Sunday, April 4, 2010

ကျမ နဲ့ ရုံးပိတ်ရက်...

ကျမရဲ့ မနက်စာပါ...စထရော်ဘယ်ရီ ချယ်ရီ ရောရင် တော်တန်ရုံလူပင် ဘုံကမ္ဘာ ၇ ဆင့် အမြင့်ကို မြင်ယောင်သလိုလိုထင်....
ဆိုတဲ့ သီချင်းလေး ကြားဖူးကြတယ် မဟုတ်လား...ကျမက စထရော်ဘယ်ရီ ချယ်ရီ အပြင် ဆန်းကစ်တောင် ရောလိုက်သေး...မနက် ၉နာရီမှာ စားတာ....


နေ့လည်စာ..... ၁၂ နာရီ တိတိမှာ စားတယ်...
အိမ်ကလူကြီး အလုပ် သွားတယ်လေ ဒီတော့ ဘလောဂ့်နဲ့ မျက်နှာ မက်ဆေ့ခ်ျရိုက်ပါတယ်
ချက်ဖို့ပြင်ထားတဲ့ ငါးထဲက အသေးဆုံး ၃တုံးကို ရွေးပြီး ကြော်ပါတယ်...
သေးတော့ အကျက်မြန်တယ်လေ ပြီးမှ ငါးကြော်ဆီလေး နဲနဲ၊ ဆားလေးနဲနဲ နဲ့ စားပါတယ်....
ကျမ အဲသလို စားရတာ ကြိုက်တယ်...


အကုန်ပြောင်...မနက်စာရော နေ့လည်စာ ပန်းကန်ပါ အထောက်အထားနှင့် တကွ ပြသပါတယ်...
အခွံတွေနဲ့ ငါးအရိုးလေး တချောင်းတော့ ကျန်ပါတယ်လေ....
ပန်းကန်မဆေးသေးဘူး၊ ဟင်းမချက်သေးဘူး ....ဖြေးဖြေးပေါ့ အချိန်တွေ ရှိပါသေးတယ်....


ဖတ်လိုက်အုံးမှပါလေ... ....ဘလော့ဂ်တွေ ပျံသွားမှာ စိုးလှပါတယ်....




ဒီနေ့တော့ ဘာလီပို့စ် ခဏ နားပါမယ်...စာရေးဖို့ ပျင်းတာမို့ ရေးပြီးသားရှိတာလေး ပေါင်ဒါဖို့ ပြီး လူလုံးပြတင်လိုက်ပါတယ်...စားနိုင်ကြပါစေ...

26 comments:

  1. နွားနို့တော့မကုန်သေးဘူးထင်ပါ့..
    နည်းနည်းလောက် သောက်ပါရစေ။

    ReplyDelete
  2. မနက်စာလာစား...
    သို့သော် နောက်ကျသွား။
    လက်ကျန်နွားနို့ခွက်သည်ပင် အပေါ်က လူဦးသွား..။

    ReplyDelete
  3. အစ်မက အစားပုပ်လိုက်တာ၊ အသီးတစ်ပန်းကန်၊ ထမင်းတစ်ပန်းကန်၊ နွားနို့တစ်ခွက်၊ အကုန်ကုန်မှ ကျွေးတယ် :P
    ပန်းကန်အလွတ်တော့တွေ့တယ်၊ နွားနို့ခွက်ပျောက်နေ၏ :)

    ZaunG

    ReplyDelete
  4. နာ့အမက အချားပုပ်တာ မဟုတ်ဘုး. . .
    အပုပ်စား. . . .အဲလေ. . .စူစကာပုဏ္ဏားပါ ဆိုမှ. . .
    တွေ့တာ အကုန်စားတော့မပေါ့. . .။
    ဒါနဲ့ စကားမစပ် .. . .
    ဟိုမှာ ကျန်နေတဲ့ အသီးလေး တစ်လုံးကျွေး. . .

    ReplyDelete
  5. တေဘီ အစ်မဂျီးကတော့ အားလုံးကို စားဆိုပီး တစ်လုံးချန်ထားတယ်၊ လောလောဆယ် ကိုဇော် နဲ့ ကျွန်တော် နဲ့တော့ လုရတော့မည် :P

    ZaunG

    ReplyDelete
  6. ဟူး.. တော်သေးတယ်.. ဇွန်းမှာနဲနဲကပ်ကျန်နေသေးလို့။

    ReplyDelete
  7. နွားနို့ နဲ့ ဆန်းကစ် နဲ့ လျှောဘရားသား ဖြစ်နေအုန်းမယ် နော်

    လျှော့စား စကပ်လေး

    ReplyDelete
  8. TZA ဘလော့ဂ်ကို ဖတ်နေတာပေါ့လေ.. .ညှင်းညှင်း...

    ပုံ မယ်ရှံစား..။

    ReplyDelete
  9. သနားလိုက်ထှာ။
    တီဇက်အေဘလော့ဂ်ထဲက ဝက်အူချောင်းပုံဒေ ကြည့်ပြီး ထမင်းစားနေရရှာဒယ်။

    ReplyDelete
  10. ဟင်.. ဆင်ဆင်နဲ့ ရှေ့ဆင့် နောက်ဆင့် ဖစ်တွားဒယ်။

    ReplyDelete
  11.း)) ချစ်မ အစားပုတ်..။ ဟုတ်တယ် အဲဒီလို အဖြူထည် အချောက်လေးစားရတာ ကြိုက်တယ်။ ညစာကို အဲလိုလေး ကြော်စားအုံးမယ်။ ကျေးဇူး ...း)

    ခင်မင်လေးစားလျှက်

    ReplyDelete
  12.်ဆင်ဆင်...နွားနို့ပန်းကန်က ဆေးပြီးသွားပြီကွယ့်....:)

    ဝေလီဝေလင်းရေ...ဟားဟား သူလည်းပဲ နောက်ကျသွားပါတယ်ကွယ် ...ဒီပွဲက သားရေကျသွားပါတယ်...:)

    ဇောင်း...မနက်စာ နဲ့ နေ့လည်စာပါဟယ် တပြိုင်တည်း ဟုတ်ပါဘူး....:)

    ကိုဇော်ကျန်တဲ့ အသီးက နဲနဲ အမှည့်လွန်နေလို့ ချန်ထားတာ၊ စားချင်ရင် ယူသာသွား ဝမ်းကောင်းတယ်...:)

    ဇောင်း အဲဒီ့ တလုံးက ကောင်းပါဘူး ဆိုနေတဲ့ဟာပဲ...ဟာပဲ :)

    တီဇီးအာ ဟေ့အေး အဲဒီဇွန်းကို မဆေးဘူး လျက်လိုက်တာ အပြောင်ပဲ...မှတ်ပလား...:)

    ရွှေစင်...ဝမ်းတလုံးလျှော ခေါင်းမခဲ တဲ့ကွယ်...:)

    မယ်ရှံဆင် တော်ပါပေတယ်ကွယ် ဒါ့ကြောင့်လည်း နာမည်ကြီးနေသကိုး.)

    ဘွိုင်း ညည်းဘာသိတုန်း...ဓါတ်ယူနေတာ...အပေါဓါတ်...ခိ ခိ...:)

    ဆင်ဆင်နဲ့ ရှေ့ဆင်နောက်ဆင် အဲ...ရှေ့ဆင့်နောက်ဆင့်ဖြစ်တာကိုပဲ စကားမပီတွေ ဖြစ်လို့...:)

    ဒန်ဒန်...ဟုတ်တယ် အစားဆို လာထားပဲ...အစုံစားတယ် ဟိ...:)

    ReplyDelete
  13. ကုန်သွားမှ ရောက်လာပါတယ်၊ နောက်တစ်ခါမှ စားတော့မယ်၊

    ReplyDelete
  14. ခုမှရောက်တော့ ဘာမှကို မကျန်တော့ပါလားနော်။ နေအုံး..နောက်တစ်ခေါက်မှ ဦးအောင်စားပစ်လိုက်အုံးမယ်...;)

    ReplyDelete
  15. အယ် အဲသလိုနဲ့ပြီးသွားပြီလား။ ဘာများဆက်အုံးမလဲလို့ ...း)))
    ပိုစ့်လာဖတ်ပါတယ် အမချစ်ကြည်အေး။
    အဆင်ပြေပျော်ရွှင်ပါစေ။

    ReplyDelete
  16. ဒီကလည်း ကွန်ပျူတာရှေ့မှာပဲ ထမင်းစားတယ်... ဘလော့ဂ်တွေ ပျံသွားမှာ စိုးလို့.... :D

    ReplyDelete
  17. မချစ်ရဲ့ထမင်းပန်းကန်ကိုကြည့်ပြီးစားချင်စိတ်ဖြစ်လာတယ်။ အဲလိုထမင်းကို
    ဆီလေးနဲ့လူးပြီးငါးကြော်လေးနဲ့စားရတာကြိုက်တယ်။ ဒါပေမဲ့စားဖို့လည်း
    ကျန်တော့ဖူး။။။။။။။။

    ခင်တဲ့
    သဒ္ဓါ

    ReplyDelete
  18. ချယ်ရီသီး စတော်ဘယ်ရီသီး အလွန်ကြိုက် ...
    ကျနော်ကတော့ ပိတ်ရက်ဆိုမနက်စာမစားဘူးပျင်းလို့ ကော်ဖီတစ်ခွက်နဲ့ တစ်နေ့ လုံးနေတယ် ..

    ReplyDelete
  19. ပိုစ့်တွေတင်တာ စိပ်လွန်းလို့ မနဲ အမှီလိုက်ပြီး ဖတ်နေရသူ
    ကိုယ် ပါကွယ်... ကော်မန့်ရေးတာ နောက်ကျရင် ကိုယ့်ကို ခွင့်လွှတ်တော့...း))

    ReplyDelete
  20. အော..အဲဒီနေ့မနက်က ညီမလေးမှာနွားနို့သောက်စရာ မရှိပါဘူးလို့ ပြောရဲ့သားနဲ့ သူ့နွားနို့လေး ယူသောက်လို့ တစ်ခွန်းမှ ပြောဖော်မရဘူး...သိမယ်..သိမယ် :D

    ReplyDelete
  21. မချစ်ရေ...
    ချယ်ရီသီးလေးစားချင်မိတယ်။
    တစ်ခါမှစားဖူးဘူး။

    ReplyDelete
  22. ဆရာ လုပ်တာမဟုတ်ပါ။ သီချင်းထဲမှာ ချယ်ရီ မဟုတ်ပါ။ ရှယ်ရီ (Sherry - အရက်တစ်မျိုး) လို့ထင်ပါတယ်။

    ReplyDelete
  23. အောင်အောင်ရေ...ကျေးဇူးတင်တယ်နော်...အမလည်း ဘယ်ဟာကို အမှန်မှန်း မသိတာ...ကာရာအိုကေ စာတမ်းထိုးတွေမှာ ချယ်ရီလို့ပဲ ထိုးတာတွေ့နေရလို့ပါ...ဟုတ်တယ် ရှယ်ရီဆိုတာ ပိုဖြစ်နိုင်ပါတယ်...:)

    ReplyDelete
  24. တောက် ! ကွာ သရေတွေမျိုမျိုချနေရတယ်။ ဒီနားမှာဘာစားသောက်ဆိုင်မှ
    မရှိဘူး။ အဆောင်ကထမင်းဟင်းတွေစားမကောင်းရင်စိတ်ညစ်တယ်။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...