Wednesday, July 28, 2010

Cebu မြို့(ဖိလစ်ပိုင်) သို့ တခေါက်-၃

ဒုတိယနေ့ အစမှာတော့ သူရဲကောင်း လာပူလာပူ ရဲ့ ဂူဗိမ္မာန် (Lapu Lapu Shrine)ကို သွားရောက်ခဲ့ကြပါတယ်။ April 7, 1521မှာ ဆီဘူးဘုရင် Rajah Humabon ရဲ့ လှိုက်လှဲစွာ ကြိုဆိုမှုနဲ့ ပေါ်တူဂီလူမျိုး Ferdinand Magellan ရောက်ရှိလာပြီး အနီးအနားလူတစု ၇၀၀ခန့် ကို ခရစ်ယာန်ဘာသာထဲ သွတ်သွင်းဝင်ရောက်စေခဲ့ပါတယ်။

ဒါပေမဲ့ Mactan Island ရဲ့ဘုရင် Datu Lapu-Lapu ကတော့ အလွယ်တကူ လက်မခံပဲ ပြန်တိုက်ခဲ့တာကြောင့် April 27, 1521ခု Battle of Mactan မှာ Lapu-Lapu ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ ဒါကို ဂုဏ်ပြုသောအားဖြင့် Mactan Island မှာ လာပူလာပူရဲ့ ဂူဗိဗ္မာန် တည်ထားခဲ့ခြင်းပါ။

The Lapu-Lapu shrine is a 20-meter bronze statue in Punta Engaño, Mactan Island, Cebu, Philippines, erected in honor of Datu Lapu-Lapu, a Muslim king who defeated Spanish soldiers and killed Portuguese explorer Ferdinand Magellan in the Battle of Mactan on 1521.

(Link:http://en.wikipedia.org/wiki/Lapu-Lapu_shrine)


သူရဲကောင်း လာပူလာပူ ရဲ့ ဂူဗိမ္မာန်



သူရဲကောင်း လာပူလာပူ ရဲ့ ကြေးရုပ်တု


အနီးအနားက အမှတ်တရ ပစ္စည်း အရောင်းဆိုင်လေးတွေ....


Saint Michael -archangel ကို နာမည် ယူထားတဲ့ San Miguel Corporation ဆိုတဲ့ food, beverage and packaging company ဟာ ၁၈၉၀မှာ တည်ထောင်ခဲ့ပြီး ခုဆိုရင် one of Southeast Asia's leading food, beverage, and packaging companies ဖြစ်တယ်လို့ ဆိုပါတယ်။ လမ်းဘေးကနေ ဖြတ်သွားရင်း အထင်ကရ San Miguel ကို ကားပေါ်ကနေ လှမ်းရိုက်ခဲ့သေးတယ်။



ပြီးတာနဲ့ ဆီဘူးက အကောင်းဆုံး ဟိုတယ်တွေကို လိုက်ပြပါတယ်။ Plantation Bay Resort & Spa၊ Shangri-La နဲ့ Imperial Palace Waterpark Resort & Spa တို့ကို သွားကြည့်ခဲ့ ကြပါတယ်။ အားလုံး ကြယ်ငါးပွင့် အဆင့်ရှိတဲ့ ဟိုတယ်တွေချည်းပါ။

ဧည့်ကြိုဝန်ထမ်း အမျိုးသားတွေ အရမ်း သဘောကောင်းပြီး ကားရပ်တာနဲ့ မောင်းသူ လက်ထဲက ကားသော့ယူ၊ ပါ့က်ကင်ထိုးပေး သူကပေး၊ တံခါး ဖွင့်ပေးသူကဖွင့်နဲ့ ဟိုတယ်မှာ တည်းသူရယ် ဘာရယ်မရွေး အားလုံးကို တန်းတူ ခရီးဦးကြိုပြုပါတယ်။ ကျမ ရောက်သွားခဲ့တဲ့ ဟိုတယ်တိုင်းမှာ ရေကူးကန်တွေ ခမ်းနားလွန်းတာ သတိထားမိပါရဲ့။ သာမန်တွေ့ဖူးနေကျ ဟိုတယ်ရေကူးကန် ဆိုတာထက် Water Park လိုမျိုး ရေလွှာလျှောစီးလိုမျိုးတွေ အပြိုင် အဆိုင် လုပ်ထားကြတာပါ။







ရေကူးကန် ၄-၅ခုကို ပတ်ပတ်လည် ဆက်သွယ် ယှက်ဖောက်ထားတဲ့ ရေမြောင်းကလေးတွေ တလျှောက် ပျော်ပျော်ကြီး စီးမျော လိုက်ပါနိုင်သေးတာ။ ကလေးတွေ မပြောနဲ့ ကျမတို့အရွယ် လူကြီးတွေတောင် တကယ့်ကို ခုန်ဆင်း ဆော့ကစားချင်လောက် အောင် ဆွဲဆောင်နိုင်လွန်းတဲ့ ရေကူးကန်တွေပါ။ ဪ...တကယ်ပဲ ဟိုတယ်တည်းခိုသူ ဧည့်သည်တွေအတွက် စရိတ်အပို ကုန်ကျခံပြီး လုပ်ပေးထားရှာတာလို့ အတီးအတ တွေးမိသေးတယ်။


နောက်ဆုံး ဟိုတယ်ကျမှ တည်းခိုခဈေးနှုန်း သိချင်စိတ်တွေ ထိန်းမရတာနဲ့ ဧည့်ကြိုကောင်တာနား သွားကြည့်မိမှ အို့ ဟိုး ဒါ့ကြောင့်ကိုး...လို့ သဘောပေါက်သွား တော့တယ်။ ရေကူးကန်မှာ ကစားဖို့ရယ်၊ နေ့လည်စာ သို့မဟုတ် ညစာ၊ ပြီးတော့ ဟိုတယ်တခွင် ကားလေးပတ်မောင်းပြတာရယ် ၃ နာရီ ဆို ဘယ်လောက်၊ ၄ နာရီဆိုဘယ်မျှ အဲသလိုမျိုး Package လည်းရှိ သကိုး။ ဒါ့ကြောင့် ဟိုတယ်ဧည့်သည်အပြင် နာရီပိုင်းနဲ့ ရေကစားဖို့ လာသူတွေအတွက် ရေကူးကန်တွေကို ဒီလောက် ကောင်းကောင်း လုပ်ပေးထားတာပေါ့။

ဒါဟာလည်းပဲ ဟိုတည်ကြီးတွေ အနေနဲ့ သူတို့ရဲ့ ရပ်တည်မှုအတွက် တဖက်တလမ်းက ဝင်ငွေရှာခြင်းပဲ မဟုတ်လား။ တချို့ ဟိုတယ်တွေကတော့ ဟိုတယ်ထဲမှာပဲ ကော်ဖီဆိုင်ဖွင့်လို့ဖြစ်စေ၊ ဆိုင်နေရာ ပြန်လည်ငှားရမ်းလို့ပဲ ဖြစ်စေ ဘူဖေးညစာတွေ၊ ဟိုင်းတီးဘူဖေးခေါ် နေ့လည်ခင်းစာတွေနဲ့ပဲ ဖြစ်စေ ဝင်ငွေရှာလေ့ရှိကြပါတယ်။ ခရက်ဒစ်ကဒ် ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ဈေးချတာမျိုးတွေလည်း ရှိပါရဲ့။ ရေကူးကန် အချိန်ပိုင်း ပေးသုံးတာမျိုးတော့ ခုမှ တွေ့ဖူးတာပါ။

ကျမတို့ရွာက ဟိုတယ်တွေ ဘောလုံးပွဲရာသီမှာ စကရင်အကြီးကြီးနဲ့ ပြပြီး ဘီယာရောင်းစားကြတာမျိုး ရှိပေမဲ့ ဘောပွဲရာသီက အချိန်ပိုင်းလေးပဲဆိုတော့ ရေရှည်မှာ ဘယ်လိုများ ရပ်တည်ဖို့ ကြိုးပမ်းကြပါလိမ့်။ ရေဆော့ဖို့ဆိုတာ ကလေးရော လူကြီးပါ အကြိုက်ဖြစ်တာမို့ အမြဲလို စည်ကားနေနိုင်ပါတယ်။ ဒါပေမဲ့ အဲဒါလည်း ဈေးတော့ မသေးလှပါဘူး။ ရွာမှာ ဟိုတယ်လုပ်ငန်း လုပ်နေတဲ့ သူငယ်ချင်းနဲ့ တွေ့တုန်းက ခမျာ ငြီးညူရှာတယ်။ ဧည့်သည်မရှိတော့လည်း မရှိလို့၊ ရှိပြန်တော့လည်း မီးမလာလို့ မီးစက်မောင်းရတဲ့အတွက် ဆီဖိုးထပ်စိုက်ရတဲ့ အကြောင်းပါ။

ခုတော့ သူလည်း ဘယ်လိုရပ်တည်နေတယ် မပြောတတ်ဘူး။ ဟိုတယ်မှာပဲ မနက်စာ၊ နေ့လည်စာတွေကို မြန်မာမုန့်၊ မြန်မာဟင်း လေးတွေ ကောင်းကောင်းချက်ပြီး သင့်တင့်တဲ့ဈေးနဲ့ စားလို့ရအောင် ရောင်းချ၊ ပြီးမှ စားသုံးသူတွေ အတွက် စပါယ်ရှယ် ဟိုတယ် ဒစ်စကောင့် ထပ်ချပေး၊ အဲသလို လူခေါ်ရင်ရော...။ ဟင်း...မောပါတယ်...သူများတွေအတွက်ပဲ ပူနေရတယ်။

အဲဒီ ကြယ်ငါးပွင့်ဟိုတယ်ြကီးတွေကနေ ကိုယ်နေတဲ့ဟိုတယ် အသေးအနှုတ်ကလေးဆီ မပြန်ချင်တော့ဘူး စိတ်က ဖြစ်လာတာ ရေထဲ ခုန်ချနေခဲ့ချင်တာ။ နစ်တခါ မြုတ်တလှည့် ဖြစ်နေမစိုးလို့သာ....။


17 comments:

  1. လာပူလာပူဆိုတဲ့နာမည်ကိုတော့ တအားခိုက်သွားတယ်၊ ရေလွှာလျှောစီးတာရော မြန်မာမုန့်ကို သင့်တင့်တဲ့ဈေးနဲ့ရောင်းတာရော စိတ်ဝင်စားစွာဖတ်သွားပါတယ်။

    ပုံ.. ရင်ကိုဖွင့်ချခဲ့သူ မိဘပြည်သူတစ်ဦး

    ReplyDelete
  2. ဂျင်းပြောမယ့်စကားကို အပေါ်မှာ မိဘပြည်သူတစ်ဦးက ဦးအောင်ပြောသွားတယ်။ လာပူ လာပူဆိုတဲ့နာမည်ကို သဘောကျလွန်းလို့.... :))

    ပုံ/ဂျင်းစုတ်လေး

    ReplyDelete
  3. မမချစ်

    လာပူလာပူ နဲ့ အာပူလျာပူ ဆွေမျိုးတော်လားဟင်... အာပူလျာပူကျတော့ ရုပ်တုမရှိဘူးနော်

    တုံးလိုက်တာလို့တော့ မပြောလိုက်ပါနဲ့ ရွာမှာတုန်းက လျာပူအာပူပဲ ရှိတာကိုးလို့

    :)

    5Stars Hotel ကြီးတွေကို ခိုက်သွားတယ်... မမချစ်လိုတော့ ရေထဲခုန်ချမနေခဲ့ချင်ပါဘူး... ရေမှမကူးတတ်တာလို့...:D

    ReplyDelete
  4. ဆန်+မီဂယ်+ဘီယာ= ဘီယာ ၁ လုံး ဆိုလား အဲဒီဘီယာ ကုမ္ပဏီက ကံစမ်းမဲ ကြော်ငြာ ကိုတောင် သတိရသွားတယ်။

    ReplyDelete
  5. မသိသေး မမြင်ဖူးသေးတာတွေကို သိအောင်မြင်အောင် ပြောပြတဲ့ အမချစ်ကို ကျေးဇူးတင်ပါတယ်.... ကြယ်ငါးပွင့်မှာတော့ တစ်ညအိပ်ကြည့်ချင်သေး....။

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  6. ရေလာကစားပါတယ်။

    ReplyDelete
  7. This comment has been removed by the author.

    ReplyDelete
  8. ရင်ကိုဖွင့်ချခဲ့ ပါတယ်။ မမချစ် :)

    ReplyDelete
  9. ရေကူးကန်ထဲ ၀ုန်းကနဲ ခုန်ဆင်းချင်မိအောင် ဆွဲဆောင်ထားတယ်နော်။ တစ်ခါလောက်တော့ ပိုက်ဆံစုပြီး သွားတည်းကြည့်ဦးမယ်။

    ပုံ/
    ရေထဲခုန်ချဆင်းကစားဖို့ ဆန္ဒပြင်းပြနေသူ

    ReplyDelete
  10. မကြီးအေးရေ့.......

    ပုံတွေကြည့်ရင်း......အနော်တော့ ရေပဲကူးချင်တာ.........း))

    ခင်မင်ခြင်းအားဖြင့်.......
    ဏီလင်းညို

    ReplyDelete
  11. ချစ်ကြည်အေး ရေ

    သူရဲကောင်း လာပူလာပူ က လက်ထဲမှာ ဘာလက်နက်တွေ ကိုင်ထားတာလဲဟင်

    အဟဲ နံမည် တော့ သဘောကြတယ် လာပူလာပူ လာပူလာပူ
    ရေကူးကန် မှာ ရေ ကူးချင်လိုက်တာ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  12. အစ်မ..ရေကူးကန်ထဲမှာ နစ်တစ်ခါ မြုပ်တစ်လည့်ဆိုတော့ ဘယ်တော့လောက်ပြန်ပေါ်မှာလဲဟင်င်င်င်င်င် :) ကျနော်ကတော့ ကြယ်ငါးပွင့်တွေပေါ်ပဲ တက်အိပ်ခဲ့တော့တယ် ကျေးဇူး :)

    ခင်တဲ့(ချိုကျ)

    ReplyDelete
  13. သူရဲကောင်းကြေးရုပ်ကြီးကို သဘောကျမိတယ်အစ်မရယ်
    ခန့်ခန့်ငြားငြားပါဘဲနော်..
    အားမာန်လဲပါလှတယ်.. မရောက်ဖူးတဲ့နေရာတွေ အစ်မကျေးဇူးနဲ့ ရောက်ဖြစ်သွားရသလိုပါဘဲ....
    ရေကူးကန်မြင်တော့ ကူးချင်သား
    ငယ်ငယ်က ချောင်းထဲမှာ တစ်နေကုန် ကူးခဲ့တာကို ပြန်သတိရမိသေးတော့တယ်..

    ReplyDelete
  14. စုံတွဲပုံတင်ပါဗျို့...:))

    ReplyDelete
  15. ခရီးသွားမှတ်တမ်းကို ခုမှပဲ တစုတစည်းထဲ ကြည့်ဖြစ်သွားတယ်။
    ရေကူးကန်မြင်ရင် ခုန်ဆင်းချင်နေတာ ပုံတွေ ကြည့်တာနဲ့တင် အထဲရောက်သွားချင်ရော..။

    ReplyDelete
  16. အနော်ရေးခဲ့တဲ့ ကော်မန့်တွေ ပျောက်..ပျောက်သွားတယ်။

    ReplyDelete
  17. မြတ်စွာဘုရား....မိုးကြီး ငါ ဘာမှ မဒီလိ ဘူးနော်...ဘလော့ဂ်တောင် မအားလို့ မဝင်ဖြစ်တာ....ခုမှ ကြည့်မိတယ်...ဘယ်ပိုစ့်မှာတုန်း....??

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...