မနေ့ည-၄ ဒီဇင်ဘာက ရှမ်းနှစ်သစ်ကူးပွဲ ရောက်သွားခဲ့တယ်။ သူငယ်ချင်းရှမ်းတယောက်ရဲ့ ကောင်းမှုနဲ့ ဆိုပါတော့။ ကိုယ့်ထိုင်ခုံ ရောက်ရောက်ချင်းပဲ အဝင်ဝမှာ ဝေပေးတဲ့ ညစာ ထမင်းဗူး ဖွင့်စားတယ်။ ဆာနေတာကိုး။ ရှမ်းဟင်းလေးတွေက စားလို့ အတော် မြိန်ပါတယ်။ စားပြီးမှ ဓါတ်ပုံရိုက်ဖို့ သတိရတယ်။ တောက်တောက်စင်းထားတဲ့ ကြက်သား မုန်ညှင်းချဉ်က တခွက်၊ ငါး ကင်ပွန်းချဉ်က တခွက်၊ နောက်တခွက်ကတော့ ပဲပုတ်နဲ့ ငရုတ်သီးစိမ်း အရသာပဲသိပြီး ဘာဟင်းမှန်း မသိတဲ့ တခွက်ပါ။ စားကောင်းပါတယ် ထမင်းက နဲလို့ မဝတာ တခုပါပဲ:)
မြေတပြန့်ထဲမှာမို့ ဓါတ်ပုံရိုက်ရတာ အဆင်မပြေလှပါဘူး။ ကိုယ် ရိုက်မယ်လုပ်တိုင်း ရှေ့လူခေါင်း ရှောင်ရ၊ မီးခိုးငွေ့တွေ လွှတ်လိုက်၊ မီးရောင်စုံ အပြောင်းအလဲတွေနဲ့မို့ ပုံထွက် မကောင်းလှဘူး။ ကိုယ်က ညံ့တာလည်း ပါမှာပေါ့လေ။ ပိုစ့်တင်ဖို့ရာ ပုံထွက်မကောင်းတာမို့ တော်တော်လေး စိတ်ညစ်သွားရပါတယ်။ ဒါပေမဲ့လည်း ကိုယ်ကြည့်ခဲ့ရသမျှ ပြန်လည်ဝေမျှချင်တာရယ်၊ အမှတ်တရ သိမ်းထားချင်တာရယ်ကြောင့် မျက်စိစုံမှိတ်ပြီး ပိုစ့်တင်လိုက်ရပါတယ်။ မျက်စိစုံဖွင့်ပြီး ဖတ်ကြပါကုန် :)
မြေတပြန့်ထဲမှာမို့ ဓါတ်ပုံရိုက်ရတာ အဆင်မပြေလှပါဘူး။ ကိုယ် ရိုက်မယ်လုပ်တိုင်း ရှေ့လူခေါင်း ရှောင်ရ၊ မီးခိုးငွေ့တွေ လွှတ်လိုက်၊ မီးရောင်စုံ အပြောင်းအလဲတွေနဲ့မို့ ပုံထွက် မကောင်းလှဘူး။ ကိုယ်က ညံ့တာလည်း ပါမှာပေါ့လေ။ ပိုစ့်တင်ဖို့ရာ ပုံထွက်မကောင်းတာမို့ တော်တော်လေး စိတ်ညစ်သွားရပါတယ်။ ဒါပေမဲ့လည်း ကိုယ်ကြည့်ခဲ့ရသမျှ ပြန်လည်ဝေမျှချင်တာရယ်၊ အမှတ်တရ သိမ်းထားချင်တာရယ်ကြောင့် မျက်စိစုံမှိတ်ပြီး ပိုစ့်တင်လိုက်ရပါတယ်။ မျက်စိစုံဖွင့်ပြီး ဖတ်ကြပါကုန် :)
အမ်စီ ကောင်မလေး၊ သူ့ကို ငရုတ်သီးတောင့် အသေးလေးလို့ ခေါ်ကြသတဲ့။ သေးပေမဲ့ အတော်စပ်တဲ့ သဘော။ အစီအစဉ်တခုနဲ့ တခုအကြား နှောင့်နှေးတာတွေအတွက် သူ့ခမျာ စကားတွေ ရှာကြံ ပြောရရှာတယ်။
မပါမဖြစ် တိုးနယား...
သိတ်လှတဲ့ ရှမ်းရိုးရာ ဝတ်စုံတွေနဲ့ ဖက်ရှင်အမျိုးမျိုး...
ရှမ်းမလေးတွေ ချောသလောက် ရှမ်းကလေးတွေ အတော် ချစ်ဖို့ကောင်း....
ရှမ်းအမျိုးသမီး အဆိုရှင် နန်းခမ်းနောင့်ပါ။ ကျမ စာလုံးပေါင်း မှားနိုင်ပါတယ်။ သူ့ရဲ့ အသံ၊ သူ့ရဲ့ ဆိုဟန်ကို သဘောကျမိပါတယ်။ အသံပါဝါ အားကောင်းပြီး မုဒ်အပြည့်နဲ့ ရင်ဘတ်နဲ့ ဆိုနိုင်သူမို့ ရှမ်းသီချင်းတွေ ဆိုသွားလို့ ဘာမှ နားမလည်ပေမဲ့ ခံစားလို့ ရခဲ့ပါတယ်။
ဆုန်ဆုန်...
ဆုန်သင်းကတော့ ထုံးစံအတိုင်း အားပါးတရပါပဲ။ အာရ်ကြီးလည်းပဲ အတော်ပျော်နေပုံပါ။ ပွဲပြီးတော့ ည ၁၁နာရီ ကျော်နေပါပြီ။ ပွဲလေးက လွတ်လပ်နွေးထွေးစွာနဲ့ ပျော်ဖို့ကောင်းတဲ့ ပွဲလေးတပွဲပါ။ ကျင်းပတဲ့နေရာ ဒီထက်ပိုကောင်းရင်၊ အမ်စီကောင်မလေး စကားတွေ သိတ်မပြောရရင်၊ ညစာထမင်း နဲနဲ ပိုများရင်၊ အရှောင်ကောင်းတဲ့ ကျိုင်းတုံသားနဲ့ တွေ့လိုက်ရရင်တော့ ပိုပြီး ပြည့်စုံတဲ့ ပွဲလေးတပွဲ ဖြစ်မှာပါ။
နိဂုံးချုပ်ရရင်တော့ တောင်ပေါ်ရှမ်း၊ တောင်အောက်ရှမ်း၊ တောင်စကောစကရှမ်း၊ ကျမတို့လို ဟိုရှမ်းဒီရှမ်း...အားလုံးပဲ ပျော်စရာ ရှမ်းနှစ်သစ် မင်္ဂလာ ဖြစ်ကြပါစေရှင်...
နိဂုံးချုပ်ရရင်တော့ တောင်ပေါ်ရှမ်း၊ တောင်အောက်ရှမ်း၊ တောင်စကောစကရှမ်း၊ ကျမတို့လို ဟိုရှမ်းဒီရှမ်း...အားလုံးပဲ ပျော်စရာ ရှမ်းနှစ်သစ် မင်္ဂလာ ဖြစ်ကြပါစေရှင်...
ကောင်းပါ၏.။ ပြူးပြီးဖတ်သွား၏။
ReplyDeleteအောင်မြလေး... ဆုန်ဆုန် ကို အခြောက်ကြီးမှတ်နေတာာ..
ReplyDeleteလူများတောင်မှားပါပေါ့ ဆုန်ဆုန်ရယ်...
ကျန်းမာပျော်၇ွှင်ပါစေ..မမရေး)
ပုံတွေပြုံးပြုံးကြီး ကြည့်နေတာ ဆုန်ဆုန်အလှည့်ကျတော့ ပြူးသွားတယ် ။
ReplyDeleteပွဲက တော်တော်စည်ပြီး ပျော်စရာကြီးနေမှာ :-)
ဟယ်...ဟုတ်ပါ့တော် ဆုန်သင်းဘယ်လြိုဖစ်လို့များ...များ..။
ReplyDeleteမချစ်လူမှားပြီးရိုက်လာတာတော့ဟုတ်လောက်ပါဘူးနော်....။းD
ပြူးစရာမျက်လုံးမရှိလို့ ခပ်မှေးမှေးကြည့်သွားပါတယ် မချစ်ကြည်ရေ
ReplyDeleteပုံ/
မှေးထုံ
(ဘယ်သူလဲ ဆိုတာ မချစ်ကြည် guessကြည့်နိုင်ပါတယ်)
သိသူကျော်သွား...
မသိသူ ဖော်စား..
(ဟမ်...နာမသိသူရဲ့ အစားကို ခံရတော့မှာပါ့လား)
မ်ု, သုင်....ပီ မ်ု, တ'း ခု;.....
ReplyDeleteအမလေး...ကင်းကောင်ကြီး သီချင်းတက်ဆိုတာလားလို့ လန့်သွားတာပဲ..မချင်းမရယ်....ဝက်ဆိုရင် အသားတိုးကောင်းလို့ တော်တော်အဖိုးတန်မှာ..
ဆုန်သင်းပါရ်က ခုန်ဆင်းလာမလို့ မနဲတားထားရတယ် ဆိုတဲ့ ကျော်ကျော်ဗိုလ် ပျက်လုံးကို သတိရသား
ReplyDeleteဆုန်သင်းပါရ် ကြီး ဝ ထျာာအေ ဝတ်ထားတာကလဲ တိုတစ်တောက်နေတာပဲ အိမ်းးးးးးး
အပေါ်က အဘကျောက်တို့များ သူများဆို သိပ်သိပ်ပြောတယ် ဟွင့်
စကားမစပ် ရှမ်းထမင်းချဉ်နဲ့ ရှမ်းခေါက်ဆွဲစားချင်တယ် ရှလွတ် ဗိုက်ဆာထျာာာ ပလပ် ဂလု
နှစ်သစ်မင်္ဂလာပါ
ReplyDeleteသူများတကာ ရိုးရာဝတ်စုံလေးတွေနဲ့ ကြည့်ကောင်းနေတုန်း ဗြုန်းခနဲဆို
ReplyDeleteမြင်လိုက်ရတာ မျက်စိမှားသွားတယ်.. တကယ်
အော် အ၀တ်ဆိုတာလည်း သူ့ပွဲနဲ့သူ လိုက်ဖက်အောင် မ၀တ်တတ်ရင် မျက်စိစပါးမွှေးစူးစရာဖြစ်တယ်ဆိုတာ တကယ်မှန်ပါတယ်.. နိုင်ငံခြားဆိုပေမဲ့လို့ ရိုးရာ ယဉ်ကျေးမှုပွဲတွေမှာတော့ ခုလိုမ၀တ်သင့်ဘူးလို့ ထင်ပါတယ်.. သူတစ်ယောက်တည်း ထူးခြားပေါ်လွင်နေတာပါဘဲ.. တကယ်လဲ လူတောင်မှားသွားတယ်..
ရှမ်းမလေးတွေတော့ ချောတယ်နော် အစ်မရယ်..း)
အစ်မကြီးချစ်က ရှမ်းစပ်လား..ရှမ်းပျူးဝါးလား..ငရုတ်သီးလေးကတော့ အတော်စပ်မယ့်ပုံပဲ...ရှမ်းပွဲမှာ ချင်းဝက်ပေါ်တယ်ထင်တယ်။
ReplyDeleteအော် မချစ်ကြည်လည်း ဟိုရှမ်းဒီရှမ်းပဲကိုး
ReplyDeleteကိုဘကလေ ကျနော့်ကို ပြောတယ် သိလား နင်က..... ရှမ်းတဲ့
ရှမ်းစပ်ပေမယ့် ရှမ်းစကားလည်းမတတ်လို့ တဲ့ .. ( တိုင်ပြောတာ မချစ်ကြည်ကို။
ရှမ်းလေးတွေ ချစ်စရာကောင်းသလောက် ကိုဘကျတော့ ဘာဖြစ်လို့  .... နေတာလဲဟင် ခွိ။
မိုင်ဆွမ်ခ
ReplyDeleteမမချစ်
ReplyDeleteဒါဆို ကြည်ကြည်တွေးတာမလွန်ဘူး အားလုံးလည်းအဲ့လိုမြင်တယ်။။
ဆုန်ဆုန်ဆိုလို့  စ က အခြောက်များလားပေါ့
သူတို့ ထက်စိတ်ဝင်စားတာက ၇ှမ်းစာ...၇ှမ်းစာ....စားချင်တယ်..
ဟင် နေပါဦး...တကယ်ဆုန်သင်းပါရ်လား...။ဘယ်လိုဖြစ်သွားတာလဲ ဆုန်ဆုန်ရယ်...။
ReplyDeleteနှစ်ကူးက ပျော်ရွှင်စရာပဲ ...
ReplyDeleteLashio GTC Show ပွဲ
ReplyDeleteMC ကောင်လေးက Lashio GTC က Civil King
ငါးပုံမြောက်က စုံတွဲပုံက - ကောင်လေးက Lashio GTC က EC King
ကောင်မလေးက Lashio GTC (EC) က နမ့်ခမ်းသူ
အနက်ဝမ်းဆက်အတွဲ -- ကောင်လေး Lashio GTC (Civil) - Lashio သား