Sunday, March 27, 2011

သတို့သမီး...


မို့အစ်ရောင်ရမ်းနေတဲ့ မျက်ခွံအစုံကို မိတ်ကပ်နဲ့ ဖို့ထားခဲ့တယ်...
ဖျားနာနေတဲ့ နှုတ်ခမ်းအစုံကတော့ နှုတ်ခမ်းဆိုးဆေးနဲ့ ကူကယ်ရာရလို့....
ဦးနှောက်ထဲမှာတော့ သူမရဲ့ တန်ကြေးကို တွက်ချက်နေရင်း...
တလှမ်းချင်း.....
ခမ်းမထဲက လူအုပ်ကြားကနေ ခပ်ဝေးဝေး အပြေးကလေး လှမ်းထွက်...

တခဏပါပဲ....
ခံစားမှုမဲ့စွာ ခမ်းမဆီ ပြန်အလာမှာတော့
သူမရဲ့ နှလုံးသားအစုံကို တနေရာရာမှာ လွှတ်ချထားခဲ့ဟန် ရှိလေရဲ့...


15 comments:

  1. ကဗျာလေးရဲ့နောက်ကွယ်မှာ ဇာတ်လမ်းတစ်ခုကို ကြားလိုက်ရတယ်.
    သရုပ်ဖော်ပုံလေးကလည်း ပီပြင်နေတယ်
    အားပေးလျက်

    ReplyDelete
  2. မောင်လေးSun Mar 27, 09:42:00 PM GMT+8

    ဒီအတိုင်းဆို ဒီသတို့သမီးက ရင်ဘတ်ဟောင်းလောင်းနဲ့ သတို့သမီးပေါ့နော်..:)))

    ReplyDelete
  3. သတို့သမီး ယိမ်းနွဲ့လှပအသက်ဝင်နေလိုက်တာ လှတယ် ။

    ReplyDelete
  4. ဘယ်နေရာမှာ လွှတ်ချထားခဲ့တုံး သတို့သမီးရယ်..
    ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ မှတ်လိုက်ပါတော့..:)
    ရောက်တယ် အမရေ..
    နေကောင်းပါစေဗျာ

    ReplyDelete
  5. အင်း တစ်ခုခုတော့ တစ်ခုခုပဲ... စာရေးသူနဲ့ စာ ကို ရောထွေးမိတယ်လို့ပဲ ကိုယ့်ကိုယ်ကို ပြန်မှတ်ချက်ပေးမိတယ်။

    ReplyDelete
  6. လူပျိုရံကျောက်Sun Mar 27, 11:02:00 PM GMT+8

    နှုတ်ခမ်းပဲ ကွက်ပြီးဖျားတယ်ဆိုတော့..ဆေးပညာအတွက်အတော်ထူးဆန်းတဲ့ ရောဂါပဲ..နှလုံးသားလဲ တနေရာမှာလွှတ်ချထားခဲ့ တယ်ဆိုတော့..သတို့သမီးက မင်္ဂလာဆောင်ပြီး ထမင်းချက်ရမှာမို့ ဈေးဝယ်လာခဲ့ပုံပဲ..၊ပန်းစည်းကြီးကလဲ ကိုင်ရသေးဆိုတော့ ဟင်းချက်ဖို့ ဝယ်လာတဲ့ နှလုံးသားကို ကယောင်ကတန်းနဲ့ တနေရာချခဲ့တာ ဖြစ်မှာ..
    ဪ.....ဦးနှောက်ကလဲ ဈေးဘိုးတွက်နေရ ရှာသေးသကိုး...
    အင်းလေ....လင်ယူမိမှတော့ ဈေးဘိုး အိမ်လခ အသေးသုံးတွေ တွက်ရတော့မှာပေါ့...

    ReplyDelete
  7. အဖြူရောင်နတ်သမီးMon Mar 28, 12:18:00 AM GMT+8

    ကြည့်ရတာ သတိုးသမီးက ခမ်းမထဲမှာ ကုန်ဈေးနှုန်းအကြောင်း စဉ်းစားမိပြီး စိတ်ညစ်သွားတယ်ထင်တယ်...။
    :P


    အမချစ်ရေ...
    ဝင်နောက်သွားပါတယ်..
    စိတ်ညစ်စရာရှိရင်လည်း ပြေပါစေနော်...

    ReplyDelete
  8. သတိုးသမီးလေးရဲ့ အတွင်းစိတ်မှာ ခံစားနေရတာကို ပုံလေးကနေ မြင်နေရတယ်....။ (တို့မကြီးလိုင်းပြောင်းစပြုနေပြီ)

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  9. ကြိုက်လိုက်တာ ပုံလေးရော စာရော

    ReplyDelete
  10. ညီလင်းသစ်Mon Mar 28, 06:33:00 PM GMT+8

    ကဗျာလေးက ကောင်းလိုက်တာ...အမရေ၊

    Illustration ကလည်း အပျံစား၊ သတို့သမီးခေါင်းမှာ သရဖူလေးတောင် တွေ့လိုက်မိ သလိုလို..၊ မင်္ဂလာဝတ်စုံက လေထဲမှာ အပျံ့ပျံ့ အလွင့်လွင့်နဲ့ တနေရာကို ဆုတ်ကန် ဆုတ်ကန် သွားနေရသလိုမျိုး...၊ ဒီပို့စ်ကတော့ တကယ့်ကိုပဲ 2 thumbs up...!!!!

    ReplyDelete
  11. ယောနက်သန်Mon Mar 28, 07:47:00 PM GMT+8

    ပုံ လေးကြိုက်တယ်။ ပုံဆွဲတော့ င/ဓ နာမည်သုံးတာလား။ :)

    ReplyDelete
  12. ကဗျာလေးက တိုတိုလေးနဲ့ ထိတယ်ဗျာ။ ကိုယ်တိုင်မကြုံဖူးပေမယ့် အဲလိုဖြစ်ရပ်မျိုးနားလည် ခံစားသွားပါတယ်။

    ReplyDelete
  13. နောင်အင်းလေးTue Mar 29, 02:13:00 AM GMT+8

    တကယ်ပြီးပြည့်စုံတဲ့ ကဗျာတိုလေးပါ ... အမ
    ... ကဗျာက စာနှစ်ကြောင်းပဲလို့ရှိတယ်လို့မြင်မိတယ် .။
    ... ဒီစာနှစ်ကြောင်းလေးပဲရှိတဲ့ ကဗျာက ရည်ရွယ်ချက်ကို ပြီးပြည့်စုံစွာ ပေါ်လွင်စေတယ် ....

    ...
    လေးစားစွာဖြင့်

    ReplyDelete
  14. ချော(အစိမ်းရောင်လွင်ပြင်)Tue Mar 29, 03:45:00 AM GMT+8

    အစ်မ အရောင်လေးတွေ အသေးစိတ် စိတ်ရှည်လက်ရှည် ခြယ်ထားတာ များ လှလိုက်တာ။
    ဘယ်လိုဆွဲထားတာလဲလို့ စိတ်ဝင်စားမိတယ်..
    ချစ်ဖို့ကောင်းလိုက်တာ
    ဒါပေမဲ့ ဇာတ်လမ်းလေးက ၀မ်းနည်းစရာရယ်

    ReplyDelete
  15. ချစ်ချစ် ... ပုံကိုကော စာကိုကော ကြိုက်တယ် သိပ်ထိမိတာပဲ ။ အဲ့လိုတွေများများရေးနော် ...

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...