Tuesday, May 10, 2011

ချစ်သုဝေနဲ့ အင်ပါယာ

တီချမ်းက ချစ်သုဝေပုံလေးတွေ တင်ပေးပါဆိုလို့....အင်းးး သူ မပြောလည်း တင်ဖို့ပါပဲ...။ (တို့က အဲလို လူချစ်အောင် ပြောတတ်တယ် :)




ဒီကောင်မလေးကို ဓါတ်ပုံရိုက်ရတာ အခက်ဆုံး...အငြိမ်မှ မနေဘဲကိုး၊ စင်ပေါ် ဘယ်ညာ လျှောက်ပြေးနေတဲ့ ကောင်မလေး။








အိုင်နိယူ၊ အိုင်လဗ်ယူတဲ့....အဲဒီသီချင်း စဆိုတယ်။ ♫♪ တကယ်ဆိုရင်... လိုအပ်ချက် ကွက်လပ်တွေ သိတ်များလွန်းနေလို့ မင်းကို စောင့်နေခွင့်ပေးပါ...ဒီကမ္ဘာမှာ နင်မရှိတဲ့နေ့ရက်တွေကို ရှေ့ဆက်နိုင်ဖို့ အနားကို မင်းပြန်လာပေးပါ♫♪.... တဲ့ အရိုးသီချင်း။ နောက် သီချင်းဟောင်းလေးတပုဒ်.... ♫♪♫♪ လူဆိုတာ မျောက်လို မဟုတ်ဘူးတဲ့ မဟုတ်တရုပ်ဘက် အသိဉာဏ်ပိုကောင်းခဲ့♫♪♫♪ ဆိုတဲ့ အာဒံဧဝသီချင်းလေး....။ လင်းလင်းရေးပေးထားတဲ့ အဖြူရောင်လေး...။ ♫♪ထိုးခုတ်သွက်လက် ဓါးရေးထက်တယ် ရန်သူများ ရှင်းလင်းသွား တန်ခိုးရှင်လိုကွယ်♫♪...နင်းဂျား။ အဲ....နောက်တပုဒ် မမှတ်မိတော့ပါ (မှတ်ဉာဏ်တုံးပြီကွာ....)

ထားပါတော့....ချစ်သုဝေ အသံနဲ့ ဆိုဟန်ဆိုပေါက်ကတော့ သာမာန်ပါပဲ...ဒါပေမဲ့ အကလေးတွေ ချစ်စရာကောင်းပြီး ပို ကတတ်လာတယ်။ သူ့ကြည့်ရတာ ဂါဝန်ကားကားလေးနဲ့မို့ ဘာဘီရုပ်ကလေးလိုလို.....


9 comments:

မိုးယံ said...

ဘာပဲဖြစ်ဖြစ်လေ...ချစ်သုဝေကို ရမယ်ဆို ယူပါတယ်ကွယ်။ ဟီးဟီး

ချစ်ကြည်အေး said...

စဉ်းစားပါဦး ကိုမိုးယံ ရှင် နာနေပါဦးမယ် ဟွန်းးးးး

ခရစ္စတလ် said...

မိုးယံရယ် နာနေပါအုံးမယ်ဟယ်.....:P

အစ်မ ကျေးဇူးနော်၊ သူကို့ အပြင်တွေ့တုန်းကလည်း ချစ်လို့၊ အခွေကြည့်တော့လဲ ကြိုက်တယ်၊ သီချင်းကိုလည်း တီဘောကျဒယ် :)

ချစ်ကြည်အေး said...

ဟုတ်တယ် ညီမ ခရစ်စတယ်လ် သူက မိတ်ကပ်မပါရင် ပိုချစ်စရာ...:))

Anonymous said...

အဲဒီ့တုန်းက အစ်မလဲပွဲထဲမှာရှိနေတာကိုး။ ချစ်သုဝေချစ်စရာကောင်းချက်ကတော့ မိန်းကလေးချင်းတောင်ကြည့်ရင်းနဲ့ ပြေးပြီးဖက်နမ်းချင်စိတ်ပေါက်တယ်..တကယ်။

ချစ်ကြည်အေး said...

အမည်မသိ ညီမလေး ဟုတ်တယ်...အမလည်း ရှိနေခဲ့တာပေါ့...။ ဟမ် စိတ်ထိန်းပါ ညီမရယ်....:))

တီချမ်း said...

ကျေနပ်တယ်ဟေ့ တကယ် ချစ်ဆှာလေး

အငြိမ်မနေတာတော့ ပြောမနေနဲ့ သူဆိုတဲ့ လူဆိုတာ မျောက် ကလာတာ ဆိုတာ သူ့ကိုသူညွှန်းနေသလားပဲ

မဲစောက်လာတုံးကလဲ ပုံ ရိုက်တာ ၈၀ တပုံ ပဲ ခပ်ဝါးဝါး ထွက်တယ် အဲ့တာ အကောင်းဆုံး

လှုပ်ရှုပ်ခတ်နေတာပဲ ဆိုဟန်လေးကို ချစ်တာ အသံကတော့ သာမာန်အောက်ပဲ ပုံအပျက်ဆုံး က အယ်ဇိုင်းဇီ ဗိုက် ကကြီးနေတာလား ဘာလား တခုခုပဲ ဒေါ်ချစ်က ကင်မလာကောင်းလို့ဖြစ်မယ် ပုံထွက်ဒီလောက်ကောင်းတာ

Anonymous said...

ချစ်ဆုဝေကပိုပီးချစ်ဖို့ကောင်းတယ်...း)။ ကို၇ီးယားကို သူတို့၂ယောက်လာတုန်းက..

Anonymous said...

ချစ်သုဝေက တော်တော်ချစ်ဖို.ကောင်းတယ်။သူ.ဗီဒီယိုလေးတွေထဲမှာရော၊သူဆိုတဲ.သီချင်းတွေမှာ ၀တ်တာစားတာရော၊ အရမ်းလဲ တိုပြတ်နေအောင်မ၀တ်၊ အရမ်းလဲမကလက်ဘူး။
တော်တော်လူချစ်ခံရတဲ.ကောင်မလေးဘဲ။

တချို.အဆိုတော်ကောင်မလေးတွေများ တိုမှ၊ ပြတ်မှ၊ ဖော်နိုင်မှ တန်ကာကျတယ်
ထင်နေလားမသိဘူး၊ တခါတခါသူတို.ကိုကြည်.ရတာ သီချင်းဆိုတဲ. အဆိုတော်နဲ.တောင်မတူတော.ဘဲ နိုက်ကလပ်က ကောင်မလေးတွေလိုဒီဇိုင်းတွေဖြစ်နေတယ်။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်