ကျမတို့ အင်းပေါခုံရွာကို ရောက်တော့ ကျမစိတ်ထဲ အင်းလေးချည်ထည် ပတ်ထမီလေးတွေ ဝယ်ဖို့သာ စိတ်စောနေမိတယ်။ တကယ်တော့ အဲဒီ မတိုင်ခင် ရေပေါ်ဈေးဆိုင်လေးတခုမှာ လက်ရက်ထည် ထမီ ၄ကွင်း ဝယ်ခဲ့ပြီးသားပါ။ ဒါပေမဲ့ ပုဂံရောက်တဲ့အခါ မြန်မာထမီလေး ဝတ်ချင်တဲ့စိတ်ကြောင့် အဆင်သင့် ဝတ်နိုင်တဲ့ အင်းလေးဆင် ပတ်ထမီလေးတွေ ထပ် ဝယ်ချင်မိပြန်တာပါ။
အရင်ကတော့ ကြာရိုးချည်မျှင်နဲ့ ရက်လုပ်တာဆိုလို့ ကြာသင်္ကန်း ဆိုတာကိုပဲ ကျမ ရင်းနှီးခဲ့ရတာ။ ဝါဆိုတဲ့အခါ မြတ်စွာဘုရားရှင်ကို သန့်ရှင်း မွန်မြတ်စွာသော ကြာသင်္ကန်းတော် ဆက်ကပ်လှူဒါန်းတဲ့ပွဲတွေ ကျမ ငယ်ငယ်က ကြုံခဲ့ဖူးတာကိုး။ အဲဒီကတည်းက ကြာသင်္ကန်းတော်ဆိုတာကို လက်နဲ့ ထိတွေ့ကြည့်ပြီး ကြာရိုးမျှင်တွေကနေ အထည်ဖြစ်အောင် ဘယ်လိုများ ရက်လုပ်ရပါလိမ့်လို့ တွေးခဲ့ဖူးပါတယ်။
ခု မျက်မြင် တွေ့ရတော့မှ အင်မတန် လက်ဝင်ပြီး စိတ်ရှည်လက်ရှည် အချိန်ယူ လုပ်ရမှန်း သိခဲ့ရပါတယ်။ ကြာရိုးအရှည်လိုက်ကနေ လက်နှစ်ဆစ်သာသာ အရှည်လေးတွေ ဖြတ်ဖြတ်ပြီး အမျှင်မပြတ် ထွက်လာတဲ့ ကြာရိုးမျှင်ကလေးတွေကို ခုံပေါ်တင်လို့ လက်ကလေးနဲ့ လှိမ့်ကာ လှိမ့်ကာ အမျှင်တန်းကလေးတွေ ဖြစ်အောင် ခိုင်ခန့်အောင် လုပ်ယူရပါတယ်။ ပြီးမှ ဗိုင်းငင် ချည်ရှင်း၊ လိုရာ အရောင်ဆိုး အခြောက်ခံ နောက်ဆုံး လွန်းအိမ်ကလေးထဲ ရစ်လို့ ယက္ကန်းစင် တင်ရပါတယ်။ ကြာရိုးချည်မျှင်နဲ့ ရက်လုပ်တဲ့ အထည် အပြင် ပိုးထည်၊ ချည်ထည်၊ ပိုးစစ်စစ်၊ ပိုးအရော၊ ကြာရိုးချည်မျှင်နဲ့ ပိုးအရော အဲသည်လို အထည်ဆန်းလေးတွေ၊ အဆင်ဆန်းလေးတွေ ရက်လုပ်နေတာကိုလည်း တွေ့ခဲ့ရသေးပါတယ်။
အဝတ်တထည် ဖြစ်လာဖို့ရာ တကယ်ကို မလွယ်လှတာပါ။ ဒါကြောင့် ကျမတို့ အဖိုးအဖွားများဟာ အထည်တထည်ဆို မေ့လောက်အောင် ဝတ်တတ်ကြတာမျိုးပါ။ ဝတ်မရတော့တာတောင်မှ လက်ခု အဖြစ်၊ ခြေသုတ်ဝတ်အဖြစ် သုံးတတ်ကြသေးတာပါ။ ဟိုးတုန်းကတော့ ကျေးရွာတွေမှာ အိမ်တိုင်းလိုလို ရက္ကန်းစင်ရှိကြပြီး ကိုယ်တိုင် လက်ရက်ထည်လေးတွေပဲ ဝတ်ကြရတာမို့ တထည်ဆို ဆိုသလောက် ဆွေးအောင် ဝတ်တတ်ကြတာ။
ခုဆိုရင် ကြာရိုးချည်မျှင်နဲ့ ရက်တဲ့ အထည်တွေဟာ မြန်မာပြည်ထဲကနေ ကမ္ဘာကိုတောင် ခြေဆန့်လို့ ကျော်ကြားစ ပြုနေပြီ ဖြစ်ပါတယ်။ ကြာရိုးချည်မျှင်နဲ့ အထည်ရက်လုပ်တဲ့အခါ ရှေးရိုး အစဉ်အလာအတိုင်း ရက်လုပ်သူဟာ ငါးပါးသီလ စောင့်ထိန်းပြီးမှ ရက်လုပ်ကြရတယ်လို့ ဆိုပါတယ်။ အသေးစိတ် ဖတ်ချင်ရင် ဒီမှာ သွားဖတ်ကြည့်နိုင်ပါတယ်။
စိတ်ဝင်တစားနဲ့ ဓါတ်ပုံတွေ လိုက်ရိုက်ရင်း စက်လှေပေါ် ပြန်ရောက်မှ ပတ်ထမီ မဝယ်ခဲ့မိတာကို သတိရပါတော့တယ်။ ပုဂံရောက်ရင် ရေပေါ်ဈေးဆိုင်လေးက ကျမ ဝယ်လာဖြစ်ပြီး မချုပ်ရသေးတဲ့ ထမီကွင်းလေးတွေပဲ ဒီအတိုင်း ပတ်ဝတ်ရင် ကောင်းမလားတောင် စိတ်ကူးမိသေးရဲ့...
လုံချည်လေးတွေ လှတယ် အစ်မ.. ကြာရိုးချည်မျှင်နဲ့ ရက်တဲ့အကြောင်း စိတ်ဝင်စားစရာလည်း ကောင်းတယ်.. ဝေမျှပေးတဲ့အတွက် ကျေးဇူးနော်..
ReplyDeleteအမချစ်ကြည် ရေးထားတာ ဖတ်ရင်း၊ ပုံလေးတွေကြည့်ရင်းနဲ့ လက်ခတ်သံ သီချင်းလေး နှုတ်ထဲ ရောက်လာလို့ ညည်းနေမိတယ်။
ReplyDeleteလုံခြည်တထည်ရဖို့ မလွယ်ပါလားနော်။ ရိုရိုသေသေ ၀တ်မှပါပဲ။
ဟုတ်ပ လုံချည်လေးတွေ အသားဖြူတဲ့ အစ်မနဲ့ လိုက်မှလိုက်
ReplyDelete၀တ်ထားတာ မြင်ချင်တယ်
ဝတ်ဖြစ်ရင် ဓာတ်ပုံပို့ပေးနော်။ လှလှလေး ဖြစ်မှာ သေချာတယ်..
အင်းထဲက ဆိုင်က လိုချင်စရာ ကောင်းလိုက်တာ စုံနေတာပဲ
ကြာရိုးချည်မျှင်အကြောင်းကတော့ တကယ်စိတ်ဝင်စားဖွယ်ဘဲ
မြန်မာမှာ အိတ်တစ်ချို့ ဗေဒါရိုးနဲ့ ယက်တယ်လို့လည်း ကြားဖူးတယ်..
ဘာဘဲဖြစ်ဖြစ် လက်မှုပညာတွေနဲ့ လုပ်ထားတာမို့ သဘောကျတယ်..
အခန်းဆီးလုပ်ရရင် လှမှာပဲ...
ReplyDeleteကြာသက္ကင်္န်းမဟုတ်ပါ...ကြာသင်္ကန်း ဖြစ်ပါ၏၊
လုံချည်လေးတွေက လှမှလှပဲ.. လိုချင်လိုက်တာ.. ;)
ReplyDeleteကြာညိုထမိန်လေး ၀တ်ချင်လိုက်တာ အေးမှာဘဲ ထင်တယ်
ReplyDeleteအခု နောက်ပိုင်း ပိတ်စတွေ ဆန်းပြီး လှလာတယ်
ဆောင်း
ကြာသင်္ကန်း အကြောင်းကတော့ စိတ်ဝင်စားစရာပါ။ အစ်မချစ်ပို့စ် ကို ဖတ်ပြီး အင်းပေါ်ခုံ ကို သတိရသွားပြန်ပါရောလား။
ReplyDeleteအင်းပေါခုံကို မရောက်ဖြစ်တာ အတော့်ကို ကြာနေခဲ့ပါပြီ၊ အမဆီက ဓါတ်ပုံလေးတွေ တွေ့လိုက်ရတော့ သတိလည်းရ၊ လွမ်းလည်းလွမ်းသွားတယ်၊
ReplyDeleteမလွယ်ဘူးနော်.. ထမီလေးတစ်ထည် ရဖို့တောင်..
ReplyDeleteနောင်အင်းလေး ရဲ့ အင်းပေါခုံရွာကို လာလည်သွားပါတယ် .။
ReplyDelete... အင်းလေးအကြောင်း ဖတ်ခွင့်ရလို့ ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျ ...
......
လေးစားစွာဖြင့်
အယ်ကို
(www.aelko.blogspot.com)...
နောင်အင်းလေး ရဲ့ အင်းပေါခုံရွာကို လာလည်သွားပါတယ် .။
ReplyDelete... အင်းလေးအကြောင်း ဖတ်ခွင့်ရလို့ ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျ ...
......
လေးစားစွာဖြင့်
အယ်ကို.
(www.aellko.blogspot.com)...
အင်းလေးကို ရောက်ဖူးတယ်...
ReplyDeleteနှစ်တွေ ပြန်တွက်ကြည့်လိုက်တော့ လွန်ခဲ့တဲ့ ၁၆ နှစ် က...
အချိန်တွေကုန်တာ မြန်လိုက်တာနော်...။
လုံချည်လေးတွေ အများကြီးဝယ်လာတယ်ပေါ့...
ဓါးပြလာတိုက်အုံးမှပဲ...း))