Wednesday, June 2, 2010

ကမ္ဘာ့ဖလားခန့်မှန်းခြင်း/ချစ်ကြည်အေးနှင့် အင်တာဗျူး-အပိုင်း၃

ဆရာမ ချစ်ကြည်အေး ရွာပြန်စဉ် ခွက်ခွက်လန် စာအုပ်တိုက်မှ မောင်ဘလာဂေါ် နှင့် ပြောဖြစ်ခဲ့သော စကားဝိုင်းမှ အချို့အား ပြန်လည် ကောက်နှုတ်ဖော်ပြ ရသော်....

ဂေါ် : ဟာ ဆရာမ တွေ့ရတာဝမ်းသာတယ်ဗျာ၊ အတော်ပဲ ကျနော်လည်း မေးစရာလေးတွေ ရှိနေတာနဲ့...ချစ် : ရတယ်ရှင့် မေးပါ
ဂေါ် : ခုချိန်က ကမ္ဘာ့ဖလားပွဲကြီး နီးလာပြီဆိုတော့ ဖိုင်နယ်တက်မဲ့ ၄ သင်း ခန့်မှန်းတာတွေ ခေတ်စားနေတယ်ဗျာ၊ ဆရာမအနေနဲ့ရော ဘယ်၎သင်းကိုများ ထင်ကြေးပေးချင်ပါသလဲ ခင်ဗျာချစ် : အင်း...အမ အထင်တော့ အီတလီ၊ အာဂျင်တီးနား၊ ဘရာဇီး နဲ့ စပိန် လို့ ထင်ပါတယ် ကွယ်
ဂေါ် : ပိုင်တယ်ဗျာ၊ ဆရာမအနေနဲ့ ဘောလုံးသမားတွေရဲ့ ခြေကို အတော် လေ့လာပြီး ပြောတယ် ထင်ပါရဲ့ဗျာချစ် : ဘယ်ကလာကွယ်...ညာဘက်အောက် ၃ချောင်းမြောက် နံရိုးကို လက်သန်း လေးနဲ့ ထောက်ပြီး ဖြေလိုက်တာ ဆိုပါတော့ကွယ် ဟင်း ဟင်း ဟင်း

ဂေါ် : ဘယ်သူတွေ အခြေအနေ အကောင်းဆုံး ဖြစ်မယ်ထင်ပါသလဲ ဆရာမ
ချစ် : လွယ်လွယ်လေးများ...တို့ရွာက ဘောလုံးလောင်းကစား ဒိုင်ကိုင်တဲ့ သူတွေပေါ့ကွဲ့
ဂေါ် : စကားမစပ် ဆရာမရဲ့ မြန်မာ့ ဘောလုံးအပေါ် အမြင်လေး သိပါရစေ ခင်ဗျာ
ချစ် : တချိန်ကတော့ မြန်မာ့ဘောလုံး ရွှေခေတ်လို့ ပြောရလောက်အောင်ကို လျမ်းလျမ်း တောက်ခဲ့သပေါ့ ကွယ်၊ အေးလေ ခုလည်း ဖုန်းတဂိုး ကြီးတုန်းပါပဲ။ ဖုန်း ကနဲဆိုလို့ကတော့ တဂိုးသွင်းပြီးသား၊ တဖက်အသင်းက ကန်သွင်းသွား တာများ ပြောပါတယ်။


ဂေါ် : ဆရာမက အကောင်းမြင်တတ်ဖို့ အမြဲပြောလေ့ရှိတယ်နော်၊ အဲဒီ သဘောတရား လေးကို လက်တွေ့ ကျင့်သုံးပြပါလားခင်ဗျာ...ချစ် : အင်း...ပြောရရင် ပြီးခဲ့တဲ့ တလောဆီက တချို့မြို့ရွာတွေမှာ သောက်ရေ သုံးရေ အတော် ခက်ခဲခဲ့ကြတယ်လေ။ အဲဒီမှာ ပြည်တွင်းပြည်ပက စေတနာရှင်တွေ ပေါ်လာပြီး ပြည်သူလူထုကို ကူညီလှူဒါန်းခဲ့တာ။ တို့ပြည်သူတွေ ကိုယ်စွမ်းကိုယ်စ၊ ကိုယ်ထူကိုယ်ထနဲ့ ကိုယ့်အားကိုယ်ကိုးကြဖို့ အခွင့်အရေးကြုံလာတာ၊ တို့ပြည်သူတွေ ကိုယ့်ဒူးကိုယ်ချွန်ပြီး ကိုယ်ရည်ကိုယ်သွေး မြင့်မားအောင် အခြေအနေတွေ ဖန်တီးလာတာလို့ ဆိုချင်ပါတယ်ကွယ်။ ဟို ဘလော်ဂါကြီးတယောက်ပြောသလို ရေမီးအစုံ မြို့ရန်ကုန် ဆိုပါတော့ကွယ်...ဟင်း ဟင်း ဟင်း...
ဂေါ် : ဟုတ်ကဲ့ ကောင်းပါတယ် ဆရာမခင်ဗျာ ကျနော် ဖတ်မိပါတယ်


ဂေါ် : ဆရာမလည်း ကြားလိုက်မှာပါ၊ တလောကဖြစ်သွားတဲ့ ရွှေမင်းသမီးလေးနဲ့ အင်တာဗျူးသမားကိစ္စ၊ မီဒီယာတွေရဲ့ အပိတ်ကွယ်ရှင်တွေ၊ အရည်မရ အဖတ်မပါ ပါစင်နယ်မေးခွန်းတွေ ဒါတွေနဲ့ ပတ်သက်လို့ မီဒီယာတွေကို ဘယ်လိုများ အကြံပေးချင်ပါ သလဲခင်ဗျာချစ် : တလံအကွာလောက်ကနေ သတိနဲ့မေးပြီး သံခမောက်ဆောင်းသွားဖို့ ပြောချင်ပါတယ် ကွယ်


ဂေါ် : ဆရာမ ကျန်းမာရေး သိတ်မကောင်းဘူးကြားတယ် ခင်ဗျ၊ အခုရော...
ချစ် : ဪ...ကောင်းသွားပါပြီကွယ်၊ ဆရာဝန်က အမျှင်များများပါတာ စားရမယ်ဆိုလို့ အပ်ချည်လုံး တဒါဇင်ကြီးများတောင် ဝယ်ထားသေး၊ အရောင်စုံလေးတွေ...ဟိ ဟိ...။
ကိုအောင် ပျူနိုင်ငံရေ...ကျမ အင်တာဗျူးနဲ့အတူ တက်ဂ်လေးပါ ပါအောင် ဖြေပေးလိုက် ပါတယ်...။ အဆင်ပြေကောင်းပါရဲ့နော်...:)

မဖတ်ရသေးသူများ အတွက်

အင်တာဗျူး-၁


အင်တာဗျူး-၂

18 comments:

  1. ဟာ...တစ်ပါလား...အဟဲ...
    အစ်မချစ် အင်တာဗျူး တစ်နဲ့နှစ်ကို ဖတ်လို့မရလို့မဖတ်ရသေးပါ..။
    လောလောဆယ်သုံးကိုဖတ်ပြီးသကာလမှာ...မှတ်စရာများစုံလင်စွာမှတ်သားသွားပါသည်...။ မိုးငွေ့ဘလောက်ကိုလဲ သံမောက်ဆောင်းထားပါဦးမှပဲ

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  2. အစ်မချစ်.... ခဲတစ်လုံးနဲ့ ငှက် သုံးကောင် ပစ်လိုက်တာပေါ့လေ။
    ဘောပွဲခန့်မှန်း၊ရွှေမင်းသမီးသတင်း၊ရေပြဿနာ၊
    အတွေးကောင်းလေးတွေ လာဖတ်သွားပါသည်။

    ReplyDelete
  3. ဟိဟိဟိ . .

    ရွေးထားတဲ့ အသင်းတွေက အမိုက်တွေချည်းပဲ။
    နောက်ဆို ဘယ်သွားသွား သံခမောက် ဆောင်းသွားပါ့မယ် ခင်ည။
    အဝင်မှာ အမျှင်များရင် အထွက်မှာလည်း အမျှင်တွေ တန်းနေမှာပေါ့နော်။
    သံသရာရဲ့ အဝင်နဲ့ အထွက်ကိုသာ ဆိုလိုပါသည်။
    ထိုအမျှင်မှာ သံယောဇဉ် ဟု ခေါ်ပါသည်။

    ReplyDelete
  4. ဂေါ်နဲ့ဗျုးပြီး၊ ထင်ကြေးပေးလိုက်တာကိုး စုံနေတာပါပဲ၊ ကြည့်ပြီးတော့ အဗျုးခံနော် နာမည်ပေါက်နေဦးမယ်၊

    ReplyDelete
  5. Tag ဂိမ်း အခုလို ရေးပေးတာ တကယ်ကို ကျေးဇူးတင်ပါတယ်။
    အမရဲ့ အင်တာဗျူးက အရမ်းကောင်းတယ်၊ ကမ္ဘာ့ဖလားရာသီမှာ
    မြန်မာပြည်က လောင်းကစားဒိုင်တွေနဲ့ လောင်းကစားလုပ်ကြသူတွေ
    ကြား ရင်နာစရာ အဖြစ်တွေ ကင်းဝေးကြပါစေလို့ ဆုတောင်းပါတယ်၊
    မီဒီယာသမားတွေကို သံခမောက် ဆောင်းသွားဖို့ ဖြေထားတာ ကောင်းလိုက်တာ၊ ကျည်ကာအင်္ကျီပါ ၀တ်သွားဖို့ရော မမှာလိုက်
    ဘူးလား အမ ....း)
    ခင်မင်လျက် ...

    ReplyDelete
  6. ဒီအင်သာဗျူးကို ဆီဒိုးနားမှာမေးထားတာဆိုရင်တော့ ဂေါ်တို့ သံခမောက်ဆောင်းထားပုံပဲ..

    ReplyDelete
  7. မချစ်ကြည်အေး ရဲ့  ဗျူးချက် ဖြေကြားတွေ ကို အားရပါးရ ရယ်သွားကြောင်းပါခင်ဗျာ။
    ဟာသဥာဏ်အာဘော် ကလော်တိုင်းထွက် တဲ့ မချစ်ကြည်အေး ပေါ့ဗျာ။

    ReplyDelete
  8. နောက်ဆုံးတော့ ဒိုင်တွေပဲ စားမှာပါပဲ။
    ချစ်ကြည်မိုးဦးရဲ့ အင်တာဗျူးလေးဆိုပါတော့ ...။

    ReplyDelete
  9. ဟားဟား.. ကျနော်လည်း အင်တာဗျူးတစ်ခု ရေးလက်စကြီးရှိတယ်ဗျ၊ ဒါကတော့ မတက်ဂ်ပဲ တိုက်ဆိုင်သွားပြီ။

    ReplyDelete
  10. မမ ဟာသဥာဏ်အရမ်းထက် ရေးတာ အရမ်းတော်တာပဲ :D

    ReplyDelete
  11. အစ်မချစ်ကြည်... ရေးတာ အမြဲပြုံးပြီးဖတ်ရတယ်...

    ၁ နဲ့ ၂ လင့်က သွားကြည့်လို့လဲ မရဘူး...

    ReplyDelete
  12. အမချစ်အင်တာဗျူးအရမ်းကောင်းတယ်..။ ဖတ်ရင်းဖတ်ရင်းနဲ့ပြုံးနေ
    ရတယ်။။

    ခင်တဲ့
    ညီမသဒ္ဓါ

    ReplyDelete
  13. ၁ ရော ၂ ရော .. အခုနောက်ဆုံးဟာရေဖတ်ပီ တစ်ခွိခွိ ရယ်နေရတယ်

    ReplyDelete
  14. ဒေါ်ချစ်တို့ လက်စွမ်း ဟားဟား ရယ်လိုက်ရတာ
    အနော်လည်း ဟင်ဂလန်ပဲး)

    ReplyDelete
  15. ချစ်ကြည်အေး ရေ

    သံခမောက်ဆောင်းရုံ နဲ့ မလုံလောက်သေးဘူးထင်တယ်နော် သံချပ်ကာ ဝတ်စုံလောက်မှ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  16. ဘယ်သူတွေအခြေအနေအကောင်းဆုံးဖြစ်မယ်ထင်ပါသလဲ တို့ရွာက ဒိုင်ကိုင်တဲ့သူတွေပေါ့ကွယ်
    အမချစ်ပြောသလိုဆို ဒိုင်ကြီး၊ ဒိုင်လေးတွေ ဘက်တော်သားလုပ်ရမယ်ပေါ့ ဟုတ်လား အမချစ်
    တော်ပါ့ဗျာ
    အမျှင်များများပါတာ စားပါဆိုရင် ခေါက်ဆွဲ စားရတယ်ဗျ (ဒိုင်တွေဆိုရင် ကျန်းမားရေးနဲ့ညီအောင် အမြဲ ခေါက်ဆွဲစားတယ်ဗျ)

    ခင်တဲ့
    seesein

    ReplyDelete
  17. အပ်ချည်လုံးလာစားဦးမယ်...အဲလေ...လာငှားဦးမယ် :D

    ဂျင်ဂျင်း

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...