Thursday, May 12, 2011

His.tori ရဲ့ မီနူးအသစ်

ပြီးခဲ့တဲ့ စနေညက ကင်မ်ချီထမင်းကြော် ချင်ခြင်းတပ်တာနဲ့ His.toriကို အိမ်ကလူကြီးနဲ့ ကျွန်မ၊ ကျွန်မနဲ့ အိမ်ကလူကြီး စုစုပေါင်း လူနှစ်ယောက်၊ ဗိုက်နှစ်လုံးနဲ့ ခြေလေးချောင်းတို့ အင်ပြည့်အားပြည့် ချီတက်သွား ခဲ့ကြတယ်။

ကံဆိုးစွာပဲ ဆိုင်ရောက်တော့ ကျွန်မစားချင်တဲ့ ကင်မ်ချီထမင်းကြော်က အာလာကတ်မီနူးမို့ အဲဒီနေ့က မှာစားလို့မရခဲ့ပါဘူး။ ဟော ကံကောင်းချင်တော့ မိနုအသစ်နဲ့ တွေ့ပါလေရော။ BBQ Buffet-ဘာဘီကျူး ဘူဖေးကို တယောက်မှ S$၂၀ထဲရယ်။ No Service charge-ဝန်ဆောင်ခ မလို၊ GST မလို၊ တခြား BBQ Buffetဆိုင်တွေလို အအေး ဝယ်သောက်စရာ မလို၊ Buffet Menu ထဲမှာ Coke နဲ့ Korea Rice Teaပါ ပါပြီးသားဆိုတော့ အင်မတန် စားပျော်တယ် ဆိုရမယ်။



ကြက်၊ ဝက်၊ အမဲ၊ ပုဇွန်၊ ဝက်သားပြား(Bacon)၊ ပြည်ကြီးငါး၊ တိုဖူး...ပြီးတော့ ခေါက်ဆွဲအေး၊ ထမင်းဖြူ၊ ကင်မ်ချီ၊ အသီးအရွက်တွေက ဆလတ်ရွက်၊ ခရမ်းသီး၊ မှို၊ မုန်လာဥနီ၊ ရွှေဖယုံသီး စုံလို့ရယ်....။

ကျွန်မတို့ နှစ်ယောက်က ဗိုက်ဟောင်းလောင်းနဲ့ သွားခဲ့တာမို့ ဆာဆာနဲ့ အပီဆွဲကြလေတာ...။ သူက "ဆိုဂျူး တပုလင်း သောက်မယ်ကွာ"တဲ့...အမယ် ကိုရီးယား မင်းသားကြီး ကျလို့...။ ကျွန်မလည်း ကိုရီးယား မင်းသမီးတွေ တစွတ်စွတ် သောက်နေတာ တွေ့ဖူးတာမို့ လျှာနဲ့ နဲနဲတို့ကြည့်သေးတာ...အမလေး ခါးလိုက်တာ။ နောက်ဆုံးတော့ ကိုရီးမယားချင်နေပါစေ ဆိုပြီး Rice Tea လေးပဲ သောက်ခဲ့တယ်။ အို ဒါကလည်း Korea Rice Tea ဆိုပဲ။ ဆန်လှော်နံ့ သင်းသင်းလေးနဲ့။





His.tori အတွက် ပထမတခေါက် ပိုစ့်တင်အပြီးမှာ တချို့တွေ ကျွန်မ ဘလော့ဂ်က တဆင့်တွေ့ပြီး လာစားကြသတဲ့။ အဲဒီအတွက် ဆိုင်ရဲ့ ရှယ်ယာဝင်တယောက်ဆီက ကျေးဇူးစကားကြားရတာမို့ ကျွန်မက ကြေနပ်ပီတိဖြစ်စွာ...။ ဘာပဲဖြစ်ဖြစ် ကိုယ့်လူမျိုးအရင်းဆိုင်မို့ စီးပွားဖြစ်စေချင်၊ တိုးတက်စေချင်တဲ့ ဆန္ဒလေးကြောင့်ရယ်ပါ။ ခုလို ဆိုင်မှာ စားသောက်သူတွေနဲ့ စည်စည်ကားကားဆိုတော့ ကျွန်မ ပျော်ပါတယ်။ ဒါကလည်း His.tori အဖွဲ့သားတွေရဲ့  ကြိုးပမ်းမှု၊ စားသုံးသူအပေါ် ထားတဲ့စေတနာနဲ့ ဝန်ဆောင်မှုကောင်းတာတွေကြောင့်ပါပဲ။

ဒီထက် ပိုပျော်ရတာက စားသောက်အပြီး ဆိုင်ရှင်ကို ပိုက်ဆံပေးတာ ဘယ်လိုမှ မယူဘဲ အလကား ကျွေးလိုက်လို့ပါပဲ...((ဟမ်)) ကတောက်...ဒါမှန်းသိ အိမ်က အမျိုးတွေ အကုန် မ သွားပါတယ် :P

စနေ၊ တနင်္ဂနွေနဲ့ PH (Public Holiday) တွေမှာ BBQ Buffet မီနူးကို ညနေ ၄နာရီခွဲ-၅နာရီလောက်က စတင်ရောင်းပေးပြီး နေ့လည်စာ မရှိဘူးလို့ ဆိုပါတယ်။ အဲဒီနေ့တွေ ယောင်လို့များ နေ့လည်စာစားဖို့ မသွားလိုက်ကြပါနဲ့နော်။ ကျန်တဲ့ တနင်္လာက သောကြာမှာတော့ နေ့လည်စာရော ညစာပါ ရနိုင်ပါတယ်။ အာလာကတ်မီနူးရော ညဘက်ဆို BBQ Buffet မီနူးလည်း ရပါသတဲ့...ဘာပဲဖြစ်ဖြစ် His.toriမှာ သွားစားကြမယ်ဆို သိချင်တာတွေကို ဖုန်းလေး ကြိုတင်ဆက်ပြီး မေးမြန်းကြည့်လို့လည်း ရနိုင်ပါတယ်။ ဖုန်းနံပါတ် (65) 62246539 တဲ့...

His.tori ဆိုတဲ့ ဆိုင်လေးအကြောင်း ဒီမှာ ရေးဖူးပါတယ်....
ဖေ့စ်ဘုတ်မှာလည်း သူ့ဆိုင်ကလေးရဲ့ သတင်းတွေ တင်ထားပါတယ်...

Enjoy visiting His.tori Ya, CHEERS !!!!!




ပုံတွေက ဖုန်းနဲ့ပဲ ရိုက်လာရတာမို့ ကွာလတီ သိတ်မကောင်းပါ...

8 comments:

  1. "ကတောက်... ဒါမှန်းသိ အိမ်က အမျိုးတွေ အကုန် မ သွားပါတယ်"

    သွားစားမယ်ဆိုလည်း ပြောပြောက စောပါလားလို့... :P

    အမည်မဖေါ်ချင်သူ

    သက်ဝေ

    ReplyDelete
  2. ဘန်ကောက်မှာနေတာ နာတာပဲ
    ကတောက်

    ဘာပဲ ပြောပြော လာလည်ရင် လိုက်ကျွေးပါ ဒေါ်ချစ်
    အမ်

    အမည်ကို မပြောဘူး အသေသာသတ်

    ReplyDelete
  3. ကဲ.. ကြော်ငြာကောင်းတဲ့ လူတွေက ကြော်ငြာနေမှတော့ လေယာဉ်လက်မှတ် အခုပဲ ဘွတ်ကင်ချိတ်ဖို့ လုပ်တော့မယ်၊ ကုန်ချင်သလောက် ကုန်ပစေ့တော့၊ လာပြီးတော့ စားကိုစားလိုက် ဦးမယ်၊ သိပ်စိတ်ကြီးတာ...။းD

    ReplyDelete
  4. ပါဆယ်ထုပ်လာခဲ့ပါလာခဲ့ပြီး.. ကားဂိတ်မှာ လာပေးထားလိုက်.. စောင့်ယူပါ့မယ်ဗျာ။

    ReplyDelete
  5. နေ့လည်ကလဲ တ၀တပြဲ
    ညကျတော့လဲ ဘူဖေး

    အင်း.......ရန်ကုန်က စပယ်ယာတွေပြောသလို ပြောခံရတော့မယ်

    (((( ခနလေးဆရာရေ.....တယောက်ပြေးလာတယ်...နှစ်ယောက်လိုက်မယ် ))))

    ReplyDelete
  6. ညိမ်းနိုင်(မောင်လေး)Fri May 13, 01:34:00 AM GMT+8

    အရင်ပိုစ်မှာကတည်းကသွားအားပေးချင်နေတာ...၊ပိုက်ပိုက်တတ်နိုင်ဘူးရယ်...။
    နောက်တစ်ခါသွားရင် လက်တို့နော်....အနော်ကပ်လိုက်မယ်...:D

    ReplyDelete
  7. မပြန်ခင်တော့ သွားကြည့်ဦးမှပဲ။

    ReplyDelete
  8. Anonymous has left a new comment on your post "His.tori ရဲ့ မီနူးအသစ်":

    "ကတောက်... ဒါမှန်းသိ အိမ်က အမျိုးတွေ အကုန် မ သွားပါတယ်"

    သွားစားမယ်ဆိုလည်း ပြောပြောက စောပါလားလို့... :P

    အမည်မဖေါ်ချင်သူ

    သက်ဝေ

    တီချမ်း has left a new comment on your post "His.tori ရဲ့ မီနူးအသစ်":

    ဘန်ကောက်မှာနေတာ နာတာပဲ
    ကတောက်

    ဘာပဲ ပြောပြော လာလည်ရင် လိုက်ကျွေးပါ ဒေါ်ချစ်
    အမ်

    အမည်ကို မပြောဘူး အသေသာသတ်

    Nyi Linn Thit has left a new comment on your post "His.tori ရဲ့ မီနူးအသစ်":

    ကဲ.. ကြော်ငြာကောင်းတဲ့ လူတွေက ကြော်ငြာနေမှတော့ လေယာဉ်လက်မှတ် အခုပဲ ဘွတ်ကင်ချိတ်ဖို့ လုပ်တော့မယ်၊ ကုန်ချင်သလောက် ကုန်ပစေ့တော့၊ လာပြီးတော့ စားကိုစားလိုက် ဦးမယ်၊ သိပ်စိတ်ကြီးတာ...။းD

    မိုးယံ has left a new comment on your post "His.tori ရဲ့ မီနူးအသစ်":

    ပါဆယ်ထုပ်လာခဲ့ပါလာခဲ့ပြီး.. ကားဂိတ်မှာ လာပေးထားလိုက်.. စောင့်ယူပါ့မယ်ဗျာ။

    ကလူသစ် has left a new comment on your post "His.tori ရဲ့ မီနူးအသစ်":

    နေ့လည်ကလဲ တ၀တပြဲ
    ညကျတော့လဲ ဘူဖေး

    အင်း.......ရန်ကုန်က စပယ်ယာတွေပြောသလို ပြောခံရတော့မယ်

    (((( ခနလေးဆရာရေ.....တယောက်ပြေးလာတယ်...နှစ်ယောက်လိုက်မယ် ))))

    ညိမ်းနိုင်(မောင်လေး) has left a new comment on your post "His.tori ရဲ့ မီနူးအသစ်":

    အရင်ပိုစ်မှာကတည်းကသွားအားပေးချင်နေတာ...၊ပိုက်ပိုက်တတ်နိုင်ဘူးရယ်...။
    နောက်တစ်ခါသွားရင် လက်တို့နော်....အနော်ကပ်လိုက်မယ်...:D

    ပျက်သွားတဲ့ ကော်မန့်တွေ ပြန်တင်ပေးထားပါတယ်ရှင်....:)

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...