Thursday, February 24, 2011

ကျမရဲ့ မော်ဒယ်ကလေးများ










ကျမ သွားခဲ့တဲ့ ခရီးလမ်းတလျှောက်မှာ တွေ့ခဲ့ရတဲ့ ကလေးတွေပါ...

တချို့က ဓါတ်ပုံ အရိုက်ခံပြီး မုန့်ဖိုးတောင်းကြတယ်...
တချို့က ဒီအတိုင်း လက်ဖြန့် တောင်းကြတယ်....
တချို့က စံပါယ်၊ ကံ့ကော်ပန်းကလေးတွေ သီကုံးရောင်းလို့ ငွေရှာကြတယ်...
တချို့လည်း ဇင်ယော်စာလေး၊ ငါးစာလေး ရောင်းလို့...တချို့ကတော့ ဘုရားပန်းစည်းလေးတွေ ရောင်းပြီး ငွေရှာကြလေရဲ့....

သူတို့ စာသင်ခန်းထဲမှာ ရှိမနေသင့်ကြဘူးလား....
ရှေးကုသိုလ် ကံအကျိုးပေးနဲရှာတဲ့ သူတို့လေးတွေ ဒီလိုပဲ လမ်းပေါ်မှာ ကြီးပြင်းကြတော့မှာလား...

သူတို့ ရောင်းသမျှ ဝယ်ရင်း ကျမ တွေးမိခဲ့တာတွေပါ...

ဘာဖြစ်ဖြစ်ပါလေ...
ကလေးတွေဟာ ဘယ်အချိန်ကြည့်ကြည့် အပြစ်ကင်းနေတာတော့ အသေအချာပါပဲ...


21 comments:

zue said...

ကလေးတွေ သနားပါတယ်... စဉ်းစားစရာပဲ အမရေ...

မိုးယံ said...

အနာဂတ်ရဲ့ သားကောင်းသမီးကောင်းတွေခဗျာ ကြယ်ပွင့်လေးများလို့ နံမည်တပ်ရဖို့ခက်နေလေရဲ့..

တွေ့တဲ့လူကို လက်ဖြန့်တယ်.. ဒီလအမှတ်ဘယ်လောက် နောက်လ ငါဘယ်လောက်ဆိုတာ ခေါင်းထဲမရှိပဲ... ဒီနေ့ရောင်းရတာ ဘယ်လောက်၊ မနက်ဘယ်အချိန် ပန်းထကောက်ရမယ်ဆိုတာလောက်ပဲ ခေါင်းထဲရှိနေတာကို တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။

ကိုကိုမောင်(ပန်းရနံ့) said...

နွံထဲမှာ ပေါက်နေတဲ့ ကြာပန်းလေးတွေလို လန်းလန်းဆန်းဆန်းနဲ့ အပြစ်ကို ကင်းလို့။ ဟုတ်တယ်။ သူတို့တစ်တွေ အမပြောတဲ့ နေရာမှာ ရှိနေသင့်တယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မေဓာဝီ said...

သနပ်ခါးလေးတွေ အဖွေးသားနဲ့ ချစ်စရာ ကောင်းလိုက်တာလို့ ကြည့်နေရင်းနဲ့ အောက်ဆုံးမှာ အမချစ်ကြည်ရေးထားတာ ဖတ်ပြီး ငိုင်သွားတယ်။
အသက် ၃ နှစ်အရွယ် နဲ့ ၆ နှစ်အရွယ် ကလေး ၂ ယောက် လက်ဘက်ရည်ဆိုင်တွေမှာ စပါးတွဲလေးတွေ လိုက်ရောင်းနေတာ တွေ့တုန်းက အမပြောသလိုပဲ စဉ်းစားခဲ့ဖူးတယ်။

ဈေးသည်လေးကျောက် said...

နောက် အနှစ် ၂၀ ကြာရင် အသုံးလုံး သင်တန်းတွေ ပြန်ဖွင့်တော့မယ်တဲ့

မောင်မျိုး said...

သနပ်ခါးလေးတွေနဲ့ ချစ်စရာ့ ခလေးလေးတွေ ဘ၀လေးတွေကတော့ ရင်မောစရာ ။

Anonymous said...

ဟိုတနေ့က မနီဇူလှိုင်ရေးတဲ့ ပင်စင်စား ဆရာတွေရဲ့ စားဝတ်နေရေးအတွက် ရုန်းကန်ရတာတွေအကြောင်း ကဗျာကိုဖတ်ပြီး စိတ်မကောင်းဖြစ်နေဆဲ...
အစ်မချစ် အခုပို့စ်ကို ထပ်ဖတ်မိတော့ စိတ်ထဲ မကောင်းလိုက်တာဗျာ...း(

TOI

Anonymous said...

မချစ်ကြည်အေးရေ..........
ဒီကလေးတွေရဲ့  ဓါတ်ပုံလေးတွေ ကိုကြည့်ဖြစ်ယင်း ငယ်ငယ်က အဖြစ်ကိုသွားသတိရမိပါတယ်။
လွန်ခဲ့တဲ့ ၃၆နှစ် ကပေါ့ ..
ကျွန်တော်ဟာ ကလေးဘ၀မှာတောရွာလေးမှာနေစဉ်တုန်း က အဲလိုပဲ ရန်ကုန်က ဧည့်သည်တွေရောက်ယင် သွားသွားငေးရတာ အမောပဲ။
အဲဒီတုန်းကလဲ အဲလိုဧည့်သည်ဆိုယင် ရွာမှာက တစ်နှစ်မှ တစ်ခါလောက်ပဲ ရောက်တတ်ကြတယ်လေ။
ဆင်းရဲနွမ်းပါးတာလဲ ပြောမနေပါနဲ့ ။ ကလေး ဆိုတော့လဲ အဲဒီဧည့်သည်
တွေကို သူတို့ အိမ်အောက်ကနေပြီးတော့ ငေးမောနေလိုက်ကြတာလေ။
အဲဒီတုန်းကလာတဲ့ သူတွေလည်း ကင်မရာမပါလို့ ဗျ။ နို့ မို့ ယင် တော့
ကျွန်တော်တို့ ကိုလဲ ဓါတ်ပုံရိုက်သွားဦးမှာသေချာတယ်။
ကျွန်တော်ငယ်ငယ်ကလဲ အောက်ဆုံးက ဓါတ်ပုံထဲက ကလေးလေးတွေလိုပဲ။
သတိရသွားတယ်။ ကလေးတွေအတွက်လဲ စိတ်မကောင်းမိတာတကယ်ပါ။
ခင်တဲ့
မောင်မောင်

ချော(အစိမ်းရောင်လွင်ပြင်) said...

ကလေးတွေရဲ့အပြစ်ကင်းတဲ့မျက်နှာကို ကြည့်ရတာ ချစ်ဖို့ကောင်းတယ်နော်။
ပါးကွက်လေးတွေကြည့်ပြီး ကိုယ်ငယ်ငယ်က အချိန်တွေကို သတိရမိတယ်.
သူတို့လေးတွေအားလုံး စာသင်ခန်းထဲမှာပျော်ရွှင်နေကြစေချင်မိပါတယ်.

Anonymous said...

;(
ဘာမှ ပြောမထွက်ဘူး ..

သနားစရာ ချစ်စရာကလေးလေးတွေပါ

မိုးခါး

မိုးငွေ့...... said...

ညီမလေးလဲ အဲလိုကလေးလေးပုံတွေရိုက်ထားတာရှိတယ်....။ သူတို့တွေက ဘ၀အကျိုးပေးမကောင်းရှာတော့သနားဖို့ကောင်းတယ်..မကြီးဆီကိုဖဘကနေတဂ်လိုက်မယ်..။

sosegado said...

ပုံထဲကတစ်ချို့ကလေးမတွေရဲ့ပုံက ကျနော်မှတ်တမ်းတင်ထားတဲ့ပုံတွေက ကလေးတွေ့နဲ့ဆင်နေတယ် ဖေါင်တော်ဦး သွားတဲ့ဘက်ကဆိုရင် သူတို့တွေပဲဖြစ်မယ်၊

Anonymous said...

ကိုယ်တိုင် ကလည်း ခလေးအမေမို့ လို့ လားမသိဘူး
ခလေးဆိုရင် နှပ်တွေ နဲ့ လည်းချစ်ဖို့ ကောင်းတာပဲ လို့ ကိုတွက်မိတယ်။
အဲ့လိုပဲ ခလေးတွေကို ပုံထဲကလို မြင်ရရင်လည်း ရင်နာသလိုပဲ.
ဘကျောက်ပြောသလိုပါပဲ နောင်ဆိုအသုံးလုံးသင်တန်းပြန်ဖွင့်မယ်။

ရင်နာတယ်မချစ်ရေ..ပြောလို့ မရတဲ့ စကားလုံးတွေ စွပ်စွဲချက်တွေ အချက်အလက်နဲ့တင်ပြချင်တာတွေ
အနာဂတ်ခရီးမှုန်ဝါးလွန်းလို့ ကွယ်...တို့မြေကခလေးတွေ..


ကြည်ကြည်...

Anonymous said...

ရင်ထဲမကောင်းလိုက်တာ
ဟူးးးးးးးးးးးးးးးးးးးးးးးးးး


သာယာချမ်းမြေ့ပါစေရှင်း
မိုး

Anonymous said...

ကလေးတွေက ပြုံးနေပေမဲ့ သူတို့ပြုံးနေတာကို ကြည့်ပီး မပြုံးနိုင်တာ အနော်အပါအ၀င် လူတိုင်း နေမှာပါလေ.....

ကိုအောင်(ပျူနိုင်ငံ) said...

မော့ဒရိတ်လုပ်ထားလေ အမ၊ မော့ဒရိတ်လုပ်ထားရင်တောင်
မလုံလောက်သေးဘူး၊ Name/URL စနစ်နဲ့ Name နေရာမှာပဲ
စာရေးပြီး URL နေရာမှာ လင့်ခ် လုံးဝ မထည့်ဖို့ မှာထားသင့်
တယ်၊ အခု ဖြစ်နေတာက ဒီနေ့ ကော်မန့်လာရေးတဲ့သူမှာ
မဲဝဲ မရှိရင်တောင်၊ နောက်နေ့ သူ့မှာ မဲဝဲ ရလာရင် သူ ကော်မန့်
ရေးခဲ့တဲ့ ဘလော့မှာ မဲဝဲ လာဖြစ်နေတာ အမရေ ....

ညီမလေး said...

ကလေးလေးတွေက ချစ်စရာ.... ဒါပေမဲ့ သူတို့လေးတွေ ရှိရမယ့်နေရာမှားနေတယ် ချစ်ချစ်ရယ် ..

Anonymous said...

အများသူငှာကို ပြန်ပြမယ်လို့  ဓာတ်ပုံရိုက်တဲ့အချိန်တုန်းက ကလေးတွေထံမှာ ခွင့်တောင်းခဲ့ပါသလား။ ကလေးတွေရဲ့ မိဘတွေဆီမှာ ခွင့်ပြုချက်ရယူခဲ့ပါသလား။ မိမိကိုယ်ကိုယ် ရိုးသားစွာ ပြန်ဖြေကြည့်ပါ။ မိမိ ဘလော့ဂ်မှာ စာလာဖတ်သူတွေအတွက် လမ်းပေါ်က ကလေးတွေကို ခုတုံးမလုပ်သင့်ပါဘူး။ သည်ကလေးတွေ အခုအချိန်မှာ လမ်းပေါ်မှာ ဈေးရောင်းနေကြပေမယ့်၊ သူတို့ မှာ အနာဂတ်ရှိသေးတယ်။ သူတို့ ရဲ့ အနာဂတ်ဟာ ဘာဖြစ်လာမယ် ဆိုတာ ဘယ်သူမှ ကြိုသိခွင့်မရှိကြဘူး။ တစ်ချိန်ချိန်မှာများ လူလေးစားကြည်ညိုရတဲ့ သူတစ်ဦး ဖြစ်လာခဲ့သည်ရှိသော် သည်ဓာတ်ပုံတွေကြောင့် အနည်းနဲ့ အများ သူတို့ မှာ ထိခိုက်ကြရမယ်။ မချစ်ကြည်အေးကို တိုက်ခိုက်တယ်လို့  မယူဆစေချင်ပါ။ ဘေးလူတစ်ယောက်အနေနဲ့  အပြုသဘော ဝေဖန်ခြင်းသာပါ။

မိုးမိုး

မောင်လေး said...

အင်း...သနပ်ခါးအဖွားသားလေးတွေနဲ့....ဟင်း....အေးလေ...:(

Anonymous said...

အင်း...မိုးမိုးရေ ထည့်သွင်း စဉ်းစားစရာ အချက်ပါပဲ။

ကျမ ဓါတ်ပုံရိုက်ဖို့ ခွင့်တောင်းခဲ့ပေမဲ့ ဒီလိုအရွယ်ကို သူတို့လည်း နားလည်မှာ မဟုတ်တဲ့အတွက်၊ မိဘလည်း အနားမှာ မရှိတဲ့အတွက် ဘလော့ဂ်ပေါ် တင်ဖို့တော့ ကျမ ခွင့်မတောင်း ဖြစ်ခဲ့ပါဘူးရှင်။

ကျမ သူတို့ကို ခုတုံးလုပ်စရာ ဘာအကြောင်းမှ မရှိပါဘူး။ ကိုယ့်သားသမီးအရွယ်တွေမို့ သူတို့လေးတွေရဲ့ မသေချာ မရေရာတဲ့ အနာဂတ်အတွက် သားသမီးချင်းကိုယ်ချင်းစာစိတ်နဲ့ ရေးမိတာ၊ စာသင်ခန်းထဲ ရှိနေရမဲ့အစား ဝမ်းရေးအတွက် လမ်းပေါ် ရောက်နေကြရတာကို ခံစားမိလို့ ရေးမိတာပါ။

ကျမ လက်ခံပါတယ်။ တနေ့ သူတို့ဟာ အမြင့်နေရာတခုခုကို ရောက်ချင် ရောက်လာကြမှာပါ။ အဲဒီအခါ ဒီဓါတ်ပုံတွေကြောင့် သူတို့မှာ ထိခိုက်စရာ ဖြစ်လာလိမ့်မယ်လို့တော့ ကျမ မထင်ပါဘူးရှင်။ ကျမ ရေးထားတာတွေဟာ အမှန်အတိုင်းတွေပါ။ အခုလို ဘဝလေးတွေကနေ ကြိုးစားမှုကြောင့် အမြင့်ရောက်ခဲ့ရင် ဂုဏ်တောင်ယူရဦးမှာပါ။ သူတို့လေးတွေအနေနဲ့လည်း သူတို့ရဲ့ ငယ်ဘဝဟာ ဂုဏ်ငယ်စရာလို့ တွေးမယ် မထင်ပါဘူးရှင်။

အောင်မြင်သူတချို့ဆို သူတို့ရဲ့ ငယ်ဘဝက ဘယ်လောက် ဆင်းရဲ နိမ့်ကျခဲ့ပါတယ် ဆိုတာတွေကို ဂုဏ်လုပ် ဖွင့်ပြောလေ့တောင် ရှိကြပါသေးတယ်။ အဲသလိုပဲ ကျမ တွေးမိပါတယ်။

အပြုသဘောနဲ့ ဝေဖန်မှုအတွက် ကျေးဇူးတင်ပါတယ် မိုးမိုးရေ...နောက်လည်း စာလာဖတ်ပါ ဝေဖန်ပါရှင်...:)

ချစ်ကြည်အေး

အဖြူရောင်နတ်သမီး said...

ရှမ်းပြည်က ပင်းတယသွားတဲ့လမ်းမှာလည်း အဲဒီလို ခလေးတွေအများကြီးပဲ..။
တယောက်က “စ”လိုက်လို့ အတုမြင်အတတ်သင် တဲ့သဘောတွေအများကြီးပါတယ်။
ကားလမ်းမမှာ “တာ့တာ..တာ့တာ”ဆိုပြီး လက်ပြပြီး ကားပေါ်က ပစ်ချပေးတဲ့ မုန့်တွေကို ပြေးကောက်နေကြတဲ့ မြင်ကွင်းကို အခုထိမှတ်မိနေတုန်းပဲ။
အန္တရာယ်လည်း များလှပါတယ်။

အဲဒီလိုဒေသတွေမှာ အသိပညာတွေ ဖွင့်ဖြိုးဖို့ အများကြီးလိုအပ်နေပါသေးတယ်..။
ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ.....

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်