Sunday, April 11, 2010

ချစ်ကြည်အေး သင်္ကြန်

တုန်ချမ်း တုန်ချမ်း
တုန်ချမ်းချမ်း ဟေ့...!

အရှေ့က ကြားမယ်
နောက်ကနေ ကြားမယ်
ဘယ်နေရာရွေ့ ဘယ်တွေသွားသွား
ကြားရမှာက တုန်ချမ်း တုန်ချမ်း....

ကစမ်း ခုန်စမ်း ပက်ကြစမ်းဟ
ဟိုမှာ ဒီမှာ သူတို့ သူတို့.....
သင်္ကြန်တွင်းမို့ ထွက်လို့လာ
လမ်းပေါ် ရှိသမျှ အရူး နဲ့ အမူး....

အန်တီ ဦးဦး ဘဘတွေ
တရားမှတ်ရင်း တူးပို့ တူးပို့....

မြူးစို့ ရူးစို့ တနေကုန်အောင်
တအားထိုးပက်တာ ပိုက်စုတ် ပိုက်စုတ်....

စုံတွဲခုတ်တဲ့ ဟို အပျို
ကားပေါ်ရောက်မှ ငိုမဲ့ ငိုမဲ့....
တဘက်တထည် နဲ့ တိုးပြီးကာ
ဒီသင်္ကြန်ပျော်စရာ ခုန်ကြ ခုန်ကြ....

ညိုမြ လုပ်တဲ့ အပျိုကြီးတွေ
ဒီသင်္ကြန်မှာ ရိုးတိုး ရွတ....

လောင်းပါဟ ပက်ပါဟ
ပက်ပါဟ လောင်းပါဟ
ဟေလာ မောင်တို့ ဝါး..........။

တုန်ချမ်း တုန်ချမ်း
တုန်ချမ်းချမ်း ဟေ့...!

တောင်က ကြားမယ်
မြောက်ကနေ ကြားမယ်
ဘယ်မဏ္ဍပ်ရောက် ဘယ်ဆီပေါက်နေ
ဒီဂျေ ပွတ်သံ ဘဝဂ်ညံ
ကြွက်လန် ခွက်လန် ဒီသင်္ကြန်ထဲ
ကြွက်မော ခွက်မော သင်္ကြန်တောထဲ
ပျော်မမောတမ်း အားလုံးလန်းတဲ့
စိတ်မဆိုးတမ်း အားလုံးလွမ်းတဲ့
အတာတန်ခူး နှစ်ဦးသင်္ကြန်
ရောက်လာပြန်ပေါ့....။



ကျမတို့ မြန်မာမှန်သမျှ စွဲလန်းခဲ့ဖူးကြတဲ့ နှစ်သစ်ကူး အတာသင်္ကြန် ရောက်လာပါတော့မယ်
အဝေးမှာ နေကြရတဲ့ ကျမတို့တတွေ အတွက်တော့ သင်္ကြန်ပွဲအတုလေးတွေ ဖန်တီးလို့ ရှာကြံပျော်ကြရပါတယ်။ အသက်လေးရလာတော့ အပျော်အပါးတွေထက် ကုသိုလ်ရေး လေးတွေဘက် ပိုအားသန်လာပါတယ်(အဟမ်း)
ဘာပဲပြောပြော လူငယ်တွေ အတွက်ကတော့ ဘယ်နေရာ ကြည့်ကြည့် ပျော်စရာ၊ ကဲစရာ၊ ရင်ခုန်စရာတွေ နဲ့ မွှမ်းထုံနေမှာပါ။ ကျမ နဲ့အတူ ဒီကဗျာလေးကို ခံစားရင်း အတာသင်္ကြန်ရဲ့ အငွေ့အသက်လေးတွေ ဖမ်းဆုတ်ခံစား ကြည့်ကြရအောင်ပါ။ အားလုံးအတွက် မင်္ဂလာရှိသော ပျော်စရာ နှစ်သစ်သင်္ကြန်ပါရှင်....။

32 comments:

  1. မနေ့က မလောင်းလိုက်ရလို့...ခုမှ လာလောင်းတာ။

    ချစ်သောသူများနဲ့အတူ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ မမရေ။

    (ရေရှားတဲ့ စင်္ကာပူမှာ သပြေခက်နဲ့ အသာလေးထပ်တို့လိုက်တယ်)

    ReplyDelete
  2. သူများတွေ ဗနဲ့ဗွမ်းသွားတော့... ကိုယ်တို့က အများနဲ့မတူ တမူထူးအောင်..

    ဘွမ်း..

    ReplyDelete
  3. သံချပ်လေး စပ်ခဲ့တာကောင်းတယ်ဗျာ . . . .

    ReplyDelete
  4. သင်္ကြန်တွင်းမို့ ထွက်လို့လာ
    လမ်းပေါ် ရှိသမျှ အရူး နဲ့ အမူး....

    အော်..သင်္ကြန်တွင်း အမရှေ့ ထွက်မလည်မိအောင် ရှောင်မှ..။:))

    (ဒီစင်က သံချပ်ကောင်းတယ်၊ ညမိုးချုပ်ထိ လာနားထောင်မယ်ဗျို့)

    ReplyDelete
  5. အေးမြသွားအောင် ငွေဖလားနဲ့ ရေလောင်းလိုက်ပါတယ်။
    အေးစိမ့်သွားပါစေ။

    ReplyDelete
  6. ချစ်ကြည်အေး ရေသဘင်အဖွဲ့ကြီး ကျန်းမာပါစေ)))

    ရေသဘင်အဖွဲ့ကြီး=ချစ်နှင့်သူ၏ကိုကို

    ReplyDelete
  7. သင်္ကြန်ကို ကျနော်က သူများတွေ လို မပျော်တတ်ဘူး . . .
    ကျနော့်ဖာသာပဲ သူများတွေ ပျော်နေတာ ထိုင်ကြည့်နေတတ်တယ်. . .
    ဒါကြောင့် အမြဲတမ်း မဏ္ဍပ်တော်ထိန်းပဲ ဖြစ်နေရတာ. . .
    ဘာပဲ ပြောပြော သတိတော့ ရပါတယ် အမရေ...

    ReplyDelete
  8. ချစ်ကြည်အေး မဏ္ဍပ်မှာ ရေလာကစား၊ သံချပ်နားထောင်သွားသူများ အားလုံး မင်္ဂလာ နှစ်သစ်ပါ...:P
    ရေပက်သွားသူများ အိမ်ရေစိုမယ် ဖြေးဖြေးပက်ကြပါဟ.....
    အိမ်ရှင်က နို့ဆီခွက်နဲ့ ထွက်ခုတ်တတ်တယ် သတိထား....:)

    ReplyDelete
  9. သံချပ်လာနားထောင်ရင်း ရေပက်သွားတယ် (((((((((((((( ဗွမ်းးးးး(((( ဗွမ်းး
    ((((( ဗွမ်းးးးးး))))))

    ReplyDelete
  10. မင်္ဂလာနှစ်သစ်မှာ ပျော်ရွှင်ပါစေနော်......

    ReplyDelete
  11. မမရေ. သံချပ်ကို နားလည်းထောင်တယ်..... အော်ပြီးတော့လည်း ဆိုသွားတယ်နော်။
    ပျော်စရာတော့ အကောင်းသား။း)

    ရေလည်း ပက်သွားပါတယ်။

    ပျော်ရွှင်ဖွယ် အတာသင်္ကြန်ပါ မမရေ....

    ခင်မင်လေးစားလျှက်

    ReplyDelete
  12. သင်္ကြန်သံကြားလို့ ပြေးလာတာဗျ..

    ကွေးနေအောင် က သွားပါတယ်..း))

    ခင်မင်လေးစားချစ်ခြင်းအားဖြင့်
    ကိုရင်နော်

    ReplyDelete
  13. ရေက မနက်အစောကြီးကတည်းက လာလောင်းပြီးသားနော်မမ...မမက နို့ဆီခွက်နဲ့ ထွက်ခုတ်တတ်တယ်...ဟုတ်လား...ခွက်စုတ်လေးနဲ့ ခုတ်တာလောက်တော့ ရီတာပေါ့ ရီတာပေါ့... :)))))


    ဂျင်ဂျင်း

    ReplyDelete
  14. မမသင်္ကြန်မှာ လာပျော်ရင်း မမကို ရေလာလောင်းပါတယ်။ ရေစင်ကြောင့် တစ်နှစ်ပတ်လုံး ငြိမ်းအေးပျော်ရွှင်ပါစေ။ =)

    ReplyDelete
  15. ရေလာလောင်းသွားပါတယ်...မကြီးရေ...
    နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ပါစေရှင်....

    ReplyDelete
  16. မကြီးအေးရေ........
    ဟေးးးးး.........ဟေးးးးးးး..........
    သင်းချန်နှစ်ဦး.....တွဲပို့.... တွဲပို့...... တွဲပို့ ကြပါကွယ်.........း))
    အမူးလွန်သွားလို့.....ဟိဟိ....
    လာဦးမယ်. နောက်တစ်ခု.........
    ဗေဒိုးဘေ...... တပ်ပေ..... ဒိုင်းညှောင့်..........း))
    (ဘရိတ်ဒန့်စ်ပါ........ ဆွဲသွားသေးဒယ်........း))

    မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါဇေ....ခင်ည..........
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  17. တုန်ချမ်း တုန်ချမ်း
    တုန်ချမ်းချမ်း ဟေ့...!!!
    ဟေးး...ပျော်စရာကြီးဟေ့.......ဗွမ်းးး.........

    ReplyDelete
  18. ဟိုအပျိုကြီး ရေနဲ့နူးတာ ပွစိစိ..ပွစိစိ
    ညိုမြလုပ်တဲ့ အပျိုတွေ ကိုကျောက်ကြီးနဲ့ညားပါစေ။

    ဗြန်းးးးး။။။။ဗွမ်းးးးးး။

    ဆိုင်..ဆိုင်.....မဆိုင်..ဆိုင် ကဗျာစပ်ပြီး ရေလောင်းပစ်ခဲ့ပြီ။

    ReplyDelete
  19. Yo Yo ! ရေလာပက်သွားသူများ၊ ခွက်စောင်းခုတ်ရင် ရီတတ်သူများ၊ ကွေးနေအောင် ကသွားသူများ၊ ဘရိတ်ဒန့်စ်ကသွားသူများ၊ သံချပ်လာနားထောင်သူများ၊ ရက်ပ်ပါများ-ထုပ်ပိုးသူများ၊ ကဗျာ ပြန်စပ်ခဲ့သူများ...အားလုံး အားလုံး ကျေးဇူးပါ......:)
    ခုတော့ မနက် ၁၁ နာရီကျော်ရှိပြီမို့ ရေမလာသေးပါဘူး....
    ထမင်းစားပြီးချိန် ၂နာရီလောက်မှာ ရေပြန်ပိတ်...အဲလေ ရေပြန်ပေးပါ့မယ်...အဲဒီ့ကျမှ အပြတ်ကဲကြတာပေါ့....O K ...!

    ReplyDelete
  20. သူငယ်ချင်းရေ

    ဒို့လည်းပြန်လာမယ်နော် ရေပက်ချင်လို့ နို့ဆီခွက် ခွက်စောင်းခုတ်တာတော့ ကြောက်ကြောက်

    ရွှေစင်

    ReplyDelete
  21. အိုးမည်းသုတ်သွားတယ် မမချစ်ကို ဟိဟိ

    ReplyDelete
  22. သံချပ်က လန်းတယ်ဗျာ.....း))

    နှစ်သစ်မှာ အတာရေအေးနဲ့ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း
    ဆုမွန်ကောင်း တောင်းသွားပါသည်။ (ခပ်တည်တည်နဲ့...)

    အဟုတ်မှတ်ပြီး ချစ်ကြည်တယောက် ပီတိပြုံးလေး ပြုံးနေတုံး ဖွက်ယူလာတဲ့ အိုးမည်းနဲ့ လှမ်းသုတ်လိုက်ပါသည်... (ရုပ်ပြောင်နဲ့...)

    ReplyDelete
  23. မ ရေ… ကုသိုလ်ရေးဖက် ပိုအာသန်လာတယ်ဆိုတာ ယုံပါတယ် မ ရယ်… ဆုံခဲ့ကြတယ်မိုလား… ဒါပေမယ့် ထွက်လေ၀င်လေမှတ်တိုင်း ဘလော့ဘလော့ဖြစ်နေတာခက်တယ်… မ ရေ… နှစ်သစ်မှာ ချစ်ကြည်အေးမြခြင်းတွေနဲ့ ဝေဆာပါစေလို့ …

    ReplyDelete
  24. ရွှေစင်...ဆီစိမ်လို လိမ္မာစမ်းပါကွယ်...:)
    Vis ...မချစ်က မဲပြီးသား အိုးမဲလောက်က အေးဆေးပါ...:)
    မသက်ဝေ လန်းတယ်ဆိုလို့ ကျေးဇူးဗျာ...တီဗီကြော်ငြာက လက်မည်းကြီးဆိုတာ သူကိုး...:)
    ညီမ တန်ခူးရေ...ဟိဟိ...ဟုတ်တယ်...ဘလော့ ဘလော့ ဖြစ်နေတာ...လတန်ခူးလို အလှထူးပြီး တန်ခူးလလို အထူးအေးမြပါစေ ညီမရေ...:)

    ReplyDelete
  25. သံချပ်က ဘယ်နှစ်ယောက်နှင့် ထိုးမှာလည်း၊ ဝင်ပါပြီနော်၊
    ခွက်စောင်းခုတ်ရင်သတိထား
    သိကြားမင်းမှတ်တမ်းရေးဘို့၊ ------ ပြတ်နေလို့တဲ့၊
    CCTV နဲ့ ရိုက်ထားမယ်ဆိုလား၊

    ReplyDelete
  26. သင်္ကြန်ကို သံချပ်လေးနဲ့ ကြိုတယ် ဆိုပါတော့။
    ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ မချစ်ကြည် တို့ စုံတွဲ နှစ်သစ်မှာ ပျော်ရွှင်ပါစေဗျာ။

    ReplyDelete
  27. တုံချမ်း တုံချမ်း ...
    ရေလာကစားပါတယ် ။
    အိုးမဲတော့ ရှာမတွေ့ လို့ ၊မှင်အမဲ နဲ့ သုတ်သွားတယ်နော် ..
    ပျော်ရွှင်စရာ နှစ်သစ်မင်္ဂလာပါ ..

    ReplyDelete
  28. ရုံးတက်ရင်းနဲ့ သင်္ကြန်ပျော်
    ကျောင်းတက်ရင်းနဲ့ သင်္ကြန်ပျော်
    Blog ပေါ်က အော်ဟ..အော်ဟ

    ReplyDelete
  29. ဂျစ်တူးဆီမှာတော့အသက်ကြီးလို့ မရောက်ဖြစ်တော့ဘူးတဲ့ 
    ဒီမှာတော့သူက တုံချမ်း တုံချမ်းလုပ်နေတယ်
    ပျော်ရွင်ပါစေ ညီမငယ် ရေ
    ရေလောင်းသွားတယ်ဗျာ
    ဂျစ်တူး

    ReplyDelete
  30. ချစ်မကြီးက အိုးမည်းလောက်တော့ သနားတယ်။
    သူက နဂိုကတည်း နဂို ရှိပြီးသားလေ. . .

    “ ပေါင်ချိန်ချစ်ကြည် ” ဆိုတာ မကြားဖူးကြဘူးလားကွ. . :P

    ReplyDelete
  31. ရိပ်သာထဲကကြားရအောင်..တုံချမ်းတွေဆူနေပါလား..
    ခေတ်ကာလ သားသမီးများတယ်ခက်တာပဲ...

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...