ဘဝမှာ တခါမှ ထီမထိုးဖူးသူများ ရှိကောင်းရှိနိုင်ပေမဲ့ တော်တော် နည်းပါလိမ့်မယ်။ ထီထိုးတယ် ဆိုတဲ့သူများကိုလည်း ဘာ့ကြောင့် ထီထိုးရသလဲလို့ မေးကြည့်ပါ။ အဖြေတွေက ဝါကျတခုစီအနေနဲ့ ကွဲလွဲကောင်း ကွဲလွဲနေနိုင်ပါတယ်။ ဒါပေမဲ့ တခုတည်းသော သေချာတဲ့ အကြောင်းတရားက ထီပေါက်ရင် ဆိုတဲ့ မက်လုံးကြောင့်ပါပဲ။
လူဆိုတာမျိုးကလည်း ကိုယ် ပုံမှန်ရနေတာထက် ပို မလိုချင်သူရယ်လို့ မရှိသလောက် ရှားပေတာ။ မညှာမတာပြောရမယ် ဆိုရင်တော့ လောဘ အခြေခံသူများကိုး။ ကိလေသာကင်းစင်ပြီးသား သူတော်စင်များကလွဲရင် လောဘနဲသူ နဲ့ များသူရယ်လို့သာ ရှိကြမှာပါ။ ဒီတော့ စီးပွားရေးလောကထဲမှာ လူတွေကို မက်လုံးပေးပြီး ငွေရှာတဲ့ နည်းဟာ အထိရောက်ဆုံး ဖြစ်လာခဲ့တော့တယ်။
တရားဝင် ခွင့်ပြုထားတဲ့ အစိုးရထီတွေ၊ ကာဆီနိုတွေ၊ ဘောပွဲလောင်းတာတွေမှာ ဆတိုးရမဲ့ငွေတွေဟာ ထိုးသားတွေအတွက် မက်လုံးတွေပါပဲ။ တလောကလေးတင် စလုံး-စန်တိုစာက ကာဆီနို RWS-Resort World Sentosa မှာ ၃ရက်ထဲနဲ့ ၂၆ မီလီယန် ရှုံးသွားတဲ့ လုပ်ငန်းရှင်တဦးရဲ့ ဖြစ်ရပ်ဟာ မီဒီယာတွေအတွက် ခေါင်းကြီးပိုင်း သတင်းတပုဒ် ဖြစ်ခဲ့သလို ထိုးသားတွေအတွက် သင်ခန်းစာတခုလည်း ဖြစ်ခဲ့ပြန်တယ်။ ထိုးသားတွေအတွက် သင်ခန်းစာတခုက ကိုယ့်လစ်မစ် ကိုယ် သိဖို့ပါပဲ။ မထိုးပဲ နေနိုင်ရင်တော့ အကောင်းဆုံးပေါ့။ သို့သော် ဝါသနာအရ လောင်းကစားသူများ အတွက်တော့ Self control က အရေးကြီးဆုံးပါပဲ။ လောင်းကစားဆိုတာ ထိုးသားဖက်က နိုင်ခြေ အလွန့်အလွန်နည်းတဲ့ ကစားနည်းတမျိုး ဖြစ်တယ်။ ဒါကိုမှ မမြင်ရတဲ့ ကံပေါ်ပုံအပ်ပြီး လောင်းကြေး ထပ်ရဲတာမျိုးကတော့ မိုက်ရူးရဲ ဆန်လွန်းလှတယ်။
စီးပွားရေးလုပ်ငန်းရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို တာဝန်ယူရတဲ့ သူဟာ မက်လုံးတွေကို တမျိုးပြီး တမျိုး မရိုးရအောင် ဈေးကွက်ထဲ ချပေးရင်း စားသုံးသူကို ဆွဲဆောင်ဖို့ အမြဲ ကြိုးပမ်းနေရသူ ဖြစ်တယ်။ မရိုးနိုင်တဲ့ မက်လုံးတွေကြားမှာ ကျမတို့ ဘယ်နှစ်ကြိမ်များ အငိုက်မိဖူးကြပါသလဲ။ မက်လုံးတွေဟာ ဘယ်လိုမှ မရိပ်မိနိုင်အောင် သိမ်မွေ့နေတတ်သေးတယ်။ လောင်းကစားဝိုင်းမှာလို သိသိသာသာကြီး မဟုတ်ပဲနဲ့လေ။ တခု ဝယ်ရင် နောက်တခု အလကားရမယ် ဆိုတဲ့ မက်လုံးအောက်မှာ ကျမတို့ မျောပါရင်း တကယ် မလိုအပ်တဲ့ အပိုပစ္စည်းတွေ ဘယ်နှစ်ခါများ ဝယ်ယူ သယ်ဆောင်လာခဲ့ကြဖူးပြီလဲ။
ဘဏ်မှာ စာရင်းသေ ငွေအပ်သူတွေ၊ ယူနစ်ထရပ်စ်လို့ ခေါ်တဲ့ ဝယ်ထားရင် သေချာပေါက် အမြတ် ပြန်ရမယ် ဆိုတဲ့ ယူနစ် ဝယ်တာမျိုးတွေ၊ ကွန်မိုဒတီခေါ်တဲ့ ပဲ၊ ပြောင်း၊ ကော်ဖီ စတာတွေမှာ ရင်းနှီး မြှုတ်နှံထားတာတွေ၊ ပေပါဂိုလ်း-Paper gold၊ ပေပါဆေးလ်ဗား-Paper silver ဝယ်ထားတာတွေ...ဒါတွေ အကုန်လုံးဟာ ဘဏ်က မက်လုံးပေးထားတာတွေအပေါ် ယုံကြည်စွာ နှစ်တို နှစ်ရှည် မြှုတ်နှံထားခြင်းတွေပဲ ဖြစ်တယ်။ သူ့မှာ စွန့်စားရခြင်း-Risk တွေလည်း ရှိနေတယ်။ Return အနေနဲ့ အမြတ်များများ လိုချင်ရင် Risk ပိုမြင့်ပြီး Riskမရှိတဲ့ ဟာကျပြန်တော့ Return အမြတ်နဲမယ်။ ဒါပါပဲ...ကြီးပွားလိုစိတ်ရှိသူတွေဟာ အနဲနဲ့အများတော့ Risk-takers ဖြစ်ရဲသူများပါပဲ။
ကလေးငယ်တွေကျပြန်တော့ ကလေးတွေ မက်လောက်တဲ့ ကစားစရာ ပစ္စည်းလေးတွေကို စားသုံးကုန်နဲ့အတူ တွဲရောင်း တတ်ကြပြန်တယ်။ Mc.Donald လို Fast foods ဆိုင်မျိုးတွေမှာပေါ့။ ကျမ မှတ်မိနေသေးတယ်။ သိမ်ကြီးဈေး အပေါ်ထပ် စားသောက်ဆိုင်တွေ ဖွင့်စတုန်းက သီချင်းဆို ဖျော်ဖြေတဲ့ အမျိုးသမီးငယ်လေးတွေ နဲ့ တတိယအရွယ် အန်ကယ်ကြီးတွေအကြား ပန်းကုံးယဉ်ကျေးမှုတွေ ခေတ်စားချိန်ပေါ့။ ကုက္ကိုင်းက ဂျွိုင်းစားတော်ဆက်ရဲ့ တီဗီကြော်ငြာမှာ ကိုကို နေ့တိုင်းလာနော် မောင်မောင် နေ့တိုင်းလာနော် ဆိုတဲ့ သီချင်းလေ...။ ဘယ်ပြောကောင်းမလဲ အားလုံးသော အန်ကယ်ကြီးတွေဟာ ကိုကို မောင်မောင်တွေဖြစ်လို့၊ ကောင်မလေးတွေ ခေါ်သလို နေ့တိုင်းသွားရဖို့ဟာ သမိုင်းပေး တာဝန်ကြီး တရပ်အနေနဲ့ အိမ်က အဖွားကြီးကို ခေါက်ထားခဲ့ကြတော့တာ။ အသက်အရွယ်လိုက် မျှားထားတဲ့ မက်လုံးအမျိုးမျိုး အောက်မှာ ကျမတို့ အိတ်ကပ်တွေ ပြားချပ်ခဲ့ရတာ များလှပေါ့။
မက်လုံးတိုင်း မကောင်းဘူးလို့ ကျမ မဆိုလိုပါဘူး။ အများအားဖြင့် ဝန်ဆောင်မှု လုပ်ငန်းတွေမှာ Service providers အချင်းချင်း အပြိုင်အဆိုင် ဈေးကွက်လုကြရင်း စားသုံးသူတွေအတွက် ပေးကြတဲ့ မက်လုံးတွေဟာ ပိုပြီး သက်သာတဲ့ ဈေးနှုန်းတွေ၊ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ဖြစ်နေပြန်တယ်။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုသလိုပါပဲ။
သေချာတာကတော့ ကျမတို့အားလုံးဟာ ဘဝမှာ မက်လုံးတွေနဲ့ နေသားတကျ ဖြစ်နေကြတယ် ဆိုတာပါပဲ။ ငါးမျှားချိတ်ကို ကြိုမြင်ရင် ရှောင်နိုင်တိမ်းနိုင်မှာ ဖြစ်သလို တချို့သော မက်လုံးလေးတွေကိုလည်း မြင်တတ်အောင် ကြည့်ပြီး ရှောင်သင့်တာကို ရှောင်နိုင်ကြမယ်ဆိုရင် ဘဝနဲ့ လောင်းကြေးထပ်တဲ့ အမှားမျိုးတွေ မှားဖို့ရာ မဖြစ်နိုင်တော့ဘူးပေါ့။ မက်လုံးတွေကတော့ ရှိနေမှာပါပဲ။ ဒီနေ့အတွက် အသက်ရှင်နေခြင်းဆိုတာ ပို၍ကောင်းသော မနက်ဖြန် ဆိုတဲ့ မက်လုံးကြောင့်ပဲ မဟုတ်ပါလား...။

အိမ်သစ်လေးပါလား အစ်မကြီးရေ...။လှတယ်..။
ReplyDeleteအဲဒီသတင်းကို ကျွန်တော်လည်း ဖတ်လိုက်မိတယ်။သူ့အစားကြားကနေနှမျော
နေမိတာ နှလုံးရောဂါတောင်ရမတတ်..။ခုတောင် တွေပြီးနှမျောနေမိပြန်ပြီ..း)
နောက်ဆုံးစာကြောင်းလေးကိုတော့ အရမ်းကြိုက်တယ်။ဟုတ်တယ် မျှော်လင့်
ချက်၊မက်လုံးလေးမှ မရှိတော့ရင်ဖြင့်....။
အစ်မဆီတောင်မရောက်တာကြာသွားတယ်..
ReplyDeleteဘလော့ဂ်က ဒီဇိုင်းအသစ်လေးနဲ့ အပြတ်မိုက်နေတယ်။
မက်လုံးအကြောင်းတော့ မပြောချင်ဘူး...။ အားလုံးက မက်လုံးတစ်မျိုးမဟုတ်တစ်မျိုးနဲ့ ကင်းနိုင်ကြတာမှမဟုတ်တာ။ အချစ်မှာကော ဘယ်လိုမက်လုံးတွေပါလဲဟင်...?
ချစ်ကြည်အေး ရေ
ReplyDeleteအိမ်သစ်လေး နဲ့ လန်းလှချီလား မက်လုံး ကောင်းကောင်း ပေးရင် လုပ်ချင်လာတာ လူ့စိတ် ပေါ့
ခင်မင်စွာဖြင့်
ရွှေစင်ဦး
မရေ..မျက်စိတောင်လည်သွားတယ်..အိမ်မှားလာသလားလို့ ... ..အိမ်သစ်လေးနဲ့  အပြတ်လှနေပါလားး ..စာလာဖတ်တယ်..
ReplyDeleteမက်လုံးပေးလို့ ပေးမှန်း သတိမထားမိကြတော့ ..မက်လုံးတွေထဲမှာပဲ ကျင်လည် နေကြရတာပေါ့အစ်မရယ်...
အဲဒီလောင်းကစားသမားအကြောင်းဖတ်ရတာ တော်တော်အံ့သြသွားတယ်။ လောင်းကစားသမားတို့ထုံးစံ အနိုင်ပြန်လိုချင်လို့ ငွေထိုးပြီး လိုက်ရင်း၊ လိုက်ရင်းနဲ့ ၂၆ မီလျံထိဖြစ်သွားတာ။ ဒါတောင်ရည်းစားက မရပ်ရင် ကိုယ့်ကိုကိုယ် သတ်သေမယ် ချိန်းခြောက်လိုက်သေးတာနော်။
ReplyDeleteဟိုးနှစ်များဆီက ခေတ်စားခဲ့တဲ့ Multi level marketing ကလဲ ဘာထူးလဲ။ မက်လုံးပေးင်္ပြီး လူတွေဆီက ငွေလိမ်တာပဲ။ လောဘကြီးသူတွေ ခံလိုက်ရတာများတယ်။ တို့ပြည်တို့ရွာမှာလဲ ခံလိုက်ရသူတွေ ပြည့်လို့။
ကိုယ်တွေလဲ သိပ်ောတ့မထူးပါဘူး။ အန်တီအကြည်ပြောသလို buy one get one free ဆို လာထားပဲ ...း))
This comment has been removed by the author.
ReplyDeleteလောင်းကစားနဲ့ပတ်သက်ပြီး ဒီလိုတော့ မပြောပါနဲ့ မချစ်ကြည်အေးရယ်။ (ဗိုလ်အောင်ဒင်ဇာတ်ကားထဲက ရာမ လေသံနဲ့ပြောရရင် “ဒီမှာ၊ ငါမခံချင်တဲ့ စကားကို မပြောစမ်းပါနဲ့ သိန်းရင်ရာ”)။
ReplyDelete“ကြက်ကန်းခွပ်လို့ ပွဲကျွတ်အောင်နိုင်သေးသပ။ ကံဆိုင်လို့တကယ်၊ ချက်ကောင်းကိုတွယ်မိလျှင် ရေသည်မောင်မောင် လူနေလှလို့ ရွှေချသလို ပြောင်ရော့မယ်” ဆိုသလို ကံကူလို့ ကာစီနိုမှာ သန်းချီပြီး နိုင်သွားခဲ့ရင် မောင်ပေါတို့ အပျော်စီး ရွက်လှေ ဝယ်ပြီး ကရစ်ဘီယံပင်လယ်ထဲကို ပျော်ပွဲစားထွက်ပစ်လိုက်ဦးမယ်။ အဲ... အခုတော့ ဝင်ကြေး ဒေါ်လာ ၂၀၀ နှမြောလို့ ကာစီနို အနားကို မသီနိုင်သေးဘူး။
ဒီပို့စ်ကို ဖတ်ရင်း ကာစီနို စဖွင့်တဲ့နေ့က အဖြစ်အပျက်တခုကိုလည်း သတိရမိသေးတယ်....
ပထမဦးဆုံးအကြိမ်ဖွင့်တော့ ကာစီနိုရှေ့မှာ ကြိတ်ကြိတ်တိုးတန်းစီနေတဲ့ လူအုပ်ထဲက တချို့ကို အင်တာဗျူးပြီး တီဗီသတင်းအဖြစ် လွှင့်စဉ်ကပေါ့။ အဲဒီနေ့အတွက် မက်လုံးက အလကားဝင်ခွင့်ရတာလား၊ ဝင်ကြေးဈေးလျှော့တာလား ကျနော်အသေအချာ မမှတ်မိဘူး။ ဒါပေမယ့် အဲသည်နေ့မှာ ကာစီနိုထဲ ဝင်ကာနီး တန်းစီနေတဲ့လူတွေကို အင်တာဗျူးတော့ အဗျူးခံရတဲ့ လူတိုင်းလိုလိုက “လောင်းကစားဆိုတာ အလွန်အကျွံဆိုရင် မကောင်းဘူး၊ လစ်မစ်ကို သိကြဖို့၊ တချို့တွေက ကိုယ့်လစ်မစ်ကို ကိုယ်မသိကြဘူး။ အဲဒါကြောင့် ဒုက္ခရောက်ကြတယ်” စသဖြင့် လူတိုင်းလိုလို ဖြေဆိုရာမှာ ထည့်ပြောတာကို တွေ့ရတော့ ကျနော့်မှာ အံ့သြခြင်းကြီးစွာ ဖြစ်ရပါတယ်။ အံမယ်...အံမယ်.... ဒီမောင်မင်းကြီးသားတို့ မယ်မင်းကြီးမတို့က ဘယ်သူတွေကိုများ တရားဟော ဆုံးမနေချင်တာပါလိမ့်ပေါ့။ ဘာကြောင့်လဲဆိုတော့ သူ့တို့သာလျှင် စိတ်မထိန်းနိုင်လို့ ပထမဦးဆုံးနေ့မှာပဲ စွေ့ကနဲ ကာစီနိုရှေ့ကို အရောက်သွားပြီး တန်းစီတိုးဝှေ့နေကြတာ မဟုတ်ဘူးလား။ ကျန်တဲ့လူတွေ ကိုယ့်စိတ်ကိုယ် နိုင်ကြလို့ အိမ်မှာ နေနေကြတယ် မဟုတ်ဘူးလား။ ဒီကြားထဲမှာ ငပြူးကပြဲပြတယ်ဆိုသလို တီဗီပေါ်မှာ သူတို့က ပြန်ပြီး လက်ချာရိုက်ချင်လိုက်ကြသေးတယ်လို့ တွေးမိပါတယ်။
မချစ်ကြည်အေးကတော့ "they" လို့ မသုံးဘဲ သူသူကိုယ်ကိုယ် ဖြစ်တတ်ကြတဲ့ သဘောသဘာဝမျိုးတွေကို “ကျမတို့” ဆိုတဲ့ နာမ်စားနဲ့ ခံသာအောင် ရေးပြတာဖြစ်တဲ့အတွက် ငပြူးတို့အုပ်စုမှာ ပါဝင်ခွင့်မရတော့ဘဲ တင်ပြပုံ ညက်ညောတဲ့ စာတပုဒ်ဖြစ်သွားပါကြောင်း။
ဟဟဟ မချစ်ရေ သိပ်မှန်တယ် သိလား အပေါ်က မဆွိပြောသလိုပဲ buy one get one free ဆိုရင် ဈေးတောင် သိပ်မကြည့်တော့ဘူး ကောက်ဆွဲလိုက်တာပဲ ဟဟဟဟ
ReplyDeleteမက်လုံး မက်လုံး များက မျက်လုံးအကြောင်းများ ပြောမလားလို့ များတို့ သူငယ်ချင်းတွေက မျက်လုံးကို မက်လုံး မက်လုံး ခေါ်ကြတာကိုးးး ဟိဟိ
အမည်းနဲ့ရေးထားတဲ့ စာကြောင်းတွေ ကြိုက်၏
အိမ်ပြင်ထားတယ်နော် လှ၏ တာ့တာ
ထီပေါက်ရင် အကြွေးတွေ ဆပ်ပြစ်မယ်
ReplyDeleteထီတိုက်ဖို့ သတိရသွားပြီ
ဟပ်ချလောင်း ပေါက်စေ
လောင်းကစားဖို့ မပြောနဲ့ ထီတောင် မထိုးဘူး...
ReplyDeleteပေါက်မှာလဲ မဟုတ်တဲ့ အတူတူ မုန့်ပဲဝယ်စားလိုက်တယ်...
ဒါနဲ့ စကားမစပ် ကြက်ဥ ကုလားဟင်း စားချင်တယ်...
တရက်လောက် ချက်ကျွေးပါလား...း))
အစ်မချစ်ရဲ့ ဒီအပုဒ်ကတော့ တကယ်ထိတယ်။ မက်လုံးများအကြောင်းကို ကွင်းကနဲ့ပဲ..။ အခုဆို ဈေးဆိုင်တွေကလည်း နွေရာသီ လျော့ဈေးတဲ့ ချရောင်းနေတယ်။ ဈေးချိုတယ်ဆိုပြီး တကယ်မလိုပဲနဲ့ ၀ယ်ပစ်တာတွေလည်း မကြာခဏ..ဖြစ်နေတာ အီး..
ReplyDeleteမနက်ဖြန်မှာ ချေးထားတဲ့ အကြွေး ပြန်ပေးရမယ် ဆိုရင်တော့
ReplyDeleteဒီနေ့က မက်လုံးပေါ့ အမ ...း)
ဘလော့ဂ်တွေ လိုက်ဖတ်တာလဲ..........ဘာတခုခုများရမလဲ မက်လုံးနဲ့ပဲလေဗျာ :)။ ဘလော့ဂ်ရှင်က တမင်ပေးထားတာတော့ မဟုတ်ဘူးပေါ့။ ဖတ်သူက လိုချင်တာ။
ReplyDeleteအိမ်ပဲပြန်တော့မယ်ဗျာ.. အဲဒီမက်လုံးတွေတော့ လိုချင်ဘူး...။
ReplyDeleteမက်တယ်....ဒါပေမဲ့လဲ ခံရပေါင်းများလို့...စိတ်လျော့..စိတ်လျော့..
ReplyDeleteကိုယ့်ဖာသာဆုံးမနေရတယ်...
ဇွန်ကတော့ အပတ်တိုင်း ထီ (တိုတို) ထိုးတယ်။ တစ်ခါထိုး စလုံးတစ်ဒေါ်လာဖိုးပေါ့။ တစ်ပတ်မှာ ပုံမှန် နှစ်ဒေါ်လာဖိုးလောက် ထိုးဖြစ်တယ်။ ပေါက်ရင် ဘာလုပ်မယ် ညာလုပ်မယ် မျှော်လင့်ချက်တွေနဲ့ပေါ့။ အဲ...တစ်နေ့က ထိုးထားတဲ့ထီ မတိုက်ရသေးဘူး၊ တိုက်လိုက်ဦးမှ။:D
ReplyDeleteအမလေးရေ ...
ReplyDeleteကောင်းတယ်ဗျို့ 
ကျွန်တော်တို့ လို လောင်းကစား ၀ါသနာပါတဲ့ သူတွေအတွက်တော့ ပညာပေးပို့ စ် တစ်ခုလို. မှတ်ယူမိပါတယ်
လောင်းကစားကိုလျှော့ဦးမှ ...
မသက်ဝေ ရဲ့ ထီမထိုးပဲ အလှူလုပ်မလားလို. ဆက်ဖတ်လိုက်တော့ မုန့် ဝယ်စားမယ်ဆိုတဲ့ ကွန်မန်. လေးကိုလည်း ကြိုက်ပါတယ် သူက အမှန်ပြောတာကို ..
ထီမထိုးဘူး။ ၂လုံး၃လုံး မထိုးဘူး
ReplyDeleteမက်လုံးကို မမက်လို့ရယ် မဟုတ်ဘဲ
ကိုယ့်ကံကြမ္မာကို ကိုယ်မယုံကြည်လို့။
ကံကောင်းပြီး ပိုက်ဆံအလကားရမဲ့ စာရင်းထဲမှာ ကိုယ်မပါနိုင်မှန်း သိနေတယ်လေ။
ဘောလုံးပွဲတော့ လောင်းကြေးလေးနဲ့မှ ကြည့်ရတာ ပိုပြီး ရင်ခုန်ဖို့ကောင်းတာနော။
ပိုက်ဆံကြေးမဟုတ်ရင်တောင် ဆရာခေါ်ကြေး၊ ထမင်းကျွေးကြေး တို့လို ပေါ့ပေါ့ပါးပါးမျိုးပေါ့။း)
အလောင်းအစားကတော့ အကျိုးမပေးမှန်းသိလို့ မလုပ်ဖြစ်ဘူး။ ဒါပေမဲ့ ထီတော့ တစ်ခါတစ်ခါ ထိုးဖြစ်တယ်။ အမပြောသလို ထီပေါက်ခဲ့ရင်ဆိုတဲ့ အတွေးနဲ့ပေါ့။
ReplyDeleteယူတတ်ရင် သင်ခန်းစာတွေချည်းပါဘဲ။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
ပိုက်ဆံနဲ့ပတ်သက်တဲ့ လောင်းကစားဆို ဘယ်လိုလောင်းကစားမျိုးကိုမှ ၀ါသနာမပါပါ... :)
ReplyDeleteမက်အောင်မြူဆွယ်နေတာ မက်လုံးပေါ့နော်..။ ကြော်ငြာမက်လုံးတွေပေးတိုင်း ၀ယ်ယူမသုံးစွဲပေမယ့်၊ ကံကောင်းမလားလို့ ထီတော့တစ်ခါတစ်လေထိုးတယ် ..။
ReplyDeleteအင်း မချစ်ကြည်အေး ရေ
ReplyDeleteဒါပေါ့လေ လောဘ၊ဒေါသ၊ မောဟ တွေ နဲ့ လူသားဖြစ်နေကြရတာပဲ ကို။
ဒီတော့ ဒီလိုရလေ လိုလေ အိုတစ္ဆေ ရဲ့  အတောမသတ် စိတ် ကို မထိန်း
နိုင်တော့ လိုက်မှန်းမသိ လိုက်ရာ က နေ ဆုံးရှုံးရတော့တာပါပဲ။
ကျွန်တော် တို့  လူသားတွေ ဟာ လဲ လောက ရဲ့  ချိုမြိန် တဲ့ ပျားရည်စက် ကို အာသာငမ်းငမ်း လိုက်ယင်း နဲ့ ပဲ ဘဝ ရဲ့ ခရီးလမ်း
ကို လျှောက်နေကြရတာပါပဲလေ။ လူထဲ က လူပဲ မို့ လဲ ဖြစ်တတ်ကြ
ပါတယ်လေ။
မက်လုံးတွေ ကို ရှောင်ရှားနိုင်ကြပါစေဗျာ။
စာရေး ကောင်းတဲ့ မချစ်ကြည်အေး လဲ ကာစီနိုနားမသွားနဲ့ နော်။ :D
လောင်းကစား မလုပ်ဖူးပေမဲ့ ထီတော့ ထိုးမိတယ် မမရေ။ ကံလေးများ ကောင်းလေမလားလို့ ထီဆိုင်ရှေ့မှာ တကျပ် တကျပ် သွားသွား ထိုးရတာ အမော..။ :D
ReplyDeleteဟုတ်တယ်အမရေ....လောဘမရှိတဲ့ ပုထုဇဉ်ဆိုတာ ရှိမယ်မထင်ပါဘူး..
ReplyDeleteခုခေတ်ဆိုပိုဆိုးသေးတယ် မက်လုံးတွေနဲ့ လူတွေလဲ တော်တော်ပျက်စီးနေကြပြီ....
ခင်တဲ့
မိုးငွေ့
မက်လုံးအကြောင်းကတော့ ပြောရင်ဆုံးမှာ မဟုတ်ဘူးမချစ်ရေ..။
ReplyDeleteမိတ်ဆွေတစ်ယောက် မက်လုံးမက်ပြီး ခေါက်ဆွဲခြောက်တစ်ဖာပြီးတစ်ဖာ ၀ယ်စားတာ Thank You နဲ့ပဲတိုးပြီး ဆော်ဒါတန်ခိုးနဲ့ ဆံပင်တွေ ကျွတ်တာသာ အဖတ်တင်ခဲ့ရကြောင်းပါ။
ဒီနေ့အတွက် အသက်ရှင်နေခြင်းဆိုတာ ပို၍ကောင်းသော မနက်ဖြန် ဆိုတဲ့ မက်လုံးကြောင့်ပဲ ...ဆုတာလေးကို 100 % ထောက်ခံပါ၏။ မြသွေးနီ တို့လည်း သေသည်အထိ ဒီမက်လုံးလေးတွေနဲ့ပဲ အသက်တွေ ဆက်နေကြရဦးမှာပါ။ အကြောင်းအရာလေးရွေးထာားတာကောင်းတယ် မချစ်ရေ..။
မက်လုံး ဆိုလို့လာကြည့်တယ်။ အောင်မငှေး ၃ လုံးတောင်မှ။ :P
ReplyDeleteမျက်လုံးအေးတဲ့အိမ်သစ်လေးဆီရောက်ခဲ့တယ်အမချစ်..။
ReplyDelete`မက်လုံး´ ဆိုတာကြောက်စရာအကောင်းဆုံး စကားလုံးပါပဲ။
မက်လုံးကြောင့် မဖြစ်သင့်တာဖြစ်ကြရသလို..မက်လုံးမရှိပြန်ရင်လည်း
ကြိုစားနိုင်တဲ့ အင်အားယုတ်လျော့သွားနိုင်သလားလို့.။
ခင်တဲ့
သဒ္ဓါ
Casino တော့မကစားချင်ဘူး၊ Casino ကို run ချင်တယ်၊ run တတ်ဘို့ အနည်းဆုံးကစားတတ်ရမယ်၊
ReplyDeleteမက်လုံးဆိုလို့ ဘာများပေးမလဲပြေးလာတား)
ReplyDeleteလောင်းကစားဝါသနာမပါလို့ ကိုယ့်ကိုယ်ကို ပြန်ကျေးဇူးတင်နေတား)
ကိုကို နေ့ တိုင်းလာနော်လို့  ကြော်ငြာတာ သိမ်ကြီးဈေ အပေါ်ထက်က ဆိုင်တွေမဟုတ်ပါ။ ကုကိုင်းက JOY စားတော်ဆက် ဖွင့်ကာ စ တုံးကပါ။
ReplyDeleteဖွင့်ချသွားပါသည်>>>
ReplyDeleteကျေးဇူး၊ ကျမ အမှတ်မှားတာပါ၊ ပြင်လိုက်ပါမယ် :)
လူဆိုတာကလည်းခက်တယ်၊ ကောင်းတဲ့အရာတွေ ဥပမာ ထီဆိုရင် ကိုယ်ပေါက်မယ်လို့ ထင်တတ်ကြပြီး မကောင်းတာတွေကျတော့ ဥပမာ ကားတိုက်သေတာမျိုး ကင်ဆာဖြစ်တာမျိုးကျတော့ ကိုယ်မဖြစ်နိုင်ပါဘူးလို့ ထင်နေတတ်ကြတယ်။
ReplyDeleteကျနော်ထီထိုးဖြစ်တယ်။ ဒါပေမဲ့ တိုက်ရမှာအင်မတန်ပျင်းတယ်။ ထီရောင်းပြီး ပေါက်မပေါက် တိုက်ပေးတဲ့ဆားဗစ်မျိုး ရှိသင့်တယ်၊ ဟင်း။
၅၀ ရာခိုင်နှုန်းချတယ်ဆိုလို့ သွားဝယ်လည်း ဈေးက အရင်ကထက် ပိုတင်ထားတော့ တဝက်ချလည်း သိပ်မထူးဘူး ဖြစ်နေတာပါပဲ။ ဒါပေမယ့်လည်း အဲဒီလို စာကပ်လိုက်တာနဲ့ ဝယ်သူက စည်ကား သွားတော့တယ်။
ReplyDeleteမက်လုံးမှန်းသိပေမယ့်...
ReplyDeleteအဲဒီနောက်ကို လိုက်လိုက်သွားမိတယ်..မကြီးရေ...
တလ တခါတော့ ထီမှန်မှန်ထိုးဖြစ်နေတယ်...
“ထီပေါက်ရင်”ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ပေါ့...
မြန်မာပြည်ပြန်ချင်လို့....
တိုင်းတပါးမှာ အနှိမ်ခံနေရတဲ့ ဘဝကို ခါးသီးလွန်းလို့...