Monday, April 11, 2011

အလွမ်းနေ့ရက်ရှည်များထဲက လာချင်ရင် အနီးလေး :)

ခုတလော စာမရေးဘဲ ပျင်းပျင်းရှိတိုင်း အိမ်မှာ ကာရာအိုကေ ဆိုနေဖြစ်တယ်။ ပြောရရင် သီချင်းဆိုတာက ကျမရဲ့ ငယ်အိပ်မက်တခု ဖြစ်ခဲ့ဖူးတာ...။

ဆိုဖြစ်တာတွေကတော့ အများကြီးပါပဲ။ ကျမအသံက သီချင်းအေးအေးလေးတွေနဲ့ လိုက်ဖက်ပေမဲ့ တခါတလေ ဝုန်းဒိုင်းကြဲ ခပ်ဆူဆူ သီချင်းတွေလည်း အော်ဆိုဖြစ်သေးတယ်။ အမျိုးသားအဆိုတော်တွေဆိုတဲ့ သီချင်းတွေကို ပို နှစ်သက်တယ်။ အထူးသဖြင့် ဒိုးလုံး မျိုးကြော့ ကိုလေးဖြူ အငဲ မျိုးကြီး ကိုငှက် နဲ့ ဦးဂျေမောင်မောင်တို့ သီချင်းတွေ....

ပြီးတော့ ဖိုးချိုသီချင်းတွေ...ဂစ်တာစတီးတတ်ခဲ့တာက ဖိုးချိုရဲ့ ပိုင်စိုးမှု ဧကရီ...လက်ကွက် ၅ကွက်ပဲ round cord ကိုင်ရတဲ့  သီချင်းလေး...။ ပြီးတော့ မွန်းအောင်ရဲ့ ယု...၊ ခိုင်ထူးရဲ့ သိလား...အဲဒီသီချင်းတွေ အားလုံးပေါင်း ၁၅ပုဒ်လောက်ရှိမယ် ထင်ပါရဲ့ တီးတတ်ခဲ့တယ်။ ဘယ်ဘက် လက်ချောင်းလေးတွေ ဆိုတာ ပြားပြီး အသားမာ တက်နေခဲ့တာ... လက်သည်းရှည်မထားတတ် လက်သည်းမဆိုးတတ်သူမို့ ကျမအတွက် အဆင်ပြေခဲ့ပါတယ်။ ကြာခဲ့ပြီ မတီးဖြစ်ခဲ့တာ အနှစ် နှစ်ဆယ်ကျော် ရှိခဲ့ပေါ့။ အိမ်ကလူကို ဂစ်တာဝယ်ပေးဖို့ ပူဆာတော့ သူက ဘာပြောတယ် မှတ်လဲ...အောင်မယ်လေး ခုတောင် အလုပ်တဘက်၊ ဘလော့ဂ်ရေး၊ ပုံဆွဲ၊ ဓါတ်ပုံရိုက်နဲ့ အချိန်မလောက်နိုင်တာ ဂစ်တာပြန်တီးချင်သေးသလား...တဲ့လေ...။  အမှန်ပါပဲ... သူ့ကို အချိန်မပေးနိုင်တာမို့ ကျမ စိတ်ထဲကနေ ကြိတ်အားနာနေခဲ့ရတာ...

မိန်းကလေးသီချင်းတွေထဲမှာတော့ ထွန်းအိန္ဒြာဗိုလ် ရေဘက်ကာဝင်း ရှင်ဖုန်း ချမ်းချမ်း တင်ဇာမော် မေစံပယ်ညို ကဗျာဘွဲ့မှူး မီးမီးခဲ ခုနောက်ပိုင်း ဝိုင်းစုသီချင်းလေးတွေလည်း နားထောင်နေဖြစ်တယ်။ အရင်တုန်းက ခင်မြတ်မွန်သီချင်းတွေ ကြိုက်ခဲ့သေးတယ်။ သူက ဦးစောခူဆဲရဲ့ ဇနီးဟောင်း...သူ့ဆိုဟန်နဲ့ အသံကို အရမ်းခိုက်တယ်။ "ဘာအလိုရှိသလဲ" ဆိုတဲ့တခွေ ထွက်ဖူးတယ်။ မှတ်မှတ်ရရ တခွေလုံးလိုလို ကြိုက်ခဲ့တယ်။ အနုပညာအလုပ်က စန်း ရှိဖို့လိုတယ် ဆိုတာ တကယ်ပဲ...။ ပြီးတော့ ရှားရှားပါးပါး အမျိုးသမီး ရော့ခ်ကာ သျှီ...သူ့ကိုလည်း စွဲလန်းခဲ့ဖူးတာပဲ...

တနေ့က ဆိုဖြစ်တဲ့ထဲက " မေစံပါယ်ညို-NG2K ရဲ့ အလွမ်းနေ့ရက်ရှည်" နဲ့ "Lဆိုင်းဇီရဲ့ လာချင်ရင် အနီးလေး"(Radio Live အခွေထဲက) ၂ပုဒ် တင်လိုက်ပါတယ်။  အလွမ်းနေ့ရက်ရှည်ကိုတော့ ဖေ့စ်ဘုတ်က သူငယ်ချင်းတွေ နားထောင်ပြီး ဖြစ်မှာပါ။

အချိန်ရရင် နားထောင်သွားခဲ့ကြပါဦးနော်...။

အလွမ်းနေ့ရက်ရှည်


လာချင်ရင် အနီးလေး


ဓါတ်ရှင်မင်းသမီး ဖြစ်ချင်လို့ မော်ဒယ် အရင်လျှောက်ရသူတွေလို အဆိုတော်ဖြစ်ချင်လို့ ဘလော့ဂ် အရင်ရေးတာ မဟုတ်ရပါဘူး...လို့....:)



သီချင်း ၂ပုဒ်လုံးကို ဘလော့ဂ်မှာ တင်လို့ရအောင် အစ အဆုံး လုပ်ပေးတဲ့ သား တွန်တွန် ကို ချစ်ခင်စွာ ကျေးဇူးတင်ရှိပါကြောင်း...

29 comments:

မောင်မျိုး said...

ဖေ့ဘုတ်မှာ နားထောင်ပြီးပြီး ဆီးသီးထုတ်ရင် ရှယ်ယာပါဖို့ ငွေစုနေတယ်း)

ရေပက်ကာဝင် ဟိဟိ စားလုံးပေါင်း ပိုဖျက်သွားတာ ။

★Craton said...

ရှေ့မှီနောက်မှီစုံလင်ပါပေတယ်.. :D
always da best, TTKyi~!

ငွေလမင်း said...

သီချင်းနားထောင်သွားပါတယ် ကောင်းတယ် မသိရင် အဆိုတော် တယောက်ဆိုနေသလားထင်ရပါတယ် အလွမ်းနေ့ရက်ရှည် ကို ပိုကြိုက်ပါတယ်

Shinlay said...

သီချင်းလာနားထောင်ပါတယ်။
နားထောင်ကောင်းပါတယ်။ အားပေးနေပါတယ်။

Nyi Linn Thit said...

Wow.... အရမ်းကောင်းတယ် အမချစ်ကြည်ရေ့၊ အဆိုပါးနပ်တာ၊ သီချင်းတွေ အများကြီး ဆိုဖူးတာ သတိထား မိတယ်၊ shaking voice လေးတွေ မဆိုစလောက်နဲ့ သပ်ရပ်လိုက်တာ..၊ ၂ ပုဒ်စလုံးနဲ့ အသံနဲ့ လိုက်ပါတယ်၊ အမကြိုက်တဲ့ အမျိုးသား အဆိုတော်တွေကို ကျနော်လည်း နားထောင်ဖြစ်တယ်ဗျ၊ ရှိသေးရင် ဆက်တင်ပါဦးနော်၊ စကားမစပ် ဟမ်းဖုန်းက ဗီဒီယိုလည်း ရိုက်လို့ ရသလား-လို့...။း)

sonata-cantata said...

ချစ်ကြည်ရေ...အားပေးနေပါဒယ်)))
တခုပဲ...
သီချင်းဆုံးတော့... ကျေးဇူးတင်ပါရှင် လို့လည်း ပြောမသွားဘူးးP

crystal said...

အစ်မ အသံကြားဖူးချင်လို့ နားဆင်သွားပါ၏။

တဂယ် လွမ်းနေတယ်....

မောင်ဝေး said...

ရွှီး..ဖြောင်း..ဖြောင်း.. ယူဟက်ဖ်တဲလဲန့်.. ၉ မှတ်နဲ့ပြောင်းဖူးရိုးတစ်ခု.. အဲယောင်သွားလို့.. ၁ဝ မှတ်လုံးလုံးပေးလိုက်ပါတယ်။

မိုးယံ said...

ကောင်းတယ်တော့...။အန်တီရယ်... ထုတ်ပစ်လိုက်စမ်းပါ ထွက်သမျှ ၀ယ်အားပေးလိုက်မယ်။ အဲဒီ စန်းဆိုတာကလည်း အခက်သားဗျ

ချစ်ကြည်အေး said...

ကြောင်မျိုး ဆီးသီးထုတ်တော့မှာ ခွက်ခွက်လန် ထုတ်လုပ်ရေးက အခွေနာမည် ပြုတ်ပြုတ်ပြုန်းတဲ့...:)

ကျေးကျေးစ် သားတွန်:)

ငွေလမင်း ကျေးဇူးပါ နောက်လည်း ဆိုဦးမယ်နော် :)

သူငယ်ချင်း မရှင်လေး နားထောင်သွားတာ ကျေးဇူးပါ :)

ကိုညီလင်းသစ် အမက အမတို့ စီးပွားရေးတက္ကသိုလ် အနုပညာအသင်းမှာ ပင်တိုင်အဖွဲ့ဝင်အနေနဲ့ ဆိုခဲ့ဖူးတာလေ...၊ အယ်...အမက ခေါင်းပြတ်ပုံကြီးတော့ မတင်ချင်ဘူးအေ...

ဟုတ်ပါ့ သီတာရယ် နောက်တခါ သိုင်းခရူးလို့ အာဇာနည်လေသံနဲ့ အော်လိုက်မယ် နော်...:)

ညီမ ခရစ်စတယ် အမအသံကြားပြီးမှ လွမ်းသွားတာလားဟင်...:P

ကမောင်ဝေး ၉မှတ်ပဲ ထားလိုက်ပါအေ ညည်း ပြောင်းဖူးရိုးကြီး ပြန်သာ ယူသွားပါဒေါ့....:)

မမန့်ဘဲ ပြန်သွားတဲ့ နားထောင်သွားသူများကိုလည်း အမတို့ ချစ်ကြည်အေး အက်ဖ်အမ်က ကျေးဇူးပါလို့ ပြောကြားလိုက်ပါရစေ....:)

ချစ်ကြည်အေး said...

မိုးယံရေ ညည်းနဲ့ ကြောင်မျိုးမနဲ့ အမာခံ ပိတ်သတ်ကြီး ၂ယောက်ရပြီ ရှယ်ယာရော ဝင်ချင်သေးလား ဟားဟား...:))

ညိမ်းနိုင် (မောင်လေး) said...

ကြည့်စမ်း...အစ်မကို လေးဆယ်ကျော်လောက်အောက်မေ့နေတာ....၊အသံနား
ထောင်ကြည့်ရသလောက် ၂၀ကျော်လေးထင်ရတယ်...:))))စီးသီးထုတ်ချင်ရင်
ပြောနော်...ကျွန်တော်လည်း မောင်မျိုးနဲ့အတူ လိုက်ပြီးမိုက်ပေး..အဲလေ..
ရှယ်ယာလိုက်ပါပေးမယ်....လို့............:)))

ချစ်ကြည်အေး said...

ဟယ် ရှယ်ယာဝင်မဲ့သူ နောက်တယောက်ပါလား :) မောင်လေးရေ, ဒါဆိုလည်း ကျုပ် စာမရေးတော့ဘူးအေ ၂၀ကျော်လေးလို့ ထင်ရအောင် သီချင်းပဲ ထိုင်ဆိုနေတော့မယ် ခွိ :P

T T Sweet said...

အကြည်ဆိုထားတာ နားထောင်လို့ကောင်းပါတယ်။ များလဲ နဲနဲပါးပါးဆိုဖူးတော့ အဲ့လိုဆိုနိုင်ဖို့ သိပ်မလွယ်ဘူး ဆိုတာ သိထားတယ်။
ဒုတိယအပုဒ်ကို ပိုကြိုက်ပါတယ်။

Anonymous said...

ရှင်ဖုန်းရဲ့ တယ်လီဖုန်းလေးသီချင်းတင်ပေးဖို့တောင်းချိုပါတယ်..။

Mon Petit Avatar said...

မမရေ လာနားထောင်တာ ဖွင့်လို့မရလို့ ။ အသံကြားဖူးချင်ပါတယ်ဆိုမှ။

နောင်အင်းလေး said...

ဘရာဗို ... တို့အမ ...။ နားထောင်လို့ကောင်းတယ် တကယ် ။
ကျနော်နဲ့ ရောခ့် သီချင်းကြိုက်တာချင်း တူနေတယ်။ ..
...
(အယ်ကို)

Anonymous said...

မမချစ်ကြည်

အသံအရမ်းကောင်းတယ်။ အရင်က တစ်ခါဘဲ မန့်ခဲ့ဘူးတယ် ။ အသံအရမ်းကောင်းပြီး ဆိုထားတာ Professional Vocalist အတိုင်းဘဲ ။ ဒါပေမဲ့ အလွမ်းနေ့ရက်ရှည်များ ဖွင့်လို့မရဘူး ။ လာချင်ရင် အနီးလေးဘဲ နားထောင်လို့ရတယ်မမ ။ စစ်ပေးဦး ။သီချင်းတွေလည်း ဆိုပြီးထပ်တင်ပေးဦးနော် ။ အရမ်းကောင်းတယ်မမ။

အပြုံးပန်း said...

အလွမ်းနေ့ရက်ရှည် ပိုကောင်းတယ်အမ၊
အမမှာ အသံရည်ရှိတယ်၊ သီချင်းသီဆိုဖို့ အထူးအသံကို ပြောတာပါ။

Anonymous said...

ဇီးသီးထုတ်ပေးချင်အောင် ကောင်းမှကောင်း..
ဒိုးလုံးရဲ့ ဒီလိုမချစ်ဘူးမပြောပါနဲ့ ဆိုတာလေးလုပ်ပါဦး မမ.. :)

အားပေးလျှက်...
ချစ်တဲ့
ပရိုဂျူဆာ အသစ်ဆက်ဆက်..ဗဂျီ :))

Vista said...

ဟယ် မချစ်ကြည်က ဘက်စုံထူးချွန်လူရည်ချွန်ဂျီးတော့

Anonymous said...

မချီးကျုးဘဲ မနေနိုင်အောင် အသံကောင်းတဲ့ အဆိုတော် ဘလော်ဂါတယောက် ဘဲ .. ဆက်ဆိုပါဦး တကယ်အားပေးတယ် မချစ်ကြည်ရေ ... နှစ်ပုဒ်လုံးကြိုက်တယ် ။

mie nge

An Asian Tour Operator said...

တို့ အစ်မ ပဲ ဒီလောက် တော့ရှိမှာ ပေါ့ :P

ညီမလေး said...

ချစ်ချစ်က မိုက်တယ်တော့..ညီမလေးက ကာရာအိုကေ တခါမှကောင်းကောင်းမဆိုဖူးဘူး ..ရှက်လို့ ဟိဟိ ..ဂစ်တာတီးတာတော့ ကြိုက်တယ် တယောက်တည်း ဟုတ်သော်ရှိမဟုတ်သော်ရှိ တဒေါင်ဒေါင်ခေါက်တာပဲ ..ဒါပေမဲ့ မမြဲမတီးဖြစ်နေတာနဲ့သေချာမလေ့ကျင့်နေတာ ခက်တယ်း))

ချစ်ကြည်အေး said...

ဆွိ>> ကျေးဇူး သူငယ်ချင်းတွေ အချင်းချင်းမို့ ပြောတာ မှုတ်ပါဘူး တို့ မကြားဖူးပေမဲ့လေ ဆွိအသံလည်း ကောင်းပါတယ် ((ဟမ်))

အမည်မသိ>>ရှင်ဖုန်းရဲ့ တယ်လီဖုန်း အိုခေ...ဆိုပြပါမယ်...:)

ညီမ MPA ရေ>>ရတဲ့သူတွေ ရကြတယ် ညီမရဲ့ အားလုံး တပြိုင်နက်ထဲ လု နားထောင်နေကြလို့ပဲ ဖြစ်မယ် ဖြည်း ဖြည်း နားထောင်ကြပါ မတိုးကြပါနဲ့ :P

အယ်ကို>> ကျေးဇူးပါ မောင်လေး:)

အမည်မသိညီမလေး>> နောက်တခေါက်လာ နားထောင်လေ ညီမ ရမှာပါ နားထောင်သူတွေ သိတ်များတယ်ကွယ် ဟင်းဟင်းဟင်း:))

ပြုံးပန်း>> ဟုတ်လား ညီမ အမ ထင်တော့ထင်ပါတယ် အသံထူးတယ်လို့ လေ....:)

ဗဂျီမ>> ဒိုးလုံးရဲ့ ဒီလိုမချစ်ဘူးမပြောပါနဲ့ ရမယ် ရမယ်...:)

ဗစ်စ>> ဟားဟားဟား သူပြောမှပဲ ဒါနဲ့ တို့က ဘယ်နှစ်ထပ်ကွမ်းတုန်း...:)

မီးငယ်>> ဟာ...အဲလို အမာခံ ပိတ်သတ်ကြီးရှိနေတာ ကျေနပ်တယ်ဟေ့...:P

ကိုအေအေတူ>>တို့ ညီမလေးလောက်တော့ လုပ်လိုက်....:)

စုလတ်>> အဲဒါပဲ အဲဒါပဲ လူတွေက မဟုတ်တဲ့နေရာမှာ သိတ်ရှက်ကြတာ ၊ သီချင်းဆိုတယ် ဆိုတာဟာ အနုပညာတခု ဖန်တီးခြင်းပဲလေ... အမချစ်ကတော့ ငယ်တည်းက သီချင်းဟေ့ဆိုတာနဲ့ ပါးစပ်ကုန်ဖွင့်ပြီး ဆိုတော့တာ ခွိ :P

ဇွန်မိုးစက် said...

စာကြွေးရှင်းမယ်ဆိုပြီး ရောက်လာတာ တန်းပလိတ်အသစ်နဲ့တိုး၊ ဖောင့်ပြောင်းထားတာနဲ့တိုးလို့ ဖတ်မရဘဲ ခေါင်းငိုက်စိုက်ချလို့ ပြန်သွားပြီ အစ်မ။း(

Boyz said...

GTalk ထဲပြောခဲ့သလိုပဲ။ :)
I like second song.
can see some talent from there...

Anonymous said...

အသံကောင်းတယ်. အောင်မြင်မှာပါ။ ယူကျူ့ မှာ တင်လိုက်လေ ကြည့်သူ သန်းချီရင် အိုင်ကျူးက ပိုက်ဆံပေးတယ် စမ်းကြည့်ပါလား ဂျပ်စတင်ဘီးဗားလဲ ယူကျူ့ က စတက်လာတာဘဲ
ဆောင်း

Anonymous said...

ထုတ်ပစ်လိုက်ပါ ထွက်သမျှ ၀ယ်အားပေးလိုက်မယ်။ Chaw2

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်