Tuesday, May 10, 2011

ချစ်သုဝေနဲ့ အင်ပါယာ

တီချမ်းက ချစ်သုဝေပုံလေးတွေ တင်ပေးပါဆိုလို့....အင်းးး သူ မပြောလည်း တင်ဖို့ပါပဲ...။ (တို့က အဲလို လူချစ်အောင် ပြောတတ်တယ် :)




ဒီကောင်မလေးကို ဓါတ်ပုံရိုက်ရတာ အခက်ဆုံး...အငြိမ်မှ မနေဘဲကိုး၊ စင်ပေါ် ဘယ်ညာ လျှောက်ပြေးနေတဲ့ ကောင်မလေး။








အိုင်နိယူ၊ အိုင်လဗ်ယူတဲ့....အဲဒီသီချင်း စဆိုတယ်။ ♫♪ တကယ်ဆိုရင်... လိုအပ်ချက် ကွက်လပ်တွေ သိတ်များလွန်းနေလို့ မင်းကို စောင့်နေခွင့်ပေးပါ...ဒီကမ္ဘာမှာ နင်မရှိတဲ့နေ့ရက်တွေကို ရှေ့ဆက်နိုင်ဖို့ အနားကို မင်းပြန်လာပေးပါ♫♪.... တဲ့ အရိုးသီချင်း။ နောက် သီချင်းဟောင်းလေးတပုဒ်.... ♫♪♫♪ လူဆိုတာ မျောက်လို မဟုတ်ဘူးတဲ့ မဟုတ်တရုပ်ဘက် အသိဉာဏ်ပိုကောင်းခဲ့♫♪♫♪ ဆိုတဲ့ အာဒံဧဝသီချင်းလေး....။ လင်းလင်းရေးပေးထားတဲ့ အဖြူရောင်လေး...။ ♫♪ထိုးခုတ်သွက်လက် ဓါးရေးထက်တယ် ရန်သူများ ရှင်းလင်းသွား တန်ခိုးရှင်လိုကွယ်♫♪...နင်းဂျား။ အဲ....နောက်တပုဒ် မမှတ်မိတော့ပါ (မှတ်ဉာဏ်တုံးပြီကွာ....)

ထားပါတော့....ချစ်သုဝေ အသံနဲ့ ဆိုဟန်ဆိုပေါက်ကတော့ သာမာန်ပါပဲ...ဒါပေမဲ့ အကလေးတွေ ချစ်စရာကောင်းပြီး ပို ကတတ်လာတယ်။ သူ့ကြည့်ရတာ ဂါဝန်ကားကားလေးနဲ့မို့ ဘာဘီရုပ်ကလေးလိုလို.....


9 comments:

  1. ဘာပဲဖြစ်ဖြစ်လေ...ချစ်သုဝေကို ရမယ်ဆို ယူပါတယ်ကွယ်။ ဟီးဟီး

    ReplyDelete
  2. စဉ်းစားပါဦး ကိုမိုးယံ ရှင် နာနေပါဦးမယ် ဟွန်းးးးး

    ReplyDelete
  3. ခရစ္စတလ်Tue May 10, 01:07:00 PM GMT+8

    မိုးယံရယ် နာနေပါအုံးမယ်ဟယ်.....:P

    အစ်မ ကျေးဇူးနော်၊ သူကို့ အပြင်တွေ့တုန်းကလည်း ချစ်လို့၊ အခွေကြည့်တော့လဲ ကြိုက်တယ်၊ သီချင်းကိုလည်း တီဘောကျဒယ် :)

    ReplyDelete
  4. ဟုတ်တယ် ညီမ ခရစ်စတယ်လ် သူက မိတ်ကပ်မပါရင် ပိုချစ်စရာ...:))

    ReplyDelete
  5. အဲဒီ့တုန်းက အစ်မလဲပွဲထဲမှာရှိနေတာကိုး။ ချစ်သုဝေချစ်စရာကောင်းချက်ကတော့ မိန်းကလေးချင်းတောင်ကြည့်ရင်းနဲ့ ပြေးပြီးဖက်နမ်းချင်စိတ်ပေါက်တယ်..တကယ်။

    ReplyDelete
  6. အမည်မသိ ညီမလေး ဟုတ်တယ်...အမလည်း ရှိနေခဲ့တာပေါ့...။ ဟမ် စိတ်ထိန်းပါ ညီမရယ်....:))

    ReplyDelete
  7. ကျေနပ်တယ်ဟေ့ တကယ် ချစ်ဆှာလေး

    အငြိမ်မနေတာတော့ ပြောမနေနဲ့ သူဆိုတဲ့ လူဆိုတာ မျောက် ကလာတာ ဆိုတာ သူ့ကိုသူညွှန်းနေသလားပဲ

    မဲစောက်လာတုံးကလဲ ပုံ ရိုက်တာ ၈၀ တပုံ ပဲ ခပ်ဝါးဝါး ထွက်တယ် အဲ့တာ အကောင်းဆုံး

    လှုပ်ရှုပ်ခတ်နေတာပဲ ဆိုဟန်လေးကို ချစ်တာ အသံကတော့ သာမာန်အောက်ပဲ ပုံအပျက်ဆုံး က အယ်ဇိုင်းဇီ ဗိုက် ကကြီးနေတာလား ဘာလား တခုခုပဲ ဒေါ်ချစ်က ကင်မလာကောင်းလို့ဖြစ်မယ် ပုံထွက်ဒီလောက်ကောင်းတာ

    ReplyDelete
  8. ချစ်ဆုဝေကပိုပီးချစ်ဖို့ကောင်းတယ်...း)။ ကို၇ီးယားကို သူတို့၂ယောက်လာတုန်းက..

    ReplyDelete
  9. ချစ်သုဝေက တော်တော်ချစ်ဖို.ကောင်းတယ်။သူ.ဗီဒီယိုလေးတွေထဲမှာရော၊သူဆိုတဲ.သီချင်းတွေမှာ ၀တ်တာစားတာရော၊ အရမ်းလဲ တိုပြတ်နေအောင်မ၀တ်၊ အရမ်းလဲမကလက်ဘူး။
    တော်တော်လူချစ်ခံရတဲ.ကောင်မလေးဘဲ။

    တချို.အဆိုတော်ကောင်မလေးတွေများ တိုမှ၊ ပြတ်မှ၊ ဖော်နိုင်မှ တန်ကာကျတယ်
    ထင်နေလားမသိဘူး၊ တခါတခါသူတို.ကိုကြည်.ရတာ သီချင်းဆိုတဲ. အဆိုတော်နဲ.တောင်မတူတော.ဘဲ နိုက်ကလပ်က ကောင်မလေးတွေလိုဒီဇိုင်းတွေဖြစ်နေတယ်။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...