Tuesday, March 16, 2010

ကောင်းနေသေးသော အဟောင်းများ...

ဒီနေ့မနက် ရုံးအသွားလမ်းမှာ တယောက်တည်း ပြုံးစိ ပြုံးစိနဲ့ ၊ တခုခုကို သတိရနေပြီး
မျက်နှာပိုးသတ်လို့ မရနိုင် ဖြစ်နေတာ။ သိချင်နေပြီ မဟုတ်လား ပြောပြမယ်လေ...ဒီလို...

တရက် ကျမ ရုံးအသွား Old Chang Kee မှာ မနက်စာ ဝင်ဝယ်ပြီး ဖစ်ရှ်ဘောလ် တုတ်
ထိုးတချောင်း လက်ကကိုင်စားလာတယ်။ အဲဒီမှာ အနောက်က သုတ်သုတ် သုတ်သုတ်
နဲ့ လူတယောက်ဟာ ကျမ ညာဘက် ပုခုံးစွန်းကို ပွတ်တိုက်၊ ကျမရှေ့ ကျော်တက်ပြီး
လျှောက်သွားရော၊ ဆောလည်း မဆောရီးသွားဘူး၊ ကျမလည်းပါးစပ်မှာ ပေကျံသွားတဲ့
အချဉ်ကို တစ်ရှုးနဲ့သုတ်ရင်း ဒီလူ့နှယ် သူ့မိန်းမ မီးဖွားလို့များ ဒီလောက် ရေးကြီးသုတ်
ပြာ ဖြစ်နေရသလားလို့ စိတ်ထဲက ဘုတောပစ်လိုက်မိတယ်။

သူ့ကြည့်လိုက်တော့ သူက အမှိုက်ပုံး ၃လုံးရှေ့ ရပ်ပြီး လွယ်ထားတဲ့ အိတ်ထဲက ကြွပ်
ကြွပ်အိတ် တလုံးကိုထုတ်တယ်၊ ပြီးမှ လွှင့်ပစ်စရာတွေကို စက္ကူဆိုရင် စက္ကူ ပစ်ဖို့ ပုံး၊
ပလပ်စတစ်ဆိုရင် ပလပ်စတစ် ပစ်ဖို့ ပုံး၊ Can ကန်ဗူးဆိုရင် ကန်ဗူး ပစ်ဖို့ပုံးထဲကို အ
သေအချာ ခွဲခြားပြီးထည့်နေ တော့တာကိုး။ ဒါနဲ့ပဲ ခုနက စိတ်တိုသွားတာလေး ပျောက်
ပြီး ကိုနိုင်ငံကြီးသားကို စိတ်ထဲက ချီးကျူးမိပြန်တယ်။ ကျမလည်း သူ့နား ခပ်လှမ်းလှမ်း
မှာ ရပ်ရင်း ဖစ်ရှ်ဘောလ်က ဗိုက်ထဲရောက်သွားပြီး ကျန်နေတဲ့ တုတ်ချောင်းကို ပစ်ဖို့
စောင့်နေလိုက်တယ်။

ဒါကို ကိုနိုင်ငံကြီးသားက သတိထားမိပုံနဲ့ ကျမဘက် လှမ်းကြည့်ရင်းသူ့ကိုယ်ကို ဘေး
နဲနဲကပ်ပေးတယ်။ လာပစ်လေ ဆိုတဲ့သဘော။ ပြီးတော့ ကျမဘက် တချက် စိုက်ကြည့်
ပြန်တယ်။

အို.....လူ များ သစ်ပင်မှတ်လို့ စိုက်ကြည့်စရာလား...

ဒါနဲ့ပဲ Paper, Plastic, Can ဆိုတဲ့ အမှိုက်ပုံး ၃ပုံးထဲက တပုံးပုံးထဲကို နံကြားထောက်
ရွေးရင်း နိုင်ငံကြီးသမီး ပီသစွာ ပြီးပြီးရော ပစ်ခဲ့လိုက်တယ်။ ဟုတ်တယ်လေ...ဖစ်ရှ်
ဘောလ် တုတ်ချောင်းပစ်ရန်လို့ ဘယ်ပုံးမှာမှ ရေးမထားဘူး...။

ရုံးရောက်တော့မှ နောက်ခုံက ကောင်မလေး ပြောပြလို့ ကျမ ဂျင်းန်ဘောင်းဘီ အသစ်
ကြီး စတစ်ကာ မခွာပဲ ဝတ်လာမိတာကိုး...ဂျင်းန်ဘောင်းဘီရဲ့ အရှေ့ပေါင်ပေါ်မှာ
W-28, L-32 လို့ ကပ်ထားတဲ့ ဒေါင်လိုက် စတစ်ကာလေး မြင်ဖူးကြမှာပေါ့။
ကိုနိုင်ငံကြီးသား.....စိုက်ကြည့်တာ ဒါကြောင့်ကိုး...ရှက်ထှာ...


တကယ်တော့ ပြောချင်တဲ့ အကြောင်းက ခုမှရောက်တာ၊ ရီဆိုင်ကယ်တို့၊ အဟောင်းကို
တနေရာရာမှာ ပြန်သုံးတာတို့ အဲဒါမျိုးတွေက ခေတ်စားနေတာ ကြာလှပေါ့။
သီချင်းဟောင်းတွေ ပြန်ဆို၊ ဇာတ်ကား အဟောင်းတွေ ပြန်ရိုက်၊ လဗိုက်စ် ကတောင်
ဂျင်းန်အဟောင်းတွေ နဲ့ သူ့ဆိုင်က အသစ်နဲ့ လဲရင် အသစ်အတွက် ၅၀ လျှော့ပေးတာ
တို့၊ တချို့ လျှပ်စစ်ပစ္စည်းတွေ ဆိုလည်း ထရိတ်အင် လုပ်လို့ရတာမျိုးတွေ...စုံလို့ပေါ့။

ဒါဟာ တကယ်ကိုကောင်းတဲ့ အလေ့အကျင့်ပါ ကမ္ဘာမြေကြီးကို ထိန်းသိမ်းရာ ရောက်
တယ်လေ...လိုအပ်နေသေးတဲ့၊ အသုံးတည့်နေသေးတဲ့ အဟောင်းတွေကို စွန့်မပစ်သင့်
သေးဘူး၊

ကျမ စာရေးနေတုန်း အိမ်ကလူကြီးက စာရွက်ပိုင်းလေးတခု လာပြတယ်။ စင်တယ်လ်
Road Show မှာ ဖုန်းအဟောင်းတွေ ဈေးကောင်းပေးပြီး အသစ်နဲ့လဲလို့ရတဲ့ အကြောင်း
ပါ။

ဒါတင်ပဲဆိုရင် ပြဿနာ မဟုတ်သေးဘူး။ သူက ပြောသေးတာ၊ဖုန်းတွေကျတော့ ဟောင်း
သွားရင် ထရိတ်အင် လုပ်လို့ရတယ်နော် တဲ့...ကြည့် ဒါက...။ ကျမ မျက်နှာကို ကြည့်
သေးတာ...ဘာသဘောတုန်း..။ ထရိတ်အင် လုပ်လို့ရရင် ကျမကိုပါ လဲတော့မယ့် ပုံ
လိုလို...အေးလေ...စိတ်လျှော့လိုက်ပါတယ်။ ကျမ ဒီလောက် နှိပ်စက်တာ၊ ဆိုးတာ
သူ့ခမျာ သည်းခံရှာတာ။

နောက်ဆုံးတော့ ထရိတ်အင် အော့ပ်ရှင် မရှိတော့တဲ့ အခါ.......

ကားလောကမှာ ကားသမားစကားနဲ့ ပြောရရင် ကားအသစ်လည်း မဝယ်နိုင်၊ လဲလို့လည်း
မရတဲ့နောက် ရှိတဲ့ ကားအဟောင်းကြီးပဲ ဆေးမှုတ်တန်မှုတ်၊ ဘော်ဒီလေး ဘာလေး ထု
သင့်တာထုပြီး ဖြစ်အောင် သုံးနေရတော့တာပါပဲကွာ တဲ့။ သူ ဒါတွေ အတုယူသင့်တယ်...

ကိုင်း...လောကမှာ သုံးတတ်၊ မြင်တတ်ရင် ကောင်းနေသေးတဲ့ အဟောင်းတွေမှ အများကြီး...


27 comments:

  1. အမျိုးသမီးဂျီးဒွေကို တောင်မရေးဒွေနဲ့  ထရိတ်အင်လုပ်တဲ့ ဆားဗစ်ထောင်မို့ 
    အကိုတို့ လို အကိုဂျီးတွေ အုံနေမှာမြင်ယောင်သေးဟေးဟေး ။ Q တန်းကိုတော်တော် ရှည်မှာ ။ဟိဟိ။

    ReplyDelete
  2. အစ်မရေ နောက်ဆို ဘောင်းဘီအသစ်ဝတ်ရင် သတိထားတော့နော်၊ တံဆိပ်မဖြုတ်မိပဲဝတ်ရင် ရာဇာနေ၀င်းမဟုတ်ပဲ ရာဇာချစ်ကြည်အေး ဖြစ်နေမယ်.... :P


    ZaunG

    ReplyDelete
  3. khin oo may said...

    W-28, အားကျတယ်။

    အားကျရင်...အားသွင်းထားလိုက်လေ မမခင်...
    မီးလေး လာတုန်း .... :P

    ReplyDelete
  4. ချစ်မကြီး ကို အချက် ၂ ချက်ကြောင့် တင်းသွားပြီ...
    ကောက်မယ်..ကွေးမယ်...ထွန့်ထွန့်လူးမယ်. . .ကျွမ်းထိုးမယ်. . .

    ၁)အနော် ရေးမလို့ဟာ ရီဆိုင်ကယ်ကို ရေးသွားတယ် . .
    ဒါကြောင့် အနော်က ရေးရင် ရီစက်ဘီး ပဲ ပြောင်းရေးရတော့မှာပေါ့။
    ၂) Tag ထားတဲ့ စာ လာမဖတ်ဘူး....ဗြဲ. . .။

    အဟီး . .အခုမှ ပို့စ်ကို မန့်ပြီး ကြပ်မယ်။
    ချစ်ကိုကြီးကလဲ ဖုန်းဆိုတာ ကာဗာလဲထားလိုက်ရင် အထဲမှာ ဘာ ဆိုတာ သေချာ မြင်ရတာ မဟုတ်ဘူး။ ချစ်မကြီးကျတော့ ကာဗာပဲ လဲလဲ ၊ ဘာပဲ လဲလဲ ဒီလိုက ဒီလိုပဲလေ. . စိတ်ဓါတ်လေး ကောင်းတာကို ပြောပါတယ်။

    ဒါနဲ့ စကားမစပ် ချစ်ကိုကြီးကို တစ်ခု မေးရဦးမယ်။
    ချစ်မကြီး မှားရေးထားထင်တယ်နော်။
    W-28 ဆိုတာကိုလေ. . .2 နဲ့ 3 က ကပ်လျှက်မဟုတ်လား။
    မှားများ ထိမိသွားတာလားလို့ပါ. . ခွိခွိ..။

    ပျော်ရွှင်ပါစေ။
    ကိုဇော်

    ReplyDelete
  5. အဟောင်းဒွေ ပဲလှော်နဲ့လဲဒယ် ...။

    ReplyDelete
  6. W32 L28 ဆိုတာ ဘာကိုပြောတာလဲ ဟှင်...

းဝ)

    ReplyDelete
  7. မမရေ...တစ်ချို့ပစ္စည်းဟောင်းတွေများဆိုရင် တန်ဖိုးများလွန်းလို့ ဈေးကလိုက်လို့တောင်မမီဘူး...စိတ်မပူပါနဲ့ မမရဲ့ချစ်ချစ်က မမတန်ဖိုးကို သိမှာပါ...
    နော်...မမရာဇာချစ်ကြည်အေး... :)))

    ချစ်ညီမလေး

    ReplyDelete
  8. ဒီဘော်ဒီကြီးတော့..တဘုံးဘုံးအထုခံရမှာမြင်ယောင်သေး...

    ReplyDelete
  9. သူငယ်ချင်း ရေ

    အိမ်က အဟောင်းတွေ အကောင်းအသစ် တွေနဲ့ ပြန်လဲချင်သား

    ခင်တဲ့
    ရွှေစင်

    ReplyDelete
  10. ဒေါ်မယ်ချစ်
    အသစ် ဘယ်လိုကောင်းကောင်း အဟောင်းတလည်လည်နော

    အသစ်တိုင်းမကောင်းတာတွေ အများကြီးပဲ ဖိနပ်ဆိုရင် အသစ်စီးလို့ မကောင်း ဂျင်းတွေလည်း ဒီလိုပါဘဲ

    အဟောင်းအသစ်လဲလှယ် ချင်သူများသတိထားပါ
    ဖိနပ်ပေါက်တတ်သည်


    ခင်မင်ရင်းနှီးစွာဖြင့်
    ဒေါ်လေး seesein

    ReplyDelete
  11. အသစ်တွေဘယ်လိုကောင်းကောင်း အဟောင်းကိုတော့ တလည်လည်ပါပဲ အစ်မချစ်ရေ....။ ;)

    ReplyDelete
  12. အို..ဒေါ်စည်းစိမ်ရယ်။ ဖိနပ်မပေါက်အောင် လုပ်လို့ရပါတယ်။ ဖိနပ်ကို စတိကိုက်လိုက်ရင် ဖိနပ်မပေါက်တော့ဘူး။ အသစ်နဲ့ အဟောင်းသာလဲလို့ရစမ်းဘာ။ ဖိနပ်အဟောင်းကစီးရတာ ဘတ်လတ်..ဘတ်လတ်နဲ့။ အသစ်ကမှ တင်းတင်းရင်းရင်းအသားကျတာဗျ။ ဟဲ...ဟဲ ဂျီးဒေါ်ချစ်ကြည်ရေ...အစ်ကိုကြီးကို စကားလက်ဆောင်ပါးလိုက်ဦးနော်။

    ReplyDelete
  13. ဟိဟိ အစ်မရေးတာလဲရယ်စရာကောင်း
    ကွန်မင့်တွေကလဲ သဘောခွေ့စရာကောင်း
း)
း)

    ReplyDelete
  14. အဟောင်းတွေဘဲကောင်းပါတယ်... အသားကျပြီးသားလေ... :)

    ReplyDelete
  15. ဒေါ်ချစ်ကြီး.. ဘယ်မလဲရုတ်ရှိုး??

    http://home.singtel.com/hotdeals/#link?page=Roadshows

    ReplyDelete
  16. ဒီသူငယ်ချင်းတွေ ဘာဖြစ်နေကြလဲ .... အန်တီသက်ဝေကလည်း အမှိုက်ပုံးထဲ ပစ်မှာကြောက် ... ဒီတစ်ယောက်ကလည်း ထရိတ်အင် လုပ်မှာကြောက်နဲ့ ... ဟွင်းဟွင်း ... များတို့တော့ ဒါတွေ မကြောက်ပေါင်။ က်ုယ့်ဟာကိုယ်ပဲ ဘော်ဒီထု၊ ဆေးပြန်မှုတ် လုပ်ပလိုက်တယ် ...
    ရွာသားရေ ... လူတစ်ယောက်လုံး အမှိုက်ပုံးထဲ ပစ်ချနည်းပြီးရင် လူတစ်ယောက်လုံး ထရိတ်အင်လုပ်နည်းလေးဘာလေး မရှိဘူးလား ... ဟား ဟား။

    ReplyDelete
  17. ဏီလင်းညိုThu Mar 18, 08:48:00 AM GMT+8

    မကြီးအေးရေ......
    မသိလို့ပါဗျာ........
    တချို့ အဟောင်းတွေများ.တယ်ဈေးကောင်းတာဗျ.......ခိခိ....
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  18. ဆေးမှုတ်ရင်တော့ ငါ့အမ ကာလာဖူးလ် ဖြစ်နေရော့မယ်..

    (မမရေ လာဆုတောင်းတဲ့အတွက် ကျေးဇူးကမ္ဘာပါ၊ ဘလော့ကို ခုမှ ရောက်လို့ပါ။)

    ReplyDelete
  19. ရာဇာချစ်ကြည်အေးတဲ့လာ့း့  ရီလိုက်ရတာ မ ရယ်
    ထရိတ်အင်ဆိုတာကို သိသွားရတယ်။
    အရမ်းကောင်းတဲ့ပို့စ်လေးပါ မ

    ReplyDelete
  20. အစ်မရေ...
    ညစ်နေချိန်မှာ အစ်မပို့စ်ဖတ်ပြီး ရယ်ခွင့်ရသွားပါတယ်။
    ကျေးဇူး။

    ReplyDelete
  21. ဟောင်းနေပြီလို့ ဘယ်တော့မှ မထင်မိစေနဲ့၊ ကောင်းနေသည်လို့ပဲ မှတ်ပါ၊ ..။..

    ReplyDelete
  22. တစ်ကယ် တစ်ကယ်။
    ၂၈ နဲ့ ဝတယ်လို့ ကိုယ့်ကိုယ်ပြောနေတာဟာ ကျန်တဲ့ ၃၀ကျော် အမျိုးသမီးထုများကို ကော်စားလိုက်တာပဲလို့ ကိုယ်ထင်တယ်။

    ReplyDelete
  23. အားလုံးသော သူငယ်ချင်းများ ကျေးဇူးပါနော်....:)

    Boyz...ကိုယ်က အရင်က ၂၅ကိုး....ကိုယ့်လစ်မစ် နဲ့ ကိုယ်တော့ ဟုတ်တယ်လေ ၊ ဒါထက် ကိုဘွိုက် မတဲ့ အချွန်က နဲနဲ တုံးသလိုပဲနော်....ချွန်စက်ဝယ်ရန် စာရင်းတို့ထားပါ....:)


    တီဇီးအာ...ဒီပိုစ့်က ဒရပ်ဖ်ထဲမှာ Feb ထဲက ရှိနေပြီး ခုမှ ပေါင်ဒါလေး နဲနဲပါးပါး ပုတ်ပြီး ကန်တင်လိုက်တဲ့ ပို့စ်မို့လို့ပါ...အင်ဖို အပ်တူဒိတ် မဖြစ်တဲ့ အတွက် ဆော်တီး...:)

    ReplyDelete
  24. ကောင်းနေသေးသာ အဟောင်းများ...။ အိမ်ကလူလည်း ပါတယ်။ :)

    ReplyDelete
  25. ဒီပို့စ်က လန်းတယ်ကွာ

    ReplyDelete
  26. အခုလို မြူးမြူးကြွကြွ ခပ်သွက်သွက် ရေးတာမျိုး အရမ်းကြိုက်တယ်ဗျာ... ရယ်စရာ ဖြစ်မယ့် အကြောင်းကလည်း တကယ့်ကို ရယ်စရာပါပဲ...

    သိပ်ကောင်းတယ်.. မပြုံးပဲကို မနေနိုင်ဘူး...း))

    စကားမစပ်... ပိန်ပိန်သွယ်သွယ်လေးပါလားဗျ..း)

    ခင်မင်လေးစားချစ်ခြင်းအားဖြင့်
    ကိုရင်နော်

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...