Sunday, June 5, 2011

အငြိမ့်ပွဲ ကြော်ငြာ


အငြိမ့်ပွဲ ကြည့်ချင်သူများအတွက် အကယ်ဒမီများရှင် မေသန်းနုနဲ့ အနုပညာရှင်ပေါင်းများစွာ ပါဝင်ကပြမဲ့ "ပါရမီရှင်အငြိမ့်" ပရိတ်သတ်များရှေ့မှောက် အရောက်လာပါတော့မယ်။ စိတ်ဖိစီးမှုတွေနဲ့ တပြည်ခြားမှာ လုပ်ငန်းခွင် ဝင်နေကြရတဲ့ ရွှေမြန်မာများအတွက် ဘဝအမောတွေ ပြေလျော့စေမဲ့ ပွဲလေးတပွဲပေါ့ရှင်။ လက်မှတ်ဈေးတွေက S$၃၀၊ S$၄၀ နဲ့ S$၅၀ ဖြစ်ပြီး ပွဲချိန်က နေ့လည် ၁နာရီခွဲကနေ ည ၈နာရီခွဲ ဖြစ်ပါတယ်။ လက်မှတ်တစ်စောင် ဝယ်တိုင်း ဝယ်တိုင်း "ရနံ့သစ် စားသောက်ဆိုင်"မှာ ထမင်းတနပ် "ကျသလောက်ရှင်း စံနစ်" နဲ့ ကျွေးမယ်လို့ ဆိုပါတယ်...အဟမ်းးး

ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ရှင်းကျားပူက မဟုတ်ဘဲ တပြည်တရွာက လာရောက်ကြည့်ရှု အားပေးကြမဲ့သူများ အတွက် အသွားအပြန် အမ်အေအိုင်ကြီး စီးပြီး လာရောက်ကြည့်ရှုနိုင်ဖို့ စီစဉ်ပေးထားပါသတဲ့။ လေယာဉ်ခ လုံးဝ ဖရီး ဖြစ်သလို ထိုင်ခုံကလည်း ဖရီး စိတင်းပါပဲ တဲ့။ "အင်ဂျင်ပေါ်ခွထိုင် ဦးရာလူစံနစ် " လို့ ဆိုပါတယ်...((ဟမ်))

ဟော...ဒါတင်ပဲလားဆိုတော့ ကျန်ပါသေးတယ်။ အငြိမ့်ပွဲ ကျင်းပမဲ့နေရာ စင်္ကာပူပိုလီ-ဒိုဗာ ရထားဘူတာ (စင်္ကာပူမြို့အနောက်ဖက်)မှာ ဖြစ်တာမို့ ဟိုး အရှေ့ဖျားက လာကြည့်ကြမဲ့သူများအတွက် MRTကို "ကြိုက်ရာရထား တက်စီးစံနစ်"နဲ့ ၅မိနစ် တစီးကျ စီစဉ်ပေးထားတယ်လို့ ဆိုပြန်ပါတယ်...အဟမ်းးးအဟမ်းးး ဒီကြော်ငြာရေးရတာ အင်မတန် ချောင်းဆိုးတယ်...:)

လက်မှတ်တွေကို အမြန်ဝယ်ထားနိုင်မှ နေရာကောင်းရဖို့ စိတ်ချရပါမယ်။ ကံစမ်းမဲအစီအစဉ်လည်း ပါသေးတာမို့ လက်မှတ်တွေကို အသေအချာ သိမ်းထားကြရန် ဖြစ်ပါတယ်။ လက်မှတ်တွေကို ပန်နီဆူလာက ဒေဝီဦးနဲ့ သပြေနုမှာ ဝယ်ယူရရှိနိုင်ပါတယ်။

ဒေဝီဦး (Peninsula Plaza, #05-17)
သပြေနု (Peninsula Plaza, #02-55)

Day & Date : Sunday , 3rd of July 2011
Time :1:30pm-8:30pm
Location : Singapore Poly Convention Centre

အသေးစိတ် ဖုန်းဆက်မေးမြန်းချင်သူများအတွက်တော့ ဒေါ်သန်းသန်းနု (91052531), ကိုဘိုဘိုဝင်း (81612244), စန်းလင်းထွဋ် (98004118), Joseph (97701198), Jamiee (91080950), and Aaron (91869140) နံပါတ်တွေကို ဆက်သွယ်နိုင်ကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်ရှင်.....

*MRT-Mass Rapid Transit (Myanmar Railways Transport မဟုတ်သည်ကို သတိချပ်ကြရန်)


10 comments:

  1. ဟဟဟ...အဲ့အငြိမ့်မယ်....လူရွင်တော်လိုရင် အစ်မချစ်ကူညီပေးလိုက်....ရီရတယ်...ကြော်ငြာလေးက....:)
    ကြော်ငြာနဲ့တင် သဘောကျသွားဘီ.....။

    ReplyDelete
  2. ချော(အစိမ်းရောင်လွင်ပြင်)Sun Jun 05, 05:26:00 PM GMT+8

    လေယဉ်လက်မှတ် ပို့ပေးရင် လာမလို့ပါဆို
    ခုတော့ အင်္ဂျင်ပေါ်ခွစီးရမတဲ့ ..
    ဟိဟိ မဖြစ်သေးဘူး မဖြစ်သေးဘူးး)

    ReplyDelete
  3. မော့စ် မိုးဒီ တို့ကောင်းပါတယ်...မြန်မာပြည်မှာလို အောက်ပိုင်းကို ညစ်ညစ်ပတ်ပတ် ပျက်ယင်တော့
    မကောင်းဘူးထင်ပါတယ်..

    ReplyDelete
  4. လူရွှင်တော်တွေကတော့ ရှယ်တွေပဲ။ ကြည့်ချင်စရာ။

    ReplyDelete
  5. Very funny, I like your writing style. Thanks

    ReplyDelete
  6. ပန်းချီMon Jun 06, 11:44:00 AM GMT+8

    စီစဉ်ပေးထားတဲ့ MRT ငါးမိနစ်တစ်စီး မလာရင် မမချစ်ကြည် ဆီမှာ လက်မှတ်ဖိုးနှစ်ဆပြန်ရနိုင်ပါသတဲ့..ဟိ (ဖွသွားပြီး))

    ReplyDelete
  7. အကမပါပဲ.... ဟာသပြက်လုံးသက်သက် ပွဲရှိရင် လက်တို့လိုက်ပါ အစ်မတော်....။ :P

    ReplyDelete
  8. အစ်မက တော်တော်နောက်တယ် ကြော်ငြာနဲ့တင် ရီနေရပြီ ဟီးဟီး :D

    ReplyDelete
  9. မချစ်...

    ဒီလိုလည်းရတယ်လာ...စွယ်စုံ....း))

    အိန္ဒြာ

    ReplyDelete
  10. အငြိမ့်ပွဲလာကြည့်ချင်ပါတယ်...လေယာဉ်အင်ဂျင်ကြီးကို ခွစီးဖို့ ကြေက်တာနဲ့ပဲ မလာတော့ဘူးကွယ်။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...