Monday, October 11, 2010

နှလုံးသား အာဟာရ ပြည့်ဝခဲ့သောနေ့-၃

နောက်ဆုံးပိတ် အိတ်နဲ့လွယ်မဲ့ ဆရာအော်ပီကျယ်ရဲ့ အလှည့်ပါ။ ဆရာက ကာတွန်းလေးတွေကို ပရိုဂျက်တာနဲ့ ထိုးပြပြီး ဟောပြောသွားခဲ့တယ်။ ကာတွန်းတွေရော၊ ဆရာ ပြောသွားတာတွေရော အများကြီးပါပဲ။ ဆရာဟောပြောသွားတဲ့ ခေါင်းစဉ်က "ဒို့ မြန်မာတွေ ပျော်ပါစေ" တဲ့။ ခေါင်းစဉ်လေးမှာကိုက မေတ္တာသံ ပါပြီးသား။

ကျမတို့ မြန်မာတွေ ရေလာလည်း ပျော်၊ မီးလာလည်း ပျော် နဲ့ ရနေသမျှလေးနဲ့ ပျော်အောင် နေရှာကြတဲ့ အကြောင်း၊ ရေမီး မမှန်လို့ တချို့ လျှပ်စစ်ပစ္စည်းတွေ ပျက်စီးခဲ့ရင်တောင် ဘယ်သူ့ကိုမှ အပြစ်မမြင်ဘဲ ငါကိုယ်က ညံ့လို့ပါလေ လို့ ဖြေတွေး နေကြရတဲ့ အကြောင်းတွေက စ ပါတယ်။ ရယ်မောရမလိုလိုနဲ့ ရင်မောစရာလေးတွေ ပါပဲ။

ကာတွန်းလေးတွေ အများကြီးထဲကမှ တချို့ကို ရွေးချယ် ပြောပြချင်ပါတယ်။

ပေးတယ်ဆိုတာက ကိုယ့်မှာ ပေးဖို့ ပမာဏ အလုံအလောက် ရှိပါဦးမှ၊ ကိုယ့်မှ ၁၀၀ ရှိတာကို သူများ ၂၀၀ ပေးချင်လို့ ရမတဲ့လား။ အဲဒီသဘောကို ဆရာက ဒီကာတွန်းလေးနဲ့ ပြောခဲ့တယ်...

ပထမ တကွက်မှာ ၂၄နာရီ မီးပေးတော့မယ် ဆိုလို့ အားငယ်သွားရှာတဲ့ ဘက်ထရီအိုးနဲ့ ဖယောင်းတိုင်လေး...
နောက်တကွက်ကျတော့ ဟော အကြံရသွားပြီ ဒီနေရာမှာ လင်းရင် အရင်နေရာမှာ မှောင်ပြီပေါ့ အားမငယ်နဲ့ လာ သွားကြစို့ တဲ့...


ကျမတို့ ရွှေပြည်ကြီးက ဂက်စ်တွေနဲ့ ယိုးဒယားမှာ လင်းထိန်နေတဲ့ လျှပ်စစ်မီးတွေ....။ ကျမတို့မှာ မလောက်ငှပေမဲ့ သူများနိုင်ငံ ရောင်းစားတာကို ကျပြန်တော့...အေးဆေးပါ ကျမတို့ ရွှေပြည်ကြီး နိုင်ငံခြားငွေ တိုးတက် ရရှိဖို့ပဲ ဆိုတဲ့ အတွေးနဲ့ (အဟမ်း)....ဟုတ်ကဲ့ အမှောင်ထဲနေရင်း ကျမတို့ ပျော်ကြပါတယ်...ဟိုဘက်ကမ်းက မီးထိန်ထိန်ကို မုဒိတာ ပွားကြပါတယ်။

နောက်တကွက်ကိုလည်း ကြည့်ပါဦး။ အင်မတန် သနားစရာ ကိုနိုင်ငံခြားသားကြီးပါ။
လျှပ်စစ်မီးနဲ့ ပတ်သက်လာရင် ကျမတို့လောက် ဘယ်နိုင်ငံသားကများ သိနိုင်ပါ့မလဲနော်...



ကွန်ပြူတာဆိုတာက ဖယောင်းတိုင်နဲ့ ဖွင့်လို့ မရ ရေးချ မရ ဆိုတော့ကာ....


ဒါကတော့ မကောင်းသူပယ် ကောင်းသူကယ် ဆိုတဲ့ သကြားမင်းရဲ့ ဝရဇိန် လက်နက်ကို သံသယဖြစ်စရာပါ။ သကြားမင်း လက်မတဲ့တာကတော့ အထင်အရှားပါပဲ...


အင်း...လူကြီးဆိုတာ အဲသလို အမြော်အမြင် ကြီးကြီးနဲ့ နေတတ်ရတယ်...နေတတ်တော့ သက်သာသပေါ့ လူကြီးပါ ဆိုမှ ကျန်းမာရေးကလည်း မကောင်းဘူး မဟုတ်လား...



သိတ်သိနေရင် အနေမချောင်ဘူးလေ...


ဖြစ်လာတော့မှ ပါးစပ်ထဲ ကောက်ပြင်လိုက်ကြတာပေါ့...။ စည်းမျဉ်းဆိုတာ ခုလို ပြုလွယ် ပြင်လွယ် ရှိရသတဲ့....တို့များက Flexible ဖြစ်လွန်လွန်းလို့...


လက်အောက်ငယ်သား ဆိုတာ ဖြစ်နိုင်တာ မဖြစ်နိုင်တာ အသာထား အဲသလို ပရိယာယ် ကြွယ်ရတယ်၊ အထက်လူကြီး ယုံအောင် ဂျပိုးကို လိပ် ပြောတတ်ရသတဲ့...လူနပ် ချမ်းသာ ခေတ်ကိုး....


တို့ ရွှေပြည်ကြီးဟာ အရှေ့တောင်အာရှမှာ ထိပ်ဆုံးကကွဲ့....ဟိုး..........ရှေး ရှေး တုန်းက ပေါ့ကွယ်...


ဘယ်သူမဆို တိုင်းပြည်အတွက် အုတ်တချပ် သဲတပွင့် ဖြစ်နိုင်ကြပါတယ်။ လူမှန် နေရာမှန် ဖြစ်ဖို့ပဲ လိုတာပါ။ ခုလို ထမင်းဖြူထဲက သဲတပွင့် ဖြစ်ရတာကို ဂုဏ်ယူနေသူတွေ များနေရင်တော့....



ဆရာပြောသွားတဲ့ အထဲက ကျမ အနှစ်သက်ဆုံး ၁၀ ကွက် ရွေးထုတ် ပြခဲ့တာပါ။ ရုပ်ရှင်၊ စာပေ၊ ဂီတ နဲ့ ကာတွန်း အနုပညာရှင်တွေဟာ တကယ်တော့ စကားပြောနေကြသူတွေပါ။ ရင်ထဲ ရှိတာတွေ၊ ခံစားရသမျှ၊ မြင်တွေ့ရသမျှ တွေကို ပြည်သူတွေ အားလုံးရဲ့ကိုယ်စားလှယ် အဖြစ် ထုတ်ဖော် ပြောပြခွင့် ရကြသူတွေပါ။ ရုပ်ရှင်ထဲက တဆင့် ပြောကြတယ်။ စာပေတွေက တဆင့်၊ သီချင်းသံစဉ်တွေက တဆင့်၊ ကာတွန်း ရုပ်ပုံလေးတွေက တဆင့် စကားတွေ ပြောနေခဲ့ကြတယ်။ တိုင်းပြည်ချစ်စိတ်နဲ့ အပြုသဘောဆောင်တဲ့ ပြောကြားမှုတိုင်းအတွက် အနုပညာရှင်တွေကို ကျမ လေးစားမိပါတယ်။

ဆရာအော်ပီကျယ်ရဲ့သား ဘတ်စ်ပေါ်က အဆင်း၊ ပြုတ်ကျလို့ ခြေထောက် နှစ်ဘက်လုံး ဘတ်စ် အကြိတ်ခံရတဲ့ အကြောင်း တော်တော်များများ သိပြီးကြမှာပါ။ စင်္ကာပူ စာပေဟောပြောပွဲ မတိုင်ခင်လေးတင်ကမှ ဖြစ်တာမို့ လာဖြစ်အောင် လာခဲ့တဲ့ ဆရာ့ကို ကျေးဇူးတင် လေးစားမိပါတယ်။ ဆရာက စံနစ်ကိုပဲ လက်ညှိုးထိုး ပြခဲ့ပါတယ်။ ကားမောင်းသူနဲ့ စပါယ်ယာဆိုတာက သူတို့မှာ သတ်မှတ်ထားတဲ့ ခေါက်ရေပြည့်အောင်၊ သတ်မှတ်ထားတဲ့ ဝင်ငွေ စံချိန်မီအောင် တစီးနဲ့ တစီး ခရီးသည် လုတင်ကြရတာ။ ကားတစီး နဲ့ တစီး ဖိုက်ကြရတယ် ဆိုပါတော့လေ။ ဒီတော့ အတက်ခရီးသည်တွေ ခြေ ၂ချောင်းလုံး ကားပေါ် မရောက်ခင်၊ အဆင်းခရီးသည်တွေ ခြေ၂ချောင်းလုံး မြေပေါ် မကျခင် ဆွဲဆရာရေ့ လုပ်တတ်ကြတော့တာ။ ကျမ အမေ ကိုယ်တိုင်လည်း ဒတ်ဆန်းကားပေါ်က ပြုတ်ကျခဲ့ဖူးတယ်ဆိုတော့ ဆရာ့ ခံစားချက်ကို နားလည်နိုင်ပါတယ်...။

ဒီက ဘတ်စ်တွေကတော့ ဘတ်စ်ကပ္ပတိန်လို့ ခေါ်တဲ့ မောင်းသူ တယောက်ထဲပဲ။ အိုမင်းမစွမ်းသူတွေ၊ မသန်မစွမ်းသူတွေ ဆိုရင် ကားဘီး ၄ဘီးလုံး မြေပေါ် ရပ်ထားပြီး မောင်းသူကိုယ်တိုင် ကားပေါ်က ဆင်းပြီး တွဲတင်လေ့ရှိပါတယ်။

ဆရာပြောခဲ့တဲ့ ကာတွန်းဆရာကြီး ဦးဘဂျမ်းရဲ့ ကာတွန်းတွေ ဒီကနေ့အထိ ခေတ်မီနေပုံကို သဘောကျမိတယ်။ ဆရာကြီး ဦးဘဂျမ်းက တိုင်းပြည်အတွက် ပြင်သင့်တာတွေကို အပြုသဘောဆောင်တဲ့ ကာတွန်းတွေ ရေးဆွဲခဲ့တယ်။ ဒါပေမဲ့ မပြင်ကြတဲ့အခါ ဆရာကြီး ကာတွန်းတွေဟာ ဒီနေ့ထိ အကျုံးဝင် ခေတ်မီနေတော့တာပေါ့။ ဆရာကြီးရဲ့ ကာတွန်းတွေ ခေတ်အဆက်ဆက် မီစေချင်တဲ့ စေတနာနဲ့ မပြင်ကြပုံ ရပါတယ်...။

ဆရာ အော်ပီကျယ်


ကျမ ဝယ်ခဲ့တဲ့ ဆရာ့စာအုပ်တွေ...


ကျမ အတွက် ဆရာ့ရဲ့ အမှတ်တရ...


ဆရာပြောခဲ့ ပြခဲ့တဲ့ ကာတွန်းပုံလေးတွေကို ကျမ မှတ်မိသလို ကျမစကားနဲ့ ပြန်ရေးပြထားခြင်းပါ။ ဆရာ့ ဆိုလိုရင်းနဲ့ ကွဲလွဲမှုတွေ ရှိခဲ့ရင် ကျမရဲ့ အဓိပ္ပါယ်ဖွင့်မှု၊ နားလည်မှု အားနည်းလို့သာ ဖြစ်ပါတယ်ရှင်။

စာကြွင်း>>ကျမ ခေါင်းမှာ ဘုတွေနဲ့ပေါ့ ဆရာ...၊ ဆရာတင်ပေးလိုက်တဲ့ ထောင့်ကန်ဘောတွေ ခေါင်းတိုက်သွင်းနေ ခဲ့ရလို့လေ....





ပွဲ စီစဉ်သူတွေဟာ ပွဲမစခင် ၃လလောက်အလို ကတည်းက တနင်္ဂနွေ အပတ်တိုင်း ည ၉နာရီက ၁၂နာရီ အစည်းအဝေး လုပ်ကြရင်း ပွဲအတွက် စီစဉ် ပြင်ဆင်ကြတယ်လို့ သိရပါတယ်။ အဲဒီ့အတွက် အားလုံးကို ကျေးဇူးစကား ဆိုလိုက်ပါရစေ။ နောက် တခေါက်ဆိုရင်တော့ ခုံနေရာအတွက် လက်မှတ်မှာ နံပါတ်တွေ တခါတည်း ထည့်ရိုက်စေချင်ပါတယ်။ ခုံနံပါတ်နဲ့ဆို နောက်ဆုံးခုံတွေ အရောင်းရခက်နိုင်တာ၊ မြန်မာထုံးစံအတိုင်း ခုံနံပါတ် ရပြီးသားမို့ အေးဆေးလာကြသူတွေ စောင့်ရင်း ပွဲချိန် နောက်ကျတာတွေ ရှိကောင်း ရှိနိုင်ပါလိမ့်မယ်။ သို့သော် အချိန်ကုန်ခံပြီး နေပူထဲ တန်းစီကြ၊ ခုံနံပါတ် အတိအကျ မရှိတော့ ငြင်းခုန် နေရာဦးကြရတာတွေက ပိုပြီး အိနြေ္ဒမဲ့စေတယ်လို့ ကျမ မြင်မိလို့ပါ။

13 comments:

P.Ti said...

အမရေ... အမေရေးထားလိုက်တာ မှတ်တမ်းဖြစ်တာပေါ့။ ကျွန်တော်ကတော့ အရေးပျင်းလို့ ဘာမှ မရေးပါ။ ဟောပြောပွဲတုန်းက ရောက်တာ နောက်ကျလို့ စာအုပ်ဝယ်လို့မရခဲ့လို့ နောက်နေ့မှာ Peninsula Plaza မှာသွားဝယ်ခဲ့ရတယ်။

လက်မှတ်ကိုတော့ ဒီလိုပဲ စီစဉ်တာ အကောင်းဆုံးလို့ထင်တယ်အမ။ လက်မှတ်ပေါ် ခုံနံပါတ်ထည့်လိုက်ရင် အတူတူဝယ်မထားတဲ့ သူငယ်ချင်းတွေ အတူတူထိုင်ရဖို့ ခက်သွားလိမ့်မယ်။ ကျွန်တော်ကတော့ သူငယ်ချင်းတွေနဲ့ အတူတူနားထောင်ရတာ ပိုသဘောကျလို့ပါ။

နောက်ကျမှပဲ ရောက်လို့ မနှစ်ကတော့ ဒီနှစ်ပါ နောက်နားမှာ ထိုင်ရပေမယ့် ပြောတာတွေ အကုန်ကြားတော့ အဆင်ပြေပါတယ်။

Anonymous said...

ချစ်ကြည်အေး ရေ

ခုန မန့်ထားတာ မရဘူး ဟင့်.. မျှဝေခြင်း အတွက် ကျေးဇူးတင်တယ် နောက်ပြီး ပြည်တွင်းမှာ လည်း နားထောင်ဘို့ မကြုံ့ဘူး

ကျေးဇူးနော်
ခင်တဲ့
ရွှေစင်ဦး

ဂျစ်တူး ( မုံရွာ ) said...

ရှူး --------------------တိုးတိုးဗျ

Anonymous said...

ဆရာ အော်ပီကျယ်ရဲ့ ကာတွန်းလေးတွေ ကကျွန်တော့် အသည်းစွဲပေါ့။
:)


green fingers

ညီမလေး said...

မိုက်တယ် ဆရာ APK ရဲ့ တကွက် ကာတွန်းတွေက တကွက်ဆို ဆိုသလောက်လေ .. ညီမလေးကတော့ အရမ်းကြိုက်တယ် .. နောက်တခေါက် ကိုတာတို့၊ ဆရာနန္ဒာသိန်းဇံတို့ ကိုခေါ်ရင်ကောင်းမယ်နော် .. ။
ခုလိုပဲ ချစ်ချစ်တို့ ဂျစ်တူးတို့ ကျေးဇူးနဲ့ ပြန်ကြားနားရတော့ မသွားနိုင်ပေမဲ့လည်း ကျေနပ်မိတယ် ။ ကျေးဇူးကမ္ဘာနော် ..

ရွှေရတုမှတ်တမ်း said...

ကာတွန်းလေးတွေ စဖတ်မိကထဲကအကုန်လုံးရင်ထဲ ကျန်နေတာမို့ နှစ်တွေကြာတောင် ခုထိမှတ်မိနေတုန်းပဲ...ဂျာနယ်လစ် တယောက်ကို ဗမာစစ်ပါကွယ် ဘေထုပ်တွေဝတ်နေရလိုံ ဒီပုံဖြစ်နေတာပါလို့ ပြောနေတဲ့ ရွာက ဘောင်းဘီတိုဝတ် အဖိုးကြီးနဲ့ ဂါဝန်ဝတ်ပြီးရေခပ်ဆင်းနေတဲ့ တောကဗမာမလေးပုံကို ဖတ်ရတုန်းကလဲ ဗမာ့စီးပွားရေးကို မချိပြုံးလေးပြုံးခဲ့ရဖူးတယ်

ကိုကိုမောင်(ပန်းရနံ့) said...

သိကြားမင်းလက်မတည့်တော့ဘူးထင်တယ်နော်။ သူလဲ အသံကြားရာ ယောင်ယမ်းပစ်ပုံရပါတယ်။ ကာတွန်းတွေ အားလုံးသဘောကျတယ်။ အမရဲ့ တင်ပြရှင်းလင်းချက်တွေကလဲ ကောင်းတယ်။ အခုလို မျှဝေပေးတဲ့အတွက် ကျေးဇူးနော် အမ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Heartmuseum said...

Thx:) 4 ur sharing.
That's awesome, I like it.

မိုးငွေ့...... said...

လေးစားစရာချည်းပါပဲ အမချစ်တို့ကံကောင်းတယ် ဒီလိုဟောပြောပွဲမျိုးတက်ရတာ...ခုလို ဆရာအော်ပီကျယ် ဟောပြောခဲ့တာကို ကာတွန်းပုံလေးတွေနဲ့အတူ တင်ပေးတဲ့ အတွက် ကျေးကျူးကမ္ဘာဆိုင်ရော....။

ခင်တဲ့
မိုးငွေ့

စုချစ် said...

ဆရာ့ကာတွန်းတွေကတော့ အသဲစွဲပဲ အမ...
တု-ပြီးကို လိုက်ဆွဲနေမိတာ...
ူး-)

Anonymous said...

https://www.blogger.com/comment.g?blogID=5077927078721715858&postID=6032238607836052549&isPopup=true
Read this.

မြသွေးနီ said...

မချစ်ရေ...
ဖတ်ရတာ အရသာရှိလိုက်တာ..။ကာတွန်းတွေကလည်း ထိမှထိ။
APK ကို စွဲစွဲမြဲမြဲဖတ်တယ်။ ဒီမှာ ဒါမျိုးတွေ မကြည့်ရတာကြာပီ..။ ;(

Anonymous said...

dekorator wnetrz dekorator warszawa architekt wnetrz wystroj wnetrz pokoje
dekorator architekt wnetrz dekorator warszawa

wystroj wnetrz wystroj wnetrz sypialnia
[url=http://vader-wnetrza.pl]dekorator warszawa [/url]

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်