Friday, May 14, 2010

အချစ်=ကတောက်ကဆ

သူက ည ၁၀ နာရီကျော်တာနဲ့ ကွန်ပြူတာပိတ်ဖို့ စပြောပြီ။ ကျမကလည်း ပါးစပ်ကသာ အင်းပါ အင်းပါ နဲ့ လုပ်နေတာ...။ ၁၁ နာရီထိုးလည်း မပိတ်၊ ၁၁ နာရီခွဲလည်း မပိတ်၊ မျက်နှာကြီးပြုံးလို့ ဖြစ်စေ၊ မျက်လုံးကြီး ပြူးလို့ ဖြစ်စေ၊ မျက်ခုံး အတွန့်ချိုးလို့ ဖြစ်စေ...အဲဒီထဲက တခုခုသော အမူအရာနဲ့ ခေါင်းတခုလုံး ကွန်ပြူတာထဲ ဝင်တော့မတတ် ဘလော့ဂ် ဖတ်တုန်း။

အိပ်ရအောင် ချစ်ရေ

ဟာ....အိပ်နှင့်ပါလား

ညဖက် တယောက်ထဲ အိပ်ရမှာ သရဲကြောက်တတ်လို့ မိန်းမယူထားတာ မဟုတ်ဘူးနော် ချစ်လို့ ယူထားတာ ဒီမှာ ကိုယ့်ဘေးနားမှာ လာအိပ်စေချင်လို့

အာ...အိပ်မှ မအိပ်ချင်သေးတာ

အေး အေး မအိပ်နဲ့ မအိပ်နဲ့ မနက်ကျရင် ၆နာရီခွဲလည်း မထချင်၊ ၇နာရီထိုး လည်း မထချင်၊ နှိုးလို့လည်းမရနဲ့....

ဟာကွာ အာရုံပျက်တယ် ကိုယ့်ဘာသာ အိပ်မှာ အိပ်စမ်းပါ ဒီမှာ ပြီးအောင် ဖတ်လိုက်ချင်လို့
ဟော...ချစ်ရဲ့ ဘလော့ဂ် reader ညီမလေး တယောက် ဂျီမှာ လာနှုတ်ဆက်နေ ပြီ ပြန်ချက် (chat) လိုက်အုံးမယ် ခဏလေး....


ကျွတ်...အေး အေး မအိပ်နဲ့ နေ နေ...

11:33PM XXX: နေကောင်းလား မမ
11:34PM me: ကောင်းတယ် ညီမရေ
11:34PM XXX: မမ မအိပ်သေးဘူးလား
11:35PM me: အိပ်သေးဘူး စောပါသေးတယ် ညီမရဲ့
11:37PM XXX: မမ ဘာတွေလုပ်နေလဲ
11:37PM me: ဘလော့ဂ်လည် စာဖတ်
11:38PM XXX: @#$%^&*@#$^%^ ဟီးဟီး
11:39PM me: $%^&*@#$^% ဟိဟိ
11:40PM XXX: @#$%^&*@# ခွိခွိ
11:41PM me: $%^&*@#$^% ကွိကွိ

ချစ်....! ကိုကို စိတ်တိုလာပြီနော် မအိပ်ဘူးလား အခု

အေးပါကွာ ကိုကိုကလည်း ဒီမှာ shutting down နေပါပြီဆို...

ဒါက ကျမတို့ CKA အသံလွှင့်ရုံရဲ့ ညချမ်းချိန်ခါ တေးသံသာ ကဏ္ဍပေါ့...ညတိုင်း ၁၀:၃၀ မှာ လှိုင်း မလတ် တလတ် ၁၅၀၀ ကနေ လွှင့်လေ့ရှိပါတယ် ။ ဖရီကွမ်စီတူသူများ အတွက်တော့ ဘယ်လှိုင်းက ဖမ်းဖမ်း မိမှာပါ။

အနိမ့်အမြင့် အတက်အကျ မရှိ နေ့တိုင်း သံစဉ်တူနေတဲ့၊ ပျင်းရိပျင်းတွဲ နေ့စဉ် ဘဝထဲက အိမ်ထောင်သည် တချို့ အတုယူကြဖို့ပါ။ ဒါမျိုးလေးတွေ ရှိမှ၊ ဒီလို ကတောက်ကဆ လေးတွေနဲ့မှ အချစ်ရဲ့ နေ့စဉ်ဘဝ တောက်ပလို့နေတော့ မှာပေါ့...အားကျလိုက်ကြစမ်းပါ...:)


26 comments:

  1. သတိထားဦး၊ ကိုယ်တော်က အိပ်ချင်တဲ့သူနှင့် သွားအိတ်နေဦးမယ်၊ ပါတတ်တယ်။
    အလွမ်းတွေရေးနေရဦးမယ်။

    ReplyDelete
  2. သြော်...ဟုတ်ကဲ့ ဟုတ်ကဲ့ ...အံ့ဖွယ်သုတပါတကားးးးးးးး.....
    မှတ်သားသွားပါတယ် မမ :)))))


    ဂျင်ဂျင်း

    ReplyDelete
  3. ညချမ်းချိန်ခါ တေးသံသာ ပေါ့လေ...
    ည ၁၀ နာရီခွဲကနေ ဘယ်နှစ်နာရီအထိလွှင့်တာလဲ... ခွိခွိ...

    တကယ်တော့ ဘဝမှာ ကိုယ် စိတ်ဝင်စားတာ... ကိုယ် enjoy ဖြစ်တာတွေကို လုပ်ရဖို့လဲ သီးသန့် အချိန် နဲနဲလိုအပ်တယ် လို့ ထင်တာပဲ...။ အလွန်အကျွံ မဖြစ်ရင် အိုကေပါ... ဟုတ်တယ် ဟုတ်...း))

    ReplyDelete
  4. မှန်တာပေါ့ အစ်မရာ..
    နို့မဟုတ်ရင် ပျင်းစရာကြီး

    ReplyDelete
  5. အမ်. . .
    အနော်ဆို ပြောင်းပြန် လုပ်ရမှာပေါ့. . .ခစ်ခစ်. .
    ကျနော်လည်း ဒါဆို အမနဲ့ မတူတောင် ရေဒီယိုကို လိုင်းပြောင်းထားဦးမှ။
    နို့မို့ဆို ဖရီကွမ်စီ တွေတူနေရင် လိုင်းပူးကုန်ဦးမယ်. . ငှဲငှဲငှဲ.. .
    ( ကိုဇော် . . မင်းပိုင်သကွာ )

    ReplyDelete
  6. အနော့်လို လူပျိုလေးအဖို့ ဒါတွေနားမလည်ပေါင်..အားလဲမကျပေါင်... :P
    အချစ်မရှိ= no ကတောက်ကဆ.. ဒါကြောင့်နေ့စဉ်ဘဝလဲ မတောက်ပ.. ဟဟ
    မတောက်ပလဲ နေပေ့စေ.. တယောက်ထဲ ဘယ်လောက်ကောင်းလဲ
    (စပျစ်သီး ချဉ်သွားသည်)


    ခမမ

    ReplyDelete
  7. ဟင်...ကတောက်ကဆကလဲ..အဲလောက်လေးပဲလား..
    ပွဲကြီးပွဲကောင်းလေး..ရေးပါအုန်း

    ReplyDelete
  8. အနိမ့်အမြင့် အတက်အကျ မရှိ နေ့တိုင်း သံစဉ်တူနေတဲ့၊ ပျင်းရိပျင်းတွဲ နေ့စဉ် ဘဝထဲက အိမ်ထောင်သည် တချို့...???
    Are you trying to insult other couples...???
    Stupid...

    ReplyDelete
  9. အမည်မသိ ကျမရေးထားတဲ့စာကို အသေအချာဖတ်ရင် တခြား အိမ်ထောင်သည်တွေကို စော်ကားချင်တာလား၊ နောက်ပြောင်လိုစိတ်နဲ့ ကျီစယ်ချင်တာလား ခွဲခြားသိနိုင်ပါလိမ့်မယ်။

    စတုပစ်လို့ ပြောသွားတာကတော့ ပုဂ္ဂိုလ်ရေးအရ ခရော့စ်လိုင်း လုပ်သွား တာပါပဲ။

    ကျမ စာတွေကို မုန်းတဲ့စိတ် အခြေခံနဲ့ လာဖတ်နေတဲ့ အတွက် စိတ်မ ကောင်း ဖြစ်ရပါတယ်....

    ReplyDelete
  10. အိမ်ထောင်သည်ချင်းဆိုတော့ ဆုံးမစကားနည်းနည်းပြောမယ်ဗျာ။ ဘလော့ဂ်ဂင်းခြင်းသည် အိမ်ထောင်ရေးကို အနည်းနှင့်အများ ထိခိုက်စေသည်တဲ့။ သိပ်မဂင်းနဲ့ဗျ။ ကျနော်လည်း ဂင်းတာတွေများလွန်းလို့ ပြဿနာတက်ပြီးပြီ။

    ReplyDelete
  11. ခပ်မြင့်မြင့်ပြောသွားတာနဲ့ ဇွန်ပြောချင်တာ အတူတူပဲ ...အဟက်း))

    ReplyDelete
  12. ;) ဟိဟိ အိပ်ရေးသိပ်မပျက်စေနဲ့ဗျ
    အင်းပြောသာပြောရတာ ဘလောလည်ပြီဆိုရင်လည်း မထချင်တော့ဖူးလေ...

    ReplyDelete
  13. ခပ်မြင့်မြင့်နဲ့ဇွန်နဲ့ပြောသွားတာနဲ့ ကိုယ်ပြောချင်တာနဲ့ အတူတူပဲ.. အဟွန့်.. (ကိုယ်တွေ ခေတ်စားနေတယ်)

    ReplyDelete
  14. ဖြစ်နေပြီပေါ့... ဟဲ..
    လာမယ်..လာမယ်..
    ပြီးရင်..ဘယ်လိုတွေ ဆက်လာမလဲ ဆိုတာ..သိနေတယ်..
    စောင့်ကို ကြည့်အုံးမယ်..း)

    ReplyDelete
  15. အခု ဒီမှာ မနက်၁နာရီ ထိုးနေပြီ။ တူတူပါပဲ အစ်မရေ။ ခုမှ ဘလောက်လာဖတ်ရတာ။

    ReplyDelete
  16. ...ဟုတ်တော့ ဟုတ်တယ် ကြည်ကြည်ရေ့....
    ....ကတောက်ကဆများရင် ရင်တုန်မယ် ....

    ဟိဟိ နောက်တာ ဟုတ်ဘူး တကယ်ပြောတာ။ မောင်မိုး ပြောတာ ပေါ့သေးသေး မဟုတ်ဘူးနော်။

    မအယ်


    မောင်မိုးပြောတာ


    မအယ်

    ReplyDelete
  17. မချစ်ရေ.. မအားတဲ့ကြားက အရောက်လာသွားပါတယ်..။
    ရေးထားတာက ရေလည် ထိ...မိ...ငြိ တယ်ဗျို့..။

    ReplyDelete
  18. သူ့ကို ဘလော့ လုပ်ခိုင်းလိုက် မမ.. :D

    ReplyDelete
  19. ကိုယ်တွေဘဝများ အေးချမ်းလိုက်တာ
    ဆူမယ့်ပူမယ့်သူလည်းမရှိ
    ပျော်ပျော်ကြီးကို ဘလော့ဂင်း နေလိုက်တော့တယ်။
း)

    ReplyDelete
  20. မချစ်ကြည်အေး ရေ...ဒါလေးပဲလားဗျာ..ကတောက်ကဆ ကလည်း...စာဖတ်သူ နည်းနည်း ချွေးပြန်..မျက်လုံးပြူးသွား အောင်..ဒုတိယ ပိုင်းလေး လုပ်ပါဦး...ဟီးးး

    ReplyDelete
  21. အဟမ်းးးအဟမ်းးအဟွတ်အဟွတ်...
    ဒီသားအဖကိုတော့ သိပ်မပြောချင်ဘူး တကတည်းမှပဲ :P

    ReplyDelete
  22. သူများတွေလို ကတောက်ကဆဖြစ်ချင်လိုက်တာ..အင်း....

    ReplyDelete
  23. အမချစ်ရေ
    ဘကျောက်ပြောသလို ပွဲကြီးပွဲကောင်းတော့ လုပ်နဲ့နော် ၀င်မဆွဲဘဲနဲ့ မြှောက်ပေးနေမိမယ်

    ခင်တဲ့

    seesein

    ReplyDelete
  24. မမရေးတာကို ဖတ်ပြီး ရီလိုက်ရတယ်။ ကွန်မန့်တွေ ဖတ်တော့မှ သူတို့က ဖိုက်တင်ချတာကို ဆက်ဖတ်ချင်တာ နေမယ် မမး)))). အားလုံးအားပေးတယ် ဒါပဲလားတဲ့..။ မမရေ... ဆက်သာ ဘလော့ဂင်းတော့ .. ပြေးပြီ။း))

    ခင်မင်လေးစားလျှက်
    ဒဏ္ဍာရီ

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...