အွန်လိုင်းပေါ်မှာ စာရေးနေကြတဲ့ သူငယ်ချင်းတွေ ခံစားဖူးကြပါသလား...ပုံတွေ၊ စာတွေ၊ ကဗျာတွေ အခိုးခံရတဲ့ အဖြစ်...။ ဟုတ်ပြီ ဒီနေရာမှာ ခိုးတယ် ဆိုတဲ့ အဓိပ္ပါယ်ကို ထပ်ပြောပြဦးမယ်။ ရှင်းရှင်းလေးပါပဲ ပိုင်ရှင် မသိအောင်၊ ပိုင်ရှင်ဆီက ခွင့်မတောင်းဘဲ ယူသုံးတာကို ခိုးတယ်လို့ ပြောနိုင်တယ် အိုခေ...။
မနှစ်က နှစ်ကုန်မှာရေးခဲ့တဲ့ ကဗျာတပုဒ် အခိုးခံရတယ်။ သူငယ်ချင်းက ပြောလာတာ သူ့ပုံပေါ်မှာ ကိုယ့်ကဗျာကို ကူးပြီး အောက်မှာ ခပ်တည်တည်ပဲ သူ့လက်မှတ် ထိုးထားသတဲ့...။ မျက်စေ့နဲ့ တိုက်ရိုက် မမြင်ခဲ့ရဘူး သူငယ်ချင်းရဲ့ အပြောကို နားနဲ့ ဆတ်ဆတ်ကြားခဲ့ရရုံပဲ။ စိတ်ထဲတော့ နင့်ကနဲပဲ...။ ထားလိုက်ပါလေ...ကြားကြားသမျှ အမျှ အမျှ အမျှပေါ့ သာဓုခေါ်လိုက်ပါတယ်။
ခုလည်း တခါ မနှစ်က တင်ခဲ့တဲ့ မုန့်လုံးရေပေါ်ပုံ အခိုးခံရပြန်တယ်။ အေးဆေးပဲ...ဖဘပေါ်မှာ သူ့ပုံလိုလိုနဲ့ သူ့သူငယ်ချင်းများစွာကို တက်ဂ်လို့ သူပဲ အဲဒီ မုန့်လုံးရေပေါ်ကို ကိုယ်တိုင် လုပ်ထားသလိုလို....။ ဒီတခါတော့ ကိုယ်တိုင် ဒီမျက်လုံးကြီး ၂လုံးနဲ့ မြင်ခဲ့တာ...။ ခက်တယ်ကွာ....။ လူတွေဟာ ကိုယ်တိုင် အားမထုတ်ချင်ကြတော့ဘူးလား။ လူညွန့်ခူးစားရတာ သိတ်များ ချိုမြိန်နေရော့သလား...။ ဒါတောင် ကိုယ် မသိလိုက်တာတွေ ရှိကောင်း ရှိနေနိုင်သေးတယ်။
"ကမ်းမွန်....သူငယ်ချင်း မုန့်လုံးရေပေါ်ပုံလေး တပုံများကွာ" လို့...ပြောချင်စရာ. ..။ တကယ်က လူတွေရဲ့ အက်တီကျူ့တွေကို လက်ညှိုးထိုးပြချင်တာ...။ အဲဒီ "မုန့်လုံးရေပေါ်ပုံလေး တပုံများ" ဆိုတာ ဖြစ်လာဖို့ လွယ်တယ် ထင်သလား။ လိုအပ်တာတွေ ဝယ်ရ ခြမ်းရတယ်ဗျာ၊ မုန့်နှစ်စပ်ရတယ်ဗျာ...၊ ထန်းညက်လေးတွေ အတုံးဖြစ်အောင် လှီးရတယ်ဗျာ၊ မုန့်လုံးရတယ်ဗျာ၊ ရေနွေးတည် ဆူလာတော့ ပစ်ထည့် ဆယ်ယူ၊ လှပအောင် စားချင့်စဖွယ်ဖြစ်အောင် ပြင်ဆင် ဓါတ်ပုံရိုက်ရတယ်ဗျာ...ကဲ...ရေး လိုက်တော့သာ ခဏလေး တကယ်က ကြာတယ်ဗျာ...။
ဆိုချင်တာက အားထုတ်ထားရတယ်... ဘယ်ဟာမှ... အာ လာဒင် မီးခွက်လေးပွတ်ပြီး ဖြစ်စေ ဆိုလို့ ဖြစ်လာတာ မဟုတ်ဘူး။ စာတပုဒ် ဖြစ်စေ၊ ကဗျာ တပုဒ်ဖြစ်စေ၊ ပုံလေးတပုံ ဖြစ်စေ အားထုတ်မှု ပါတယ်။ ဒါကို အသိအမှတ် မပြုရင်တောင် သူတပါးရဲ့ အားထုတ်မှုအပေါ် ခေါင်းပုံ မဖြတ်သင့်ဘူး။ ခုဟာက ယူသွားတယ်၊ နဲနဲပါးပါး ပြင်ထားပြီး သူ့ဟာ လုပ်ပစ်လိုက်တယ်။ ခက်နေတာက ကိုယ်ကလည်း ကိုယ်မွေးထားတဲ့ သားသမီး ဘယ်နေရာတွေ့တွေ့ မှတ်မိနေသလို ကိုယ့်ပုံကို မုန့်လုံး တလုံးချင်း၊ အုန်းသီး တဖတ်ချင်းကအစ မှတ်မိနေတာပဲ။
ကိုယ်က စာ စရေးကတည်းက ကိုယ့်စာတွေ၊ ကဗျာတွေ၊ ပုံတွေကို ခြံခတ်မထားဘူး။ ပုံတွေပေါ်မှာ "ချစ်ကြည်အေးဒေါ့ကွန်း" ဘာညာလေးတောင် လုပ်မထားဘူး။ လူတွေကို သိတ်ယုံတယ်။ လူတွေဟာ ကိုယ့်လိပ်ပြာကို ကိုယ် ရှက်တတ်ကြလိမ့်မယ်လို့ တကယ်ပဲ ယုံခဲ့တယ်။ အနဲဆုံး ခွင့်လေးတော့ လာတောင်းသင့်တာပေါ့။ ဒီလောက်လေးတော့ အားထုတ်သမှု ပြုသင့်တာပေါ့။ ခုတော့ကွာ...။
ဒီလိုပိုစ့်မျိုး ချစ်ကြည်အေးတို့ မရေးချင်ဆုံးပဲ...။ လူမုန်းလည်း မများချင်ဘူး။ ဒါပေသိ ဘလော့ဂ်ရေးနေတာ ကိုယ့်ကို လူတွေ ချစ်ကြဖို့လည်း မရည်ရွယ်ဘူး။ ကိုယ်က ပါတီထောင်၊ ရွေးကောက်ပွဲဝင်၊ အမတ်လုပ်မဲ့လူလည်း မဟုတ်ဘူး။ အားလုံးကို ပြုံးပြ မနေနိုင်ဘူး။ ဒီတော့ ရှင်းရှင်းပဲ ပြောလိုက်မယ်။ ချစ်ကြည်အေး... ရုပ်ချောတယ်၊ သဘောကောင်းတယ် ဒါပေမဲ့ လက်သီးထိုးတော့ ကြမ်းတယ်ဗျာ...။
ကဲ...ပြောလိုက်ပြီနော်... ချစ်ြ ကည်အေး ဘလော့ဂ်က ဘာကိုမဆို ယူသုံးချင်ရင် ခွင့်လေးတော့ တောင်းကြပါလို့....
မနှစ်က နှစ်ကုန်မှာရေးခဲ့တဲ့ ကဗျာတပုဒ် အခိုးခံရတယ်။ သူငယ်ချင်းက ပြောလာတာ သူ့ပုံပေါ်မှာ ကိုယ့်ကဗျာကို ကူးပြီး အောက်မှာ ခပ်တည်တည်ပဲ သူ့လက်မှတ် ထိုးထားသတဲ့...။ မျက်စေ့နဲ့ တိုက်ရိုက် မမြင်ခဲ့ရဘူး သူငယ်ချင်းရဲ့ အပြောကို နားနဲ့ ဆတ်ဆတ်ကြားခဲ့ရရုံပဲ။ စိတ်ထဲတော့ နင့်ကနဲပဲ...။ ထားလိုက်ပါလေ...ကြားကြားသမျှ အမျှ အမျှ အမျှပေါ့ သာဓုခေါ်လိုက်ပါတယ်။
ခုလည်း တခါ မနှစ်က တင်ခဲ့တဲ့ မုန့်လုံးရေပေါ်ပုံ အခိုးခံရပြန်တယ်။ အေးဆေးပဲ...ဖဘပေါ်မှာ သူ့ပုံလိုလိုနဲ့ သူ့သူငယ်ချင်းများစွာကို တက်ဂ်လို့ သူပဲ အဲဒီ မုန့်လုံးရေပေါ်ကို ကိုယ်တိုင် လုပ်ထားသလိုလို....။ ဒီတခါတော့ ကိုယ်တိုင် ဒီမျက်လုံးကြီး ၂လုံးနဲ့ မြင်ခဲ့တာ...။ ခက်တယ်ကွာ....။ လူတွေဟာ ကိုယ်တိုင် အားမထုတ်ချင်ကြတော့ဘူးလား။ လူညွန့်ခူးစားရတာ သိတ်များ ချိုမြိန်နေရော့သလား...။ ဒါတောင် ကိုယ် မသိလိုက်တာတွေ ရှိကောင်း ရှိနေနိုင်သေးတယ်။
"ကမ်းမွန်....သူငယ်ချင်း မုန့်လုံးရေပေါ်ပုံလေး တပုံများကွာ" လို့...ပြောချင်စရာ.
ဆိုချင်တာက အားထုတ်ထားရတယ်... ဘယ်ဟာမှ... အာ
ကိုယ်က စာ စရေးကတည်းက ကိုယ့်စာတွေ၊ ကဗျာတွေ၊ ပုံတွေကို ခြံခတ်မထားဘူး။ ပုံတွေပေါ်မှာ "ချစ်ကြည်အေးဒေါ့ကွန်း" ဘာညာလေးတောင် လုပ်မထားဘူး။ လူတွေကို သိတ်ယုံတယ်။ လူတွေဟာ ကိုယ့်လိပ်ပြာကို ကိုယ် ရှက်တတ်ကြလိမ့်မယ်လို့ တကယ်ပဲ ယုံခဲ့တယ်။ အနဲဆုံး ခွင့်လေးတော့ လာတောင်းသင့်တာပေါ့။ ဒီလောက်လေးတော့ အားထုတ်သမှု ပြုသင့်တာပေါ့။ ခုတော့ကွာ...။
ဒီလိုပိုစ့်မျိုး ချစ်ကြည်အေးတို့ မရေးချင်ဆုံးပဲ...။ လူမုန်းလည်း မများချင်ဘူး။ ဒါပေသိ ဘလော့ဂ်ရေးနေတာ ကိုယ့်ကို လူတွေ ချစ်ကြဖို့လည်း မရည်ရွယ်ဘူး။ ကိုယ်က ပါတီထောင်၊ ရွေးကောက်ပွဲဝင်၊ အမတ်လုပ်မဲ့လူလည်း မဟုတ်ဘူး။ အားလုံးကို ပြုံးပြ မနေနိုင်ဘူး။ ဒီတော့ ရှင်းရှင်းပဲ ပြောလိုက်မယ်။ ချစ်ကြည်အေး... ရုပ်ချောတယ်၊ သဘောကောင်းတယ် ဒါပေမဲ့ လက်သီးထိုးတော့ ကြမ်းတယ်ဗျာ...။
ကဲ...ပြောလိုက်ပြီနော်... ချစ်ြ



61 comments:
အစ်မရဲ့ ခံစားချက်ကို ရာနှုန်းပြည့် ကိုယ်ချင်းစာနားလည်မိပါတယ်...
As much as I understand how you feel, I can't stop smiling at your description and loving you for that." ချစ်ကြည်အေး... ရုပ်ချောတယ်၊ သဘောကောင်းတယ် ဒါပေမဲ့ လက်သီးထိုးတော့ ကြမ်းတယ်ဗျာ...။" Ma Ma, please be happy and take care!!!!
ဂွဒ်ထ...... :) ရုပ်ချောတယ် သဘောကောင်းတယ် လက်သီးပြင်းတယ် :)
ခင်တဲ့(ချိုကျ)
ဟွန်း........တင်းနေတာတောင် ရုပ်ချော၊သဘောကောင်းကပါသေး....:P
အစ်မတို့ကတော့ ဖြစ်ရမယ်...၊
အမ ချစ်ကြည်အေး
အမ ရဲ့ ဓါတ်ပုံနဲ့ ပတ်သက်ပြီး ဖြစ်တဲ့ခံစားမူကို ကိုယ်ချင်းစာ ခံစားနိုင်ပါတယ်။ အမ မှန်ပါတယ်။
ဒါနဲ့ ဆက်စပ်ပြီး တခု ပြောချင်လို့ အခုမှတ်ချက်ကိုဝင်ရေးတာပါ။
အွန်လိုင်းပေါ်မှာ ၊ အထူးသဖြင့် ဘလော့ပေါ်မှာ စာရေးဆရာတွေ၊ ကဗျာဆရာတွေရဲ့ စာတွေကို ခွင့်မတောင်းဘဲ တအုပ်လုံးကူးတင်တာတွေ၊ တခန်းပြီး တခန်းရိုက်တင်တာတွေရှိပါတယ်။
ဒါပေမယ့်ဗျာ ။ ရေးထားတဲ့ စာအုပ်ရောင်းရမှ ဝင်ငွေရတဲ့ စာရေးဆရာဆိုတဲ့ အခြေအနေကြီးကို မေ့ထားကြပြီး ၊ မျှဝေတယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အလကားဖြန့်ဝေနေတာ အားလုံးအသိပါ။
ရေရှည်ကို စဉ်းစား ကြည့်မိမယ်လို့ယုံကြည်ရင်း ဝင်ပြီးလျှာရှည် သွားတယ် ၊ နှစ်ဆန်းတရက်နေ့မှာ။
မရေ... နှစ်ဆန်းတစ်ရက်နေ့မို့ တင်းနေတာလေး လျှော့လိုက်စေချင်တယ်။ တော်တော်ကြာ တစ်နှစ်ပတ်လုံး တင်းနေရယင် မကောင်းဘူးလေ နော့...။
မချစ်နဲ့ကိုကြီး မင်္ဂလာရှိသော နှစ်ဆန်းတစ်ရက်မှသည် တစ်နှစ်ပတ်လုံး ပျော်ရွှင်ကျန်းမာစေဖို့ ဆုတောင်းပေးလိုက်တယ်နော်။း)
ချစ်တဲ့
ဇွန်
အဟတ်ဟတ် ရုပ်ချောတယ်... သဘောကောင်းတယ်.. .အဲဒါ သိတယ်.. လက်သီးထိုးကောင်းတာတော့ မသိသေးဘူး။ အံမယ်.. စမ်းချင်းလားလို့ မမေးနဲ့ စမ်းမကြည့်ရဲပါ။
ကျွန်တော်ဆို အဲလိုတွေ ဖြစ်မှာစိုးလို့ မုန့်လုံးရေပေါ်တောင် ဒီနှစ်မလုံးဘူး။ ရွှေရင်အေးပဲ လုပ်သောက်လိုက်တယ်...ဒါတောင် ကျောက်ကျော ဖတ်လေးတွေ အရောင်လှတော့ သူများ ခိုးမှာစိုးလို့ ပို့စ်မတင်ဘူး...ငှင်း ငှင်း ငှင်း
မသကာ နံမည်လေး ထည့်ပေးတော့ ဘာဖြစ်မှာမို့လို့လဲ လို့။ ဒါမှ မဟုတ်လဲ တစ်နည်းနည်းနဲ့တော့ ၀န်ခံထားသင့်ပါတယ်လေ။
ဒီတော့ ရှင်းရှင်းပဲ ပြောလိုက်မယ်။ ချစ်ကြည်အေး... ရုပ်ချောတယ်၊ သဘောကောင်းတယ် ဒါပေမဲ့ လက်သီးထိုးတော့ ကြမ်းတယ်ဗျာ...။
ဒီနေရာမှာ အဲဒီစာသားလေးက တော်တော်တောင် လူကြိုက်များနေပါလား တီချစ်..။
ညီလည်း ခဏခဏ အခိုးခံရတော့ ရိုး..ဟိုး...နေပြီလို့ပဲ ပြောရမလိုဖြစ်နေပြီ..။
ကျမလဲ ထမနဲထိုးတုန်းက ဒယ်အိုးလိုက် အခိုးခံရဖူးတယ်။
ဒီလိုပဲ ဖြစ်တတ်ပါတယ် အမ ... လူတွေက မရိုးသားကြတော့ဘူးလေ ... တင်းနေတာတွေ လျှော့လိုက်ပါနော် ... ။
လက်သီးထိုး ကောင်းတာ ဗဟန်းသူပဲ ရှိသေးတယ်နော်၊ ဗဟန်းသားတွေ မပါသေးဖူး၊ ဒါတောင်သူ့လူကြီးက ကာရာအိုခေ ဆိုနေလို့  အားဖူးရယ်...။ (ဒူကဘာ)
မိုက်တယ်ကွာ...ကြိုက်တယ်..
နတ်သာမီးမပါဘူးနော်...
အမရယ်...နှစ်ဆန်း၁ရက်နေ့ကြီးမှာ..စိတ်ကိုလျှော့လိုက်ပါနော်...။
အော် ငါ့အစ်မနယ်နော်
ဘာတွေ ဖြစ်လည်းကွယ်..
မမြင်တာကြာလို့  ရောက်လာပါတယ်။..
ချစ်ကြည် ညီမ
ကြည်ကြည်း)
နှစ်သစ် အစမှာကို ပွဲကြမ်းနေရပါရော့လား အမချစ်ကြည်အေးရေ....၊း)
စကတည်းက ယဉ်သကိုတော့ ဖြစ်ကုန်ပြီ၊ အဲဒီ ကိစ္စတွေက ပြောခဲ့ကြ၊ ပြောဆဲ၊ ပြောနေကြရဦးမှာ ပါပဲ၊ ဖန်တီးသူတစ်ယောက်ရဲ့ ခံစားချက်ကို အပြည့်အဝ နားလည်ပါတယ်ဗျာ...။
ဒါမျိုးဆိုကျုပ်တို့လည်း တယ်မခံချင်ဘူးဗျာ..
တင်းနေတာကိုတော့ဖြည်းဖြည်းချင်းလျှော့ပါ :))
နှစ်သစ်မှာ တင်းနေတာတွေလျော့ပြီး ရွှင်လန်းချမ်းမြေ့ပါစေ မမရေ..
((ချစ်ကြည်အေး... ရုပ်ချောတယ်၊ သဘောကောင်းတယ် ဒါပေမဲ့ လက်သီးထိုးတော့ ကြမ်းတယ်ဗျာ...။))
အမလေးက ရုပ်ချောတယ်ဆိုပြီး ကြေငြာဝင်နေပြန်ပြီ ခွိခွိ
လက်သီးထိုးကြမ်းတယ်ဆိုတာတော့ ကြောက်စရာကြီး
စိတ်တွေလျော့ပါ ၊ ဒေါသတွေလျော့ပါ ၊ ဘ၀ဆိုတာတိုတိုလေးပါ ၊
အော်ငါ့ဖန်တီးမူတွေက ပြောင်မြောက်လို. သူတို.ကော်ပီလုပ်တယ်ဆိုပြီး အပြုဘက်ကတွေးမိရင်တော့ စိတ်ချမ်းသာလိမ့်မယ်ထင်တယ် ၊
နှစ်သစ်နဲ.အတူ အေးချမ်းပါစေ ....
မချစ်ရယ် ဒါက မဆန်းတော့ပါဘူး ဘလော့ဆိုတာ စပေါ်ခင်ကတည်းက ဆိုရှယ်ဝက်ဆိုက်တွေမှာ ကဗျာကို ခိုးခံရတာ ကိုယ့်ဟာလိုလို ပြန်တင်ကြတာ ဆိုရှယ်ဆိုဒ်တခုတည်းမှာတင် ပြန်လုပ်နေတား) အဲလိုတွေက မဆန်းတော့ပါဘူး မချစ်ရေ . . . . လုပ်ပါစေ မချစ်ရယ် . . . ဒီကောင်တွေကို ကိုနေဘုန်းလတ်ရဲ့ ဘလော်ဂါနဲ့ ချက်တာ ဆိုတဲ့ ပို့ ပေးဖတ်စေချင်လိုက်တာဗျာ ။
ဒီလိုမျိုးပိုစ့်တွေကို မဖတ်ချင်ဆုံးပဲ။ ခိုးတဲ့လူကလည်း ပြောင်ပြောင်ပဲ ခိုးသလို၊ အခိုးခံရတဲ့သူကလည်း ခိုးခံရတော့မှ ကုန်ပါပြီ ထအော်။ ဒီလို ခိုးနေကြတဲ့ ပြဿနာက ဟိုးအရင့်အရင်တွေတည်းက ဖြစ်ပျက်နေတာ။ ဒါကို သိသိကြီးနဲ့  လက်လွတ်စပါယ် ဝါတားမာခ့်လေး ဘာလေးတော့ ကြိုလုပ်မထားပဲနဲ့  အခိုးခံရကာမှ လူတွေကို ယုံမိတယ် ဆိုပြီး မဆော်သင့်ဘူးထင်တာပဲ။
ဝိုင်း
ရုပ်ချောတယ်၊ သဘောကောင်းတယ်၊ အော်.. အသံလဲ ကောင်းသေးတယ်။
နောက်ဘာကောင်းသေးလဲ။ ဒါနဲ့  စကားမစပ် ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်တဲ့။ ဟဲဟဲ။
ကဲကွယ်... ဘယ်ဘလော့မှာမှ... အေတီအန် မမန့်တော့တာ ကြာလှပြီ... သည်မှာတော့ မန့်ချင်နေလို့ မန့်လိုက်တယ်... မောင်မင်းကြီးသားများ... သင့်မယားအား တခြား တပါးသူက ခိုးယူသွားပြီး သူ့ အိပ်ခန်းမှာ ထားလိုက်ပါလျင်... (သို့မဟုတ်) မယ်မင်းကြီးမများ... သင့်ယောက်ျားအား သူတပါးက ခိုးယူသွားပြီး သူ့ မီးဖိုချောင်မှာ ထားလိုက်ပါလျင်... အသင် ခန္တီင်္စ ပါရမီရှင်များ မည်သို့သော စကားများကို ပြောကြားကြမည်နည်း...
ဘယ်သို့ ဘယ်ပုံ မပြောသင့်ပါဆိုသော မောင်မင်းကြီးသားများ (သို့မဟုတ်) မယ်မင်းကြီးမများအား....
ATN love to kick your ass really really HARD until your nose is bleeding.... OK.
အဲ....ဂျင်း မမဆီကနေ မုန့်လုံးရေပေါ်ကိုတောင်းပဲစားတာနော်...မခိုးဘူးနော် မမ...(လက်သီးကြောက်လို့....) ဟိဟိ
စိတ်ကိုလျှော့လိုက်ပါ မမချစ်ချစ်ရေ....
ဂျင်းစုတ်
နာမည်ထိုးထားလည်း ယူသွားချင်ယူသွားတာပါပဲ ဟိ။ ကိုယ်တွေ့ ။
full of shit!
ဝိုင်း
ဟုတ်တယ်.. ဟုတ်တယ် မတရားတာမခံနဲ့၊ မတရားလုပ်သူကို သွားမပြောဘဲ မတရားလုပ်ခံရသူကို လာရန်စွာနေသူတွေကိုလဲ ချန်မထားနဲ့၊ ရော့.. သနပ်ခါးတုံးနဲ့ ငြုပ်ကျည်ပွေ့ယူသွား၊ မလောက်သေးရင် ကျောက်ပျဉ်ပါယူသွား၊ ကျောင်းမှန်းကန်မှန်းသိသွားအောင် လက်စွမ်းပြလိုက်စမ်းဘာ၊ ချစ်ကြည်အေးတဲ့ကွ (အင်..အရေးထဲ.. ညည်းနာမည်ကလဲနော်၊ ရန်စွာဖို့ကောင်းတဲ့စာလုံး တလုံးမှမပါဘာလားအေ.. သာဒင်ကိုဘာထင်သလဲ ဆိုသဟာမျိုးဆိုရင်လဲ ဟုတ်တုတ်တုတ်)။ ဘာပဲဖြစ်ဖြစ် မှတ်လောက်အောင် သွားဆော်မှာသာဆော်၊ ဒီမှာ ပြန်လာရင် ပတ်တီးလိပ်အရက်ပျံတွေပြင်ထား၊ ကြပ်ပူထိုးဘို့ ရေနွေးအိုးတွေ တည်ထားပြီးစောင့်နေမယ်။
ချစ်ကြည်အေး... ရုပ်ချောတယ်၊ သဘောကောင်းတယ် ဒါပေမဲ့ လက်သီးထိုးတော့ ကြမ်းတယ်ဗျာ...။
း) တင်းနေလို့ရေးထားတာတောင်ရယ်ရတယ် ဟိဟိ ဒီလိုပါပဲ အစ်မရယ် နာမည်ကြီးတော့ ဖြစ်တတ်တာပေါ့ တစ်ရာနဲ့ဖြေ အယ်လေ တရားနဲ့ဖြေ အသက်တွေလည်းမငယ်ကြတော့ဘူးမှတ်လား အော်... အနိစ်စ ဒွတ်ခ အနဂ်ဂး)
ဝိုင်း...
ကိုယ့်လူ...ပုံမှာ ဝါးတားမတ်ခ် ထည့်တာ၊ မထည့်တာက ပုံပိုင်ရှင်ရဲ့ ကိစ္စပါ။ ဝါးတားမတ်ခ်ထည့်ထားလို့ မခိုးတာက ကြောင်သူတော်ပဲ၊ မလစ်လို့ မခိုးတဲ့ သဘောပဲ။ ဖြစ်ရမှာက ဝါးတားမတ်ခ်ထည့်ထည့် မထည့်ထည့်၊ သူများပုံဆိုတာ သိရမှာပေါ့။ ခွင့်တောင်းရမှာပေါ့။ ဒါက နားလည်ရမဲ့ စောင့်ထိန်းရမဲ့ ကိစ္စပဲ။ ကိုယ်က အခိုးမခံရခင်ကတည်းက လူတွေကို ယုံတာ၊ နောက်လည်းပဲ ပုံမှာ ဘာမှထည့်မှာ မဟုတ်ဘူး။ ကိုယ့်လိပ်ပြာ ကိုယ်လုံဖို့ပဲ အရေးကြီးပါတယ်။
ကိုယ် ခုလိုရေးထားတဲ့ထဲမှာ သူ့ကို ဆော်တဲ့ စကားလုံး တလုံးမှ မပါဘူး။ အတတ်နိုင်ဆုံး ယေဘူယျဆန်ဆန် ရေးခဲ့တယ်။
အဲလိုတွေ မရေးချင်လို့ နှစ်ယောက်ထဲချင်း ဖြေရှင်းကြည့်တယ်။ ဖဘကနေ မက်ဆေ့ခ်ျ လှမ်းပို့ခဲ့တယ်။ ဘာမှ အကြောင်းမပြန်ဘဲ ခုတော့ သူ့ဖဘက လင့်ခ်တောင် ဖျက်ပစ်လိုက်ပြီ။
ဆော်ချင်ရင် အလွယ်လေး သူ့လင့်ခ်ကို ချပြလိုက်လို့ ရတယ်။
နာမည်တပ်ပြီးရေးလိုက်လို့ ရတယ်။ ဖေ့စ်ဘုတ်က လင့်ခ် စကရင်ရှော့ တင်လိုက်လို့ရတယ်။ ရှင်းလား...။ ကိုယ် အဲဒါတွေ တခုမှ မလုပ်ခဲ့ဘူး။ လူတယောက်ရဲ့ အရှက်နဲ့ သိက္ခာကို ငဲ့ခဲ့လို့ ကိုယ် မလုပ်ခဲ့တာ။ ရေးတာကိုတောင် ခပ်ပါးပါးပဲ လုပ်ထားတာ...
နားလည်လားတော့ မသိဘူး။ ကိုယ်ကလည်း နွား ဗီဒီယိုပြသလို ဖြစ်နေမှာ စိုးတယ်။ တော်ပါပြီ ဒီလောက်ပါပဲ။
ဂျစ်တူး...နောက် ဘာကောင်းသေးလဲ ဆိုတော့ မင်းတို့လို ၁၀ယောက်လောက်ကို ဂုတ်ကဆွဲပြီး မြေကြီးပေါ် အိပ်ဆေးမသုံးဘဲ အသာလေး လှဲသိပ်လိုက်လို့ရတယ် နားလည်လား။ ကိုယ်က ဂျူဒိုမှာ ခါးပတ်အနက်ထိ ရခဲ့ပြီးသား..။ ဟေ့ရောင်...မင်းမေးလို့ ပြောရတာနော်၊ ကိုယ်က သူ့ကွင်း ကိုယ့်ကွင်း သိတ်ရွေးတတ်တဲ့ကောင် မဟုတ်ဘူး အဲဒါ မှတ်ထား.....စမ်းချင်ရင်တော့ အချိန်မရွေးပဲ...
ဒီလိုမျိုးကြုံလာရင်တော့ ဒီလို တင်းမိမှာပါပဲ။ ကျွန်တော်က ဘလောဂ်ပေါ်မှာတော့ ဂူဂယ်ကပဲ ယူတင်တယ်။ ယူတင်တဲ့ အကြောင်းလည်း ပြောတယ်။ ဖဘ က သီချင်းတွေကြတော့ ကိုယ်တိုင် upload တင်တယ်။ ဒါကို တစ်ချို့က ခပ်တည်တည်နဲ့ ယူကြတယ်။ အဲဒီအခါကျရင်တော့ တင်းမိတယ်ဗျ။ ကွန်နက်ရှင်၊ တင်ရတဲ့ အချိန်၊ အဲဒါတွေအကုန်ခံပြီးတော့မှ လုပ်ရတာကိုး ခင်ဗျ။ စာနာ ပါတယ်ခင်ဗျ။
ဝိုင်း
ကိုယ်က မချစ်ကြည်အေးနဲ့တော့ ဘာမှ မဆိုင်ဘူး. သိလဲမသိဘူး. စာဖတ်နေကျသူ. ဒါက သူ့ကိုခင်လို့ သူ့ဘက်ကလိုက်ပြောနေတယ် ထင်မစိုးလို့ ကြိုရှင်းတာ.
သူ့ပုံကို သူများခိုးလို့ သူ့ဘာသာ ရေးတာ ဘာမဆိုင်ညာမဆိုင် ကြားကနေ ဘာဖြစ်နေတာလဲ. ခိုးတဲ့သူက မင်းနဲ့ ပတ်သက်နေလို့ နာတယ်ဆိုရင်တောင် ပုဂ္ဂိုလ်ရေးတွေ ခဏဖယ်ပီး မျှမျှတတ တွေးပါ. မင်းရိုက်တဲ့ပုံကို (ဥပမာ) ကိုယ်က ကိုယ်ရိုက်ထားတာလေလို့ လူတွေကို လျှောက်ကြွားရင် မင်းဘယ်လိုနေမလဲ. ကိုယ်ချင်းစာပါ.
ဆော်တယ်လို့ ဆိုရအောင် နာမည်တလုံးတောင် ပါလို့လား. ကိုယ်တို့အားလုံး “သူခိုး”လို့ပဲ သိတာ. နာမည်မသိဘူး. သူ့ဟာသူ အနာပေါ် ဒုတ်ကျတာတော့ သူ့ခိုးမှုနဲ့သူပဲ. မတတ်နိုင်ဘူး.
ခုဟာက လှမ်းထားတဲ့အဝတ် အခိုးခံရတဲ့ကိစ္စမှာ ခိုးတဲ့သူခိုးကို အပြစ်မတင်ဘဲ ပိုင်ရှင်ကို “လှမ်းထားတာကိုး”လို့ ဖိပြောသလို ဖြစ်နေပီ
လေးထောင့်
ငါကတော့ ချစ်ကြည်အေးနဲ့ ဆိုင်တယ်ကွာ...
ချစ်ကြည်အေးက ငါ့ညီမ... ဟုတ်ပြီလား...
သူ့ ပုံကို ခိုးသွားတဲ့ နွားတွေ... နွားမတွေ...
ငါရေးထားတဲ့ ကွန်မန့်ကို ဖတ်ပါ...
ATN ရဲ့ ကွန်မန့်ကို ဖတ်ပါ...
ဝိုင်း --- ဆိုသော ကိုယ့်ကိုယ်ကို အမည် မဖော်ရဲသော တိရိစ္ဆာန် သည်နေရာတွေ မှာ လာ မမန့်နဲ့ သည် ဘလော့တွေ ကိုလည်း လာ မဖတ်နဲ့ ... ဟုတ်ပြီလား...
သူဟာ အပြောလဲကောင်းတယ်..လက်သီးလဲ အထိုးကောင်းတယ်..
သူနာမည်လေး ပြောပြလိုက်တယ်...ငါဟာ.....အလီ..အဲလေ...ချစ်ကြည်..
မိအောင်ဖမ်းစမ်းကွယ်...
ကဲပါ..မိုဟာမက်ချစ်ကြည် ရယ်..စောရနက္ခတ်ပါတဲ့သူကတော့ လစ်ရင်လစ်သလို အလစ်သုတ်နေမှာပဲ..
ခိုးတာကို ခိုးတယ်ပြောမိခါမှ..ကဗျာရေးမိတာ ဓါတ်ပုံတင်မိတာ ကျမအမှားပါရှင်လို့ တောင်းပန်ရမလိုတောင်ဖြစ်နေသေး..
ကို ATN Comment တွေ ကြိုက်တယ်ဗျို့. ထောက်ခံတယ်ဗျို့
လေးထောင့်
အဲဒါ လောလောလတ်လတ် ဝဋ်လည်တာပဲ။ အရှက်မရှိ ခင်ဗျားလည်း သူများ ကဗျာကို ပုံတူ ကူးချသေးတာပဲ။ အခုမှ လူတတ်ကြီးလို လုပ်နေတယ်။ ဟိုနေ့က ပိတောက်အနီ ဆိုတဲ့ ကဗျာက ခင်ဗျားစရေးတာ ဟုတ်လို့လား။ အရင်က ဖတ်ဖူးပါတယ် ဆိုပြီး ရှာနေတာ။ အခုလို ရေးတော့မှ မရရအောင် လိုက်ရှာလိုက်တယ်။ ဒီမှာ ဖတ်ကြည့်ဦး။
http://www.zaw357.net/2010/08/blog-post_31.html
သူက လင့်ပါ ညွှန်းထားသေးတယ်။
http://thawtar99.multiply.com/journal/item/28/28
သူများကဗျာကိုတောင်မှ ခင်ဗျားက ဟိုပြောင်းဒီပြောင်း ရေးပြီး လျှောက်ပို့သေးတာပဲ။ ဓါတ်ပုံလေးများကွာ။ Google မှာ ရှာလိုက်။ ပေါမှပေါ။ ရီစရာပဲ။
အစ်မချစ်ကြည်ကို ကိုယ်ချင်းစာပါတယ်။ ရို့စ်လည်း ကိုယ့် ပုံလေးတွေကို ဘာနာမည်မှ မထိုးဘဲ တင်ထားတာ။ အစ်မ ပြောမှ အခု စိတ်ပူလာပြီ။ Congratulation နော်။ ရွှေ အွန်လိုင်း ၀တ္ထုတိုဆုလေး အတွက်။ နှစ်သစ်မှာ ပျော်ရွှင် ချမ်းမြေ့ပါစေ။ rose နာမည်နဲ့ အစ်မရှာရွန်လည်း ရှိတော့ ဘယ်သူမှန်း မသိမှာစိုးလို့ redroseofburma.blogspot.com ပါရှင့်။
Let me comment here as it seems interesting, I can understand the blog owner's agony as it is clearly can be seen for sensible person that it took much effort to come up with the material.
Regarding the contents, formally there are myriads of licenses such as Creative Commons, GPL etc, and terms of use from service providers. These are, well, formalities. Then there are things like net etiquettes.
Sadly and bluntly, majority of we Burmese community who has access and use internet DO NOT have average attitude regarding these things like others (whatever nationals).
Then it is also an inherent problems or aspects of the internet that once it is out there anyone can do as they wish. So there go the attitudes and formalities.
It might hurts to say that we Burmese need a lot of everything to be mature or just to become an average citizen, but it is true, and it is a fact, that we have seen many times before.
ရယ်ချင်သူ...
ကိုယ် အဲဒီကဗျာကို ခုမှ ဖတ်ဖူးတာပါ...ပေးထားတဲ့ ဒီလင့်ခ်အတိုင်း သွားဖတ်လိုက်ပါတယ်။
မနှစ်က မြန်မာနှစ်သစ်ကူးမှာ ဖြစ်သွားခဲ့တဲ့ အကျည့်တန် ဖြစ်ရပ်တခုအတွက် မြန်မာလူမျိုးတွေရဲ့ ရင်ထဲမှာ အမာရွတ်တခုလို ကျန်ရစ်ခဲ့တာမို့ အဲဒီခံစားချက်နဲ့ ပိတောက်အနီကို ရေးဖွဲ့ခဲ့ပါတယ်။
ခေါင်းစဉ်ချင်း တိုက်ဆိုင်နေတာတော့ ကျမလည်း မတတ်နိုင်ပါဘူး...
ကဗျာ ၂ပုဒ်ကို ယှဉ်ဖတ်ကြည့်ပါ။ မတူတဲ့ ရှုထောင့်တွေနဲ့ ရေးဖွဲ့ထားကြတာကို တွေ့ရမှာပါ။
ဘယ်လို အတွေးအခေါ်တွေနဲ့ ပုံတူကူးချတယ်လို့ ပြောတာလဲ....
ကျမကိုယ်တိုင် ကျမရဲ့ ပိတောက်အနီကို ခံစားရေးဖွဲ့ပြီး ပုံလည်း ကိုယ်တိုင် ဆွဲခဲ့တာပါ။
ဒါက သော်တာရဲ့ ပိတောက်နီပါ
ဒါမြန်မာ့နှစ်ကူး အခါသမယဆို။
ခင်ဗျားတို့ အလေးအနက် ထားပါတယ်ဆိုတဲ့
ရိုးရာယဉ်ကျေးမှုပွဲတော်ကြီးဆို။
ခင်ဗျားတို့ပြောပြောနေတဲ့ မြန်မာလူမျိုးတွေက
ယဉ်ကျေးပြီး ကိုယ်ချင်းစာတရား
ကြီးမားကြပါတယ်ဆို။
လူ့အသက်ကို ဘာနှင့်မှ တန်ဖိုးဖြတ်လို့ မရဘူးဆို။
နိုင်ငံရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်
နေပါတယ်ဆို။
ဒီလူတွေက ခင်ဗျားတို့ အကျိုးပျက်အောင်
ဘာလုပ်မိလို့လဲ။
ဒီလောက်ကျပ်တည်းစွာ ရှင်သန်နေရတဲ့ ခေတ်ကြီးမှာ
ဒီလိုရက်ပဲ လွတ်လပ်စွာပျော်နိုင်တာပါ။
ခင်ဗျားတို့တပ်ချင်နေတဲ့ ခေါင်းစဉ်အတွက်
ဒီလူတွေက တန်ဆာခံ သက်သက်ပဲလား။
အံ့သြစရာကောင်းလောက်အောင် ရက်စက်တတ်ကြပါတယ်။
သွေးစွန်းသွားတဲ့နှစ်ကူးအတွက်
နောင်နှစ်မှာ ပိတောက်တွေ အနီရောင်ပွင့်ရင်လည်း
ဒီထက်ပိုပြီး မအံ့သြတော့ပါ။
နှစ်ကူးမှာ ဘဝကူးသွားရသူများအတွက် အမှတ်တရပါ။
ချစ်ခင်လျက်
သော်တာ
ဒါက ချစ်ကြည်အေးရဲ့ ပိတောက်အနီပါ
ခပ်နွမ်းနွမ်း ဂျင်းဘောင်းဘီတထည် ရှိတယ်....
သင်္ကြန်မှာ...
ဂျင်းဘောင်းဘီဟာ အပေါစား နေကာမျက်မှန်ကြီး တပ်လို့...
ဂျင်းဘောင်းဘီဟာ ကြိုးတချောင်းတပ် ကိုယ်ကျပ်အင်္ကျီ တထည် ဝတ်လို့...
"သင်္ကြန်နှစ်ဦး ပျော်မြူးကြတယ် တုန်ချမ်းချမ်း တုန်ချမ်း..."
သင်္ကြန်မှာ...
ဂျင်းဘောင်းဘီဟာ ဖန်စီ(fancy) လက်ကောက်တွေ တံတောင်ဆစ်ထိအောင် ဝတ်လို့...
ဂျင်းဘောင်းဘီဟာ အသံသေတ္တာကလာတဲ့ တေးသွားစည်းချက်မှာ ကခုန်လို့...
"ပိတောက် ရွှေရည်လူး နှစ်သစ်ဦး ချမ်းတုန် ချမ်းတုန် ချမ်း..."
သင်္ကြန်မှာ...
ဂျင်းဘောင်းဘီဟာ မဏ္ဍပ်တွေထဲ မုန့်လုံးရေပေါ် ကူလုံးလို့...
ဂျင်းဘောင်းဘီဟာ အိမ်နီးချင်းတွေကို ကင်မွန်းတရော် ခေါင်းလျှော်ရည် မျှဝေလို့....
"နွေရာသီ တန်ခူး ပျော်ရွှင်ကြည်နူး...အပေါင်းအသင်းတွေများနဲ့
ကစားကြမယ် ဝိုင်းဖွဲ့ ပက်လိုက်ကြ တန်ခူးရေ ချမ်းတုန်ချမ်း...."
ဂျင်းဘောင်းဘီတထည်ဟာ...
ကွေးသော ဆန့်သော လက်တွေအကြောင်း နဲနဲကလေးမှ ခေါင်းထဲ မရောက်သေးခင်
ခန္ဓာကိုယ် တခုလုံး လေထဲ မြောက်...
အရောင်ပြောင်းသွားတဲ့ ပိတောက်တွေ သွေးအလူး....နှစ်သစ် အကူးမှာ...
အဲဒီနှစ်က........
အဲဒီနှစ်က ပိတောက်တွေဆိုတာ.....ရဲရဲကို နီလို့.....
ဒီတော့ ရှင်းနေတာပါပဲ....ရယ်ချင်သူရေ....
တခု ထပ်ပြောလိုက်ဦးမယ်...ကိုယ့်ရဲ့ဘလော့ဂ်မှာ ရေးထားသမျှ ကဗျာတွေ၊ စာတွေဟာ ကိုယ်တိုင် ဖန်တီးထားတာတွေ ချည်းပါပဲ။
နောက်ထပ် ခုလို အခြေအမြစ်မရှိ လာစွပ်စွဲနေဦးမယ် ဆိုရင် အသေအချာ စဉ်းစားပြီးမှ ပြောပါကိုယ့်လူ....။ သိတ်ရှက်စရာကောင်းတဲ့ အပြစ်ရှာ လက်ညှိုးထိုးမှုတွေအတွက်
ကိုယ် ခေါင်းငုံ့ခံနေမှာ မဟုတ်ဘူးဆိုတာ ဒီကနေ အတိအလင်း ပြောလိုက်ပါတယ်....
အွန်လိုင်းမှ ဒေါသကို မျှဝေနေပါတယ်။ ဖြစ်ကျောရှည်တဲ့သူများ အကုသိုလ် ၀င်ပွားနိုင်ပါတယ်။ ဘာပြောပြော ၀င်ထောက်ခံမဲ့ (ဘလော့လူအ၀င်နဲလို့  ကြော်ငြာလာဝင်မဲ့) ဘလောဂါ ၂၀ လောက်အမာခံရထားပြိးသားပါ။ နာမည်ကြီးချင်လို့ အပင်ပန်းခံပြီး ဘလော့ထောင်တာ ယူသုံးရင်လည်း ကြော်ငြာဝင် ပေးသင့်တာပေါ့။
သြော်... ရပ်သီချင်းတွေပါမက .. ဘလော့လောကမှလည်း တိုက်ခိုက်နေကြပါလား.. ဘာပဲဖြစ်ဖြစ်သည်လိုလုပ်ရပ် တွေကရှက်တတ်မယ်ဆို ရှက်စရာကောင်းပါတယ် ..ကိုယ့်ဟာကိုယ်တန်ဖိုးထားပြီး တဖက်သားကို မုဒိတာပွားနိုင်ကြပါစေ ဆရာ့ဆရာ သမားတို့ရေ..
အဲလိုခိုးကြသတဲ့လား အောက်တန်းစား ဘလော့ဂါတွေနေမှာပါ။ ခိုးလို့ဝရင် သူတော့ဟာသူတို့ ပြောက်သွားမှာပါ။
လက်သီးထိုးကောင်းတဲ့ ခါးပတ်နက် မချစ်ကြီးးး
တင်းလည်း တင်းးး
ဗြင်းလည်း ဗြင်းးး ပလိုက်..
ချဲ လည်း ချဲ..
ဟဲ လည်း ဟဲ.. ပလိုက်
ခပ်မိုက်မိုက် ချစ်ပြလိုက်..း)) ( မချစ် အကြောင်းပြ လိုက် လို့  ပြောတာ ပါ )
ခုရှင်းမှ နောင် မရှုပ်မှာ..အိုခေ
သူငယ်ချင်းရေ... ကော်နက်ရှင်မကောင်းလို့ အလာနောက်ကျသွားတယ်... ရုပ်ချောသဘောကောင်းလေးကို ဘယ်သူကများ စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်သွားပါလိမ့်နော်...
ဝထ္တုတိုဆုရသွားတဲ့ အတွက် အလေးအနက်ဂုဏ်ယူမိပါတယ်...
ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
အခုမှသိလို့ အခုမှလာမန်ပါတယ်-
ပွဲတော်တော်စည်နေတာကိုးဗျ-
တင်းထားတာတွေလျော့လိုက်နော်-
နှစ်သစ်ကူးသွားပြီလေ-
အမှန်တရားဆိုတာဖုံးကွယ်လို့မရပါဘူး-
အခုသူများတွေသိပ့်လိုချင်ခဲ့တဲ့ဆုတွေထဲကတစ်ဆုရထားတာဘဲလေ-
ပြုံးပြုံးကလေးနဲ့ နေပြလိုက်စမ်းပါကွာ-
အော် blogger blogger .............
ခိုးတဲ့သူကော၊ အခိုးခံရတဲ့သူကော ဇာတိမှန်ပေါ်တာပဲ။
လက်သီးထိုးကြမ်းတယ်ဆိုလို့ ဘီယာတိုက်လို့ ပြောမိတာ ဘွာတေးလာလုပ်ပါတယ် :)
ဒီလို ပွဲမျိုးက များက စောင့်နေတာ မျှော်နေတာ ဟားဟားးးးးးးးး ခုတော့လာပြီပေါ့လေ ဟက်ဟက်
လူတွေရဲ့ attitude ကိုက မဟုတ်တာပါ ကိုယ်တိုင်လဲ မဖန်တီးချင် သူများ ဖန်တီးထားတာ ကျတော့လဲ ယူသုံးတယ် credit မပေးဘူး ဟုတ်ပြီ မသိလို့ ဆို ထား သိသွားပြီးရင် credit ဆိုတာ ပေးသင့်တယ် သူတို့ copyright ဆိုတဲ့သဘောတရားကို နားမလည်ဘူးလား အမယ်မင်း ပြောပြန်ရင်လဲ ဟို အမည်မဖော်လိုသူ အခြောက်တွေ ဂေးတွေ ကတ်ကတ်လန်အောင် ရန်ပြန်တွေ့ကြပေလိမ့်ဦးမည် .... (ဘာလို့ အဲလိုပြောလဲ ဆိုတာ ရှင်းပြရအူးမလား အမည်ဖော်နိုင်ရင် ဖော်လေ link လေး ဘာလေးရှိရင်လဲ ထားခဲ့ပေါ့ ဟက်ဟက်)
ဒါကြောင့် မတိုးတက်တာ ပြောပြန်ရင်လဲ အကျွန်ုပ်လွန်ရာ ကျမည် ....
ဒါမျိုးတွေရှိပါသေးတယ် အများကြီးပဲ
မှန်ပါတယ် share တယ်ဆိုတာ နားလည်ပါတယ် ဒါပေမယ့် ကိုယ်ကြိုက်လို့ ကိုယ်နှစ်သက်တယ် ဆိုရင်လဲ စာရေးသူကို credit ပေးသင့်တယ်
ဟုတ်တယ် အနုပညာ တခု ဆိုတာ ဖန်တီးဖို့မလွယ်ပါဘူး ဒါကိုတော့ ဖန်တီးဖူးတဲ့ လူတိုင်းတော့သိမှာပါ ခု against လုပ်ပြီးပြောနေတဲ့လူတွေက ကိုယ်တိုင်မဖန်တီးဖူးဘူးလို့ ကိုယ်ကတော့ ထင်တယ် ကိုယ်တိုင်ငွေရှာဖူးမှ ငွေရဲ့ တန်ဖိုးကို သိသလိုပေါ့ ကိုယ်တိုင် ကြိုးစားအားထုတ်ပြီးတော့မှ ဘယ်လောက် ပင်ပန်းလဲ ဆိုတာကို သိမှာပါ ခင်ဗျားတို့(အမည်မသိတွေ အမည်မဖော်လိုသူတွေ အမည်မဖော်ရဲသူတွေ) ဟာက ခု မချစ် ကို အလကား သက်သက် စွတ်ပြီးတော့ တိုက်ခိုက်နေမှန်းသိသာပါတယ် တခုလောက် ပြောချင်တယ် သူ(မချစ်ကြည်အေး) ရေးတဲ့စာတွေကို မကြိုက်ဘူးဆိုရင် လာမဖတ်ပါနဲ့ ဘာလို့လဲ ဆိုတော့ခင်ဗျားတို့မှ မကြိုက်ဘဲ ဒီတော့ အကုသိုလ် ပွားရုံအပြင် ဘာများ အကျိုးရှိမလဲ လူတယောက်ကို အဆိုး မြင်နေဘီဆိုရင် အဲဒီလူနဲ့ ဝေးဝေးနေတာ ကောင်းပါတယ် သူ့သူ ဘာပဲ လုပ်လုပ် ကိုယ်နဲ့မှ မဆိုင်ဘဲ ဒါကို ဘာကိစ အကုသိုလ် ဝင်ပွားချင်ပါသလဲ
ကဲ ကိုယ် ဒီလိုပြောလို့ နံမည် ကြီးချင်တယ်လို့ ထင်ချင်သလား ထင်လိုက်ပါ ဂရုမစိုက်ပါဘူး ကိုယ်က မှန်တဲ့ဘက်ကပဲရပ်တည်ချင်တယ်
အဲလိုပြောလို့ လေကြီးလေကျယ် ပြောတယ်လို့ထင်ရင်လဲ ဆော်ရီးပါ ...
ကွန်မန့်သိပ်ရှည်သွားဘီ မချစ်
Congratulation ပါ မချစ် အွန်လိုင်းဆုရတဲ့အတွက် ဆက်ကြိုးစားပါ အားပေးနေပါတယ်
အော် .. ကျွန်ုပ် လင့်ခ် ချန်ခဲ့ပါရစေ နံမည် ကြီးချင်လို့တော့မဟုတ်ပါ
လာဆဲချင်ရင် လာဆဲနိုင်အောင်လို့ပါ
www.kaungkin18.blogspot.com
အမည်မသိ အမည်မဖော်လိုသူများ ကို ကြိုဆိုလျက်ပါ ပုဆိုးကြားက လက်သီးပြသူများကို နဲနဲမှ အထင်မကြီးတတ်ပါ လို့ ပြောလိုက်ပါရစေ
နှစ်သစ်မှာ အားလုံးပျော်ရွှင်ကြပါစေ
ဝက်က စလာကတည်းက လူတွေရဲ့ attitude ကိုကမကောင်းတာပါတဲ့။ သေရော။ သခင်အားရအောင် ကျွန်ပါးဝဆိုလား... အမည်ဖော်တော့ မင်းက သိမှာမို့ လား။ မင်းနာမည် ၀က်ကရော နာမည်အရင်းလား။ အခြောက်တိုက် ကော်မန့် လိုက်ရေးပြီးဘလော့ဂ်ကြော်ငြာဝင်နေ။ ဘလော့ဂ်ကို လိုက်လာမယ်လို့ လဲ မမျှော်လင့်နဲ့ ။ hit တတ်တာကြည့်ပြီး ပျော်တတ်တဲ့ ကြီးပေါတွေကို အားရအောင်မလုပ်ချင်ဘူး။ မုန့် လုံးရေပေါ်က ချီးဖြစ်နေပြီ။ အရှိန်မသေသေးဘူး။ ခိုးတဲ့လူက ခိုးတယ်။ ဆွတဲ့လူကဆွတယ်။ ထောင်တဲ့သူက ထောင်တယ်။ ခိုးတဲ့သူက ခိုးတော့လဲ သုံးပါစေဆိုပြီးစိတ်ထားတတ်ရင် ကုသိုလ်တောင်ဖြစ်သေးတယ်။ အော်လို လဲ ခိုးတဲ့သူက သိချင်မှတောင်သိမှာ။ တတိုင်းပြည်လုံး ခိုးချင်တာခိုး လုပ်ချင်တာလုပ်နေတဲ့ န.အ.ဖ အဖွဲ့ ကို မတရား အခွန်တွေပေးနေရတာကြ ငြိမ်နေကြတယ်။ ဒါကျမှ credit တွေရော debit တွေရော ရှုပ်ရှက်ခက်နေတာပဲ။ နောက်ဆုံးထုတ် ရွေမြန်မာ မဂ္ဂင်းမှာရှာ ဖတ်ကြည့် ဗမာတွေ လူရာမ၀င်သေးလို့ ဒါတွေဖြစ်နေတာ။ နိုင်ငံတကာ သီချင်းတွေ၊ ၀ထ္ထုတွေ၊ ရုပ်ရှင်တွေ ဗမာတွေ ခိုးချင်သလိုခိုး နေတာကျ ဘာသွားပြောမလဲ။
ဆက်သွယ်ချင်ရင် kaung2shwe@gmail.com
ဝက်
မင်းဘလောဂ်က ရေအိမ်သွားရင်းဖတ်ရ အောင်တောင်အရးမပါဘူး။
အော်.. မြန်မာတွေများနှစ်သစ်မှာ မုန့်လုံးရေပေါ်တွေလုပ်ပြီး အလှူလုပ်ကြတယ်။ လာပါစားပါသုံးဆောင်ပါလို့ စတုဒီသာပေးကြတယ်။ အဲဒီဘာမဟုတ်တဲ့စားလို့မရတဲ့ မုန့်လုံးရေပေါ်ဓာတ်ပုံကို မ.သွားတော့ မခံနိုင်ဘူးတဲ့.. ကျွတ်ကျွတ်..
နံမည်က ကောင်းတူးရွှေ တဲ့လား ဟက်ဟက်
ဟုတ်ပါပီ hit တက်တယ်လို့ ပြောရအောင် ကိုယ့်ဘလော့ဂ်မှာ hit မထည့်ထားဘူးလေ တမင်ကို ထည့်မထားတာ ရှင်းလား
အားအား ယားယား သူများ မေးလ် ကို invite စရာလား ကိုယ်တို့က အားတိုင်း ယားတိုင်း အွန်လိုင်းတက်ပြီး ကြူနေတာမဟုတ်ဘူးဟေ့
အေးလေ နိုင်ငံတကာ သီချင်းတွေ ခိုးနေလို့လဲ မြန်မာတွေ လူရာမဝင်တာပေါ့ ဒါလဲ ရှင်းနေတာပဲလေ ဝါကာ ဝါကာ များ ခိုးထားလိုက်တာ မေခလာ တော့ မသိဘူး ကိုယ်ကတော့ သူတို့အစား ရှက်လွန်းလို့ ဟက်ဟက် နောက်ပြီး ကိုးရီးယားသီချင်းတွေလဲ ခိုးထားလိုက်တာ ဟားးးးးး ကိုယ်ပိုင်အိုင်ဒီယာ တွေမရှိတော့ဘူးလား ငါ့ကို လာပြီးတော့ ဒါဆိုရင် မင်း ထုတ်လေ လို့ လာမပြောနဲ့နော် ကိုယ်က သီချင်းဘက်မှာ စိတ်မဝင်စားဘူး ကိုယ် စိတ်ဝင်စားတဲ့အပိုင်းကိုပဲ လုပ်တယ် အဲဒါပဲ
နားလိုက်ဇမ်းးးဘာာာ မင်းက ငါ့ဆီကိုတော့ လာသားပဲ စိတ်မဝင်စားရင် မလာနဲ့ပေါ့ ဟားဟားးးးးးးးးးး မင်းလာလည်လို့လဲ ငါက ကျေးဇူးတင်မယ် မထင်ပါနဲ့ ငါ့နံမည် အရင်းသိချင်လား ငါ့နံမည် အရင်းက ကြည်ပြာ တဲ့ ကဲ ... ဘာများ ထပ်သိချင်သေးလဲ ငါက နံမည် မဖော်ရဲတာမဟုတ်ဘူးနော် ဝက်ဝံလေး ဆိုတာ ငါ့ရဲ့ nick မို့လို့ ငါက ထားခဲ့တာ အိမ်ကိုလာရင်လဲ ဆဲရအောင် ငါ က တမင်ချန်ခဲ့တာ hit တက်ချင်တဲ့ အထဲမှာ ငါ မပါဘူး ဟေ့ရောင်
ဟုတ်ပါတယ် ဖြစ်နိုင်ပါတယ် ကိုယ် ပြောထားပြီးပါရောလား ကိုယ်တိုင်မလုပ်ဖူးတဲ့ လူကတော့မသိနိုင်လောက်ဘူးလို့ ကိုယ်တိုင် အိုင်ဒီယာ ထုတ်ဖူးမှ ဘယ်လောက်ပင်ပန်းတယ်ဆိုတာ သိမှာပါလို့
သခင်အားရအောင် ကျွန်ပါးဝ လို့ပြောရအောင် ငါက မချစ် ဆီက ပိုက်ဆံ တပြားမှလဲ ရနေတာမှမဟုတ်ဖဲ
မင်းကွာ အကုသိုလ် များလိုက်တာ မင်းမှာတော်တော့်ကို ပူလောင်နေဘီ သိလား လာသမျှ မင်းကို against လုပ်တဲ့လူတွေကို လိုက်လိုက်ပြီး ဟောင်ရ ကိုက် ရ နဲ့ မင်းအစား ငါ ပင်ပန်းလိုက်တာကွာ ... ပြီးတော့မင်း တချိန်လုံး ဒီမှာ ဘယ်သူများ ကွန်မန့် အသစ်တက်မလဲ လို့ လာလာကြည့်နေရတာ မင်း အချိန်တွေ သိပ်အားနေလား ဟင်
အားနေရင်လဲ မင်းရဲ့ စိတ်ဓာတ်လေးကို ပြုပြင်လိုက်ပါဦးနော်
စကားနဲရန်စဲ တယ်ပဲ ပြောပြော မင်းကို ကြောက်လို့ ရှောင်တယ်လို့ပဲ ပြောပြောပါ ဆက်ပြီးတော့ ငါ မန့်ဖို့ တော့မရှိတော့ဘူး ဟေ့ရောင် .... ဘလော့ဂ်ပိုင်ရှင်ကို ငါ အားနာလို့ မင်းဘာသာ မင်း တကောင်တည်း ဆက်ဟောင်ချင် လဲ ဟောင်နေတော့ကွာ .. နော်
တာ့တာ
Anonymous တွေအားလုံးကို တစ်ယောက်ထဲလို့ ထင်ရင် ၀က်တွေအားလုံး တစ်ကောင်ထဲလို့ ထင်လိုက်မယ်နော်။
စကားမစပ် ၀က်စကားလေးတွေဖတ်ရတာ အေးချမ်းလိုက်တာ။ ၀က်ရဲ့ တရား နာသွားပါတယ်။
(P.Sမင်းဆီလာငါမဟုတ်ဘူး။ နာမည်ကြည့်ထဲက အဆင့်ကို မှန်းလို့ ရတယ်။ အနုပညာလည်း တော်တော်အားကောင်းမည့်ပုံပဲ)
Kaung
အဟံအဝေရာဟောမိ (ကိုယ့်ကိုယ်ကိုပဲမေတ္တာပို့ပြန်သွားပါတယ် အစ်မရေ)
း)း)
မောင်ဘကြိုင်
http://bakying.myanmarfriendsday.net/
ကဲပါ စိတ်တိုနေတာတွေ ပျောက်အောင် ကိန်လာစားလှည့် အဲ့တာ အရှင်းဆုံး
ဝတ္ထုတိုဆု ရတယ်လို့ သိရလို့ဂုဏ်ယူပါတယ်..:)
ဝထ္တုတိုတင်ပေးပါဗျို့
ကိုကြီးပြန်လာပြီလားဗျို့ (မိန်းမရယ် ပျော်ပျော်နေစမ်းပါ)
ဂျူတိုခပတ်ဖြူ - ခွေဖြူ (ဟီး နံမယ်မာတောင်ဖြူထည့်ထားလိုက်တယ်)
သြော် သြော် မအားလို့  မလာဖြစ်တာ ကြောက်တယ်လို့ များ ထင်သွားကြတယ်နဲ့ တူတယ်။ အဟတ်။ ပြောပါရစေ။ ဝါတားမာခ့်လုပ်ထားလည်း ယူသုံးတာပဲဆိုရင် သုံးပါစေပေါ့။ ကိုယ်တိုင်လည်း နာမည်ကြီးချင်လို့  တင်ထားတာပဲ မဟုတ်လား။ ကိုယ်ဘယ်သူမှန်းသိသွားတာပေါ့။ ဒုက္ခပဲ။ ပိုစ့်ရှင်က ရုပ်ချောတယ် သဘောကောင်းတယ် ပြောထားတာနဲ့  အချောင်ဝင်နှိုက်ချင်သူတွေ ဒုနဲ့ ဒေးပါလားကွ။ ချစ်ကြည်အေးရေ ... ဘာချည်းပဲ ရထားထား တစ်ချိန် သူများ မယားလုပ်ရမှာပဲကွ။ ဟဲဟဲ မင်းဘလောဂ့်ဆိုတော့ ထင်တိုင်းကြဲပေါ့ကွာ။ မင်းဟာမင်း ဘာတွေပဲထပ်ရေးရေး ကိုယ်တော့ ထပ်မမန့် တော့ဘူးကွာ။ ဒီမှာက ပိုစ့်ရှင်ကို ပြောလည်း ဘေးက မစားရ အညှော်ခံလေးတွေက ဖင်ဝင်ဝင်ယားတယ်ကွ။ နောက်ပြီး ကျုပ်က စာရေးတာလည်း ဝါသနာမပါဘူး။ တော်သေးပြီ။ ဟတ်ဟတ်
ဝိုင်း
မိန်းမတွေက ယောကျာ်းသံကြီးပြောပြီး ကြိမ်းမောင်းနေကြတာ တားတား နားအလည်ဘူး.... ဟာသမြောက်နေတယ်.... အဟတ်..
Post a Comment
အားမနာနဲ့ ကြိုက်တာသာရေးသွား....