Friday, February 12, 2010

ကျမ မရှိသော နေ့ရက်များ

ဒီနေ့တော့ ကျမတို့ နှစ်ယောက်လုံး အလုပ်နားရတာမို့ သွားစရာရှိတာ၊ လုပ်စရာ ကိစ္စရှိတာ လေးတွေ ခွဲဝေယူကြပြီး လမ်းကြောင်း ဆွဲကြပါတယ်။ ကျမက ဆံပင်ညှပ်ဆိုင် အရင်သွား၊ ပြီးမှ သူနဲ့ပြန်ဆုံ ထမင်း အပြင်မှာစား၊ သူက အတူတူသွားပြီးမှ ထမင်းစား အချိန်ရမှ ကြိုက် တာလုပ်၊ ဘယ်ကိုဖြင့် အရင်သွား၊ ဘာကိုဖြင့် နောက်မှလုပ်နဲ့ နှစ်ယောက်ထဲနဲ့ကို အသံက ၃ သံလောက် ထွက်နေပါတယ်။ တော်ပါသေးရဲ့ ဟိုး လွန်ခဲ့တဲ့ ၆၃ နှစ်တုန်းကများ ဒီလင်မယား ရှိခဲ့ရင် ညှိမရတာနဲ့တင် ပင်လုံစာချုပ်တောင် ချုပ်ဖြစ်ပါ့မလား မသိ.. ဗိုလ်ချုပ်ဖြင့် အတော်ကို ခေါင်းစားခဲ့မှာပါပဲ လို့ တွေးမိရတယ်။

လူတွေ အများကြီး၊ တိုင်းရင်းသားတွေ ပေါင်းစုံ သွေးစည်း ညီညွတ်ကြဖို့ ဆိုတာ ပိုတောင် ခက်သေး။ ဪ...အဲဒီခက်တာတွေကိုမှ တိုင်းပြည်အတွက် အသက်၊ သွေး၊ ချွေး ရင်းနှီးလို့ ကိုယ်ကျိုးစွန့် ခဲ့တဲ့ ကျမတို့အားလုံး ချစ်ကြတဲ့ ဗိုလ်ချုပ်...။

ဗိုလ်ချုပ် ကိုလွမ်းမိရတာနဲ့ အိမ်မှာရှိတဲ့ ဗိုလ်ချုပ်ပုံလေး ဓါတ်ပုံရိုက်ပြီး အမှတ်တရ တင်လိုက် ပါတယ်။ နောက်ဆက်တွဲ အမေစုပုံလေး နဲ့ အမှတ်တရ ထွက်ခဲ့တဲ့ အခွေပုံလေးပါ ရိုက်တင် လိုက်ပါတယ်။





ဒါကတော့ တရုပ်နှစ်ကူးအတွက် ကျမ ရုံးက ဝက်သားပြားကင် (Bakkwa) တထုတ်နဲ့ လိမ္မော်သီး တကာတွန် ပေးလို့ယူလာတာပါ။ လိမ္မော်သီးက အဲဒါ တဝက်ပဲ ကျန်တာ၊ တဝက်က အိမ်နားက မိတ်ဆွေတွေ မျှလိုက်သေးတာပါ၊ အမျိုးသား ရုံးကလဲ ဝက်သားပြားကင် တထုတ် ရသေးတယ်။



အိမ်မှာ စားစရာတွေမှ အများကြီးရယ်...ဒီကြားထဲ ရုံးက ဟန်ပါ တခုရခဲ့သေးတယ်...အထဲမှာ ဝိုင်အနီတပုလင်း၊ ငှက်သိုက်၊ ငါးမန်းတောင်ခြောက်၊ စကဲားလော့ နဲ့ တခြားမုန့်တွေလည်း ပါတယ်။ အားလုံးကို သတိရလို့ ကြည့်ရအောင် တင်ပေးလိုက်တယ်။ ဒေါသကြီးသူများကတော့ အိမ်မှာ လာဝင်စားလို့ ရတယ်နော်။ ပြရုံတင် မဟုတ် တကယ်ကျွေး ချင်တာပါ...။



နောက်ဆုံးကတော့ ကျမရဲ့ ခွင့်စာပါ။ မုန့်တွေ အရင်ကျွေးပြီးမှ ခွင့်စာကို ပြပါတယ်။ ဒါလည်း ပညာ တခုပါပဲ...။ ခွင့်စာကိုတော့ ငယ်ငယ်တုန်းကလို လက်ရေးမူနဲ့ ပဲ တင်လိုက်တယ်။ ကျမရဲ့ လက်ရေးက နည်းနည်းသော့ပေမဲ့ ဖတ်လို့တော့ ရကြမယ် ထင်ပါရဲ့။

ကလစ်နှိပ်ပြီး ဖတ်ကြည့်နော်...



၁၂ ဖေဖော်ဝါရီ - ပြည်ထောင်စုနေ့
၁၃ ဖေဖော်ဝါရီ - ဗိုလ်ချုပ်မွေးနေ့
၁၄ ဖေဖော်ဝါရီ - ချစ်သူများနေ့ / တရုပ် နှစ်သစ်ကူး ပွဲတော် ပထမနေ့
၁၅ ဖေဖော်ဝါရီ - တရုပ် နှစ်သစ်ကူး ပွဲတော် ဒုတိယနေ့

ကဲ ပြောချင်တာတွေ ကုန်ပါပြီ...။ ကျမ ရှိမနေမဲ့ အမှတ်တရ ရက်လေးတွေ အတွက် ကြိုတင်ဆုတောင်းပေးခဲ့ပါမယ်...။

အားလုံးအတွက် အမှတ်ရဖွယ်၊ ပျော်ရွှင်ဖွယ်ရာ ပွဲတော်နေ့များ ဖြစ်ကြပါစေရှင်...


19 comments:

  1.ွပြည်ထောင်စုနေ့မှာ အိမ်မှာ စည်းလုံးညီညွတ်ဖို့ ပြောချင်ပါတယ်။
    ဗိုလ်ချုပ်မွေးနေ့မှာ ကလေးများနေ့ကို သတိရတဲ့အနေနဲ့ ကလေးတွေကို မုန့်ခေါ်ကျွေးပါ။
    ချစ်သူများနေ့မှာ... အဟိ
    တရုတ်နှစ်ကူးမှာ မုန့်လာစားပါမည်။
    Gong Xi Fa Cai...Hong Bao Na Lai

    ReplyDelete
  2. အမရေ သာဓု သာဓု သာဓု ပါနော်၊ အမရဲ့ ကုသိုလ် ကောင်းမှုတွေကို သာဓု ခေါ်ပါတယ်၊

    ReplyDelete
  3. ရင်ဖွင့်ခဲ့ပါတယ် ဗိုလ်ချုပ်မွေးနေ့ကိုသတိရနေပါတယ်
    ချစ်သူများနေ့မှာတော့ မုန့်လင်မယားဝယ်ကျွေးမလားလို့
    အကုန်ကျသက်သာတယ်လေဗျာ ဒါပေမယ့် ၁၃ရက်နေ့ဆိုတောင်ကြီးသွားရမှာ
    မို့ ချစ်သူများနေ့မှာ ချစ်သူကိုရန်ကုန်မှာချန်ထားခဲ့ရမှာ ဟင့်
း)

    ReplyDelete
  4. ကျွန်မတို့ ညနေဘက် နေ့တိုင်း သားအဖနှစ်ယောက် ခြင်းလုံးသွားခတ်တဲ့ Park ကို တနေ့မှ မလိုက်ပေမဲ့ ဒီနေ့ ပြည်ထောင်စုနေ့မှာ လိုက်မယ်လို့ စဉ်းစားထားပြီး မကြာခင် သွားရတော့မယ်။

    ReplyDelete
  5. အမ...တရားစခန်းဝင်မလို့ထင်တယ်...

    ReplyDelete
  6. ကဲ..ကဲ သွားရင်းလာရင်း ရန်ဖြစ်မနေကြနဲ့ဦး။ ပြန်လာရင် မုန့်တွေထပ်ဝယ်လာခဲ့။

    ReplyDelete
  7. အယ်...မမနဲ့ညီမ ခွင့်ယူတဲ့ရက်တွေကွက်တိတူနေပါလား။ Anonymous ပြောသွားသလို တရားစခန်းဝင်မလို့လား။ ညီမလည်းဝင်မှာ။ kota tinggi မှာလေ။း)

    ReplyDelete
  8. ချီးကျူးမိပါတယ်ချစ်ကြည်အေး

    ReplyDelete
  9. ဒီမှာလည်း ငှက်သိုက်ရထားတယ်၊ ဖွင့်တော့မကြည့်ရသေးဘူး၊ လိမ္မော်သီးကတော့ နှစ်လုံးထဲပဲ၊

    Have a sweet trip! Ma.

    ReplyDelete
  10. အယ် ပြန်တော့လာမှာပါနော် ဟီးးးးးးးးးး ခွင့်တိုင်တဲ့ပုံက မိုက်တယ် နောက်ဆို သမီးလဲ အဲလိုစာလေးရေးပြီး တိုင်ရမယ် ဒါမှ သမီးလက်ရေးလှတာ သိမှာ ခိခိ

    ReplyDelete
  11. တရားစခန်း ၀င်မလို့လား မမ၊ သာဓု သာဓု သာဓု။
    ဒီလို အိမ်လေးတော့ လာလည်ချင်ပါတယ်။ အခါအခွင့် သင့်ရင်ပေါ့။ တနေ့နေ့ပေါ့။

    ReplyDelete
  12. တရားအားတုတ်ရင်..တရုတ်အားထားရလိမ့်မနော်

    ReplyDelete
  13. မကြီးအေးရေ...
    ခွင့်ရက် နည်းနည်း လျှော့ဦးမလားငင်င်.....
    (ဈေးဆစ်သွားဘာသီ......း))
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  14. အကြည် နယူးရီးယား ပျောက်ဦးမှာပေါ့ ... တရားစခန်းဝင်တာလား။ သာဓုနော် ...

    ReplyDelete
  15. တရုတ်နှစ်ကူးမို့ တရုတ်လို ခွင့်တိုင်မှ ခွင့်ပြုမည် ဖြစ်ပါကြောင်း...

    ReplyDelete
  16. ခွင့်ပေးသည်။ မပျက်မကွက် ပြန်လာရန် .......

    ReplyDelete
  17. အစ်မရေ...
    အားကျလိုက်တာနော်။
    ပျော်ရွှင် အောင်မြင်တဲ့ ခရီးလေးဖြစ်ပါစေရှင်။
    မြသွေးနဲ့လင့်ခ်ချိတ်မယ်ဆိုရင်..
    www.myathwayyni.mylovecafe.com/feed/rss2
    ကို အသုံးပြုပြီး ချိတ်ရင်ရပါပြီနော်။

    ခင်မင်စွာ..
    မြသွေးနီ

    ReplyDelete
  18. ဆိုင်းဘုတ်ရေးစားတဲ့ ပန်းချီလက်ရေးပဲဗျ။
    အနော့်ပုံကို ကယ်ရီကေးချား ဆွဲပေးပါလား။
    လိုချင်တယ်။

    ReplyDelete
  19. မမ...ညီမလေး အတိအကျသိတယ်...တရားစခန်းသွားတာ...သွားစေ သွားစေ ခွင့်ပြုပါသည်...သာဓုပါမမရေ...

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...