Saturday, January 29, 2011

ဥ အာ ကြာ

မိတ်ဆွေ....
တနေ့တနေ့ ဆီပြန် ချည်ရည် အရွက်ကြော် တွေနဲ့ပဲ လုံးလည်လိုက်နေသလား...
မီးဖိုချောင်ထဲမှာ ချွေးတလုံးလုံးနဲ့ ခုတ်ရ ထစ်ရ သားငါးအသီးအရွက်တွေနဲ့ နပမ်းလုံး နေသလား...
အချိန် ဆင်းရဲလို့ ဟင်းချက်ချိန် မရှိ ဖြစ်နေသလား...
ခု ပြောပြမယ့် ဥ အာ ကြာ ကလေးနဲ့ ဆို အားလုံး အဆင်ပြေ သွားရမှာပေါ့....

ဤသည်ကား ချစ်ကြည်အေး၏ "ဥ အာ ကြာ" အညွှန်းတည်း...။

အဟမ်း...အတည် ပြောပါမယ်။
"ခုတလော အမ ဟင်းချက်နည်းလည်း မရေးဖူး တင်ပေးပါဦး၊ ဘာချက်ချက်ပါ" ဆိုလာတဲ့ ညီမငယ်လေးအတွက် "မြန် ကောင်း သက်သာ-ဥ အာ ကြာ" လို့ အမည်ရတဲ့ ဟင်းကလေးတခွက် ချက်ပြလိုက်ရပါတယ်။

ဟင်းချက်ချိန်ကလည်း မြန်၊ စားလို့ကလည်း ကောင်း၊ စရိတ် အကုန်အကျလည်း သက်သာတဲ့ ဒီဟင်းကို ဟင်းချက် ပျင်းတဲ့ အချိန်၊ ရေခဲသေတ္တာထဲမှာ သားငါး အဆင်သင့် မရှိတဲ့ အချိန်တွေမှာ ချက်ဖြစ်ပါတယ်။ ထမင်းနဲ့ တွဲစားလို့လည်း ရပါတယ်။ ထမင်းချက်ရမှာ ပျင်းရင်လည်း သူ့ချည်းပဲ စားလို့ ရပါတယ်။ အဲ...သူ့ကို ချက်ရမှာလည်း ပျင်းလှချည်ရဲ့ ဆိုလာရင်ဖြင့် အကြံတခု ပေးလိုက်ပါရစေ။ မိတ်ဆွေ...စားဖို့ပါ ပျင်းလိုက်ပါ။

အဓိက ပါဝင်တဲ့ အမျိုးအမည်တွေက ကြက်ဥ၊ အာလူး နဲ့ ပဲကြာဇံ တို့ပဲ ဖြစ်ပါတယ်။


 အာလူးကို ပုံမှာ ပြထားသလို သေးသေးလေးတွေ တုံးလိုက်ပါ။ ပြီးရင် ဆားနဲနဲနယ်ထားပါ။ ပဲကြာဇံကို ရေစိမ်ထားပါ။


ဒယ်အိုးထဲ ဆီနဲနဲထည့်ပြီး အရောင်လှအောင် ဆီထဲကို ဆနွင်းမှုန့်လေး နဲနဲ ထည့်ပါ။ ပြီးရင် အာလူးအတုံးလေးတွေ ထည့်ကြော်ပါ။ အာလူးလေးတွေ ရွှေဝါရောင် သန်းလာရင် ဆယ်ပြီး ဘေးဖယ်ထားပါ။ ဆီအကျန်နဲ့ ဒယ်အိုးထဲကို ပဲကြာဇံထည့်ပါ။ ပဲကြာဇံ အိအိထွေးထွေးလေး ဖြစ်အောင် ရေလေးနဲနဲ တောက်ပြီး မွှေပေးပါ။ ပဲကြာဇံထဲကို အချိုအငံ အရသာရှိအောင် ဆား၊ အချိုမှုန့် နဲနဲ ထည့်ပါ။ ပဲကြာဇံ အိအိထွေးထွေးလေး ဖြစ်လာပြီဆိုမှ ခုနက ဖယ်ထားတဲ့ အာလူးကြော် အတုံးလေးတွေ ရောထည့်ပေးပါ။ နောက်ဆုံးကျမှ ကြက်ဥတလုံး ဖောက်ထည့်ပြီး ရောသမမွှေလိုက်ရင် ဥအာကြာကို ရပါပြီ။


ကဲ မမြန်လား...."မြန် ကောင်း သက်သာ-ဥ အာ ကြာ" တဲ့ ချက်ကြည့်ကြပါဦးနော်...


24 comments:

  1. ဥအာကြာ ကို ကြိုက်သွားပြီ...

    ReplyDelete
  2. မောင်ဝေးSat Jan 29, 01:08:00 PM GMT+8

    အင်.. အဲသလောက်လွယ်သတဲ့လား? ဟုတ်မှလဲ လုပ်စမ်းပါဟာ.. တော်ကြာစမ်းချက်ပြီးရင် တလုတ်မြည်း ရှုံ့ညည်း ဂါးဘိတ်ခ်ျကြီး ဖြစ်နေမှဖြင့်..

    ReplyDelete
  3. ချစ်ကြည်ရေ... ကလေးတွေလည်း ကြိုက်မည့်ပုံတော့...
    ချက်ကြည့်ဦးမယ်... ဥ အာ ကြာ

    ReplyDelete
  4. ဟုတ်တယ်အမချစ်ရယ်..မြန်လိုက်တာနော်..။မဆိုးဘူး..
    မြန်လည်းမြန်.. ကောင်းလည်းကောင်းမယ့်ပုံပဲ...
    ချစ်တဲ့
    ညီမသဒ္ဓါ

    ReplyDelete
  5. နံမည်ပေးတော့ ရေလည်မိုက်
    ချစ်ကြည်အေးရဲ့ ဥအာကြာ ဟေးဟေး
    စားသောက်ဆိုင် ဖွင့်ကြစို့ရဲ့

    ReplyDelete
  6. “ဥ အာ ကြာ”..တဲ့
    နာမည်နဲ့တင် မိုက်နေပြီ..
    အရသာကတော့ ပြောစရာလိုမယ် မထင်ပေါင်...

    ReplyDelete
  7. အဟတ်ဟတ် ဥ အာ ကြာ ဟင်း မှတ်သွားပြီ

    မနက်စာ ဆွဲရန် ... အဆင်ပြေသွားပြီး

    ကျေးဇူးမမချစ်ကြည်

    ReplyDelete
  8. စားချင်လိုက်ထှာ

    ReplyDelete
  9. ဥအာကြာကို စမ်းကြည့်လိုက်အုံးမယ် အမရေ ...

    ReplyDelete
  10. ဥအာကြာလေးကြည့်သွားတယ်... အရသာရော ဘယ်လိုနေလဲ သူငယ်ချင်း... ကြည့်ရတာကောင်းမဲ့ပုံဘဲ...

    ReplyDelete
  11. မောင်ဝေးSat Jan 29, 05:35:00 PM GMT+8

    ဒီတိုင်းလဲ ကောင်းတော့ကောင်းမယ်ထင်ပါရဲ့လေ.. ပုဇွန်(သို့)ဂဏန်းအသားကြော်လေးထဲ့ မုန်လာဥနီအမျှင်လေးထဲ့ ကော်ပြန့်လိပ်ရွက်နဲ့ ပြန်လိပ်ပြီးကြော် ဆလပ်ရွက်စိမ်းနဲ့ အချဉ်ရည်တို့စရာလေးလုပ်လိုက်ရင် ပိုကောင်းမလားလို့ (ငါ့နှယ် သူများအလွယ်လုပ်ထားသဟာကို မနေနိုင်မထိုင်နိုင် အတင်းဝင်ကဂျီကဂျောင်လုပ်ရတာ လူ့ဂွစာကြီးဖြစ်လို့ မီးဖိုချောင်ထဲကနေ ယောက်မတွေ ဂေါ်ပြားတွေ ပလူပျံလွင့်မလာခင် လစ်ပါပြီဗျား၊ ဒီတပတ် လှည့်ပတ်ကြည့်တော့ နောက်ပြောင်စရာ ပို့စ်အသစ်ရှာမရလို့ပါ ခွင့်လွှတ်ပါဗျာ)

    ReplyDelete
  12. မိုက်တယ်....လုပ်ပါအစ်မရာ...အဲ့လို့ မြန်ကောင်းသက်သာလေး...။
    အတော်ပဲ...၃မျိုးလုံးရှိတယ်...။ထမင်းတော့ချက်တော့ဘူး...။
    ချက်ချင်းလုပ်စားပလိုက်မယ်....:)

    ReplyDelete
  13. တယ်ဟုတ်တဲ့ နည်းပဲ။

    ReplyDelete
  14.်အောက်က ဟော်ကာစင်တာကို ဆင်းစားလိုက်တာလောက်တော့ အဆင်မပြေချင်သေးဘူး။ :P

    ReplyDelete
  15. သဘောကျတယ်၊ ရယ်မိတယ်၊ သိပ်ကောင်းတဲ့အကြံညာဏ်လေးတစ်ခု ဘာတဲ့လဲ "ချက်ဖို့ပျင်းရင် စားဖို့လည်းပျင်းလိုက်ပါ"တဲ့။
    ခုပဲ မီးဖိုချောင်ထဲဝင်ပြီး ချက်ကြည့်အုံးမယ်ဆိုပြီး ကုတင်ပေါ်ကနေ ခြေလှမ်းပြင်နေပြီ ဒါပေမယ့် အတွေးလေးတစ်ခုက လှမ်းလက်စခြေလှမ်းကို ရပ်တန့်သွားစေပါတယ်။ ဘာအတွေးလေးလည်းဆိုတော့ မီးဖိုချောင်ထဲမှာ ပဲကြာဇံမပြောနဲ့။ ဘာကြာဇံမှမရှိဘူး၊ အိန္ဒိယမှာ မရောင်းလို့လေ။ သနားစရာအဖြစ်ကလေးပါလားနော်...

    ReplyDelete
  16. သူများလဲ မနက်ဖြန် ဥ အာ ကြာ လိုက်မယ်း))) တခုချည်းစီတောင် အဲ့လောက်ကြိုက်တာ ဥ အာ ကြာ လိုက်ရင် ပိုကြိုက်မှာ သေချာတယ်းD

    ReplyDelete
  17. ကြာ ဥ အာ ကို ကြိုက်တယ်ဗျာ လုပ်ပျင်းလို့ ခဏခဏ မစား ဖြစ်ဘူး

    ခင်တဲ့
    seesein

    ReplyDelete
  18. ဥ အာ ကြာ ဆိုလို့ ဘာများလဲလို့ ဆိုပြီး စဉ်းစားရင်း ရောက်လာတယ် အစ်မရေ... ချက်နည်းက လွယ်လွယ်လေးနော်။ ရို့စ်ကတော့ အာလူး မကြိုက်လို့ လုပ်စားဖြစ်မယ် မထင်ဘူး။

    ReplyDelete
  19. အခုလောလောဆယ်တော့ မိုးတစိမ့်စိမ့်နဲ့မို့ ချက်ဖို့လဲ ပျင်းတယ်... စားဖို့လဲ ပျင်းတယ်... ချက်ကြွေးပါ... ဒါဘဲ...း))

    ReplyDelete
  20. အဲလိုသရေကျအောင် မဆွဲဆောင်ပါနဲ့လားဗျာ

    ReplyDelete
  21. နာမည်ကိုတော့ ကြိုက်သွားပြီ။ လုပ်ထားတာလဲ စားချင်စဖွယ်လေးပဲ။

    ReplyDelete
  22. ဂလု...

    မွေးစားညီမ

    ReplyDelete
  23. ဥအာကြာလေး စားကောင်းမယ့်ပုံပဲ လုပ်စားကြည့်ဦးမယ်...။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...