Thursday, May 19, 2011

တိတ်တခိုး


ရည်ရွယ် တိုက်ခတ်ခဲ့တာတော့ မဟုတ်ဘူး....။

ယိမ်းယိုင်လွယ်တဲ့ သဘာဝတခုဟာ...
လေအသွေး...ဝေးဝေးလွင့်လွင့်...
လေအဝှေ့...တိုးတိုးခွေ့ခွေ့....
လေအလာ...ဝေဝေဖြာဖြာ...ရှိခဲ့ပြီး...

လေကြောင်းအပြာင်းအရွှေ့ လေငြိမ်တတ်တဲ့နေ့များဆို....
ပြူတင်းပေါ် ခေါင်းတင်မေးစိုက်ရင်း....
မျှော်ရ  မောရ  လောင်မြိုက်ရ...
ဖွဖွငြင်သာ  လူသူမသိ ငိုညည်းမိတတ်ကြသတဲ့...။

တကယ်တော့ လေဟာ သူ့အလုပ် သူလုပ်တာသာ ဖြစ်တယ်....။


12 comments:

  1. ကဗျာလေးဖတ်သွားတယ်.. ပုံလေးကိုပိုနှစ်သက်မိတယ်.

    ReplyDelete
  2. ကောင်းလိုက်တာ... လေကသူ့အလုပ်သူလုပ်တာကို ကိုယ်ကလိုက်ပါခံစား ယိမ်းယိုင်နေတာ...တကယ်ကိုထိထိမိမိ ခံစားရပါတယ်။

    ReplyDelete
  3. ဟုတ်ပနော်.. လေဟာ သူ့အလုပ်သူလုပ်နေတာပဲဖြစ်တယ်... အဲဒါကိုပဲ အမျိုးမျိုးခံစားနေမိတာကိုး...း))


    ခင်မင်လျက်
    နေ၀ဿန်

    ReplyDelete
  4. ဘဝမှာ
    လေမုန်တိုင်းတွေ ကြောက်လွန် လွန်းလို့ 
    လေပြေလေးပဲ အစဉ်အမြဲ တိုက်စေချင်တယ်..

    လေလွင့်နေတဲ့ ဒီဇိုင်းလေးမိုက်တယ်..း))

    ReplyDelete
  5. ကြိုက်စ်
    ဘယ်သူ့ကိုများ တိတ်တခိုးမျှော်ရပါ့
    (လေမလာ အိုက်လွန်း လို့ပါအေ...)

    ပေါက်ကရမန့်လို့ စိတ်မဆိုးပါနဲ့နော်

    ReplyDelete
  6. ကြိုက်တယ်...အရမ်းကြိုက်တယ်..တီတီ

    ReplyDelete
  7. ဓမ္မသဘော ပါးပါးလေးနဲ့ လှချက် မမရယ်..။း)

    ReplyDelete
  8. မိန်းကလေးတွေရဲ့ မျှော်ရုံသာမျှော်နိုင်တဲ့ သဘာဝများလား မမရယ်။

    ReplyDelete
  9. လေဆိုလို့ ညီမလေးလည်း လေအကြောင်းအက်ဆေးတစ်ပုဒ်ရေးဖြစ်သေးတယ်...။ မကြီးလက်ရာ ပုံလေးကိုကြိုက်တယ်...။ နောက်ဆို အလုပ်အပ်မှနဲ့တူတယ်...။

    ReplyDelete
  10. ပုဝါတွေတောင်မှ တချို့တဝက်သာ လှုပ်တဲ့ ငြိမ့်ငြိမ့်ညှင်းညှင်း လေပြေလေး..၊ တကယ့်ကို တိုးတိုးလေး တိုက်သွားတာ လှလိုက်တာ....။

    ReplyDelete
  11. ပုဝါရဲ့ လှုပ်ရမ်းမှု
    လေပြေရဲ့ ငြင်သာနွဲ့ပြောင်းမှု
    ကဗျာလေးရဲ့ တင်စားမှု
    လိုက်ဖက်ညီလှတယ်.. လွှင့်မျောနေတဲ့ ပုဝါလေးတွေက ချစ်စရာ

    ReplyDelete
  12. တိတ်တခိုး ဖတ်သွားတယ်။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...