မကပ်တဲ့ကျွန်မက အဲဒီနေ့ကလည်း ညနေမှောင်မှ အိမ်ပြန်ရောက်ပါတယ်။ ဧည့်ခန်းထဲမှာ အဖွားဘက်က အမျိုးတော်တဲ့ ရွှေဘိုစုရွာက အစ်မကြီးနှစ်ယောက်...။ ဒါနဲ့ အင်္ကျီမလဲသေးဘဲ သူတို့နဲ့ထိုင်ပြီး အာလူးဖုတ်ပါတယ်။ အာလူး ၃လုံးခန့်အကျက်မှာ အစ်မတစ်ယောက်က "ညည်း ရွာ တစ်ညလောက် လိုက်အိပ်ပါလားအေ"...တဲ့။ သူပြောမှပဲ ကျွန်မတွေးမိတော့တာက ငါ ရွာကို နောက်ဆုံးအကြိမ်ရောက်ခဲ့တုန်းက ဘယ်နှနှစ်ကပါလိမ့်လို့ ပြန်စဉ်းစားယူရတယ်။

အေးလေ...သူတို့လည်းပဲ နိုင်ဂျန်ဂါးက ခဏ ပြန်ရောက်နေတဲ့ ညီမတော်ကို ရွာခေါ် မျက်နှာပြချင် ရှာပေလိမ့်မယ်။ ဒါပေမဲ့ ခက်တာက ကျွန်မမှာ ညဘက် အပွိုင့်မန့်တွေ ပြည့်နေခဲ့တာ။ ဟိုသူငယ်ချင်းနဲ့ ဒင်နာ၊ ဒီမိတ်ဆွေနဲ့ ညစာ၊ ဟိုလူနဲ့ ထမင်းစားပွဲနဲ့...အို ညဘက် အချိန်အားကို မရှိတော့တာ။ ဒါနဲ့ " နေ့ချင်းပြန်သွားလို့ရရင် လိုက်မယ် အမရယ်၊ ဒါထက် အမတို့ရွာမှာ မူလတန်းကျောင်း ရှိတယ်နော်" ဆိုတော့ "ရှိတာပေါ့ဟ၊ ပထမဆုံးထွက်တဲ့ကားနဲ့လိုက်ရင် နေ့ချင်းပြန်ရောက်တယ်" ဆိုတာနဲ့ ချက်ချင်းပဲ နောက်တနေ့ မနက်စောစော ခရီးထွက်ဖို့ ပြင်ရပါတော့တယ်။ 

စောစောအိပ်ကြပါ။ ကျွန်မနဲ့အတူ လိုက်မယ်ဆို မနက်ဖြန် အစောကြီး အိပ်ရာထရပါမယ်:)) မထွက်ခင် ကင်မရာအိတ်ကို အရင် စစ်ဆေးရပါတယ်။ အကုန်စုံပြီဆိုမှ ညီအစ်မနှစ်ယောက် ချမ်းချမ်းစီးစီးမှာ အိမ်က ထွက်ကြတယ်။ အိမ်ကထွက်တော့ မနက် ၅နာရီတောင် မထိုးသေးဘူး။ အဝေးပြေးကားဂိတ်ကို ကျွန်မတို့ရောက်တော့ ရွာက အမနှစ်ယောက်က ရောက်နှင့်နေခဲ့ပြီ။ မျက်နှာမှာတောင် သနပ်ခါးပိန်းကျားရိုက်လို့။ တကယ်ဆို နံနက်ခင်းက ပီပီပြင်ပြင် လင်းတောင် မလင်းချင်သေးဘူး။ ကားဂိတ်မှာ ပေါက်စီဝယ်စားတယ်။ အို အစွဲကြီးလိုက်ပုံများ ဒါကမှ ငတို့ရွာကပေါက်စီဆိုပြီး ၂လုံးကြီးများတောင် တီးပစ်လိုက်တယ်။ သမာဓိကားဂိတ်ကဝယ်ပြီး ကားလက်မှတ်ဖိုးကို အစ်မတွေပဲ ပေးပါတယ်။ မအူပင်အထိကို ခန့်မှန်းခြေ ၃နာရီသာသာပဲ မောင်းရ မှာဖြစ်ပြီး ကားခက တယောက် တစ်ထောင်ပဲ ပေးရပါတယ်။ တန်လိုက်တာ ဆိုတာ...အားနေလို့ကတော့ ရန်ကုန်-မအူပင် လွန်းထိုးတောင် စီးလိုက်ချင်သေးတယ်။

အဲဒီကားကြီးနဲ့ သွားခဲ့တယ်...


သာမင်ညောင်ညကား မှတ်နေလား...မအူပင် တက္ကသိုစ်စ်ကို ရောက်တဲ့ကား...


ဖူဂျီဘတ်စ်တဲ့...ဂျပန်ကို မသွားဘူး၊ ဒေးဒရဲ ဆိုလား၊ ဘာလား ညာလား...



ပြောင်းပြုတ် ပူပူလေး...ရမယ်...(သူအော်တာ အလယ်က ဖူး ပြုတ်ကျကျန်ခဲ့ရှာတယ်)
ဟောဒီက ထန်းပိန်မြစ်ပြုတ်...
ဝယ်ဦးမလား အစ်မ ဇီးသီး ဇီးယို ချိုတယ်လေ...


အဲဒါတွေ တစ်ခုမှ ဝယ်မစားရဲဘူး။ အရင့် အရင်အတွေ့အကြုံအရ ပန်းကမ္ဘာလေးထဲ ရောက်ရောက်သွားလို့ ခရီးသွားတိုင်း လူရော စိတ်ပါ ပင်ပန်းခဲ့ဖူးတာ။ ဒီတော့ ကားပေါ်ကနေ စိတ်နဲ့ပဲ တွင်တွင်ကြီး ပစ်မှားနေခဲ့ရတယ်။ ပိတ်သတ်ကြီးကို အစားအသောက်တွေ ဘလော့ဂ်ပေါ် တင်ပေးခဲ့မိတာ ချက်ချင်း ဝဋ်လည်တာပဲ...

ရွာအဝင်လမ်းကလေး...
ဂွတိုရေ...ငါပြန်လာပြီဟေ့....(ဓါတ်ရှင်တွေထဲမတော့ အဲလို အော်မှာ...:)


အဘတစ်ယောက် နောက်ဖေးအဖီလေးမှာ ထိုင်နေတာ...အေးအေးလူလူ


စုံစီနဲ့ နဖာရောင်းတဲ့ဆိုင်ကလေး


ဒါမျိုး...ငတို့ရွာမှာပဲ ရှိတယ်...


မီးပွိုင့်မရှိ၊ ပလက်ဖောင်းမရှိ၊ နားလည်မှုပဲ ရှိတယ်။ အားလုံးက My Grandmother's road, My Great Grandpa's road လို့ သဘောထားပြီး လျှောက်ကြတယ်၊ အေးဆေးပဲ...


မအူပင်မြို့ နာရီစင်...


ဒါ တကယ်သွားမဲ့ရွာ မဟုတ်သေးဘူး။ မအူပင်မြို့မှာ ခရီးတစ်ထောက်နားရင်း၊ ဘုရားလည်းဖူး၊ အမျိုး တစ်ယောက်အိမ် ထမင်းလည်း ဝင်စားခဲ့တာ...။

ဟင်...မချစ်ကြည်အေးပြောတော့ ရင်ကို ထိစေသော...ဘာညာနဲ့ ခုချိန်ထိ ဘယ်ကိုမှလည်း မထိသေးပါလား...။ လာမှာပါ...။ နောက်တပိုစ့်မှာ ထိချင်တဲ့နေရာကို ထိပါလိမ့်မယ်။ စိတ်ရှည်ရှည် ထားကြပါ။

အပိုင်း ၂ မျှော့....

15 comments:

ညိမ်းနိုင် said...

အေးအေးလူလူထိုင်နေတဲ့ အဘ ဒါ့ပုံလေးကိုသဘောကျတယ်ဗျ...၊အပိုင်း၂ ကိုမျော့နေဘီ.....:)

မိုးယံ said...

မျှော့နေပါ့မယ်...

zue said...

အားကျလိုက်တာ .. ဇူးလည်း အဲလို လျှောက်သွားချင်တာ.. ဒီမှာနေရတာ ပျင်းနေပြီ...

seesein said...

အမချစ်နော် အစားနဲ့တင် နှိပ်စက်လို့အားမရသေး ပို့စ်နဲ့လဲ နှိပ်စက်တာပါဘဲလား အပိုင်း ဘယ်နှစ်ပိုင်းခွဲပြီးမှ ထိမှာလဲ ဟင်..မျော့နေမယ်နော် ပြောင်းပြုတ်စားလို့ မျော့ချင်မျော့ဗျာ အမျော့ခံမယ် အဟက်

ခင်မင်တဲ့
seesein

မေသိမ့်သိမ့် ကျော် said...

ဟတ်ထိတော့မယ် အမြန်ကာထားမှ....ခိခိ။ တုတ်တုတ်လေးစီးချင်စိတ်ပေါက်သွားတယ်။

ခင်မင်လေးစားလျက်

မိုးချိုသင်း said...

မမ ခဥမ ရန်ကုန်ကို အပိုင်းပိုင်းတစ် သလို သူ့ရွာလေးကိုလဲ ပိုင်းတော့မယ် ထင်တယ်။ ပြောင်းပြုတ်နဲ့ ဆီးယိုမှာတင် လူက မျော့နေပါပြီ။ သနားညှာတာပါ။

မိုးငွေ့...... said...

အင်..... မကြီးကလဲ ကိုးရီးယားကားလိုအပိုင်းပိုင်းနဲ့....။
ဘာပဲဖြစ်ဖြစ် ရွာကအကြောင်းလေးကစိတ်ဝင်စားစရာကောင်းမှာသေချာတယ်...။

ချော(အစိမ်းရောင်လွင်ပြင်) said...

ထိခံချင်လှပါပြီ
မြန်မြန်တင်ပါတော့
မျှော့ရတာလည်း မောနေပါပြီ။

Anonymous said...

မြင်ကွင်းတွေ ကြည်.ပြီး ရင်ကိုထိနေပါပြီ.. အချိန်သာပြောင်းသွားမယ် သူတို.ကတော. ဒီအတိုင်းပဲ

ဇွန်မိုးစက် said...

အစ်မချစ် စာသံထဲမှာ ကိုတီ့စာသံနဲ့ ခပ်ဆင်ဆင် တူနေသလိုပဲ။ စာဖတ်သူကို ဆွဲ..ဆွဲ ထားတာ။ အဟိ ... :D

SHWE ZIN U said...

အမျိုး တစ်ယောက်အိမ် ထမင်းလည်း ဝင်စားခဲ့တာ...။

ဆိုတော့ ညီမ ရေ နောက်တပိုစ့် တော့ သေချာပေါက် ထိတော့မယ်ထင်တယ် အင်း မအူပင် မှာ စားတာ ဆိုတော့ အမ စိတ်ကြိုက်တွေ ဘဲ ဖြစ်မယ်ထင်တယ် မျှော်နေပါတယ် ထိ ခါ မှ ထိရော

rose of sharon said...

ရင်ကိုထိတဲ့အပိုင်းမရောက်သေးပေမဲ့ ပုံလေးတွေက ရင်ထဲငြိပါတယ်....

Nyi Linn Thit said...

ပြောင်းပြုတ်ဆိုတာ နာမည်အသစ်လေ..၊ အရင်တုန်းက 'ပြောင်းဖူး(ဘူး) ပြောင်းဖူး(ဘူး)' ဆိုပြီး တချို့တွေက အလွဲသုံးစား လုပ်ပြီး အော်လွန်းလို့ ဈေးသည်တွေက negative sense ပါတဲ့ ဖူး(ဘူး) ကို ဖြုတ်ပလိုက်တာ...ကဲ၊း)

နေ၀ဿန် said...

း).. မျှော့သွားတာပဲ... :D

မြစ်ကျိုးအင်း said...

ထိချင်ရင်ထိစေတော့.. ၁ ကနေ စဖတ်တယ်။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်