Monday, April 4, 2011

တနေ့တာ အကြိုက်များ...

၁)မနက်မလင်းခင် ဟန်းဖုန်းက နှိုးစက်သံ ပိတ်ရင်း၊ တဆက်တည်း ဘလော့ဂ်လေးထဲဝင် ကော်မန့်တွေဖတ်၊ တခြား ဖတ်စရာ အသစ်ရှိတဲ့ ဘလောဂ့် တခု နှစ်ခု ဝင်ဖတ်... အဲသလို ဘလော့ဂ်နဲ့ မျက်နှာသစ်ရတာကို ကြိုက်တယ်...

၂) ရုံးကို ကြုံရာ ရှပ်အင်္ကျီ တထည်ထည်နဲ့ ဂျင်းန်ပန် ပေါ့ပေါ့ပါးပါး ဝတ်သွားလို့ရတာ ကြိုက်တယ်...

၃) ရုံးကားပေါ်မှာ ဆက်ငိုက်ရတာကို ကြိုက်တယ်....

၎)အအိပ်မက်လို့ မနက်စာကို အမြဲလိုလို ရုံးမှာပဲ ကတိုက်ကရိုက်စားရတာ၊ ရုံးက ထုတ်ပြန်ထားတဲ့ "အလုပ်စားပွဲခုံပေါ်မှာ အစာ မစားရ" အမိန့်အာဏာကို ဖီဆန်ရတာကို ကြိုက်တယ်...

၅) အဲသလို သူပုန်ဆန်တတ်တဲ့ ကိုယ့်ကိုယ်ကို အကြီးအကျယ် သဘောကျ ကြိုက်နှစ်သက်သေးတယ်....

၆)အလုပ်မှာ ကွန်ပြူတာ ဖွင့်တာနဲ့ ဘလော့ဂ်ဖွင့်၊ အီးမေးလ်စစ်၊ မျက်နှာစာအုပ်လေး ဖွင့်ထားပြီး တဘက်ကလည်း အလုပ်မပျက် လုပ်နိုင်တဲ့ မာလတီတတ်စကာ ဘဝကိုလည်း ကြိုက်တယ်...

၇)မျက်နှာစာအုပ်ပေါ်မှာ ကိုယ့် စတေးတပ်စ်၊ သူ့ စတေးတပ်စ်တွေက ရယ်စရာ ကော်မန့်တွေကို ကြိုက်တယ်...(ကမ်းမွန်း...လူ့ဘဝက တိုတိုလေး...တချိန်လုံး ဆီးရီးယပ်စ် မနေနိုင်ပါဘူး၊ ဘယ်နေရာမှာ ဆီးရီးယပ်စ်ရမလဲ ဆိုတာသိရင် ရပြီ မဟုတ်လား....အိုခေ...)

၈) ဌာနမှာ အင်မတန်ချူချာတဲ့ ကိုယ်တို့မန်နေဂျာ ယောင်္ကျားနုမကြီး တယောက်လုံးလုံး ရထားတဲ့အတွက် ဂုဏ်ယူတယ်။ သူ အမ်စီ ခဏခဏ ယူလေ့ရှိတာကို မကြိုက်တဲ့သူ ရှိမယ် မထင်....မထင်....

၉) အလုပ်ထဲမှာ ဆက်ဆံရေး ခြေငံ ပြေပြစ်တဲ့၊ ပိုက်ဆံ အကြွေးတောင်းရင် ရှောင်မနေဘဲ တခါတည်းနဲ့ ဘယ်နေ့ ပေးပါမယ်လို့ ကော်မစ်မန့် လုပ်တတ်တဲ့ ကပ်စတမ်မာတွေကို ကြိုက်တယ် ခိုက်တယ်
(အနဲဆုံး သူတို့ကြောင့် ကိုယ်အကုသိုလ် မများရဘူးပေါ့...)

၁၀) ညနေ ၅နာရီဆို ကလပ်၉၅က ဒီဂျေ ဂျင်းန်ဒန်ကာ အသံကြားရပြီ...ကြိုက်တယ်...။ အို...ပျော်တယ်ကွယ် သိတ်ပျော်တယ်...မိနစ် ၆၀အလို...၅၉မိနစ်အလို...၅၈...၅၇...၅၆................၀၅....

၁၁) ညနေ ၁၇း၅၅ ကွန်ပြူတာ ရှပ်တင်းဒေါင်း အင် ပရိုစက်..." ဟေး....ဗမာနိုင်ပြီ တို့ ဗမာနိုင်ပြီ...." အဲသလို ပျော်နည်းမျိုးနဲ့ ပျော်တယ်...ရုံးက အထွက် ငှက်သွင်ပျံကြွ မတတ်သော် ဆိုတဲ့ ခြေလှမ်းတွေကို ကြိုက်တယ်...

၁၂) "ပင်ပန်းပါတယ်ကွာ ချက်မနေနဲ့ ကိုကို အိမ်အပြန် တခါတည်း အပြင်က ဝယ်လာခဲ့ပါ့မယ်" ဆိုတာကိုတော့ အကြိုက်...အကြိုက်...အကြိုက်ဆုံး.....

၁၃) ညစာစားသောက်ပြီး အိမ်ကလူကြီးအနား  နေရတာ...အကြိုက်တကာ့ အကြိုက်ဆုံး ဖြစ်ပြန်ရော....

၁၄)တကယ်တော့ အိမ်ကလူကြီးအနား နေတယ်သာဆိုတာ ကိုယ်က ကွန်ပြူတာနဲ့မျက်နှာ စူပါဂလူးနဲ့ ကပ်ထားတော့ သူ့ခမျာ ကိုယ့်ကျောပြင်ကြီးကိုပဲ မြင်နေရရှာတာ....အို...အဲသလို ကျောပေးထားရတာကိုက ရင်ခုန်စရာ...ကြိုက်တယ် ကြိုက်တယ် ဘာဖြစ်သေးလဲ...

၁၅) ညအိပ်ရာ မဝင်ခင် သူ့ ခြေကိုထိပြီး ကန်တော့ရတဲ့ မပျက်မကွက် လုပ်စဉ်လေးကို ကြိုက်တယ်... 
"ကိုယ် စိတ် နှလုံး၃ပါးနဲ့ ပြုလုပ်ခဲ့မိသမျှ အမှားတွေ ရှိရင် ခွင့်လွှတ်ပါ ကိုကို" လို့ ဆိုတဲ့အခါ သူက ကိုယ့်ခေါင်းကို လက်နဲ့ အုပ်ကိုင်ရင်း "ခွင့်လွှတ်ပါတယ်" လို့ ပြောတတ်တာလေးကိုလည်း ကြိုက်တယ်။ အဲသလိုဆိုတော့ ကိုယ်က နေ့တိုင်း အမှားလုပ်သူကြီးများလား ထင်စရာ...နိုး နိုး မဟုတ်ပါ။ ကိုယ်က အိမ်ကလူကြီးကို လေးစားမြတ်နိုးလွန်းလို့ ညစဉ် ရှိခိုးဦးချပြီးမှ အိပ်တာရယ်...၊ တကယ် ကိုယ်က ချစ်တတ်သူကြီးရယ်ပါ....အဲသလို ချစ်တတ်သူကြီးဖြစ်နေရတာကိုလည်း ကြိုက်တယ်....

သူငယ်ချင်း တက်ဂ်ဝေ...အဲ သက်ဝေရဲ့ "Daily Likes" တက်ဂ်ပိုစ့် လေးပါ.... အားလည်း အားနေ..ပျော်လည်း  ပျော်စရာမို့ ချက်ချင်းပဲ ရေးလိုက်ပါတယ်။ သူငယ်ချင်း ကြေနပ်မယ် ထင်ပါရဲ့....


29 comments:

  1. ကြိုက်ချင်စရာတွေချည်းပဲမို့ ကြိုက်တယ်... ကြိုက်တယ်...
    အရမ်း အရမ်းကို ကြိုက်ပါသတဲ့ရှင်...............း)))

    စိတ်မြန် လက်မြန်ရှိတတ်တာ၊ တက်ဂ်ပိုစ့်ကို ချက်ချင်းရေးပေးတာကိုလဲ ကြိုက်သွားသေးတယ်...း)))

    ReplyDelete
  2. ကြိုက်တယ် ကြိုက်တယ်

    ReplyDelete
  3. "ပင်ပန်းပါတယ်ကွာ ချက်မနေနဲ့ ကိုကို အိမ်အပြန် တခါတည်း အပြင်က ဝယ်လာခဲ့ပါ့မယ်" ဆိုတာကိုတော့ အကြိုက်...အကြိုက်...အကြိုက်ဆုံး.....

    ဒါမျိုးကျတော့ သိပ်ကြိုက်တယ်ပေါ့လေ တော်တော်လျှင်တဲ့ အစ်မး)))

    ReplyDelete
  4. "ဘလော့ဂ်နဲ့ မျက်နှာသစ်ရတာကို ကြိုက်တယ်..."ဆိုတာအကြိုက်ဆုံးပဲမမ၊

    ReplyDelete
  5. အကုန်ကြိုက်တယ်.... :P

    ဂျင်းစုတ်

    ReplyDelete
  6. အမည်မသိကလူသစ်Mon Apr 04, 03:32:00 PM GMT+8

    ကြည့်ရတာ တကယ်မျက်နှာသစ်မသွားဘူးထင်တယ်

    ReplyDelete
  7. ကြိုက်ရတာတွေရှိနေတာကိုက ပျော်စရာကြီးရယ်နော်... :)

    ReplyDelete
  8. ရေးတတ်လိုက်တာ မမရယ်... ရုံးမှာဖတ်နေတာဆိုတော့ ပြုံးစိပြုံးစိဖြစ်တာ များလာလို့ ပါးစပ်ကို လက်နဲ့အုပ်ရသေးတယ်... မမ ဒီထက်မကြိုက် ကြိုက်စရာတွေ ဘဝမှာ ပိုင်ဆိုင်နိုင်ပါစေ...

    ReplyDelete
  9. ညီလင်းသစ်Mon Apr 04, 03:55:00 PM GMT+8

    နံပါတ် ၄ အချက်ကိုတော့ ကျနော်လည်း ခဏခဏလုပ်တယ်၊ ဒါပေမယ့် အာဏာဖီဆန်စရာ မလိုတော့ နဲနဲတော့ ပျင်းတယ်ဗျ၊ အချစ်ကို ကျောပေးပြီး ကွန်ပြူတာကို မျက်နှာအပ်ထားတာလေး သဘောကျသွားတယ်..၊

    ReplyDelete
  10.ူlike...း)

    ReplyDelete
  11. An Asian Tour OperatorMon Apr 04, 04:43:00 PM GMT+8

    ကြိုက်စရာ တွေလိုက်ကြိုက်ရတာ ကို က ပျော်စရာကြီး။ "တို့များက မာလ်တီတက်စကာ" ဆိုတာ ကိုတော့ အကြိုက်တကာ့ အကြိုက်ဆုံးပဲ။
    တို့များက မာလ်တီတက်စကာ
    တို့များက မာလ်တီတက်စကာ
    တို့များက မာလ်တီတက်စကာ
    တို့များက မာလ်တီတက်စကာ
    တို့များက မာလ်တီတက်စကာ

    ReplyDelete
  12. ကြိုက်တယ်.. :)

    ReplyDelete
  13. ကွန်ပျူတာ ရှပ်တင်းဒေါင်း အင်ပရိုစက် ကိုအားရကျေနပ်ဆုံး..အကြိုက်ဆုံး..ဒါမျိုးဆိုကိုယ့် မမတို့များ ခြေမြန်လက်မြန် သိပ်ရှိ..
    ခုလိုရုံးမှာ ခိုးခိုးလေး မန့်ရတာကိုလည်း ကြိုက်မှကြိုက်.. ဟီးးးး

    ချစ်တဲ့

    ReplyDelete
  14. ဝက်ဆလူးMon Apr 04, 06:22:00 PM GMT+8

    ပျော်စရာကြီး
    ကြိုက်တယ်
    ကြိုက်တယ် ဟိဟိ

    ReplyDelete
  15. ဒီပိုစ့်ကိုဖတ်ရတာ ကြိုက်တယ် ပြီးတော့ ချစ်တယ်း)))

    ReplyDelete
  16. အိုး တို့ မမချစ်


    ချစ်တတ်ပုံကို လည်း ကြိုက်တယ်


    စ လာတုန်းက အကိုကြီး ကို ဖုန်းဆက် ပြီး နေပါအုန်း ကြားလိုက်ပါတယ် ဘာတဲ့..
    အိုး ကိုကို ရေ ထမင်းစားစောင့်နေလား ချစ်ဒီမှာ တူငယ်ချင်းနဲ့ မို့ လို့ ချိတ်ပူနဲ့ နော် ကျန်လာမှာတိလား ဆိုတာလေ ....

    ဟုတ်တယ်မို့ လား ...


    ကြည်ကြည်

    ReplyDelete
  17. ချော(အစိမ်းရောင်လွင်ပြင်)Mon Apr 04, 08:15:00 PM GMT+8

    ကဲဗျာ
    ဘယ်တစ်ချက်မှ မလွတ်အောင် အကုန်ကြိုက်တယ်..
    နံပါတ်၁၅ ကိုတော့ ရေရေလည်လည်ခိုက်တယ်
    ဒီခေတ်မှာ ရှားလိုက်လေခြင်း။ ဒီလို ရိုသေမြတ်နိုး ရှိခိုးရလောက်အောင် မြင့်မြတ်တဲ့ အိမ်ထောင်ဦးစီးကလည်း ရှားပါဘိတောင်း။
    အချစ်တွေ၊ ရိုသေလေးစားခြင်းတွေ၊ မြတ်နိုးတွယ်တာခြင်းတွေ။ နားလည်ပြည့်ဝခြင်းတွေ အားလုံး ဒီပိုစ့်ထဲမှာ တွေ့လိုက်ရတာမို့ သိပ်ကြိုက်တယ်ဗျို့။
    အစ်မကို နာမည်ပေးလိုက်မယ်
    ကံထူးသူကြီးလို့း)


    အားကျသွားတဲ့ ညီမ

    ReplyDelete
  18. ဖတ်ရတာ ကျုပ်တို့ကြက်သီးထပါတယ်A... ဘာဂျီးမှန်းယဲတိဝူး :P

    ReplyDelete
  19. ကျောက်အကြိုက်Mon Apr 04, 09:50:00 PM GMT+8

    ဝမ်းနှုတ်ဆေး တိုက်ထားလိုက်ဦးမယ်..
    အီးအီး ပါရတာကြိုက်တယ်..ပြောအောင်လို့

    ReplyDelete
  20. မောင်လေးMon Apr 04, 10:01:00 PM GMT+8

    အစ်မရေးထားတာလေးလည်း တစ်မျိုးဖတ်လို့ကောင်းတယ်....တစ်ဟိဟိနဲ့ရီနေ
    ရတယ်...:))) သူပုန်ထရတာကြိုက်တယ်ပေါ့လေ...ညန်မာပြည်မှာ တွားထကြ
    ရအောင်လား...ဟိ...။

    ReplyDelete
  21. ကြိုက်တယ် ... ကြိုက်တာတွေ တော်တော် တူနေပါလား။ နံပတ် ၄ ကတော့ ကွက်တိပဲ။
    တို့ဘလော့ရေးနေတူတွေထဲ ယောက်ျားရှိခိုး သွားမကျိုး ဘူတွေလဲ သိရပြီ .... ခိခိ ... အဲဒါလဲ မိုက်တယ်၊ ခိုက်တယ်၊ ကြိုက်တယ် ...

    စိတ်ဆိုးတဲ့နေ့ကျ တော့ကို ကျုပ်ရှိခိုးတယ်တော်ဆိုပြီး နှုတ်ခမ်းကြီးစူပြီး ပြောသေးလား ...း))

    ReplyDelete
  22. ညအိပ်ရာ မဝင်ခင် သူ့ ခြေကိုထိပြီး ကန်တော့ရတဲ့ မပျက်မကွက် လုပ်စဉ်လေးကို ကြိုက်တယ်...

    ဒါလေးကို လေးစားတယ် မချစ်း)))အိမ်ထောင်သက်ကြာပေမဲ့ ခုထိ အဲလို ရိုသေတာ ရှားတယ်း))))

    ဟိ ဖတ်ရတာ နည်းနည်းလေး ခံစားချက် တမျိုးပဲး ဟီးး အားနာသလိုလို ( ဖတ်ရတာကိုတင် အားနာနေတား))) ပြီးတော့ မျက်နှာပူနေသလိုလိုး)))))

    ReplyDelete
  23. This comment has been removed by the author.

    ReplyDelete
  24. ညဘက်ထိုင်ကန်တော်တဲ့အခါ အမလေးရဲ့ ဂတ်ဂတ်ကြီးက TOTO ဆုကြီးပေါက်ပါစေကွာ ၊ ငါ့မိန်းမချမ်းသာရင် ငါလည်းချမ်းသာမှာပေါ့လို. ဆုမပေးဖူးလား ၊

    ReplyDelete
  25. အမည်မဖောလိုသူဂငယ်Tue Apr 05, 03:49:00 PM GMT+8

    တီတီလေးရဲ့အကြိုက်တွေက နောက်ဆုံးတော့ တိုတို့နားမှာဝဲသွားတာကိုး..
    ဟိဟိ. နောက်တာနော်..

    http://3rdalphabet.blogspot.com

    ReplyDelete
  26. မဖော်က ဖောဖြစ်သွားတယ် ဆောတီး.. :D

    ReplyDelete
  27. ဟယ်..တကယ်ကြီးကို ဂဒေါ့ တယ်လား...
    လိန်မာ လိုက်တာ...
    ဘာဆုတွေ ပေးလဲ ဟင်..ဟင်..
    ညတိုင်း တမျိုး မရိုးရအောင် ပေးမှာပဲ...

း)

    ReplyDelete
  28. လပြည့်ရိပ်Thu Apr 07, 06:57:00 PM GMT+8

    ပိုစ့်ရော ၊ ကွန့်မန့်တွေပါ ဖတ်ပြီး အသံထွက်ပြီး ရယ်မိတယ်။ ပေါ့ပေါ့ပါးပါး ပျော်စရာလေး ...... :D

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...