Friday, February 26, 2010
အမှိုက်ပုံများ....
ကျမတို့ တိုက်အောက်ထပ် ဓါတ်လှေကား နဲ့ ဓါးလွယ်ခုတ် နေရာလောက်မှာ စွန့်ပစ်ပစ္စည်း တချို့ မကြာခဏ ဆိုသလို တွေ့ တွေ့ နေရ တယ်။ ဘီရို၊ ဆိုဖာ၊ တီဗီ၊ မွေ့ယာကအစ တခြား ပစ္စည်း အဟောင်းလေးတွေပါ ပါတယ်။ တကယ်ဆို လှေကားလေး ၃ထစ်လောက် ဆင်းပြီး ဘယ်ဘက်ချိုးလိုက်ရင်ပဲ ရီဖျူ့စ်ဧရိယာကို ရောက်ပြီ။ ဒါပေမဲ့ လူတွေက အဲဒီအထိ အပင်ပန်း မခံကြတော့ဘူး။ လွယ်လွယ် ကူ ကူပဲ ပစ်သွားခဲ့ကြတာ များတယ်။ ဒီတော့ အမှိုက်သိမ်းသူ တွေ လာ မသိမ်းမချင်း ခြေထောက်ပါတဲ့ လမ်းသွားတွေကပဲ ခြေထောက်မပါ၊ မျက်စိမရှိတဲ့ စွန့်ပစ်ပစ္စည်းတွေကို ကျော်ခွ ရှောင်ရှားပြီး သွားနေကြရတယ်။ လူတွေများ နဲနဲမှကို အားမထုတ်ချင်ကြ တော့ဘူး။
အဲဒီ အပုံကြီးကြည့်ရင်း ကျမတို့ရွာ လမ်းထောင့်က အမှိုက်ပုံကြီး ပြေးသတိရမိတယ်။ အမှိုက် ပုံကြီးရဲ့ ဘေးနားမှာ မျက်စိစုံမှိတ်ထားတဲ့ ခပ်ကုပ်ကုပ် ဆိုင်းဘုတ်လေးတခု ရှိနေတတ်သေး တယ်။
ဤနေရာတွင် အမှိုက် မပုံရ
ပြင်းထန်စွာ အရေးယူမည်
ပုံ / ရဝတ
အဲဒါမျိုးလေ...။ တော်တော်များများ တွေ့ဖူးကြမယ် ထင်ပါရဲ့ ။ လူတွေကဖြင့် အဲဒီဆိုင်းဘုတ် လေး ထင်းမီး လုပ်မပစ်တာပဲ တော်လှ...။
ရွာပြန်လို့ကတော့ ဗိုလ်ချုပ်ဈေး သွားပြီး ဂုံးတံတားအောက်က ဒုတ်ထိုးနဲ့ ကြာဇံ၊ ကော်ပြန့်စိမ်း၊ မုန့်စားတန်းက အုန်းနို့ ကျောက်ကျော ဆိုတာများ မစားမဖြစ် စားရမှ။ ပြောရင်းနဲ့ကို ဦးကြွိ ဘဲပေါင်း ဆီချက် လေး လွမ်းမိသား။ ဒံပေါက် ဆိုလည်း ကြက်လျာစွန်းကမှ၊ ရွှေပုဇွန် က ဒိုမီနို အဲသလို ကျမ ကြိုက်တဲ့ အစာ၊ ရွာစာလေးတွေ တနေ့ တမျိုး လှည့်စားဖို့ မပြန်ခင်ကတည်းက စာရွက် နဲ့ကို ချရေးထားတာ တကယ် တကယ် အဲဒါ မယုံရင်​ ‌​အိမ်က လူကြီး မေးသာကြည့်...
သူငယ်ချင်းတွေများ ညစာ လိုက်ကျွေးမယ် ဆိုရင်ကို စိတ်ပျက်တာ၊ ကိုယ်စားချင်တာ မှ​‌​ မစား ရတော့ပဲကိုး။ သူတို့ လိုက်ကျွေးလေ့ရှိတဲ့ နေရာတွေက ကန်တိုမင် ပန်းခြံထဲက ရှမ်းကန်၊ ကန်တော်ကြီးထဲက ဝှိုက်ရိုက်စ် (White Rice)၊ ရွှေဘဲ၊ Western Park ၊ Feel တို့လို ဆိုင်တွေ မှာ ဆိုတော့ ကျမ စားချင်တာမျိုး မဟုတ်ဘူးလေ။
ကျမ ကြိုက်တဲ့ တဆိုင်ရှိသေးတယ် ။ ကုဋေကြွယ် အထည်ဆိုင်ဘေးနားက ဖျင်အမိုးလေး အောက်မှာ ခုံပုလေးတွေ ခင်းပြီး ရှမ်းမလေး စစ်စစ် ရောင်းတဲ့ ရှမ်းခေါက်ဆွဲ မြီးရှည် လမ်းဘေး ဆိုင်လေးပေါ့။
ဒါပေမဲ့ သူငယ်ချင်းတွေ ကျွေးချင်တာ ကျွေးပါစေလေ ဆိုပြီး သူတို့ ခေါ်သွားတဲ့ ဆိုင်မှာပဲ ငြိမ် စား နေရတယ်။ အားရပါးရ စားနေတဲ့ ကျမကို ဘေးကနေ ပြုံးကြည့်နေတဲ့ သူငယ်ချင်းတွေ စိတ်ချမ်းသာအောင် လည်း စကားလုံးတွေ ပစ်သွင်း နေရ သေးတာ။ "ဟိုမှာဆို ဒါမျိုး မစားရ ဘူး" လို့။ အဲဒါနဲ့ သူတို့က "ဟယ် ဟုတ်လား အေး အေး စား သူငယ်ချင်း" တဲ့...။ ခမျာများ အားတက် သရော ရှိကြပါပေ တယ်။
အိမ်ရောက်ပြန်တော့လည်း အမေက သူ့အချစ်တော် သားမက်ကြီး အတွက် အမျိုးမျိုး ချက်ပြုတ် ကျွေးပြန်ပါရော။ သူ့သားမက်ကို ဂရုစိုက် အဖြစ်သည်းလိုက်ပုံများ "အပြင်ထရံ အတွင်းကာနေတယ်ဗျို့" လို့အော်ပစ်မှ မျက်စောင်းတချက် စားရတယ်။
ဘာပဲပြောပြော နောက်ဆုံးတော့ အမေလည်း ဒီအလုံးကို မခံစားနိုင်ဘူး။
"ဟိုမှာဆို ဒါမျိုး မစားရဘူး" မျက်နှာငယ်လေးနဲ့ ဆိုရင်ပဲ "အေး အေး သမီး ဝအောင်စား အမေ ဘာချက်ထား ပေးရ အုံးမလဲ" ဖြစ်ကရော...။
ဒီလိုနဲ့ ရွာက တခါတခါ ပြန်လာတိုင်း ဗိုက် အမှိုက်ပုံ ဖြစ်ဖြစ်လာတယ်...။
ဘာရယ်လည်း မဟုတ်ပါဘူးလေ တွေးမိတဲ့ အမှိုက်ပုံများ အကြောင်း ပြောပါတယ်...။
ဘဝ အမောတွေ ပြေကြပါစေ...
24 comments:
khin oo may said...
ကုဋေကြွယ် အထည်ဆိုင
၄၆ လမ်းထိပ်ကလား။
ဒီကတော့အဆီတစ်ထပ် အသားတစ်ထပ်ဖြစ်နေပြီ။
Ko Boyz said...
ဗိုက်အမှိုက်ပုံတဲ့လား။
နန်းထိုက်ပဲကောင်းပါတယ် အစ်မရာ...။
Anonymous said...
ဟုတ်တယ်...
ကျနော်လဲ..အစ်မချစ်ကြည်လိုပဲ...
လမ်းဘေးဆိုင်တွေပဲသဘောကျတယ်..
ဒါမှ မဟုတ်..အသိ..သူငယ်ချင်း..မိတ်ဆွေတွေအိမ်မှာ...ရုတ်တရက်ဝင်စားတတ်တယ်..
တမင်တကာ..တကူးတကကြီးချက်ကျွေးတာလဲ..မကြိုက်ဘူး..
အစ်မတို့အိမ်ကိုလဲ..ကြုံတိုင်းဝင်စားမယ်နော်..
ပေါက်
Anonymous said...
ဦးကြွိ ဦးကြွိ ရှိသေးလား မသိနော်။
နောက်ဆုံးတော့ ဗိုက်ဘူတာပဲ ဆိုက်တာပါလား ကျောင်းအမရယ်။
အရေးတော်ပုံ အောင်ရမည်။
မအယ်
Anonymous said...
အမ. မြန်မာပြည်ကို ဘာလို့ ရွာလို့ ပြောတာလဲဟင်။
ရန်ကုန်မြို့က ရွာမဟုတ်ပါဘူး အမရယ်။း((
ဇွန်မိုးစက် said...
ဇွန်မပြည်ဖြစ်တာ ကြာပြီဆိုတော့ အမေ့လက်ရာကို လွမ်းတယ်။ ပြန်ဖြစ်ရင်တော့ အမေချက်ကျွေးတာ အများဆုံးစားဖြစ်မယ်ထင်တယ်။
လမ်း၅ဝဘက်မှာ အလုပ်လုပ်ဖူးတော့ နေ့လည်ခင်းဆို အဲဒီနားတစ်ဝိုက်က ပလက်ဖောင်းဆိုင်တော်တော်များများမှာ စားဖူးတယ်။ ရှမ်းခေါက်ဆွဲ၊ မြီးရှည်၊ ကော်ရည်ခေါက်ဆွဲ၊ ဗူးသီးကြော်၊ ကြက်အူချောင်းကင်၊ မုန့်ဟင်းခါး၊ တိုရှည်ပူရီ...အို...စုံလို့။ လွမ်းသွားပြီ။း(
အစ်မပြောလို့ ကုဋေကြွယ် ဆိုင်နာမည်မှတ်မိသွားပြီ။ အဲဒီဆိုင်က လုံချည်ကွင်းလေးတွေ ဝယ်ဖူးတယ်။း)
မောင်မိုး said...
ဒီအမှိုက်ပုံက တော်တော် နံမယ့်သဘောရှိတယ်။ ရွာမှာ တော်တော်ပျော်ခဲ့ရဲ့လား ဂျီးဒေါ်
~ဏီလင်းညို~ said...
မကြီးအေးရေ...
ကျွန်တော်လည်း အဲ့ဒီအတိုင်းပဲ...။
လဖက်ရည်ဆိုင်ထိုင်ရင်တောင်မှ ပလက်ဖောင်းပေါ်က ခုံပုပုလေးတွေနဲ့ ထိုင်ရတဲ့ဆိုင်မျိုးလေးတွေဆို သိပ်သဘောကျမိတာ...။
ဆိုင်ကြီးတွေဆို မထိုင်ချင်မိတာများတယ်....း))
ခင်မင်တဲ့
ဏီလင်းညို
ကိုလူထွေး said...
Suzaka ချစ်ကြည်အေး
လှူတာ အကုန်လွေး ပေါ့...
စကားမစပ် မသက်ဝေဆီမှာတောင် ဆီချက်ခေါက်ဆွဲ သွားတောင်းစားနေသေးဆိုဗျ...
းဝ)
သက်ဝေ said...
"ဟိုမှာဆို ဒါမျိုးမစားရဘူး..."
ဒီစကားတခွန်းနဲ့ အပီ စားလာတယ် ဆိုပါတော့...း))
ဟိုနေ့ကပြောတော့ ဝိတ်လျှော့မယ်တဲ့... ဟီဟိ
Moe Cho Thinn said...
ဗိုက်မှာ အမှိုက်မပုံရ။
ပြင်းထန်စွာ အရေးယူမည်။
ပုံ
မခသ
ကိုချစ်ဖေ said...
ဒါမျိုးအမှိုက်လား လာစမ်းပါဗျာ အမှိုက်လာပစ်သူတွေ လာမပစ်ရဲတော့ဘူးဖြစ်သွားမယ်..လမ်းဘေး လမ်းအောက် လမ်းပေါ် ဆိုင်ကော အိမ်တွေက ကျွေးတာကော...
အင်း.......ပြောရင်း....ဟိုသွားဒီသွား ဗိုက်ဆာတိုင်း လက်လှမ်းမှီရာဆိုင် ဆွဲစားလို့ရတဲ့..ဘ၀...ဘ၀....လေး...
mks said...
စားသာစား မချစ် ရေ . စားတာက အရင် ၀လာတာက နောက်မှ လေ ..
ခင်မင်စွာဖြင့်
Anonymous said...
လေဒီချစ်
တစေမ မအယ်ကို ပစ်ထားတယ်။:((
မြစ်ကျိုးအင်း said...
ဝိတ်ချချင်တဲ့ ပို့စ်လေးများ ဒီဘလော့မှာ ဖတ်ခဲ့ဖူးသလား လို့
အစစ်အပီလွှေးမယ့် ချစ်ကြည်အေး ဆိုပါတော့ :)
sosegado said...
Feel မှာ အင်းသူ အစစ် ဒေါ်ပြူးဆီသွားပြီး .. ဖြည့်ခဲ့ပါတယ်၊
အင်ကြင်းသန့် said...
လုပ်ပြန်ပြီ နောက်တစ်ပုဒ် သွားရည်ကျအောင်.... :)))
Nge Naing said...
ဗိုက်က အမှိုက်က ဗိုက်မှာပဲ နေတာမဟုတ်ဘူး။ ခန္ဓာကိုယ်တခုလုံးကို ဒုက္ခပေးတတ်တယ်နော့်။
MrDBA said...
ရှမ်းလမ်း ဒုတ်ထိုး စားခဲ့သေးလား ..
ရွှေရတုမှတ်တမ်း said...
အမှိုက်ပုံဆိုလို့....
နောက်ဆုံးတော့ သူကြိုက်တာတွေ ရွေးစားသွားတာကိုး...
Craton said...
အစားပုတ်သည် တီတီကြည်(ပူ)က... နော်..
ဗိုလ်ချုပ်ဈေးဂုံးတံတားအောက်က ဒုတ်ထိုးနဲ့ ကြာဇံ၊ ကော်ပြန့်စိမ်း၊ မုန့်စားတန်းက အုန်းနို့ ကျောက်ကျော ကြက်လျာစွန်းဒံပေါက်၊ ရွှေပုဇွန် က ဒိုမီနို၊ ဖာလူဒါ၊ ထူးက ရေခဲမုန့်၊
နောက်.......
ရှမ်းးးးးးးးးးးးးးးးးးးးးးးခေါက်ဆွဲ............. မြီးရှည်....း(((((((
ဂလု.............
ကိုဇော် said...
ဟုတ်ပ အမရေ
ကျနော်လည်း လမ်းဘေးက ဆိုင်တွေ သိပ်ကြိုက်..
ဟိတ်ဟန်လည်း မလုပ်တတ်လို့ ဖြစ်လိမ့်မယ်။
အဲဒီမှာ စားပြီး ချွေးတွေ စို့နေတာကို သဘောကျမိသေး။
ဒီလိုအမှိုက်တွေ ပုံများလာမှ တော့ နာ့မကြီးဘယ်လိုလုပ် ဝိတ်ကျတော့မလဲ။
SHWE ZIN U said...
အမှိုက်ပုံး ကြီးထဲ ငါးပိပေါင်းလေး တခွက်လာထည့် အုန်းမှပါ
ခင်တဲ့
ချစ်သူငယ်ချင်း
ရွှေစင်
puluque said...
မပြန်ခင်လေဆိပ်မှာ ချိန်တာ ၆၆ကီလို...
ပြန်လာတော့ ကီလို ၇၀
လေးကီလို ပိုလာတယ်
ဒါပေမဲ့ အပိုကြေးမပေးရဘူး
လူက ဗိုက်ပူလာတယ်
အဲ့ဒီ ပိုလာတဲ့ လေးကီလိုကို ချဖို့ အချိန်ယူရမယ်ဗျာ
အခုချိန်မှာ ရွာက စားစရာတွေထက် ...သတိရမိနေတာက အသုပ်စုံလေးနဲ့ ဖာလူဒါလေးပဲ
ရွာကိုပြန်တော့ မာမီကို ကြွားခဲ့တယ် အသုပ်စုံလေးက စားလို့တော်တော်ကောင်းလို့....
Post a Comment
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်