ကျွန်မတို့ ဆွမ်းဦးပုညရှင်စေတီ တည်ရှိရာ ငဖားတောင်ထိပ်ကိုရောက်တော့ ညနေ လေးနာရီထိုးလုပြီ။ အဝေးက လှမ်း မျှော်ကြည့်လိုက်ရင် ဖားသဏ္ဍာန်နဲ့ တူတဲ့အတွက် ငဖားတောင်လို့ ခေါ်ဆိုကြတာဖြစ်ပြီး ၃၇ခုသော စစ်ကိုင်းတောင်စဉ်တောင်တန်းကြီးတွေထဲက တခုအပါအဝင် ဖြစ်ပါသတဲ့။
♫♪ပုညရှင် စေတီအပါး...စစ်ကိုင်းတောင် စစ်ကိုင်းတောင်အထက်နားဆီက အရှေ့တလွှား ရှူလိုက်ရင်လေ...ဧရာဝတီ ဒုဌာဝတီ နတ်ပန်းချီဆေးစုံ ကွန့်ရော့လေသလား ဝဲလက်ယာ အတွန့်တွန့်နဲ့ အလွန့် အလွန် သာယာပါပေ...သည်♫♪ ဆိုတဲ့ စစ်ကိုင်းတောင် သီချင်းရဲ့ ခြေဆင်းအပိုဒ်ကလေး သတိရမိသေးတော့တယ်...။
ကြည့်စမ်းပါဦး...ဧရာဝတီဟာ ကွေ့ကာ ဝိုက်ကာ လွန့်လူး စီးဆင်းနေလိုက်တာ။ အနားမှာ ရှိတဲ့ အခပေး ကြည့်ရတဲ့ မှန်ပြောင်းနဲ့ ကြည့်မိတဲ့အခါ မြစ်တွင်းသွား အပျော်စီးသဘောင်္ကြီးဖြစ်တဲ့ "Road To Mandalay" ကိုတောင် တွေ့ရပါသေးရဲ့။ ရှုခင်းတွေက လှလိုက်တာ.......ညနေပေမဲ့ နေရောင်မကျသေးတာမို့ ပတ်ဝန်းကျင် တောတောင်သစ်ပင် အရာရာအားလုံးဟာ အပူရှိန်အောက်မှာ ကြွတ်ဆတ်ဆတ်နိုင်လှသလို အနီ အညို အမှိုင်းရောင်တွေနဲ့ မှုန်မှုန်ဆိုင်းဆိုင်းရယ်။
အာရုံခံတန်ဆောင်းထဲက ဆွမ်းဦးပုညရှင်ဘုရား ရုပ်ပွားတော်ကို ဦးဆုံး ဖူးမျှော် ကြည်ညိုကြတယ်။
♫♪ပုညရှင် စေတီအပါး...စစ်ကိုင်းတောင် စစ်ကိုင်းတောင်အထက်နားဆီက အရှေ့တလွှား ရှူလိုက်ရင်လေ...ဧရာဝတီ ဒုဌာဝတီ နတ်ပန်းချီဆေးစုံ ကွန့်ရော့လေသလား ဝဲလက်ယာ အတွန့်တွန့်နဲ့ အလွန့် အလွန် သာယာပါပေ...သည်♫♪ ဆိုတဲ့ စစ်ကိုင်းတောင် သီချင်းရဲ့ ခြေဆင်းအပိုဒ်ကလေး သတိရမိသေးတော့တယ်...။
ကြည့်စမ်းပါဦး...ဧရာဝတီဟာ ကွေ့ကာ ဝိုက်ကာ လွန့်လူး စီးဆင်းနေလိုက်တာ။ အနားမှာ ရှိတဲ့ အခပေး ကြည့်ရတဲ့ မှန်ပြောင်းနဲ့ ကြည့်မိတဲ့အခါ မြစ်တွင်းသွား အပျော်စီးသဘောင်္ကြီးဖြစ်တဲ့ "Road To Mandalay" ကိုတောင် တွေ့ရပါသေးရဲ့။ ရှုခင်းတွေက လှလိုက်တာ.......ညနေပေမဲ့ နေရောင်မကျသေးတာမို့ ပတ်ဝန်းကျင် တောတောင်သစ်ပင် အရာရာအားလုံးဟာ အပူရှိန်အောက်မှာ ကြွတ်ဆတ်ဆတ်နိုင်လှသလို အနီ အညို အမှိုင်းရောင်တွေနဲ့ မှုန်မှုန်ဆိုင်းဆိုင်းရယ်။
အာရုံခံတန်ဆောင်းထဲက ဆွမ်းဦးပုညရှင်ဘုရား ရုပ်ပွားတော်ကို ဦးဆုံး ဖူးမျှော် ကြည်ညိုကြတယ်။
အာရုံခံတန်ဆောင်းထဲက ဆွမ်းဦးပုညရှင်ဘုရား
ဆွမ်းဦးပုညရှင်စေတီတော်မြတ်
ဆွမ်းဦးပုညရှင်စေတီကတော့ ပြုပြင်မွမ်းမံနေတာမို့ လုံးတော်ပြည့် ဖူးခွင့် မရခဲ့ပါဘူး။ ခုလိုပဲ ရသေ့စိတ်ဖြေ အပြင်ကနေ မှန်းပြီး ဖူးမျှော်ခဲ့ကြရပါတယ်။
ရင်ပြင်တော်ပေါ်မှာ...
ဆွမ်းဦးပုညရှင်စေတီကို ပဒေသရာဇ် ပြည့်ရှင် သီဟသူရဲ့ ပညာရှိအမတ် ဦးပုညက ၆၇၄ ခုနှစ်-ပင်းယခေတ်မှာ တည်ထားခဲ့တာ ဖြစ်ပါတယ်။ စစ်ကိုင်းတောင်စဉ်တန်းကြီးတွေရဲ့ ဒုတိယ အမြင့်ဆုံးဖြစ်တဲ့ ငဖားတောင်ထိပ်ပေါ်က ဆွမ်းဦးပုညရှင်စေတီဟာ အမြင့် ၂၉ မီတာ၊ အပေါ်မှာ ဆင့်တင်ထားတော်မူတဲ့ ထီးတော်အမြင့်က ၈ မီတာ ရှိတယ်လို့ ဆိုပါတယ်။
ရှေးမြန်မာမင်းအဆက်ဆက်က ဗုဒ္ဓဓါတ်တော် မွေတော်တွေ ထည့်သွင်းထာပနာထားခဲ့တဲ့ ဒီစေတီမှာ အင်မတန် ထူးခြားလှတဲ့အချက်က တည်ထားစဉ်ကတည်းက အခု အချိန်ထိ ဘယ်သူ လူသား တဦးတလေကမှ ဆွမ်းဦး ကပ်လှူခွင့် မရရှိခဲ့သးတာပါပဲ။ ကျွန်မ ကြားဖူးတာကတော့ စေတီကြီးကို စောင့်ကြပ်တဲ့ သူတော်ကောင်းနတ်တွေက ဆွမ်းဦး လာကပ်ကြတယ် ဆိုတာပါ။ ဘယ်လောက်ပဲ အာရုဏ်မတိုင်မီ စောင့်ပြီး ဆွမ်းကပ်ကပ်၊ ဘုရားအရှေ့မှာ ဆွမ်းပွဲ ၁၀ ပွဲခန့် အမြဲ ဆက်ကပ်ထားပြီး ဖြစ်နေတတ်တယ်လို့ အဆိုရှိပါတယ်။
ကျွန်မတို့ဘေးမှာ ရွှေပလောင် ငွေပလောင်အုပ်စု ဘုရားဝတ်ပြုနေတာလည်း တွေ့ခဲ့ပါရဲ့။ ပြီးတော့ ဓါတ်ပုံတွေ ရိုက်တယ်။ အဲဒီအုပ်စုထဲက တယောက်က ခင်မင်ဖော်ရွေဟန်နဲ့ ကျွန်မအနားရောက်လာခဲ့တော့ ကျွန်မက ပြုံးပြ နှုတ်ဆက်ရင်း သေချာအောင် "ဘာလူမျိုးလဲဟင်" လို့ မေးမိတယ်။ သူက" ငွေပလောင်" လို့ ပြန် ဖြေရင်း ကျွန်မလည်ပင်းမှာ ချိတ်ထားတဲ့ ကင်မရာကြီးကိုပဲ စိတ်ဝင်တစား ကြည့်နေတော့တယ်။
ဒါနဲ့ ကျွန်မက "ဓါတ်ပုံ ရိုက်မလားဟင်" ဆိုတော့ သူက နှုတ်က ဘာမှပြန်မဖြေဘဲ ပိုစ့်ပေးနေတာက အရင်...။
ဓါတ်ပုံ ရိုက်ပေးပြီး ကင်မရာ စခရင်မှာ သူ့ပုံလေးကို ပြန် ပြတော့ သူက စခရင်ကို လက်ညှိုးလေးနဲ့ လှမ်းထိကြည့်ရင်း သူ့ပုံကို "လှတယ်" လို့ ပြောခဲ့တာ....။ သူ့ဟန်ပန်က ရိုးရှင်းပြီး ချစ်စရာကောင်းတာမို့ ကျွန်မဖြင့် မပြုံးဘဲ မနေနိုင်အောင်ပါ။ "အင်တာနက်ပေါ် ဒီဓါတ်ပုံတင်လိုက်မယ်နော်" ဆိုတော့ ခေါင်းညိတ်ပြရှာတယ်။ အင်တာနက် ဆိုတာ ဘာလဲ... သူ သိ မသိ မသေချာပေမဲ့ နောက်တခေါက် သူနဲ့တွေ့ပြီး သူ့ဓါတ်ပုံလေး ကူးပေးလိုက်ချင်တဲ့ စိတ်တွေ ကျွန်မ ရင်ထဲ တဖွားဖွား ပေါ်လာခဲ့မိတော့တာ။
ပုညရှင်စေတီအပါးက ပြန်လာခဲ့ကြတော့ ညနေ ၅နာရီ စွန်းစွန်း...။ ကျွန်မတို့ မန္တလေးပြန် ဆင်းရဦးမယ်။ ပြန်ရောက်တာနဲ့ အမောဖြေ၊ ရေမိုးချိုးပြီးကြရင် သူငယ်ချင်းတွေနဲ့ နှုတ်ဆက်ညစာစားဖို့ "တူးတူး မြန်မာထမင်းဆိုင်"မှာ အယောက် အစိတ်စာ ဘုတ်ကင်လုပ်ထားခဲ့တာ...။ မနက်ဖြန် မနက်စောစော မန္တလေးကို နှုတ်ဆက်ထားရစ်လို့ ကျွန်မတို့ ခရီးဆက်ကြရဦးမှာ...တောင်ကြီး၊ အင်းလေး၊ ပင်းတယနဲ့ ပုဂံကိုပေါ့။
စာကြွင်း : တောင်ကြီး နဲ့ အင်းလေး ခရီးတွေ ရေးပြီးခဲ့ပါပြီ။ ပင်းတယ နဲ့ ပုဂံ အကြွေးမှတ်ထားကြပါ။ ဖြည်းဖြည်း နား နားပြီး ရေးပါမယ်...:)
Ref: http://wikimyanmar.co.cc/
Special Thanks : ကျွန်မလိုချင်တဲ့ အချက်အလက်များ ရှာဖွေ ပေးခဲ့တဲ့ AATO ဘလော့ဂ်ပိုင်ရှင် ကိုသောမတ်စ်...Big thanks to you Bro :)
အလွမ်းပြေ အလွမ်းမပြေ ဆိုသလိုပဲ ချစ်ချစ်ရယ် ... စစ်ကိုင်းကို လွမ်းတယ် ။။။
ReplyDeleteတရံခါက ခံစားခဲ့ဖူးတဲ့ ရေမြေတောတောင် သဘာဝအလှတွေကို...
ReplyDeleteချစ်ကြည်ရဲ့ စိမ်းညို့ညို့ မှိုင်းပြာမှုန်ရီ အလင်္ကာအရေးအသားတွေနဲ့ တွဲဖက်လို့ ထပ်မံခံစားရင်း
ကြည်ကြည်နူးနူး ဘုရားဖူးသွားပါတယ်။
အဲဒီနေရာကို သဘောကျလိုက်တာ... ဓါတ်ပုံတွေလည်း လှတယ်...။
ReplyDeleteစစ်ကိုင်းတောင်ကို ငယ်ငယ်တုံးကပဲ တခေါက် ရောက်ဖူးတယ်... ဘာမှ မမှတ်မိတော့ဘူး...း((
မရေ... ပုံလေးတွေ သိပ်လှတယ်။ မြန်မာပြည်ကို ဘယ်လိုကြည့်ကြည့် ချစ်နေမိတာပါပဲ အစ်မရေ။ ဆွမ်းဦးပုညရှင်ပို့စ်အတွက် ကျေးဇူးစ်။း)
ReplyDeleteဆွမ်းဦးပုညရှင်စေတီတော် နှင့်အတူ စစ်ကိုင်း မန္တလေး ရှူ့ခင်းတွေကိုကြည့်ပြီး အလွမ်းဖြေခွင့်ရလို့ ကျေးဇူးပါနော်။
ReplyDeleteအလွမ်းပြေ ကြည့်သွားတယ်။ ရောက်ဖူးတယ်။ အဲဒီကို။
ReplyDeleteအဝေးကပဲ အလွမ်းပြေ ကြည့်ခွင့်ရတာ ကျေးဇူး အမရေ ...
ReplyDeleteမရောက်တာ ၁၀နှစ်ကျော်ပြီ
ReplyDeleteခုတော့ အစ်မကျေးဇူးနဲ့ ပြန်ဖူးလိုက်ရတာ ၀မ်းသာပါတယ်
ရှုခင်းတွေ လှလိုက်တာနော်
ရိုက်တဲ့သူတော်လို့လည်း ဖြစ်မယ်
ပလောင်တွေလည်း ခါးမှာ ငွေကွင်း ဆင်တယ်နော်။ ခုမှပဲ တွေ့ ဖူးတယ်။ ရိုးရိုးဝတ်တဲ့ ပလောင်ဝတ်စုံပဲ တွေ့ ဘူးတာ။
ReplyDeleteအစ်မချစ်ရဲ့ အောက်စတန်းဒန်းရှော့ တွေပါလား။ စစ်ကိုင်း ကို ပေါ့ပေါ့ပါးပါး လေးလွမ်းမိ သွားပါတယ်ဗျာ။
ReplyDeleteစစ်ကိုင်းကို အရမ်းသဘောကျတယ်.. အေးချမ်းနေတာပဲ.... အခွင့်ရှိခဲ့ရင် ဆွမ်းဦးပုညရှင်ကိုလည်း သွားဖူးမြော်ချင်ပါသေးတယ်...
ReplyDeleteခင်မင်လျက်
နေ၀ဿန်
ညီမ ချစ်ကြည် ရေ
ReplyDeleteမရောက်တာတောင် ကြာသွားပြီ ချစ်ကြည်အေး ရဲ့ လက်ရာလေး ကြည့်ပြီး ပြန်လွမ်းသွားပြီ ပုံလေး တွေကလည်း ကောင်းပါ့ဗျာ
နားနားပြီး ဖတ်ပါ့မယ် :)
ReplyDeleteအဲနေရာတွေကို သွားဦးမှာ
ReplyDeleteဌာနေပြည်ကြီးကဝေးသနှင့်း( ဒီပို့စ်ဖတ်ပြီး ပြန်ချင်စိတ်တောင်ပေါက်မိတယ် မမရေ..။
ReplyDeleteကိုယ့်ပြည်ကိုယ့်ရွာမှာပဲ ဒီလိုအလှမျိုးတွေရှိတယ်လို့ ခံစားမိနေသကိုး..(ဇွတ်)း))
မရောက်ဖြစ်သေးပဲ သွားဖူးချင်တဲ့ဘုရားပါပဲ။
ReplyDeleteတပြည်လုံး ခရီးထွက်လိုက်ရတာ အားရစရာပါပဲ မချစ်ရေ။
စစ်ကိုင်းမှာ နေတုံးကတော့ ခဏခဏရောက်တယ်။ အဘွားတို့ အိမ်က တောင်ခြေမှာဆိုတော့ စစ်ကိုင်းတောင်ကတော့ တက်ဖြစ်တယ်။ ခုတော့ မရောက်တာကြာပြီ။ လွမ်းစရာလေးတွေ ... ...
ReplyDeleteမြင်သာလှမ်းမြင်ဖူးတာ တခါမှရောက်ဖူးဘူးရယ်.. ဘုရားဖူးခွင့်ရသွားပြီ ကျေးစ် တီကြည်..
ReplyDeleteThank you Ma Ma CKA for sharing the amazing trip's memories!!!!
ReplyDeleteနားနားပြီးဖတ်ရင်း မေ့မေ့သွားတယ်....မြန်မြန်လေးရေးပါ ဒါပဲ....
ReplyDeleteညီမလေး>>အမချစ်လည်း လွမ်းတယ် တခေါက် ပြန်သွားချင်တယ်....:)
ReplyDeleteသီတာ>>ဘုရားဖူးသွားလို့ သာဓု သာဓု သာဓုပါ သယ်ရင်း:)
သူငယ်ချင်း သက်ဝေ>> ပြန်ရင် သွားဖြစ်အောင် သွား၊ ဓါတ်ပုံတွေ ရိုက်ဖြစ်အောင် ရိုက်ပါ...:)
တူတူပဲ ညီမဇွန်>> ဘယ်လိုကြည့်ကြည့် ချစ်နေတော့တာပဲ...:)
လာလည်စာဖတ်တာ ကျေးဇူးပါ ကိုမင်းဧရာ...:)
ခနွဲနဲ့ ကိုအောင်>> အလွမ်းပြေတယ်ဆိုလို့ ဝမ်းသာပါတယ်...:)
ဒါပေါ့ ရွှေချောရဲ့ ရိုက်တဲ့သူ တော်တာ မှန်၏....ခွိ...:)
စော>> ဟုတ်တယ် သူတို့ကွင်းတွေက အပျော့တွေလိုပဲ...:)
ကိုသောမတ်စ်>> ဟုတ်ပါ့ အပြင်မှာ မတ်တတ်ရပ်နေသော ရိုက်ချက်များပါပဲ...:)
နေဝဿန်>> အမလည်း စစ်ကိုင်းကို သဘောကျတယ် သွားဖြစ်အောင် သွားဖူးပါ...:)
အမဇင်>> တူတူသွားကြမယ်လေ နော်...:)
ကိုလင်းဒီပ>> ဟိုအကိုင်းနားလိုက်၊ ဒီအကိုင်းနားလိုက်လား ဟမ်...:P
မိုးယံ>> ကြွကြွ....:)
ညီမပန်းချီ>> ဒါပေါ့ တခြားမှာ ဘယ်ရှိမတုန်း ပြန်သာပြန်....:)
မောင်မြစ်>> မရောက်ဖူးရင် သွားဖြစ်အောင် သွားဖူးပါ။ အမက ဒါတောင် အချိန်နဲလို့ တချို့နေရာတွေ မရောက်ခဲ့ရဘူး...:)
ဆွိ>> ဟုတ်တယ် အနေအထားကိုက လွမ်းစရာလေး....:)
ယူအာ ဝဲလ်ကမ်း သားတွန်...:)
ညီမMPA>>you are welcome sis:)
မိုး>> ဟုတ်ပါပြီတော် လက် မော်တာတပ်ရေးပါ့မယ် အိုခေ...:)
အားလုံးကို ကျေးဇူးအများကြီး တင်ပါသည်ရှင် :))))