Thursday, March 3, 2011

အင်းလေး

အင်မတန် အေးလွန်းတဲ့ မနက်စောစောမှာ အင်းလေးရေပြင်ပေါ်က စက်လှေ တစင်းပေါ်မှာ ကျမတို့ ရှိနေခဲ့တယ်...

ကျွန်းမျောပေါ်က ချစ်စရာအိမ်ကလေးတွေ...


ဇင်ယော်ငှက်ကလေးတွေ...အရုပ်ကလေးတွေလိုပဲ...

ဟာ...ဇင်ယော်ကလေး အစာကို လှမ်းဟပ်တော့မယ်...အမိအရ ရိုက်နိုင်တာ တော်တယ်ကွာ.......ရိုက်တဲ့သူ...



အင်းသားသေရင် ငါးဖိန်းစား....ငါးဖိန်းသေရင် အင်းသားစားသတဲ့...


ဒါမျိုး ကမ္ဘာမှာ မြန်မာပဲ ရှိတယ်....


အင်းလေးမှာ ရိုက်ခဲ့တဲ့ ပုံတချို့ တင်လိုက်ပါတယ်....
နောက်တပိုစ့်ကျမှ ကြာခြည်နဲ့ ယက်လုပ်တဲ့ ယက်ကန်းခုံက ပုံလေးတွေ တင်ပါဦးမယ်.....


29 comments:

  1. ဆောင်းနှင်းရွက်Thu Mar 03, 11:11:00 PM GMT+8

    အင်းသားသေရင် ငါးဖိန်းစား....ငါးဖိန်းသေရင် အင်းသားစားသတဲ့...
    အဲ့ဒါ
    ငါးဖိန်း က လူသား စားတာကို ပြောတာလား ..
    မသိလို့ မေးကြည့်တာပါ ..

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  2. ပုံတွေ လှလိုက်တာ..။
    အရမ်းလှတယ်..။
    အင်းလေး မရောက်ဖူးသေးဘူး။



    ပေါက်

    ReplyDelete
  3. အဖြူရောင်နတ်သမီးThu Mar 03, 11:13:00 PM GMT+8

    အင်းလေးရှုခင်းကို တဝကြီး ကြည့်သွားပါတယ် မချစ်ရေ...

    ReplyDelete
  4. တောင်တွေ ကာရံထားတဲ့ အလယ်မှာ အင်းလေးရေပြင်ပြာ
    လှေငယ်လေး တစ်စီး တရွေ့ရွေလွန့်လူးလာ
    ထိုစဉ် မိုးတွေမဲမှောင်ရီကာ......

    အင်းလေးမှာ ရွာတဲ့ မိုးရယ်၊
    အင်းလေးမှာ ရွာတဲ့ မိုးရယ်၊

    တိတ်လှည့်ပါ၊ တိတ်လှည့်ပါ၊

    အပေါ်ဆုံးပုံအကြိုက်ဆုံးပဲ၊
    အပြုံးပန်း

    ReplyDelete
  5. လွမ်းမိသွားပါသည်..

    ReplyDelete
  6. မောင်မျိုးFri Mar 04, 01:04:00 AM GMT+8

    လှလိုက်တာ
    ပြာ နေတဲ့ရေပြင်
    ပျံနေတဲ့ဇင်ယော်
    အဝေးက တောင်ပြာတန်းနဲ့ တစ်ခေါက်လောက်တော့ ရောက်ချင်စမ်းပါဘိ ။

    ReplyDelete
  7. ကိုကိုမောင်(ပန်းရနံ့)Fri Mar 04, 03:44:00 AM GMT+8

    ရောက်ဖူးပြီးသားပေမဲ့ ပုံလေးတွေ တွေ့ရပြန်တော့ ထပ်သွားချင်မိပြန်တယ်။
    မျက်စိကို ကြည်နေတာဘဲ။ ကြည့်ရတာ။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  8. အင်းလေးကို မရောက်ဖူးသေးဘူး.. သွားချင်လိုက်တာ.. ပုံတွေအကုန်လုံး လှတယ်..

    ReplyDelete
  9. အင်းထဲမှာ ဇင်ယော်တွေ အရင်ကလောက် မများတော့ဘူး ချစ်ချစ်ရယ်... ငယ်ငယ်က ညီမလေးတို့ သွားတုန်းကဆို ဇင်ယော်တွေအုံခဲနေအောင်ကို များတာ .. သူတို့ရှိနေတာကိုက အင်းထဲရဲ့ အလှတခုလေ နော့..

    ReplyDelete
  10. ငါးဖိန်းကလူသားစားတယ်လို့ ပြောတာပဲ
    အင်းသားတွေသေတော့ ကန်ထဲပဲပစ်ချတယ်တဲ့ အရင်ကဖတ်ဖူးတာလေ .. ခုတော့မသိပါဘူး

    ReplyDelete
  11. ပုံလေးတွေ အကုန်လှတယ်

    ReplyDelete
  12. ချော(အစိမ်းရောင်လွင်ပြင်)Fri Mar 04, 10:39:00 AM GMT+8

    အစ်မရေ
    ပုံလေးတွေလှလိုက်တာ
    မနေနိုင်လို့ သိမ်းထားလိုက်တယ်နော်း)
    တကယ်ပြောတာ ကြည့်ရတာစိတ်ချမ်းသာလိုက်တာ...
    ရိုက်တဲ့သူလည်းတော်တာကိုးနော်..
    လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကဘဲရောက်ပြီး ခုနောက်ပိုင်း မရောက်တာကြာခဲ့ပြီ.
    အစ်မက နေရာအနှံ့ကိုရောက်သွားတယ် တော်လိုက်တာနော်

    ReplyDelete
  13. အဲဒီ အင်းသားတွေကို ထိခိုက်ပြောတဲ့ စကားပုံကို အင်းသားတွေ မကြိုက်ဘူးလို့ ကြားဖူးတယ် အစ်မ...။

    ReplyDelete
  14. ဒီလို ညီမ ဆောင်းနှင်းရွက်ရဲ့ ဟိုးတုန်းက အင်းသားတွေ ဆုံးပါးသွားတဲ့ အခါ ကျွန်းမျောပေါ်မှာပဲ မြှုတ်နှံလေ့ရှိကြတယ်။ အဲဒီကနေမှ တဖြည်းဖြည်းကြာလာလို့ ရိရွဲလာတဲ့အခါ ရေထဲက ငါးဖိန်းတွေက အစာ အမှတ်နဲ့ စားကြတာ။ ပြီးတော့ အင်းထဲ ငါးဖမ်းလို့ ငါးဖိန်းမိတဲ့အခါ လူတွေက စားကြပြန်ရော....အဲဒါကို ပြောဆိုလေ့ရှိတဲ့ ဆိုရိုးစကားလေး တခုပါ ညီမရေ....

    ReplyDelete
  15. ဓါတ်ပုံလေးတွေ အရမ်းလှတာပဲ အမချစ် ရှိသေးရင် တင်ပေးပါအုံးနော် ၊ အင်းသားတွေက ခု ခေတ်မှီလာကြပြီ အမချစ် ငါးဖိန်းမစားကြတော့ဘူး :DD

    ReplyDelete
  16. ဇွန်မိုးစက်Fri Mar 04, 02:22:00 PM GMT+8

    မချစ်ရေ...ဇွန်လည်း အင်းလေးတစ်ခါမှ မရောက်ဖူးဘူး။
    အစ်မရိုက်ခဲ့တဲ့ပုံတွေ လှလိုက်တာ။ ညီမလည်း စာကြွေးတွေတင်နေတာ။ ညမှ ထပ်လာခဲ့မယ်နော်။

    ReplyDelete
  17. ပုံတွေလှဆို ဘယ်သူရိုက်တာတုန်းးး

    ReplyDelete
  18. အမချစ်
    အင်းလေးကို ထပ်သွားချင်ပြန်ပြီ
    ပုံတွေကတော့ အရမ်းကိုလှတယ်

    ခင်မင်တဲ့
    seesein

    ReplyDelete
  19. ခေပယ်ကောက် လှော်တာလေး အဲ့ဘက်မှာပဲရှိတာနော်...
    လွမ်းထှာ.....

    ReplyDelete
  20. အပေါ်က seesein ရေးထားတဲ့ ကော်မန့် ဖတ်မိတော့မှ ဆိုဒ်ဘားမှာ တင်ထားတဲ့ SCS ပုံကို အပြေးအလွှား သွားကြည့်မိတယ်

    ReplyDelete
  21. အင်းလေး မရောက်ဖူးဘူး.. သွားလည်ချင်လိုက်တာ.. အခုတော့ မမချစ်ကြည်အေးရဲ့  ပုံတွေပဲ ငေးသွားပါတယ်..

    ReplyDelete
  22. အမ အိမ်ကို အရမ်းလွမ်းသွားပြီ။ ကျွန်မ အရင်က အင်းထဲ ခနခန သွားဖြစ်ပါတယ်။ ဧည့်သည်လာတိုင်း ဒိုင်ခံပို့ရသူက ကျွန်မလေ။ ငယ်တုန်းကလေ အရမ်းပျင်းခဲ့တာ။ ခုတော့ အရမ်းလွမ်းနေရပြီ မချစ်ရေ။

    ReplyDelete
  23. အင်းသားသေရင် ငါးဖိန်းစား....ငါးဖိန်းသေရင် အင်းသားစား ဆိုတာ မဟုတ်ပါဘူး

    နားလည်သလောက် သိပ္ပံနည်းကျကျ ပြောရရင် ငါးဖိန်းဟာ ငါးခူကဲ့သို့ အသားစားငါးမျိုးမဟုတ်ပါ။
    ရေမှော်ပင်စတဲ့ အရွက်များကို မှီခိုရှင်သန်ရတဲ့ငါးမျိုးပါ။
    ယခုအခါ ပတ်ဝန်းကျင်ဖောက်ပြန်မှုကြောင့် ငါးဖိန်းကောင်ရေ နည်းပါးလာနေပါတယ်။



    မောင်အင်းသား

    Please also visit about the decrease in number of ငါးဖိန်း

    http://weeklyeleven.com/index.php?option=com_content&view=article&id=4145:2010-08-05-06-05-18&catid=45:2009-11-10-07-45-41&Itemid=113

    ReplyDelete
  24. An Asian Tour OperatorSat Mar 05, 01:05:00 PM GMT+8

    ဧည့်သည်တွေ ကို အင်းသားငါးဖိန်း ဖမ်းနည်း ကို attraction တခုအနေနဲ့ ပြရလေ့ရှိတယ်။ အင်းသား လူလည်ကိုတံငါ တွေက မနက်စောစောမှာ သူများဆီက ငါးဖိန်း သုံးလေးကောင် ၀ယ်ထားပြီး ဧည့်သည် လှေရောက်တော့ မှ သူတို့ ပိုက်ခြင်းကျားနဲ့ စိုက်ပြီး (action fishing) ကိုလုပ်ပြီး စောစောက ၀ယ်ထားတဲ့ ငါးအရှင်လေးကို အသာလေး ပိုက်နဲ့ထွေး ပြီးပြလေ့ရှိတယ်။ အဲလိုပြ ပြီးရင် လူလည် ကိုတံငါကို အသာလေး လဘက်ရည်ဖိုး ကပ်ပြီး ပေးရတာပေါ့။ ဒီလျို့ဝှက်ချက်ကို ဂိုက် တိုင်းသိတယ်။ ငါးဆိုတာမျိုး က အခုဖမ်း အခုရတာမှ မဟုတ်တာ။ တခါသားမှာ ကျနော့်ဧည့်သည် ကို ဖမ်းပြနေတုန်း မှာ ကံဆိုးချင်တော့ ကိုရွှေငါးဖိန်း က လှေပေါ်ကနေ ခုန်ချ သွားပါလေရော။ ဧည့်သည်က ကမ္ဘာပတ်လာတဲ့လူလည်၊ မျက်စိရှင်တယ်။ အစအဆုံးသူမြင်တယ်။ နောက်မှအသာပြုံးပြီး တံငါသည် ကို ၁ ဒေါ်လာတန်လေးထုတ်ပေးတယ်။ လျှို့ဝှက်ချက်ပေါက်ကြားသွား တာရော၊ ငါးတကောင် ဆုံးသွား တဲ့ အတွက်ရော လူလည်ကိုတံငါရော၊ အရှက်ကွဲတဲ့ ဂိုက်ရော မရှုနိုင် မကယ်နိုင် ဖြစ်ခဲ့ရတာလေး ကိုသတိရလို့ လာပြောတာပါ။ :-)

    ReplyDelete
  25. အကြည်က မြန်မာပြည်အနှံ့ရောက်ခဲ့ပါရောလား။ တို့လဲ အင်းလေးကို တစ်ခါမှ မရောက်ဖူးသေးဘူး။ ဓာတ်ပုံလေးတွေ သိပ်လှတယ်။ Thanks for sharing.

    ReplyDelete
  26. မယ်အင်းသူSun Mar 06, 10:43:00 PM GMT+8

    ကျေးဇူးပါ ကိုဘိုက်ဇ် နဲ့ မောင်အင်းသား
    အဲဒီစကားဟာ အင်းလူမျိုးကို စနောက်ရင်းနဲ့ ထွက်ပေါ်လာတဲ့ စကားဖြစ်ပါတယ်...
    စကားပုံလည်း မရှိပါ..
    ဆိုရိုးလည်း မဟုတ်ပါ။

    ReplyDelete
  27. ညီမ အင်းလေးသူ...
    ဒီစကားဟာ ငါးဖိန်း အင်းသားစားတာမြင်၊ အင်းသား ငါးဖိန်းစားတာ ကိုယ်တိုင် မြင်ပြီးမှ ပြောတဲ့ စကား မဟုတ်တာကို အရင် ဝန်ခံပါ့မယ်။

    ၂၀၀၂ အင်းလေးကို ပထမ အကြိမ် ရောက်ခဲ့တဲ့ အခေါက်က အမတို့ရဲ့ စက်လှေသမား ပြောပြခဲ့တာပါ။ အမ သိတဲ့ ရှမ်း သူငယ်ချင်းတွေကိုလည်း မေးမြန်း ကြည့်ဖူးပါတယ်။ တကယ့် အဖြစ်အပျက်ကို အခြေခံပြီးမှ အင်းသားတွေကို ကျီစယ်စကား ဆိုခဲ့ကြတာလို့ မှတ်ယူရပါတယ်။

    အမ ကိုယ်တိုင်လည်း အင်းသားတွေအပေါ် ထိခိုက်နစ်နာစေလိုတဲ့ စိတ်နဲ့ ရေးခဲ့ခြင်း မဟုတ်ပါ။ နောင်လည်း စာလာဖတ်ဖို့ ဖိတ်ခေါ်ပါတယ် ညီမရေ...:)

    ReplyDelete
  28. ချစ်ကြည်အေး ရေ

    ပုံလေးတွေ လာကြည့်သွားတယ် ကျေးဇူး

    ဆရာရော နေကောင်းလား

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  29. အင်းသားတယောက်အနေနဲ့ ကိုယ့်ရပ်ရွာကိုလွမ်းနေချိန်မှာ အခုလို အလွမ်းပြေလေး ကြည့်ခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာ မိပါတယ်ခင်ဗျား ။ အမ ချစ်ကြည်အေးကို တကယ်ကျေးဇူးတင်မိပါတယ်ခင်ဗျား ။ ....
    ... ဟုတ်ကဲ့ ...( အင်းသားသေရင် ငါးဖိန်းစား....ငါးဖိန်းသေရင် အင်းသားစား ) လို့ ကျနော်တို့အင်းသား ကိုယ်၌ကလည်း သံချပ်အနေနဲ့ ရွတ်ဆိုလေ့ရှိပါတယ်ခင်ဗျား ။ ကျနော်တို့ ဘိုး ၊ ဘွား တွေက သူတို့တွေရဲ့ ဘဝသင်ယူရရှိခဲ့မှု အတွေ့အကြုံအရ ကိုယ်ချင်းစာမိ ခဲ့ဟန်တူပါတယ် .. ကျနော်တို့ကို အင်းလေးကန်ကနေ ဘယ်နေရာကိုမှ အပြီးမထွက်ခွာသွားစေလိုဟန်တူပါတယ် .. ကျနော်ငယ်စဉ်က အဘိုး အဘွားတွေဟာ ( အင်းသားသေရင် ငါးဖိန်းစား....ငါးဖိန်းသေရင် အင်းသားစား ) ဆိုတဲ့ သံချပ်လေးနဲ့ ချော့သိပ်ခံခဲ့ရဖူးပါတယ် .။ ( လေယဉ်ပျံလည်း စီးဖူးဘူး .. မော်တော်ကားလည်း စီးဖူးဘူး .. အင်းသားကူး(ကြီး) ... အင်းသားကူး(ကြီး) ... ) အဲဒီလို သံချပ်မျိုးတွေနဲ့ပေါ့ .. ။ ဘိုး ဘွားတွေဟာ ကျနော်တို့အင်းသူ၊အင်းသားတစ်တွေကို အင်းလေးကန်ကနေ မထွက်ခွာစေချင် ဟန်တူပါတယ် ... သူတို့တွေ ကိုယ်၌ ကိုယ်က ဒီသံချပ်လေးကို ရီရီမောမော ရွတ်ဆို ဂုဏ်ယူ နေတတ်ကြပါတယ် .။ အင်းသားလူမျိုးနဲ့ အင်းလေးကန် တထပ်တည်း တသားတည်းရှိတယ် လို့ဆိုလိုချင်ဟန်ကြောင့် ဘိုး ဘွားတွေ ရွတ်ဆိုတာဖြစ်နိုင်တယ်လို့ ... အင်းလေးမှာမွေးဖွားကြီးပြင်းရင်း အင်းလေးအကြောင်းကောင်းစွာသိတဲ့ .. ကျနော် ... စကားစပ်မိလို့ ကြားဝင်ပြောမိတာပါခင်ဗျ ..။
    .... ကျနော့် အနေနဲ့ ကတော့ ... သြော် .. ကိုယ့်လူမျိုးကို ချစ်လို့ စကြတာပဲလို့ ...
    ... သံချပ်ထိုးတာပဲလို့ ....
    ....
    ...
    လေးစားစွာဖြင့် .
    အယ်ကို

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...