Friday, March 25, 2011

ဤတနေ့

ငယ်ငယ်တုန်းက မွေးနေ့ဆိုရင် ဘာရယ်မသိ လွှတ်ပျော်တာပဲ။ အဖေက အိမ်မှာ အစားအသောက်တွေချက်၊ အိမ်နားက သူငယ်ချင်းတွေ ခေါ်ပြီး စားကြ သောက်ကြ၊ ပြီးတော့ အဖေ ဝယ်ပေးတဲ့ ဂါဝန်အသစ်လည်း ဝတ်ရ၊ အိမ်နီးချင်းတွေဆီ ချိုင့်နဲ့ ပို့ပေးတဲ့အခါ အဖေက ကျမလက်ကိုဆွဲရင်း "ဒီနေ့ ကျနော့်သမီးမွေးနေ့လေ" ဆိုတာ ကြားရတာကိုပဲ အပျော်ကြီး ပျော်ခဲ့တာ။ 

အရွယ်လေးရလာတဲ့အခါကျတော့ မွေးနေ့မှာ အဖေချက်ကျွေးတဲ့ အိမ်က အစားအသောက်ထက် သူငယ်ချင်းတွေနဲ့အတူ စားသောက်ဆိုင်သွားပြီး စားကြရတာကို ပိုမက်လာတယ်။ သူငယ်ချင်းတွေပေးတဲ့ မွေးနေ့လက်ဆောင်တွေ၊ မွေးနေ့ကဒ်လေးတွေအပေါ် နှစ်သက်ရင်ခုန်စပြုလာခဲ့ပြီ။  

အိမ်ထောင်ကျပြီးလို့ လူလတ်ပိုင်းထဲ ရောက်လာတဲ့အခါ  မွေးနေ့တွေမှာ အလှုအတန်းလုပ်၊ ကုသိုလ်ရေးဘက် နွယ်လာတာ များခဲ့သလို သူနဲ့ နှစ်ယောက်ထဲ အေးအေးလူလူ ညစာ သွားစားကြတာမျိုးပဲ ရှိတော့တယ်။ တခါတလေများ မွေးနေ့ဆိုတာကို မေ့တောင်နေတယ်။ ခု ဘလော့ဂ်ရေးဖြစ်မှသာ ကိုယ့်မွေးနေ့လေးကိုယ် သတိတရ ရှိနေတတ်တာ။ ပိုစ့်တပုဒ်ရ ဘယ်နည်းမတုန်း နော်...

အထူးတဆန်းရယ်လည်း မဟုတ်ပါဘူးလေ။ မွေးနေ့ဆိုတာက ပုံမှန် သူလို ကိုယ်လို နေ့တွေထဲက တနေ့ပါပဲ။ လောကကြီးထဲ လူအဖြစ်နဲ့ လုပ်စားနေလာတာ ခုဆိုရင် ဘယ်နှနှစ် ရှိခဲ့ပြီ၊ ဘဝရည်မှန်းချက်တွေထဲက ဘာတွေကဖြင့် ပြည့်စုံခဲ့ပြီ၊ အမှန်တွေ ရှိခဲ့သလို မှားတာတွေလည်း တနင့်တပိုး ရှိခဲ့ပြီ၊ မိမိကိုယ်ကျိုး အများအကျိုး ဒါတွေ ဒါတွေဖြင့် လုပ်ခဲ့ပြီ စသည်ဖြင့် ကိုယ့်သမိုင်းကိုယ် ပြန်လှည့်ကြည့်ဖို့ အချိုးအဆစ်နေရာလေး တခု။

Transit တခုနဲ့တူတဲ့ လူ့ဘဝထဲအရောက် မွေးထုတ်ပေးခဲ့တဲ့ အမေ့ကျေးဇူးကို အမှတ်ထင်ထင် ရှိတဲ့နေ့ဆိုလည်း ဟုတ်တယ်။ မွေးနေ့ဆိုတာ ရှိခဲ့လို့ သေနေ့ဆိုတာလည်း ရှိနေတာ။ လူတယောက်ရဲ့ ဘဝတန်ဘိုးဟာ အဲဒီ နှစ်နေ့အကြားက သူ့ရဲ့ နေထိုင်နည်းပဲ ဖြစ်တယ်။ စွန့်ပစ်ထားခဲ့ရမဲ့ တဘဝစာတွေကို တခုတ်တရ ရှာဖွေနေကြပြီး သံသရာခရီးမှာ ယူဆောင်သွားဖို့ကျတော့ အမေ့မေ့ အလျော့လျော့။

ကျမက ဘဝမှာ ဘာတခုမှ ကြီးကြီးမားမား ဖြစ်လာဖို့ ရည်ရွယ်ချက် မရှိခဲ့သူ။ ဆိုတော့ကာ လက်ရှိအနေအထားအရ ရည်ရွယ်ချက် ပေါက်မြောက် အောင်မြင်နေသူလို့ ဆိုရမှာဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် အေးချမ်းတဲ့ ဘဝထဲမှာမို့ နေပျော်ပါတယ်။ နေရာ ဆိုတာက ဘယ်မှာနေနေ၊ တတ်နိုင်လို့ မိုးပေါ်တက်နေနေ စိတ်ထားတတ်မှ အေးချမ်းမယ် မဟုတ်လား။

ဒီလိုပါပဲ မွေးနေ့ ရောက်လာတိုင်း တွေးဖြစ်တဲ့ အတွေးတွေကိုက တနှစ်ထက် တနှစ် ပိုပိုရင့်ရော်လာခဲ့တာ။ မေ့တတ်တာ တခုပဲ အတော်ဆိုး...။ ခုဆို မွေးနေ့သာဆိုတယ် ကိုယ့်ကိုယ်ကို ဘယ်နှနှစ် ပြည့်လို့ ပြည့်သွားမှန်း မသိ။ ဪ...မေ့တတ်လိုက်တာများ ပြောပါတယ်.....


38 comments:

  1. မွေးနေ့မှ သည် နှစ်ပေါင်းများစွာ စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိပါစေ။

    JJ

    ReplyDelete
  2. ကိုအောင်(ပျူနိုင်ငံ)Fri Mar 25, 01:14:00 AM GMT+8

    မွေးနေ့မှာ ပျော်ရွှင်စရာတွေနဲ့ ကြည်နူးပါစေ အမ ...

    ReplyDelete
  3. အမြဲပျော်ရွင်ပါစေ။ Happy birthday.!
    kom

    ReplyDelete
  4. Happy Birthday Ma Ma CKA.

    Mon Petit Avatar

    ReplyDelete
  5. ပျော်ရွှင်ဖွယ်မွေးနေ့ပေါင်းများစွာဆင်နွှဲနိုင်ပါစေအမရေ။

    ReplyDelete
  6. Happy Birthday To You
    You Belong to the ZOO
    You are Monkey or Donkey
    Happy Birthday to you....
    ဘယ်နှစ်နှစ်လဲဟင် မမ..
    တားအမှတ်မှားနေလို့.. ၅၃ လား၅၄ လား ပြောပြပါ..။ ဟိ

    ReplyDelete
  7. တူမောင်ကျောက်Fri Mar 25, 03:13:00 AM GMT+8

    အန်တီကလဲ ကြီးမှသတိမေ့တတ်လိုက်တာ..
    အန်တီ ဟိုတခါပြောတုန်းက ရုပ်ရှင်မင်းသမီး ခင်ယုမေ နဲ့ တနှစ်ကြီး တနှစ်ငယ်ဆို...

    ReplyDelete
  8. ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေ....း)

    ReplyDelete
  9. မွေးစားသာမီးလေး ဝက်Fri Mar 25, 06:45:00 AM GMT+8

    ဟားးးးးးဟားးးးးးးးးး
    မယ်ဘနဲ့ အဘောက်ကျ ပြောတာ အဲ.. မန့်တာ ဖတ်ပြီး အော်ရယ်ရသေးတယ် ဒီကလေး ၂ ယောက်တော်တော် ဆိုးနော်
    မချစ် ဟိဟိ
    အိုအေ ... ခုကစပြီး မားမားချစ် လို့ ပြောင်းခေါ်မယ်ကွယ် ... များကို တသက်လုံး အမွေစားအမွေခံအဖြစ် မွေးစားလိုက်တော့ ဒါဖဲ

    Happy Birthday To you, မားမားချစ်

    ReplyDelete
  10. အဖြူရောင်နတ်သမီးFri Mar 25, 06:57:00 AM GMT+8

    21 again.....
    ဆိုင်မှာ ဧည့်သည်တွေ မွေးနေ့လုပ်ရင် အဲဒီလို အော်နေကျမို့..
    ထပ်အော်သွားတယ် မချစ်ရေ...

    ReplyDelete
  11. ပန်ဒိုရာFri Mar 25, 06:59:00 AM GMT+8

    ဘယ်နှစ်နှစ်မြောက်မွေးနေ့ပဲဖြစ်ဖြစ်ပေါ့နော်.. တက်ကြွရွှင်လန်းနေတဲ့ စိတ်စေတနာတွေနဲ့ သွက်လက်ပြောင်မြောက်နေတဲ့ ဖန်တီးမှုတွေနဲ့ နုပျိုနေဆဲ မချစ်ကြည်အေးရဲ့ မွေးနေ့မှသည် ပျော်ရွှင်စရာနေ့ရက်တွေကို အမြဲတမ်းဆက်လက်ပိုင်ဆိုင်နိုင်ပါစေလို့

    ReplyDelete
  12. Happy Birthday My Dear...!!
    Wishing you a Blessed Birthday, Bouncing Joy in our Career, Fluffy comfort at Home, Toothy Smiles from Everybody you meet & Good Health from this Birthday onwards...!!

    ReplyDelete
  13. ပျော်ရွှင်ဖွယ် မွေးနေ့ပါ အမချစ်...

    {အမ ကအမေ့ကောင်းဘဲ.....*_^}

    ဆု

    ReplyDelete
  14. ချော(အစိမ်းရောင်လွင်ပြင်)Fri Mar 25, 10:45:00 AM GMT+8

    ချစ်သော အစ်မ
    ပျော်ရွှင်စရာ မွေးနေ့ကလေး ဖြစ်ပါစေ
    ယနေ့မှ လာမဲ့နေ့ရက်တိုင်း ကျန်းမာသော၊ ပျော်ရွှင်သော၊ ဖြစ်ချင်တိုင်း ဖြစ်ခွင့်ရသော ဆန္ဒများအားလုံး ပြီးပြည့်စုံသော နေ့ရက်များကို ပိုင်ဆိုင်ပါစေ။
    အစ်မချစ်သော အစ်ကိုကြီးနဲ့ ချစ်ခင်ကြည်မျှ နှစ်ကိုယ်တူဘ၀မှာ ချစ်ခြင်း၊ နားလည်ခြင်း၊ ကြင်နာခြင်းတို့ဖြင့် တွဲလက်များ ရာသက်ပန်မြဲပါစေ။
    အစ်မရဲ့ ဆန္ဒအားလုံး တောင့်တတိုင်း ပြည့်စုံပါစေနော်

    စကားချပ်။
    ကျန်တာတွေ မမေ့ချင်နေ.. အသက်တော့ မေ့ထားစို့အစ်မရေ။။
    ဒါမှ ကိုယ့်ကိုယ်ကို ငယ်သေးတယ်ဆိုပြီး ပျော်ပျော်ကြီးနေလို့ရမှာ..
    ဥပမာ ကိုကြီးကျောက်ကိုကြည့် ဟီဟိ

    ReplyDelete
  15. An Asian Tour OperatorFri Mar 25, 11:22:00 AM GMT+8

    မင်္ဂလာမွေးနေ့ပါအစ်မချစ်။ အစ်ကိုပန်းသီးနဲ့ အတူ ရာသက်ပန် ပျော်ရွှင်နိုင်ပါစေ။
    ဒါနဲ့ အစ်မချစ်ပြော တော့ ၁၈ နှစ် ပြည့်ပြီး တာ (xxx လ)ပဲရှိသေးတယ်ဆို။ :P

    ReplyDelete
  16. Happy Birthdayး)


    တမင် မေ့ချင်ယောင် ဆောင်နေတာမှတ်လားဗျ

    ReplyDelete
  17. မွေးနေ့မှာ ပျော်ရွှင်ပါစေခင်ဗျာ။ ဘာမုန့်မှလည်း မကျွေးဘူးနော်။ ဟီးးးးး

    ReplyDelete
  18. မီးမီးလာတာနောက်ကျသွားတဲ့အတွက်ခွင့်လွှတ်ပါ...။
    ချစ်မကြီး....အမြဲစိတ်ချမ်းသာပါစေ....။
    နတ်သမီးအော်သလိုတော့မအော်ဘူး...ဒီလိုအော်မယ် 17again...း)
    ပျော်ရွှင်ပါစေ....။ စာတွေလည်းများများရေးနိုင်ပါစေ....။ ကိုကြီးနဲ့အတူ သက်ဆိုင်တိုင် နွေးထွေးတဲ့အိမ်ကလေးထဲမှာ သာယာကြည်နူးစွာနေနိုင်ပါစေ....။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  19. အမလေးတစ်ယောက်တည်းမှမဟုတ်ပါ အမျိုးသမီးတော်တော်များများက အသက်ဘယ်လောက်ရပြီကို မပြောကြသလို မေးရင်လည်းမကြိုက်ပါ ၊ ကျွန်တော့်အထင်တော့ မချစ်ကြည်အေးက စင်ကာပူမှာရှိတဲ့ အမျိုးသမီး ဘလော့ဂါထဲမှာ အငယ်ဆုံးလို.ထင်မိပါတယ် ၊ (အခြားအမျိုးသမီး ဘလော့ဂါများ၏ မျက်စောင်းထိုးခြင်းခံရပါသည်)

    မွေးနေ.နဲ.အတူ ပျော်ရွှင်ချမ်းမြေ.ပါစေ ....

    ReplyDelete
  20. ညီလင်းသစ်Fri Mar 25, 03:44:00 PM GMT+8

    “လူတစ်ယောက်ရဲ့ ဘဝတန်ဖိုးဟာ မွေးနေ့နဲ့ သေနေ့ကြားက သူ့ရဲ့ နေထိုင်နည်းပဲ” ဆိုတာ ဖတ်ရတော့ “It is not how long you live but how well you live that counts” ဆိုတာလေးကို အမှတ်ရချင်စရာ....၊ အသက်တွေ မေ့နေတာတော့ ခပ်ကောင်းကောင်းပဲ ထင်ပါရဲ့ အမရေ...၊း)

    မြစ်ပြင်အောက်က ငြိမ့်ငြိမ့်ညင်သာ ရေစီးကြောင်းလို အေးချမ်း၊ တိုးတိတ်စွာဖြင့် ပျော်ရွှင်ရသော မွေးနေ့လေး ဖြစ်ပါစေ....။

    ReplyDelete
  21. ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ အမရေ

    ReplyDelete
  22. ဖူးးးးးးးးးးး






    ( ဖယောင်းတိုင် မှုတ်သံ )း)




    အော်..မှုတ်တဲ့သူက.. ကေကေ ပါ..

    ReplyDelete
  23. မောင်လေးFri Mar 25, 06:16:00 PM GMT+8

    ပျော်ရွင်ချမ်းမြေ့ဖွယ်မွေးနေ့လေးဖြစ်ပါစေအစ်မရေ....။
    ဟုတ်တယ်ဗျ...အသက်တွေကိုမေ့ထားလိုက်တာအကောင်းဆုံးပဲ....:P

    ReplyDelete
  24. ဘယ်နှစ်နှစ်ပြည့်တွားတာလဲ အနော်တိတယ်ဗျို့.. ကွိကွိ..
    စိတ်ချမ်းသာပြီး ရည်ရွယ်ချက်ပေါက်မြောက်အောင်မြင်နေပြီဆိုတာသိရလို့ ဝမ်းသာပါတယ် တီတီကြည်ရေ.. အေးချမ်းပါစေ.. အဆင်ပြေပါစေ..
    မွေးနေ့မှစ နှစ်များစွာတိုင်ထိ အသက်ရှည်ရှည် ကျန်းကျန်းမာမာ ဆက်လက်လှူနိုင်တန်းနိုင်ပါစေဗျာ..း)))))

    ReplyDelete
  25. မ ရေ.. ပျော်ရွှင်ချမ်းမြေ့ဘွယ်မွေးနေ့ ဖြစ်ပါစေ...

    ReplyDelete
  26. အမချစ်
    မွေးနေ့မှာ ပျော်ရွှင်ပါစေ အစစအရာရာ အဆင်ပြေပါစေ

    ReplyDelete
  27. ပျော်ရွှင်သောမွေးနေ့  ဖြစ်ပါစေ မချစ်ကြည်အေး..


    ခင်မင်သော
    မောင်မောင်

    ReplyDelete
  28. နောင်အင်းလေးFri Mar 25, 11:42:00 PM GMT+8

    " မွေးနေ့ မဂ`်လာပါ " အမကြီး ....
    ရာသက်ပန်တိုင် ကျန်းမာ ၊ ချမ်းသာလို့ ပျော်ရွှင်ပါစေကြောင်း ..

    ....
    မောင်လေး ...
    (အယ်ကို)

    ReplyDelete
  29. တတ်နိုင်လို့ မိုးပေါ်တက်နေနေ စိတ်ထားတတ်မှ အေးချမ်းမယ် မဟုတ်လား။
    မှန်လိုက်တာ အမရာ..
    မွေးနေ့မတိုင်ခင်ရော အေးချမ်းတဲ့ ဘ၀ကို ရခဲ့ပြီးဖြစ်ပါစေ..
    မွေးနေ့မှ စပြီးလည်း
    အမြဲတမ်းအေးချမ်းသော ဘ၀ကို ရပါစေအမ..

    ReplyDelete
  30. ပေါက်မြောက် အောင်မြင်နေသူ တို့ မမချစ် .. တသက်လုံး အေးချမ်းပျော်ရွှင်ပါစေ ..း)

    ReplyDelete
  31. Happy Birthday sister!!

    Wishing you a Happy Birthday followed by a very happy year with your family.

    avocado

    ReplyDelete
  32. မကြီး..

    ညီမလေး ဘဝတစ်နေရာ ရဲ့ ကျေးဇူးရှင်လည်းဖြစ်..အစ်မအကြီးဆုံးတစ်ယောက်အနေနဲ့ ရော မိခင်တစ်ယောက်လိုပါ တာဝန်ကျေသော မကြီး ကျန်းမာပျော်ရွှင်စွာ လိုရာကောင်းကျိုး နှစ်ဆတိုးလို့ သည်ပိုးနိုင်ပါစေ..(ကိုကြီး နှင့်အတူထာဝရ)

    ချစ်ခင်လေးစားလျှက်..
    ညီမလေး

    ReplyDelete
  33. ပျော်ရွှင်ဖွယ် မွေးနေ့ အမှတ်တရပါ ချစ်ကြည်ရေ...

    ReplyDelete
  34. 23 နှစ်လေ မေ့နေတယ်ဆိုလို့ သတိပေးတာ။ ဟီးဟီး

    ReplyDelete
  35. Happy Birthday T Chit Kyi ;) All the best ;)

    ReplyDelete
  36. မြစ်ကျိုးအင်းSat Mar 26, 07:08:00 PM GMT+8

    ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေဗျာ

    ReplyDelete
  37. ချစ်တဲ့ အစ်မချစ်ရေ... ဇွန့်အိမ်က စက်ကနေ ဖတ်မရလို့ ရုံးမှာ လူလစ်၊ အလုပ်ပါးတုန်း စာကြွေးတွေ လာရှင်းပါတယ်။
    နောက်ဆုံးပို့စ်ကနေ ခုပို့စ်ထိ တောက်လျှောက်ပဲ။
    သြော် ဒီပို့စ်ရောက်မှ..ဇွန့်နှယ်... မချစ်မွေးနေ့မှာ ဆုမတောင်းလိုက်ရလေခြင်းဆိုပြီး စိတ်မကောင်းဖြစ်သွားတယ်။း( ခွင့်လွှတ်နော်။

    ဟက်ပီး ဗယ်ရီး ဘီလိတ်တက်ဘက်ဒေး တူမိုင်စစ်စ်ပါ!

    ချစ်တဲ့
    ညီမဇွန်

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...